ချစ်သူ့ ဒိုင်ယာလောခ့် . . .


ချစ်သူရေ…

ကိုကို့ ….ကို ချစ်လားဟင်
ချစ်တာပေါ့ ကိုကိုရယ် ။


ဘယ်လောက်ကြီး ချစ်သလဲ
မိုးလောက်ကြီးချစ်ပါတယ် ။


ဘယ်ထဲက ချစ်တာလဲ
နှလုံးသားထဲက ချစ်ပါတယ် ။


ဘယ်လောက်ကြာကြာချစ်မှာလဲ
ကမ္ဘာတည်သ၍ ချစ်ပါ့မယ် ။

ကိုကို …ဘယ်သွားသွားလိုက်မှာလား
လိုက်မှာပေါ့ ။

နတ်ပြည်သွားရင်ကော . . .
လိုက်မှာပေါ့ ။

ငရဲပြည်သွားရင် ကော . . .
လိုက်မှာပဲ ။

မြို့ ထဲက အနှိပ်ခန်းတွေ သွားရင်ကော
သွားရဲသွားကြည့်. . . . အကြောင်းသိရမယ် ။

စွယ်တော်မြတ်လေးဆူ

မြန်မာပြည်တွင် တန်ခိုးကြီးဘုရားများအနက်မှ အနော်ရထာမင်းကြီး တည်ထား ကိုးကွယ်တော်မူခဲ့တဲ့ စွယ်တော်မြတ်လေးဆူကို တင်ပြချင်ပါတယ်။
ကောဇာသက္ကရာဇ် ၃၇၉ မှာ အရိမဒ္ဒနပူရခေါ် ပုဂံပြည်၌ သီရိအနုရုဒ္ဓဒေ၀ဘွဲ့ခံ အနော် ရထာမင်းကြီး ထီးနန်းတက်ခဲ့တယ်။ သက္ကရာဇ် ၃၉၃ မှာ သီဟိုဠ်မင်း ဓာတုသေနက အနော်ရထာမင်းကြီးကို ဗုဒ္ဓရဲ့ သရီရစွယ်တော်ကို ပေးခဲ့တယ်။ မြန်မာနိုင်ငံမှာ စတင် သာသနာတော် ဖြစ်ထွန်းအောင် ကြံဆောင်ခဲ့တဲ့သူဟာ ရှင်အရဟံ ဖြစ်ပါတယ်။ အဲဒီမှာတင် ရှင်အရဟံက မင်းကြီးကို သာသနာတော်အရှည်တည်ဖို့အတွက် အများပြည်သူတွေ ပူဇော်နိုင်ရန် သီးသန့်နေရာမှာ တည်ထားကိုးကွယ်သင့်တယ်လို့ အကြံပြုခဲ့တယ်။ ရာဇ၀င်က ပြောရရင် အရှည်ကြီးပဲ။ 'ဒီတော့ တိုတိုပဲ ပြောလိုက်တော့ မယ်နော်။ အဲဒီမှာတင် အနော်ရထာမင်းက အဓိဋ္ဌာန်ပြုပြီး စွယ်တော်ကို ပွားခဲ့တယ်။ စေတီလေးဆူ တည်ထားကိုးကွယ်ခဲ့တယ်။
အနော်ရထာမင်းကြီး၏ သစ္စာတော် အဓိဋ္ဌာန်ကတော့
ငါတည်ထား ကိုးကွယ်တော်မူအပ်သော စွယ်တော်မြတ်လေးဆူကို အကြင်သူသည်

နောက်နေ့မကူး နေ့ချင်းဖူး၏။
လှူသည့်ပုဂ္ဂိုလ် မပိုတူ၏။
တောင်းဆိုစကား မမှားတူ၏။
သီလငါးချက် မပျက်လုံ၏။
ထိုသည်သူအား မကြာချက်ချင်း
လက်ငင်းကောင်းကျိုးထူးစေသတည်း တဲ့။

