5/12/2008

နာဂစ်၏ ပြင်းထန်သော အမှတ်တမဲ့ရိုက်ချက်

နာဂစ်ရဲ့ ပြင်းထန်တဲ့ရိုက်ချက်
ရင်မချိအောင် ခံခဲ့ရ
လူအများ သေကြေပျက်စီးကြ
ဒါဟာ လောကဓံတရားကို အံတုလို့ရမလား
မဖိတ်ခေါ်ပဲ လူအများဆီ သေခြင်းတရားရောက်ရှိလာခဲ့
မည်သူမှ အဆင်သင့်မဖြစ်ခင် ရင်ဆိုင်ခဲ့ကြရ
အဆင်မပြေမှုတွေများနေတဲ့ အချိန်မှာ
မထင်မှတ်တဲ့အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်ခဲ့
သူငါ အများ မထင်ငြား သူကား
အမှန်ရောက်လာသည်
ကွဲပြိုတတ်ငြား၊ ထိုတရား၊ ထင်ရှားပြိုကွဲမည်
ပျက်စီးတတ်ငြား၊ ထိုတရား၊ ထင်ရှားပြိုကွဲမည်
ငါ့ဆွေမျိုးသာ ပျက်စီးရာ မှတ်စွာမဟုတ်ပြီ
သူ့အမျိုးကိုယ့်အမျိုး ပျက်စီးရိုး သေမျိုးထုံးစံညီ
တစ်ရွာတည်းသာ ပျက်စီးရာ မှန်စွာ မဟုတ်ပြီ
ရွာဟူသမျှ ပျက်စီးကြ သေရထုံးစံညီ
မြို့ဟူသမျှ ပျက်စီးကြ သေရထုံစံညီ
စကြ၀ဠာ ဘုံသုံးရွာ သေရာ မလွတ်ပြီ
တရားသဘော ကြံတွေးတော မှန်သော သံဝေရည်....

ယမင်းလေ စိတ်ညစ်လွန်းလို့ ဘာမှလည်း မလုပ်ချင် ဘယ်နေရာမှလည်း မကြည့်ချင် ဘယ်မှလည်း မသွားချင်တော့ဘူး။ အရာအားလုံးက ကံကြမ္မာကြောင့်လား ? လောကံဓံတရားကြောင့်လား....



No comments: