12/31/2009

ဒီဇင်ဘာ ၃၁ ည ရင်ခုန်သံ

ဒီဇင်ဘာ ၃၁ ည ရင်ခုန်သံ
(၂၀၁၀ ကို ကြိုဆိုလျက်)

ဘလောဂ့်လောက အစပြုခဲ့
ဘလောဂ့်မောင်နှမတွေသည်
ချစ်ခင်ကြည်ဖြူ
ညီတူလက်တွဲ
တစ်ယောက်အခက်အခဲ
တစ်ယောက်ကူညီ
နှစ်ဟောင်းမှ နှစ်သစ်သို့
တိုင်ခဲ့လေပြီ...
အဆုံးမရှိ နှဏ်များစွာတွင်း
ရင်းနှီးစိတ်ရင်း
ဒီစိတ်နဲ့ပင်
လာမည့်နှစ်များ
ဖြတ်သန်းချင်သည်
၂၀၀၉ ဒီဇင်ဘာ ၃၁
ည ၁၂ နာရီမှ တည်စေသော်....

(နှစ်ဟောင်းမှနှစ်သစ်များစွာတိုင် ယမင်းဖြစ်ချင်သည့်အကြောင်းအရာကို ထုတ်ဖော်လိုက်ပါတယ်။ ယမင်းရဲ့စိတ်ရင်းကို ဒီကဗျာနဲ့ တံတားလို ခင်းပေးလိုက်ပါပြီ။ ယမင်းရဲ့စိတ်ရင်းတံတားလေးပေါ်ကနေ ဘလောဂ့်မျှော်စင်များ ဆက်လက် တည်ဆောက်နိုင်ကြပါစေနော်။)