ဤဆုတောင်းပြည့်ဝမှန်ကန်တဲ့ စေတီတော်လေးဆူမှာ-
ရွှေစည်းခုံ၊ လောကနန္ဒာ၊ တုရင်းတောင်၊ တန့်ကြည်တောင်ဘုရားများ ဖြစ်ပါတယ်။ တကယ့် သစ္စာ သမာဓိရှိတဲ့သူဟာ ပြည့်စုံမယ်လို့ ယမင်း ယုံကြည်မိပါတယ်။ ယမင်းလည်း ပုဂံဘုရားများကို နှစ်ခေါက်ဘဲ သွားရောက်ဖူးမြော်ခဲ့ရပါသေးတယ်။ ဖူးမြော်နေတဲ့အချိန်မှာ ကြည်နူးမှု၊ စိတ်၏အေးချမ်းမှုကို ခံစားခဲ့ရပါတယ်။ ပြောမပြတတ်အောင်လည်း ၀မ်းသာကြည်နူးမိပါတယ်။ ကျွန်မလေ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေ ကိန်းဝပ်နေတဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုနေတဲ့ ပုဂံပြည်ကို အခြေအနေပေးခဲ့ရင် ထပ်မံသွားရောက်ဖူးမြော်ချင်ပါသေးတယ်။ ကျွန်မသွားခဲ့ရတဲ့နှစ်ခေါက်မှာ ပထမတစ်ခေါက်က မိသားစုနှင့် သွားခဲ့ရပြီး ဒုတိယ တစ်ခေါက်ကတော့ ကျောင်းပြီးတုန်းက မေဂျာကသွားတာကို မလိုက်ဘဲနဲ့ သူငယ်ချင်းတွေနဲ့ ထပ်မံသွားရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ နှစ်ခေါက်စလုံးဟာ ကျွန်မအတွက် မမေ့နိုင်စရာ နေ့ကလေးတွေ ဖြစ်ခဲ့ပါတယ်။ အရမ်းလည်း ပျော်ခဲ့တယ်။ မြန်မာနိုင်ငံမှာ ဒီလို ရှေးဟောင်းအမွေအနှစ်တွေ ဆက်လက်တည်ရှိနေစေချင်တာ ယမင်းရင်ထဲက ဆန္ဒဖြစ်ပါတယ်။ မိတ်ဆွေတို့ကော သွားရောက်ဖူးမြော်ပြီးကြပြီလို့ ကျွန်မ ထင်မိပါတယ်။ သွားရောက်ခဲ့ရင်လည်း စွယ်တော်လေးဆူကို ဖူးမြော်ဖြစ်အောင် ဖူးမြော်စေချင်ပါတယ်။ ရွှေစည်းခုံဘုရားမှာလည်း ဆုတောင်းပြည့်တယ်လို့ ပြောတဲ့ အောင်မြေဆိုတာရှိသေးတယ်။ ယမင်းတို့သွားတုန်းကတော့ စနေနံပါတဲ့သူက ဘေးမှာ ရပ်ပြီး ဆုတောင်းရင် ပိုပြည့်တယ်တဲ့။ ပြောကြတာပဲ။ ယမင်းတို့လည်း သူငယ်ချင်းထဲမှာ စနေသားပါတော့ ၀မ်းသာသွားတာပေါ့။ ပြည့်တာ မပြည့်တာတော့ ထားပါ။ 'သူ့ကို ဘေးမှာ ထားပြီး တစ်ယောက်ပြီး တစ်ယောက် ဆုတောင်းကြတာပေါ့။ ယမင်းအလှည့်ကြတော့ သူငယ်ချင်းက ပြောတယ်။ နင် ဆုတောင်းတာ ငါလည်း တစ်ဝက်ဆိုင်တယ်တဲ့ ယမင်းကို နောက်သေးတယ်။ တကယ်လားလို့ ယမင်းက မေးလိုက်တယ်။ ဘာလို့လဲ ဆိုတော့ ငါ ဆုတောင်းတာ ၇ ရက် သားသမီး မဟုတ်ဘူး။ ၈ ရက်သားသမီးအားလုံးအတွက် ဆုတောင်းတာလို့ ပြောလိုက်တယ်။ အလကားနောက်တာတဲ့။ ယမင်း ဆုတောင်းပြည့်ပါစေလို့ သူက ထပ်ပြီး ဆုတောင်းပါတယ်တဲ့။ ဘယ်လောက် ပျော်စရာကောင်းလိုက်သလဲနော်။ ဒါတောင် မေမေတို့နဲ့ သွားပြီးတာ မကြာသေးဘူး။ အိမ်ကို အတင်းခွင့်တောင်းရတယ်။ သူငယ်ချင်းတွေနဲ့ မရောက်ဖူးသေးလို့ သွားမှာလို့ပြောပြီးကို သွားတာ။ မေမေတို့က ခွင့်မပြုရင် စိတ်ကောက်မှာစိုးလို့လေ။ သွားလို့ ခွင့်ပြုတယ်။ ဒါပေမဲ့ ပိုက်ဆံမပေးဘူးတဲ့။ ရှိရင်သွားတဲ့ ခွင့်ပြုတော့တယ်။ ယမင်းဘဲ ဘယ်ရမလဲ ဟဲဟဲ။ အဲဒီအချိန်က နောက်ဆုံးနှစ် မဟာဝင်ချင်လို့ အလုပ်က ထွက်ထားတာဆိုတော့ လက်ထဲမှာ ပိုက်ဆံမရှိတာကို သိတယ်လေ။ ဒါကြောင့် ပြောတာ။ ဘယ်ရမလဲ ပိုက်ဆံချေးပြီးကို သွားတော့တာ။ အစ်ကိုဝမ်းကွဲဆီက ချေးတာပေါ့။ အစ်ကိုက ပြောပါတယ်။ ဘယ်တော့ ပြန်ဆပ်မလဲတဲ့။ ယမင်းက ပြောလိုက်တယ်။ ပေးနိုင်တဲ့ အချိန်ကို တစ်ခါတည်း ပြောမယ်နော်လို့။ ပြီးတော့မှ အလုပ်ရရင် ပြန်ဆပ်မယ်လို့ ပြောလိုက်တယ်။ အဲဒါကို မေတို့ ဖေတို့က ပြောတယ်။ ဟုတ်လည်း ဟုတ်တဲ့ မောင်နှမတဲ့။ ဟိုကလည်း ဘယ်အချိန်ပြန်ရမှန်း မသိဘဲ ချေးတယ်တဲ့လေ။ အင်းလေ အလုပ်ရမှ ပြန်ဆပ်လို့ရမှာပေါ့။ ခုက လက်ထဲမှာ ပိုက်ဆံက မရှိတော့ဘူးလေ။ စာမေးပွဲဖြေတုန်းက သုံးလိုက်တာ အကုန်ကုန်ပြီကိုး။ အဲဒါနဲ့ ပထမတစ်ခေါက်ရဲ့ ဆုတောင်းပြည့်ခဲ့တယ်လေ။ ဘာလို့လဲဆိုတော့ ဒီတစ်နှစ်အတွင်းမှာ နောက်တစ်ခေါက် ပြန်လာရပါလို၏လို့ ဆုတောင်းခဲ့တာကိုး။ အခုတောင် သူငယ်ချင်းတွေက ဖုန်းဆက်ပြီး လှမ်းပြောနေတယ်။ နောက်တစ်ခေါက် ပုဂံ ထပ်သွားကြရအောင်တဲ့။ အားရင်လိုက်မယ်လို့ ပြောလိုက်တယ်။ မသွားရသေးရင်လည်း သွားဖြစ်အောင်သွားလိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။

အမျိုးသမီးဆိုတာ....

မိန်းမတစ်ယောက်ရဲ့ အသိဥာဏ်ဟာ တီထွင်ဖန်တီးဖို့ မဟုတ်ဘူး။ ချိုသာစွာ အမိန့်ပေးတတ်ဖို့ ဖြစ်တယ်။ စနစ်တကျဖြစ်အောင် စီမံတတ်ဖို့နှင့် အရည်အသွေးကို နားလည်တတ်ရမယ်။ ပြီးတော့ အသုံးကျမှုကိုသိဖို့နဲ့ ဘေးအန္တရာယ်နဲ့ ဖျားယောင်မှုက လွတ်ကင်းနေရမယ်။ မိန်းမကောင်း မိန်းမမြတ်ဟာ အမှားကင်းပြီး သွေဖည်ခြင်းကင်းရမယ်။ အင်းနောက်တော့ ဥာဏ်အမြော်အမြင်နဲ့ ပြည့်စုံနေရမယ်။
ဘ၀င်မြင့်ပြီး အကြင်နာကင်းတဲ့မာနက ကင်းရမယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိရမယ်။အေးချမ်းတည်ငြိမ်တဲ့ စိတ်နှင့်ပြည့်စုံပြီး မေတ္တာစိတ် ဆင်ခြင်စိတ်ရှိအောင် အတွေးအခေါ်နဲ့ ပညာပြီးတော့ လောကဓံတရားကို ကောင်းကောင်းသဘောပေါက်သူ၊ သမိုင်းကို ထက်မြက်တဲ့စိတ်ကူးဥာဏ်နဲ့ ဖတ်နိုင်စွမ်း၊ နားလည်နိုင်စွမ်း နှင့် ဘေးဒုက္ခတွေကို နှလုံးသွင်းတတ်တဲ့ ရင့်ကျက်စိတ်ရှိရမယ်။ မိန်းမတွေမှာ ပင်ကိုရှိနေတဲ့  နဂိုဗီဇစိတ်၊ ပါရမီစိတ်၊ သတ္တိ၊ မေတ္တာ၊ သစ္စာတရားတွေဟာ ဘ၀ရဲ့ မဏ္ဍိုင်တွေ ဖြစ်တယ်ဆိုတာ  ကိုယ့်ကိုယ်ကိုယ် အမြဲယုံကြည်ပြီး အောင်မြင်ထွန်းပေါက်အောင် လုပ်ဆောင်နိုင်စွမ်းရှိတဲ့သူ ဖြစ်နေစေရမယ်။

ခုတစ်လော အလုပ်များနေတာရယ် အချိန်မရှိတာရယ်ကြောင့် လှည့်မကြည့်ဖြစ်တာကို နားလည်ပေးကြပါနော်....လာလည်ကြာတာကို ၀မ်းသာမိပါတယ်။ အမြဲလာလည်နိုင်ပါစေနော်.....

စစ်ကိုင်းမြို့မှ ပညာဒါနလေးပါ

အင်တာနက် ပညာဒါနလေးရဲ့ ကောင်းမှုကုသိုလ်လေးတစ်ခုဆိုလည်း မမှားဘူးပေါ့။ ခုလက်ရှိတော့ မီးစက်အတွက် ပံ့ပိုးမှုလေးတွေ တော်တော်လိုအပ်နေတယ်လို့ ပရဟိတလုပ်တဲ့ ဦးဇင်းက အကူအညီတောင်းလို့ ဒီပို့စ်လေးကို တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။

ပညာဒါနကုသိုလ်ရှင်များ


   ၁)  ဦးကောဝိဒ (သာသနာ့ဝေပုလ္လကျောင်းတိုက်၊ စစ်ကိုင်းတောင်ရိုး)          အလှူငွေ- ၁၀၀၀၀၀ိ/
  ၂)  ကိုဘီလီ+မခိုင်ခိုင်စိုး မိသားစု(အနှိုင်းမဲ့ကားလုပ်ငန်း၊ မုံရွာ)                  အလှူငွေ- ၁၅၀၀၀၀ိ/
  ၃)  ကိုအောင်မိုးထွေး+မခရေမင်းမင်း မိသားစု (ခေတ္တ စင်ကာပူ)               အလှူငွေ- ၁၀၀၀၀၀ိ/
  ၄)  မမီမီထွန်း (ခေတ္တ ယူကေ)                                                      အလှူငွေ- ၁၀၀၀၀၀ိ/
  ၅)  ကိုကြီးတိုး မာတီဘိုးဘိုးကြီး (myanmargalaxy.com ရန်ကုန်)          အလှူငွေ-   ၅၀၀၀၀ိ/
  ၆)  ဒေါက်တာဝင်းထိုက် (မန္တလေး)                                                  အလှူငွေ-   ၆၅၀၀၀ိ/
  ၇)  ကိုမင်းသွင်+မမနောဖြူ                                                            အလှူငွေ-   ၆၀၀၀၀ိ/
  ၉)  ကိုကိုချစ် (မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ)                  အလှူငွေ-   ၃၀၀၀၀ိ/
၁၀)  အုန်းသီး မူးမူး CCG (ခေတ္တ စင်ကာပူ)                                          အလှူငွေ-   ၃၀၀၀၀ိ/
၁၁)  စေတနာရှင်တဦး (ရန်ကုန်)                                                         အလှူငွေ-   ၃၀၀၀၀ိ/
၁၂)  စေတနာရှင်တဦး (မုံရွာ)                                                             အလှူငွေ-   ၃၀၀၀၀ိ/
၁၃) မမိုးရေ CCG (ရန်ကုန်)                                                              အလှူငွေ-   ၁၀၀၀၀ိ/  
၁၄) ကိုစိုင်းနေမင်းခ (တောင်ကြီး)                                                        အလှူငွေ-   ၁၀၀၀၀ိ/
၁၅) zan 90 (မုံရွာ)                                                                         အလှူငွေ-   ၁၀၀၀၀ိ/


စစ်ကိုင်းမြို့၊စစ်ကိုင်တောင်ရိုး၊ EVERYONE IT Education တွင် လျှပ်စစ်မီးအခက်အခဲအတွက်
ဖြည့်ဆည်းပေးနိုင်ရန်အလို့ငှာ မီးစက်ဝယ်ယူလှူဒါန်းနိုင်ရန်အတွက်အထက်ပါအလှူရှင်များမှအလှူငွေ
များလှူဒါန်းရန်စာရင်းပေးထားပါတယ်ခင်ဗျာ.........ကျန်ရှိနေသောစေတနာရှင်၊ ကုသိုလ်ရှင်များ
အနေဖြင့်လှူဒါန်းလိုပါက ဆက်လက်စာရင်းပေးနိုင်ကြပါတယ်ခင်ဗျာ..........