ဒီဇင်ဘာ ၃၁ ရက် ည ရဲ့ ဖြတ်သန်းခဲ့ရသောနှစ်များ

အင်း zox က ရေးဖို့ လာ Tag သွားတဲ့အတွက် မရေးရင်လည်း မကောင်း၊ ရေးပြန်ရင်လည်း မရေးတတ် ဘယ်လိုလုပ်ရပါ့။ များများရေးရမလား နည်းနည်းရေးရမလား ဖြတ်သန်းခဲ့ရတဲ့နှစ်တွေက မနည်းတော့ဘူးလေ။ ဒီတော့ နိဒါန်း မစ၊ စာကိုယ်မရေး၊ နိဂုံးဘဲ ရေးလိုက်တော့မယ်နော်။ ကောင်းတယ်မလား။ လူလောကကို စပြီရောက်ပြီးသကာလ လူမှန်းသိတတ်စလို့ဘဲ ပြောရတော့မှာပေါ့။ ဒီလိုနေ့ရက်တွေဆို ပျော်ရွှင်ခဲ့ရဖူးတယ်။ ငယ်တုန်းကတော့ အဲလောက်ကြီး မဟုတ်ပေမဲ့ နည်းနည်းကြီးလာတော့ ယမင်းတို့ ရပ်ကွက်ထဲမှာ လူငယ်တွေစုပြီး လူကြီးတွေကို ဒုတ်ခပေး အဲ အကူအညီတောင်းတာပါ။ အတင်း အေးဓားပြတိုက် ပိုက်ဆံတောင်း၊ ပြီးရင် လမ်းလယ်ကောင်မှာ မီးဖို ဖို အမြဲတစ်ခုမဟုတ် တစ်ခု လုပ်စားကြတယ်။ ငယ်တုန်းက လူကြီးတွေလုပ်တော့ ကိုယ်က ချက်ပြီးရင် စားချင်တာပေါ့။ သူတို့က အခု မစားရသေးဘူး။ New year အော်ပြီးမှ စားရမှာလို့ပြောတာနဲ့ ကလေးတွေစုပြီး happy new year လို့ ကုန်းအော်တော့တာပါပဲ။ ဒါကို လူကြီးတွေက ဟဲ့ ည ၁၂ နာရီထိုးမှ အော်ရမှာ ခု မအော်ရသေးဘူးလို့ပြောတော့ ကိုယ်တွေက အိပ်ချင်နေတာကိုး။ စားပြီးအိပ်မယ်ဆိုပြီး အော်တာပေါ့။ နောက်ပိုင်း အလုပ်ဝင်တော့ ရပ်ကွက်ထဲမှာ မပျော်ရတော့ဘူး။ ရုံးက ပွဲလုပ်တော့ အဲဒီပွဲမှာ တစ်ညလုံး အိပ်ငိုက် အဲ မှားလို့ ပျော်ရတော့တာပေါ့။ ဟိုးအရင် ရုံးတုန်းကတော့ အင်းယားနားက ခြံထဲမှာ လုပ်တယ်။ ပွဲမလုပ်ချင် အင်းယားကန်ဘောင်ပေါ် လျှောက်သွားလိုက်နဲ့ ပျော်ဖို့ကောင်းတယ်။ အဲ ပွဲကို မသွားခင် ရုံးမှာ လူစုပြီး ATT ကစားကွင်းမှာ သွားဆော့ပြီးမှ ပါတီပွဲကို သွားတာ။ ပြီးမှ ပွဲမှာ တစ်ညလုံး မဲနှိုက်၊ သီချင်းဆို၊ မီးပုံပွဲနဲ့ ၁၂ နာရီထိုးခါနီးကျရင် အားလုံး မတ်တတ်ရပ်ပြီး နာရီသံ နားထောင်ပြီး အော်ရတာ အပြင်က ဖြတ်သွားတဲ့သူတွေကလည်း တွေ့တဲ့သူတိုင်း လှမ်းအော်နှုတ်ဆက်ကြသေးတယ်။
အင်း ပြီးခဲ့တဲ့ နှစ်ကတော့ သူငယ်ချင်းတွေနဲ့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ရှိုးပွဲကြည့်ပြီးတော့ ကစားသေးတယ်။
ကစားတာက ဘာမှမဟုတ်ဘုး။ ဟိုဘက်ဒီဘက် အနိမ့်အမြင့်ကို စီးတာလေ။ ပြောရဦးမယ်။ ယမင်းနဲ့ စီးတဲ့သူက
ဝတယ်လေ။ သူက ထိုင်လိုက်တော့ ယမင်းဘက်က မိုးပေါ်ထောင်သွားရော ဒါနဲ့ နောက်သူငယ်ချင်းတစ်ယောက်က လာဖိပေးမှ စီးလို့ အဆင်ပြေသွားတယ်။ ဟဲဟဲ ဒါကို သူငယ်ချင်းက ဒီပြင်ဟာ ဆော့တဲ့ သူ မဖိပေးတော့ဘူးတဲ့။ လာဖိပေးတော့ သူက မဆော့ရဘူးတဲ့။ ဒါန်းစီးပါလားတဲ့။ ဒါနဲ့ လွှဲပေးမလား မေးလိုက်တာပေါ့။ လွှဲပေးမှ စီးလို့ကောင်းတာလေနော်။ သူက ဘာမှမလွတ်ပါလားဆိုပြီး လွှဲပေးရှာပါတယ်။ ဒီလောက်ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းကောင်းရထားတာ နင်တို့ ကံကောင်းတယ်လို့ ပြောလိုက်တယ်။ ဟုတ်တယ်မလား။ ၁၀ နာရီထိုးလည်းကျရော ပိတ်ပါလေရော။ ဒါနဲ့ သူငယ်ချင်းအိမ်မှာစုပြီး စားကြသောက်ကြနဲ့ တစ်ညလုံး မအိပ်ကြေးလုပ်ကြတယ်။ ဒီနှစ်တော့
ဘယ်လိုဖြတ်သန်းရင် ကောင်းမလဲဆိုတာ အကြံပေးပါဦးလို့ တောင်းဆိုရင်း နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့နေ့မှစ၍ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဥာဏ်ပညာများ ဒီ့ထက် ဒီ့ထက် တိုးတက်အောင်မြင်ပြီး ယမင်းဆီ အမြဲလာလည်နိုင်ကြပါစေလို့ ဆုတောင်းနေမိပါတော့တယ်။