ဆယ်သွယ်ရန်
ပညာဒါန
ကိုဘီလီ (မုံရွာ)
09 433 080 93
billyhtoo@gmail.com

ကိုချစ် (မန္တလေး)
k2chit@gmail.com

ဒေါက်တာဝင်းထိုက် (မန္တလေး)
win.atm.htike@gmail.com

စိုင်းနေမင်းခ (တောင်ကြီး)
081-24779
sainayminkha@gmail.com

မမနောဖြူ (တောင်ကြီး)
081-25227
cuttidoll@gmail.com

ကိုအောင်မိုးထွေး (စင်ကာပူ)
aungmoeh@gmail.com



ဖြတ်သန်းမှုကာလ

ထောင့်ကိုးရာမျိုး
ခုနစ်ဆယ့်ရှစ်၊ တည်ရှိမိုးနှောင်း
လမြတ်ဝါဆို၊ လပြည့်ကျော်တွင်
လဆန်းတစ်ရက်
နေ့ဝယ်ကြာသပတေး၊ တစ်မနက်တွင်
သံသရာတစ်ကြော
လောကကြီးတွင်း
ဖြစ်တည်လာခဲ့
အကျွန်ုပ်သည်
လူ့ဘုံခန်းဝါ
သုခဒုက္ခ အဖုံဖုံကြား
လူမှန်းသိစ
အရွယ်ကပင်၊ မာန၀င်ကာ
တငါငါနှင့် စားကာသောက်ကာ
ပျော်ပါးကာလျှင်၊ သာယာချိုမြ
ကိုယ့်ဘ၀ကို ပြည့်ဝစုံလင်
အဟုတ်ထင်ခဲ့...
အရွယ်ရောက်လတ်
ဘ၀ရုန်းကန်
လူ့လောကထဲဝင်ကာမျှ
ကျဆင်းစိတ်ဓာတ်
အဖန်ဖန်တင်းရင်း
ဘ၀အမောတွေ ပြေခဲ့ရ
နှစ် လ ရာသီ
အလီလီပြောင်းရင်း
မသေသေးသရွေ့
ဆက်လက်ဆောင်ရွက်
လမ်းမှန်ကိုလျှောက်
အောင်မြင်မှုကို ရှေးရှုနေရင်း
တက်လှမ်းလာမည့်
အနာဂတ်ခရီး
မျှော်မှန်းရင်း
အကျွန်ုပ်သည်
အောင်မြင်မှု ပန်းတိုင်ဆီသို့......

ဒါ... ဘ၀တဲ့လား


ဘ၀ဆိုတာ
အပြောလွယ်သလောက်
နေရခက်တဲ့ဘ၀ကြီးပါ
အမှားအမှန် ဒွန်တွဲ
အကောင်းအဆိုး ယှဉ်တွဲ
ချစ်ခြင်း မုန်းခြင်း မခိုင်မြဲ
မတည်မြဲတဲ့လောက
ဖြစ်တည်ပျက် ကာလသုံးပါး
မမြဲခြင်းတရား လက်ကိုင်ထား
အတ္တထောင်လွှား
မာန်မာန ဖောက်ပြား
ကိုယ်ထင် ကုတင်ရွှေနန်း
မောဟ ဖုံးလွှမ်းနေတဲ့
ဒီလူ့ဘောင်လောကကြီးမှာ
တရားသဘောနဲ့ ဆင်ခြင်
အရာအားလုံးဟာ
အနစ္စတွေပါတကား.....



ကုသိုလ်ပြုနည်း တစ်မျိုး



ကဲ ဒီနေ့ ဘယ်လိုနည်းနဲ့ ကုသိုလ်ပြုကြမလဲ......

မျက်စိလှူက မျက်ကြည်ရ မြတ်သည့်လှူဒါန

ယခုဘ၀ မျက်စိလှူက
ချမ်းသာစိတ်သွင်
မြင်ကြည်အေးမြ
ဘ၀ဆက်တိုင်း
အနှိုင်းမသိ
ကုသိုလ်ထူးဘိ....


မျက်ကြည်လွှာအစားထိုး ကုသသည်ဆိုသည်မှာ....
- မျက်စိတစ်လုံးလုံးကို အစားထိုးကုသခြင်း မဟုတ်ပါ။
- လူမျက်စိ၏ မျက်ကြည်လွှာကိုသာ အစားထိုးကုသခြင်း ဖြစ်ပါသည်။
- မျက်ကြည်လွှာလဲလှယ် ခွဲစိတ်ကုသမှု၏ ၉၀% အောင်မြင်မှုရရှိပါသည်။
- မည်သည့်အသက်အရွယ်မဆို အစားထိုးကုသ၍ ရပါသည်။

မျက်စိဘဏ် ရန်ကုန်ကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေး (၂) မြို့မှာသာ မျက်စိဘဏ်ရှိပါသည်။ ဆင်းရဲနွမ်းပါး၍ ဆေးမကုသနိုင်သော မျက်ကြည်တိမ်ဝေဒနာရှင်များကို ကူညီ၍ ကုသပေးပါသည်။ မျက်စိဘဏ်သည် မျက်ကြည်လွှာ စုဆောင်းခြင်း၊ စစ်ဆေးခြင်း၊ လိုအပ်သော ဆေးရုံများသို့ ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ပါသည်။
မျက်စိဘဏ်သို့ မျက်ကြည်လွှာ လှူဒါန်းလိုပါက ဆက်သွယ်ဆန္ဒပြုနိုင်ပါသည်။ မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများကိုလည်း မျက်စိလှူဒါန်းခြင်းနှင့် ပတ်သက်ပြီး ပညာပေး စည်းရုံးပေးစေလိုပါသည်။ အသိမိတ်ဆွေများထဲမှ တစ်ဦးတစ်ယောက် ကွယ်လွန်ပြီး ယင်းကွယ်လွန်သူ၏ မျက်ကြည်လွှာအား လှူဒါန်းလိုပါက မျက်စိဘဏ်သို့ ဆက်သွယ်ပေးစေလိုပါသည်။ ကွယ်လွန်သူ၏ မျက်စိအား ပိတ်ထားပါ။ ဦးခေါင်းကို ခေါင်းအုံးတစ်လုံးခံ၍ မြှင့်ထားပေးပါ။ ပန်ကာမဖွင့်ပါနှင့် ဖြစ်နိုင်ပါက ပလတ်စတစ်အိတ်တွင် ရေခဲတုံးများထည့်၍ မျက်ခွံပေါ် အုပ်ထားပေးပါ။ မျက်စိဘဏ်သို့ ၄ နာရီအတွင်း အကြောင်းကြားပါ။

သိထားသင့်သည့်အချက်တွေကတော့
၁။ လူတစ်ဦး၏ မျက်ကြည်လွှာမကောင်းပါက ကွယ်လွန်သွားသူတစ်ဦး လှူဒါန်းခဲ့သည့် မျက်ကြည်လွှာနှင့်သာ အစားထိုးကုသရပါသည်။
၂။ လူမျက်ကြည်လွှာကို အခြားအစားထိုးကုသ၍ရသည့် ပစ္စည်း မတီထွင်နိုင်သေးပါ။
၃။ မျက်ကြည်လွှာကို မျက်ကြည်လွှာအလှူရှင် ကွယ်လွန်ပြီးနောက်မှ ထုတ်ယူခြင်း ပြုလုပ်ပါသည်။
၎။ ကွယ်လွန်ပြီး ၄ နာရီအတွင်း မျက်ကြည်လွှာအလှူရှင်၏ ကျန်ရစ်သူ မိသားစုက မျက်စိဘဏ်ကို အကြောင်းကြားပေးရပါသည်။
၅။ မျက်စိအတွင်း တိမ်ရှိသူ၊ မျက်မှန်တပ်သူ၊ ဆီးချိုရောဂါရှိသူ၊ သွေးတိုးရောဂါရှိသူ၊ အသက်အရွယ်ကြီးသူ (၇၅ နှစ်အောက်) လူအားလုံး မျက်ကြည်လွှာကို လှူဒါန်း၍ ရပါသည်။
၆။ ကွယ်လွန်သူ၏ မျက်စိတစ်လုံးလုံးကို ထုတ်ယူခြင်း မဟုတ်ပါ။ နာရီမှန်ကဲ့သို့သော အပေါ်ယံမျက်ကြည်လွှာကိုသာ ထုတ်ယူခြင်း ဖြစ်ပါသည်။
၇။ မျက်ကြည်လွှာ လှူဒါန်းခြင်းဖြင့် ကွယ်လွန်သူ၏ မျက်နှာပုံပန်းသဏ္ဌာန် မပျက်စီးပါ။ မျက်တွင်း ဟောက်ပက် ဖြစ်မသွားပါ။
၈။ မျက်ကြည်လွှာကို ဘာသာမရွေး၊ လူမျိုးမရွေး၊ အယုတ်၊ အလတ်၊ အမြတ် မရွေးလှူဒါန်းနိုင်ပါသည်။
၉။ မိမိသည် မျက်ကြည်လွှာတစ်စုံ ပေးလှူခဲ့ခြင်းဖြင့် မျက်ကြည်လွှာမကောင်းသူ နှစ်ဦးအား အလင်းဓာတ်လက်ဆောင်ပေးခဲ့ခြင်း ဖြစ်ပါသည်။
၁၀။ မိမိလှူဒါန်းခဲ့သဖြင့် အခြားမျက်စိ မမြင်သူ နှစ်ဦး၏ ဘ၀ကို အမြင်အာရုံပြန်လည်ရစေပြီး လူ့လောကထဲတွင် စိတ်ချမ်းသာစွာနှင့် နေထိုင်သွားစေနိုင်မှာ ဖြစ်ပါသည်။
၁၁။ သို့ပါသောကြောင့် မျက်စိလှူခြင်းသည် အလွန့်အလွန် မွန်မြတ်သော အလှူဒါနဖြစ်ပါသည်။
၁၂။ ကွယ်လွန်သူက မျက်ကြည်လွှာလှူဒါန်းရန် ဆန္ဒမပြုခဲ့သော်လည်း ကျန်ရစ်သူမိသားစုက လှူဒါန်းရန် သဒ္ဓါပေါက်ပါက လှူဒါန်း၍ရပါသည်။
၁၃။ သင်တို့ရဲ့ အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်းများထဲမှ သေဆုံးသွားသူများရှိပါက ကျန်ရစ်သူမိသားစုကို မျက်စိလှူဒါန်းရန် တိုက်တွန်းပေးခြင်းဖြင့် ကောင်းမှုကုသိုလ်ကို ရယူနိုင်ပါသည်။
၁၄။ မျက်စိလှူဒါန်းခြင်းသည် ကွယ်လွန်သွားသူအတွက် အထမြောက်သော အလှူဒါနတစ်ခုဖြစ်ပါသည်။
၁၅။ စောစောလှူပါက စောစောကုသိုလ်ရပါသည်။
၁၆။ ကြိုတင်လှူဒါန်းသူ ကွယ်လွန်ပြီးပါက ကျန်ရစ်သူမိသားစုမှ မျက်စိဘဏ်သို့ အကြောင်းကြားပေးစေလိုပါသည်။

မျက်စိလှူက မျက်ကြည်ရ မြတ်သည့်လှူဒါန တဲ့.....

နောက်တစ်ချက်က ဘယ်လောက်ပဲ လှူထားပေမယ့် လှူဒါန်းထားတဲ့သူက အဝေးမှာ ကွယ်လွန်ခဲ့သည်ရှိသော် လှူဒါန်းလို့မရဘူးဆိုတာပါ သိခဲ့ရပါတယ်။
ကဲ.... သင်ကော ကုသိုလ်ပြုကြည့်ပါလား....

မျက်စိလှူရန် ဆုံးဖြတ်ပြီးပါက မျက်စိဘဏ်နှင့် ဆက်သွယ်ပါ။
ဆက်သွယ်ရန် - ရန်ကုန်မျက်စိဘဏ် - ၀၁ - ၅၄၉၁၇၄၊ ၀၁- ၅၄၉၁၇၁

မွေးနေ့မှာ ပျော်ရွှင်ပါစေ...