(မောင်လေး zoxရေး ... ရင်ထဲရှိတာတွေ အကုန်ချရေးရင် တစ်ထောင့်တစ်ညပုံပြင်ဖြစ်မှာစိုးလို့ အနှစ်တွေဘဲ ရင်ဖွင့်လိုက်ပြီနော်။ ခုလို ဖိတ်ခေါ်တဲ့အတွက် ၀မ်းသာမိပါတယ်။ တို့ ဘလောဂ့်မောင်နှမတွေ ရေစက်ရှိနေဦးမယ်ဆိုတာ ယုံကြည်မိပါတယ်။)

12/30/2009

အမေများနေ့

လွန်တာမိရင် မာတာအဟံဝန္ဒာမိပါ အမေ
အမေဆိုတာ
သားသမီးများအတွက်
မျှဝေခံစား
သက်ဖူးအကာ လက်ဦးဆရာပါအမေ

ကျွန်မအမေ
အားလုံးရဲ့အမေ
အမေမှန်ဘိ၊ ဆင်ခြင်ကြည့်လျှင်
မရှိမဖြစ် ခွန်အားဖြစ်ပွား
ကြီးကျယ်ခမ်းနား သမုဒ္ဒရာပင်လယ်
သားသမီးတို့ရဲ့ ရှေ့ဆောင်
ဂုဏ်ရှိန်သြဇာ စဉ်ထွန်းပြောင်
မျက်နှာသာကြည် လရောင်ပမာ
အမြဲရွှင်ပြုံး
ကောင်းဆိုးကိုပင် ကြံ့ကြံ့ခိုင်၍
မမှောင်အလင်း အရောင်ဆင်းနဲ့
မှားခြင်း မှန်ခြင်း အမြင်ရှင်းအောင်
ကောင်းခြင်းပေးဝေ အို... အမေ
သက်တော်ရာကျော် ရှည်ပါစေ....