ဒီနေ့ ကျွန်မရဲ့အရမ်းချစ်ရတဲ့ ညီမလေးတစ်ယောက်ရဲ့မွေးနေ့ပေါ့။ ခုတော့ သူကျွေးတာစားပြီး ပြန်လာတာ။ ညီမလေးနှစ်ယောက်နဲ့ခွဲခွာခဲ့ရတာ ခုဆို တစ်နှစ်ခွဲပြည့်ပြီလေ.... တစ်ဦးနဲ့တစ်ဦး ဘယ်လောက်ဝေးကွာခဲ့ပေမယ့် သံယောဇဉ်ဆိုတဲ့ ကွန်ယက်ဟာ အတော်ကြီးမားခဲ့တယ်နော်။ မတို့ ခွဲခွာတော့ ငိုခဲ့ကြတာ မှတ်မိပါသေးတယ်။ အလုပ်အတူတူလုပ်ခဲ့တဲ့ ငါးနှစ်ဆိုတဲ့ အချိန်ကာလအတွင်း သံယောဇဉ်တွယ်ခဲ့ကြတဲ့ ညီအမအရင်းပိုခဲ့ကြတယ်။ မမ ဘယ်တော့မှ မမေ့ပါဘူး။ မမရဲ့တက်လမ်းအတွက် မင်းတို့ကို ခွဲခွာခဲ့ရပေမယ့် အမ ရင်ထဲ မချိခဲ့ပါဘူး။ မင်းတို့ရှေ့မှာ မျက်ရည်မကျခဲ့ပေမယ့် နောက်ကွယ်မှာ စိတ်မောခဲ့ရတာတွေ သိမယ်မထင်ပါဘူး။ ဒါပေမယ့် ခုချိန်ထိ အမတို့ အဆက်အသွယ်မပြတ်ပဲ နေခဲ့ကြတာ ခုဆို မင်းတို့နဲ့ သွားအတူ လာအတူ အမြဲမနေနိုင်ခဲ့ပေမယ့် တစ်ပတ်တစ်ခါ နှစ်ခါလောက်တွေ့ရတာကိုပဲ အမ ရင်ထဲမှာ အရမ်းဝမ်းသာလှပါပြီ။ မင်းတို့ကိုလည်း အမရှေ့မှာ အောင်မြင်တဲ့လူတွေအဖြစ် မြင်ချင်ခဲ့တာ အရင်ထဲကပါ။ အမရယ် အမဆီ သမီးအမြဲလာချင်ပေမယ့် အမအလုပ်က ပြောမှာစိုးတယ်လို့ အမြဲပြောခဲ့တယ်နော်။ အမကတော့ အမြဲလာစေချင်တယ်။ ပျော်စေချင်တယ်။ စိတ်ညစ်စရာတွေ မတွေးပါနဲ့နော်။ စိတ်ညစ်တယ်ဆိုတဲ့ အသံကိုလည်း အမတို့တွေ့ဆုံချိန်မှာ မကြားချင်ခဲ့ပါဘူး။ အမကို တွေ့တိုင်း ပျော်လား။ စိတ်ညစ်နေလား အမြဲမေးတတ်တဲ့ညီမလေး။ မမရင်ထဲမှာ ညီမလေးတို့ကို ချစ်တဲ့အချစ်ကို အပြင်ကို ထုတ်ဖော်မပြတာ အမရဲ့ အပြစ်တစ်ခုလို့ပဲပြောရမှာပေါ့။ ညက အမ မီးလာတုန်းလေး အလုပ်လုပ်တော့ ညနက်မှအိပ်မိတယ်လေ။ ဒါကြောင့် မနက်အစောကြီး မွေးနေ့ရှင်က ဖုန်းဆက်တော့ ဟတ်ပီးဘတ်ဒေးမလုပ်ခဲ့မိတာ အမရဲ့ အပြစ်ပါ။ အမဆီက တုံ့ပြန်မယ့် မေတ္တာကို ညီမလေးကို အမြဲပေးခဲ့တာပဲလေ။ တစ်ချိန်တုန်းက
``အမရယ် ယောက်ျားမယူရဘူးနော်... သမီး အမကို အရမ်းချစ်တယ် တစ်သက်လုံး လုပ်ကျွေးမယ်``
ဆိုတဲ့စကားလေး တစ်ခွန်းဟာ အမအတွက် အားတစ်ခုဆိုတာ ညီမလေး တစ်ကယ်မသိဘူးနော်... စိတ်ညစ်တဲ့အခါ အမတို့ အတူနေခဲ့တဲ့အချိန်တွေရယ် သွားခဲ့တဲ့အကြောင်းတွေရယ် အမြဲစဉ်းစားတယ်။ ပြောခဲ့တဲ့စကားတွေလည်း အမ မှတ်မိနေတာ မင်းတို့ကို သံယောဇဉ်အရမ်းရှိလို့ပေါ့။ တစ်ခါတလေ ပြောရင် အမက မှတ်ဥာဏ်ကောင်းပြီး အငြိုးကြီးတယ်နော်တဲ့။ အမလေ အခု တစ်ယောက်ထဲလည်း နေတတ်နေပါပြီ။ စိတ်ညစ်ရင် ပိုပြုံးနေတတ်တဲ့အမအကျင့်အတိုင်းပဲပေါ့။ အမ နေမကောင်းတုန်းက မိဘတွေပါ မနေရအောင် ခေါ်ချလာခဲ့တဲ့ ညီမလေးကို ဘယ်မေ့ပါ့မလဲ။ ဒီနေ့လည်းပျော်တယ်သိလား။ ခဏတာ တွေ့ရတဲ့အချိန်လေးဟာ အမအတွက် အရမ်းတန်ဖိုးရှိတယ်။ အမတို့ ဘယ်နေရာရောက်ရောက် မွေးနေ့ရောက်တိုင်း တွေ့ကြမယ်နော်။ ညီမလေးလည်း အောင်မြင်ပျော်ရွှင်ပြီး မိဘကို ခုထက်ပိုပြီး သိတတ်လိမ်မာပြီး ကျေးဇူးဆပ်နိုင်တဲ့ သူတစ်ယောက်ဆိုတာ အမ ရင်ထဲက ယုံကြည်မိပါတယ်။ နေ့လည်က ဖုန်းနှစ်ခါဆက်တော့လည်း အမ ဟတ်ပီးဘတ်ဒေး မလုပ်ခဲ့ဘူးနော်။ မုန့်စားဖို့တွေ့ကြတော့လည်း အမ မလုပ်ခဲ့ပြန်ဘူး။ ဘာလို့လဲဆိုတော့ အမလေ ရင်ထဲမှာပဲ သိမ်းထားချင်လို့ပါ။ အမရယ်မိသေးတယ်သိလား ရင်ထဲကလေ... မွေးနေ့လက်ဆောင်ပေးရင် ဈေးကြီးတယ်ဆိုပြီး ဘယ်တော့မှ မယူခဲ့တဲ့ကလေးမလေးမို့လို့ ပေးမယ်လို့မပြောခဲ့မိတာ။ ၀ယ်တော့လည်း အမအတွက်လို့ပဲပြောပြီး ၀ယ်ခဲ့တာလေ ဒါကြောင့် ညီမလေးက ငြင်းတော့ အမ ဘာမှမပြောပဲ ပြုံးနေခဲ့တာပေါ့။ နောက်တော့ ညီမလေးဆီက အသံထွက်လာတယ်။
 ``သမီး ရှက်လိုက်တာ သမီးကို ၀ယ်ပေးတာလည်းမဟုတ်ပဲနဲ့ သမီးက အတင်းငြင်းနေတယ်တဲ့´´။
သိတာပေါ့ ညီမလေးရဲ့အမပဲဟာ။ ညီမလေးကြိုက်တာယူဆို အမအတွက်ပဲ အမြဲစဉ်းစားပေးခဲ့သူဆိုတော့ အမလည်း မပြောခဲ့တာပါ။ အမတို့ရဲ့ တွေ့ဆုံချိန်က နည်းလွန်းတယ်ဆိုပေမယ့် အမအတွက်တော့ တစ်သက် အဖိုးမဖြတ်နိုင်ပါဘူး။ အမတို့ရဲ့သံယောဇဉ်ကိုလည်း ဘယ်သူမှမဖြတ်နိုင်ပါဘူး။ ခုဆို အမတို့ အတူမနေခဲ့ရတာ တစ်နှစ်ခွဲပြည့်ပြီနော်။ ညီမလေးလည်း အဆင်ပြေ ပျော်ရွှင်တာကိုပဲ အမ အမြဲမြင်ချင်ပါတယ်။ ညီမလေးအမြဲပျော်ရွှင်ပါစေလို့ မမ အမြဲဆုတောင်းနေပါတယ်။ မွေးနေ့မှ စပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀များကို အမြဲပိုင်ဆိုင်နိုင်ပါစေနော်။ မွေးနေ့ကျွေးတဲ့အတွက်လည်း ကျေးဇူးများကြီးတင်ပါတယ်နော်။

ဟတ်ပီးဘတ်ဒေးပါ ညီမလေး နှင်း.......... ၁၂ ရက်မှာ ထပ်ရောက်မယ့် ညီမလေး ချိုမီအတွက်ရောပေါ့......

ပျော်ရွှင်မှုအပေါင်းနဲ့ အောင်မြင်တဲ့ဘ၀များကို တက်လှမ်းနိုင်ကြပါစေလို့ မင်းတို့ရဲ့အမကြီး ဆုတောင်းမေတ္တာပို့လိုက်ပါတယ်နော်။



ကြေကွဲနေသော ပဲ့ကိုင်ရှင်

ငါ့စိတ်တွေကို
ပင်လယ်ပြင်မှာ ရွက်လွှင့်လိုက်ရင်
ဘယ်ကမ်းကပ်မယ် မင်းတို့ထင်လဲ
ဝေဟင်မှာ တိမ်တိုက်တစ်ခုလို
လွင့်မျောလိုက်ရင်
ဘယ်ကိုရောက်မယ် မင်းတို့ထင်လဲ
ဒါပေမဲ့...
ငါ့ဦးနှောက်ကို ငါသာ ပိုင်၍
ငါ့နှလုံးသားကို ငါနိုင်ရမည်
မင်းတို့ကို ချစ်ငြား
အောင့်ကာထား၍
ငါ့ပန်းတိုင်သို့
ရောက်အောင်သွားမည်
ခွင့်လွှတ်ပါတော့ ညီမလေးတို့ရယ်....

ကဲ... ဖြေကြည့်ပေးပါဦး...


ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့သူ လူအများကိုလည်း လေးစားတဲ့သူရဲ့မျက်နှာဟာ အင်မတန် ကျက်သရေရှိတယ်။ ခင်မင်စရာ လေးစားစရာကောင်းတယ်။ ဒီလိုလူဟာ စိတ်လည်း ပိုအေးချမ်းတယ်။ နူးညံ့တယ်။ ဒီလိုလူဟာ လူ့အသိုင်းအ၀ိုင်းရဲ့ ကျက်သရေဆောင်လည်းဖြစ်တယ်။
သူများကို ထိခိုက်သွားအောင် ပြောနိုင် ဆိုနိုင် လုပ်နိုင်မှ ကိုယ့်ကိုယ်ကိုယ် တော်တဲ့သူ စွမ်းတဲ့ ထက်တဲ့သူလို့ ခံစားရသလား။
သူများကိုယ်ကို ကြောက်နေမှ ကိုယ့်ကိုယ်ကိုယ် စွမ်းအားကြီးတဲ့သူလို့ ခံစားရသလား။
သူများ ဂုဏ်သိက္ခာကျသွားမှ ကိုယ့်ဂုဏ်သိက္ခာတက်မှာလား။
ဒီမေးခွန်းတွေကို သေသေချာချာ စဉ်းစားသင့်တယ်နော်။
လောကမှာ ကိုယ့်အတွက် တစ်ခုတည်းမကြည့်ပဲ သူများအတွက်ပါ စဉ်းစားပေးမယ်ဆိုရင် တကယ်ကို စိတ်လွတ်လပ်အေးချမ်းမယ့်သူ ဖြစ်မယ်လို့ ထင်မြင်မိပါတယ်။
တကယ် လွတ်လပ်တဲ့သူ၊ စိတ်အေးချမ်းတဲ့သူ ဖြစ်ချင်ရင် ဒီမေးခွန်းတွေကို မှန်မှန်ကန်ကန် ဖြေကြည့်စေချင်ပါတယ်။

စားသွားကြဦးနော်




စာတွေရေးခိုင်းပေမယ့် မီးက ပျက်... အချိန်က မရှိ... နဲ့ဆိုတော့ ခုလောလောဆယ်တော့ မုန့်ပဲ စားထားလိုက်ကြဦးနော်....




   ဟီးဟီး စားချင်ပေမယ့်လည်း  စားရမှာနှမြောလိုက်တာ ။ ကိတ်ပုံလေးတွေက သိပ်လှနေတယ်လေ ။ ဒါကြောင့် သူငယ်ချင်းတွေ စားရအောင်လို့ နော် ။
စားရတာချိုမြိန်ပါစေ ။   
 
 
 
 
 
 

 

 

 
--
တကယ်တော့ တွေ့ဆုံဖို့ဆိုတာ မလွယ်လှပါဘူး။ လုံးဝ မလွယ်လှပါဘူး။
တစ်ခါတလေမှာ ဒီလူ၊ ဒီလူနဲ့ ဒီနေရာမှာ အရမ်းတွေ့ချင်မိတယ်၊ တစ်ခါလောက် ဒီလူ၊ ဒီလူနဲ့ ထပ်ဆုံချင်ပေမယ့် တွေ့ဆုံခြင်းက ဝေး,ဝေးနေခဲ့တယ်။

ကဲ စားခဲ့ကြောင်းကွန့်မတ်လေးတော့ ရေးပေးခဲ့ကြဦးနော်....

 

 

 

 

 

 

 

 


အပြုံးနှင့် တုံ့ပြန်ပါ



ကျွန်မတို့ ဥယျာဉ်ကြီးတစ်ခုထဲကို ရောက်သွားရင် ကျွန်မတို့ရဲ့အာရုံဟာ ပွင့်နေတဲ့ ပန်းများဆီ ရောက်သွားတယ်။ ဓာတ်ပုံရိုက်နေတဲ့သူများဟာ အမြဲမပြတ်ပြုံးနေတဲ့မျက်နှာရှိသူများရဲ့ ပုံကိုပဲ ရိုက်ယူကြတယ်။ လောကမှာ ပြုံးရွှင်နေတဲ့ လူများကိုပဲ နှစ်သက်ကြတယ်နော်။ မျက်မှောင်ကုတ်ပြီး မျက်နှာထားတင်းမာနေတဲ့လူနဲ့ မျက်နှာ အမူအရာ မရွှင်မပျဖြစ်နေတဲ့လူတွေကို ဘယ်သူမှ မချဉ်းကပ်လိုကြဘူး။ မိမိတို့က ပြုံးရယ်နေရင် ကမ္ဘာလောက ကြီးကလည်း မိမိတို့နဲ့အတူ ပြုံးရယ်နေလိမ့်မယ်။ မိမိတို့က ငိုနေရင်တော့ မိမိတို့နဲ့အတူ ဘယ်သူကမှ လိုက်ငိုမှာမဟုတ်ဘူး။ မိတ်ဆွေအနေနဲ့လည်း ပြုံးပြုံးရွှင်ရွှင်နေတတ်အောင် ကြိုးစားပါ။ မိမိရဲ့ မျက်နှာပြုံးပြုံးရွှင်ရွှင် ဖြစ်နေရင် တခြားသူများက မိမိကို မိတ်လာမဖွဲ့ဘဲနေမှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်နော်။ အမြဲ ပြုံးပျော်ရွှင်ပြီး မိတ်ဆွေအပေါင်း တိုးပွားနိုင်ကြပါစေလို့ ကျွန်မ  ဆုတောင်းပေးလိုက်ပါတယ်။
 

ပန်းတိုင်




နေသားမကျတဲ့ ၀န်းကျင်မှာ
နေသားကျအောင်
အလိုက်သင့်နေထိုင်ရင်း
စိတ်ရဲ့ပျော်ရွှင်ရာ
စိတ်မှန်းနဲ့ ဖွေရှာ
ဘ၀အိပ်မက်တွေ
မျှော်လင့်ရင်း
အမောတွေပြေခဲ့ရ
တိုတောင်းလှ သံသရာ
ရောက်ခဲ့ပေါ့ ဤကမ္ဘာ
မဆုံးသော ငါ့ရဲ့ခရီး
ပန်းတိုင်နဲ့နီး

အချစ်မဲ့ အမုန်းမဲ့သော



လူတစ်ယောက်ကို ချစ်နေရရင်
လောဘတွေနဲ့ ပူလောင်ရသလို
မုန်းနေရင်လည်း
ဒေါသတွေက
ပူလောင်စေတယ်.....
ဆုတောင်းတိုင်းသာ
ပြည့်မယ်ဆိုရင်
ငါလေ.....
ဖြစ်တည်ရသမျှ
ဘ၀တိုင်းမှာ
အချစ်မဲ့
အမုန်းမဲ့သော
သူသာ
ဖြစ်ရပါစေသား......။
(ခုဘ၀ မဟုတ်ဘူးနော် ဟီးဟီး)

ကံသည်သာ အမိ ကံသည်သာအဖ

ကံကောင်းခြင်း ကံဆိုးခြင်းကို ဘယ်သူကမှ လာရောက် ဖန်တီးပေးခြင်း မဟုတ်ပါ။
ကိုယ့်ကံကိုယ်သာလျှင် ဖန်တီးနေကြခြင်းဖြစ်သည်။
ကံတရား ဆိုသည်မှာ မိမိတို့စိတ်ရင်းထဲမှ ဖြစ်ပေါ်လာသည့် စေတနာပင်ဖြစ်သည်။
စေတနာ ကောင်းလျှင် ကံကောင်းမည်။ စေတနာဆိုးလျှင် ကံဆိုးမည်။
စေတနာဖြောင့်လျှင် ကံဖြောင့်မည်။ စေတနာကောက်လျှင် ကံကောက်မည်။

တောင်တန်းဆရာတော် ဦးဥတ္တမသာရ

လှည်းတန်းမီးပွိုင့်အနီး ဗုံးပေါက်ကွဲမှုဖြစ်

၃ ရက် နေ့ မနက် ၁ နာရီဝန်းကျင်တွင် လှည်းတန်းရှိ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရုံးရှေ့တည့်တည့် ရှိကားမှတ်တိုင်တွင် ဖြစ်ပွားသော
ဗုံးပေါက်ကွဲမှုကြောင့် ကားမှတ်တိုင်အမိုးများလန်ထွက်သွားပြီး ပေါက်ကွဲသံကို ဆင်ရေတွင်းမှတ်တိုင်မှ ပင်ကြားရသည်ဟု မျက်မြင်တွေ့ ရှိသူတစ်ဦးက ပြောသည်။

"အမိုးတွေလန်သွားတယ် သူလဲမြေနီကုန်းမှာလိုပဲ ပေါက်ကွဲသံကကျယ်တယ် ဆင်ရေတွင်းနားအထိကြားရတယ် " နှစ်နေရာ လုံးတွင်မျက်မြင်ကြုံ တွေ့ ခဲ့ရသူတစ်ဦးက
ပြောသည်။

လှည်းတန်း ကားမှတ်တိုင်တွင်ဖြစ်သောဗုံးပေါက်ကွဲမှုပြီးနောက် စစ်ဒေသမှ ရန်ကုန်အင်းစိန် လမ်းမကို ပိတ်ခိုင်းလိုက်ပြီး မနက် ၃း၃၀ ပြန်လည်ဖွင့်လှစ်သေးခြင်းမရှိကြောင်းသိရသည်။



Peasants’ Days


    March 2 is the Peasants' Days. Every year on March 2, celebrations are held in honour of the peasants or cultivators of paddy. Cattle freeing is seen in many villages round the country. Bullock-cart rases an every popular on this day.
    Myanmar Naing-gan is an agricultural country. More than eighty percent of the people are farmers. Farmers grow paddy. They grow more than they can eat. So surplus rice is sold to the world market. For this we get foreign money. With this money we buy things for the country.
    We need more and more machinery and material to build our country. We need modern cars, trains, aeroplanes to catch up with other countries. Farmers grow paddy for us to get foreign money. So they are our true benefactors.
    But most farmers are still very poor. They live in poor huts. They eat poor food. So their health is poor.
    Farmers are poor because they are slaves to the rich land-owners. Farmers borrow money  to buy ploughs, cattle and clothes. They have  to pay very high interest for the money they borrow. So, when they sell their paddy, very little money is left. The situation has changed, but only a little.
    To help farmers, the Government lends them money at low interest. Tractors and good quality seeds of  paddy are given. Their standard of living has risen a little. But they need more help. Because, for many years to come, Myanmar Naing- gan will still be an agricultural country.

 
........./***EOT***/........