အမေ့အပြုံး အမေ့ပီတိ
အမေသည် သားသမီးများအတွက် မီးရှူးတစ်ဆောင်သာ ဖြစ်ပါသည်။ အမေမရှိလျှင်
သားသမီးလည်း မရှိနိုင်ပေ။ အမေသည်သာ သားသမီးများအတွက် ရှေ့ဆောင်လမ်းပြ
မိခင်ဖြစ်ပါသည်။ ကိုးလလွယ် ဆယ်လဖွားစဉ်အခါကတည်းက အမေသည်
ပျော်တစ်ပြုံးပြုံး။ ``၀ါး... အူဝဲ`` ဟူသော အသံသည် သေမင်းနှင့်
စစ်ခင်းနေသော အမေ့မျက်နှာအား အပြုံးရိပ်သမ်းသွားသည်။
မပီကလာ ပီကလာနှင့် ``အမေ`` ဟု စခေါ်လိုက်သော သားသမီးရဲ့အသံ ကြားကြားချင်း
တအံ့တသြပြုံးလိုက်သူမှာ အမေဖြစ်သည်။ သားသမီးက အမေ့နို့ကို
စို့ရိုတင်မဟုတ်၊ သူ့သွားဖုံးလေးနဲ့ ဒါမှမဟုတ် သူ့သွားလေးတွေနဲ့
နာနာကျင်ကျင်ကိုက်နေတာကို အမေက ပြုံးပြုံးကြီးလုပ်ပြီး ပီတိဖြစ်နေတတ်သည်။
သူ့သားသမီး ငုတ်တုတ်စထိုင်တဲ့နေ့၊ လေးဘက်သွားတဲ့နေ့၊
မက်ရပ်စမ်းရပ်တဲ့နေ့၊ လမ်းလျှောက်တဲ့နေ့တွေမှာ အမေ့မျက်နှာပေါ်က
အမေ့အပြုံးကို ဘယ်ပန်းချီမှ ရေးလို့မမီနိုင်ပါ။
သူ့သားသမီး ၀လုံးလေး စရေးပြတတ်တာကို မပြည့်စုံတဲ့ နွမ်းပါးနေသည့်
အမေဖြစ်စေ၊ ပြည့်စုံကြွယ်ဝမင်းစိုးရာဇာဖြစ်နေသည့် အမေဖြစ်စေ
သူ့သားသမီးပညာတတ်ကြီးဖြစ်မယ့် နိမိတ်လို့ ယူဆပြီး ကျေကျေနပ်နပ်ကြီး
ပြုံးနေတဲ့အမေ။
အမေ့သားမောင်ရင်လောင်း၊ အမေ့သမီး သီလရှင်လောင်းကိုကြည့်ပြီး
ပြုံးနေတဲ့အမေ့အပြုံးကို ကမ္ဘာတည်သရွေ့ မေ့၍ ရမည်မဟုတ်။ သားသမီးတွေ
ဘွဲ့တွေ ဂုဏ်ထူးအောင်မြင်မှု အထူးထူးကို ရယူတဲ့နေ့၊ အမေတစ်ယောက်
သူ့အပြုံးကို အစသတ်၍ မရတတ်။
သားသမီးတွေအတွက် မကောင်းမြစ်တာ၊ ကောင်းရာ ညွှန်လတ်၊ အတတ်သင်စေ၊
ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင် ဆိုသည့်
မိဘ၀တ္တရားငါးပါးအား ဆောင်ရွက်နေရချိန်တိုင်း အမေက ပြုံးနေတတ်သည်။
ပင်ပန်းနွမ်းနယ်နေသည့် အမေ့ကို အမေ ပင်ပန်းနေလားဟင် ဟု မေးကြည့်ပါ။ အမေက
မမောမပန်း မပင်ပန်းတဲ့ အပြုံးကို ပြုံးပြနေလိမ့်မယ်။ သားသမီး ဆိုးသည်
မိုက်သည် ရက်စက်ပြုမူလိမ်ညာနေလည်း အပြုံးမပျက် မေတ္တာဖက်လျှက်
အချစ်ပိုနေတာလည်း အမေ။
ကျွန်မလည်း ဆိုးပါသည်။ သမီးပြန်လာမှ ထမင်းစားတတ်တဲ့အမေ့အပေါ်
ပြန်ချိန်မမှန်တဲ့ နှိပ်စက်မှုတွေနဲ့ ဆိုးနေလျှက်ပါပဲ။ မိုးလင်းရင်
အလုပ်သွားဖို့ အဆင်သင့် ပြင်ဆင်ပေးတာလည်း အမေ။ သမီးခေါင်းမှာ ပန်ဆင်ဖို့
ခရေပန်းကောက်ပြီး သီပေးနေတာလည်း အမေ။ ခုဆောင်းရောက်တော့လည်း မနက်
ရေချိုးဖို့ ရေနွေးကြိုပေးတာလည်း အမေ။ ဒီအမေ
ဒီရင်ခွင်နွေးထွေးစွာနေထိုင်ရင်း မပျောက်မကွယ် အမြဲခိုလုံခွင့်ပေးလျှက်ပါ
အမေ။
(အမေ့များနေ့မှာ ဒီစာစုနဲ့ မေမေနှင့် ဖေဖေကို ကန်တော့လိုက်ပါတယ်)


အမေ့အတွက် သီချင်းလေးတစ်ပုဒ်...
http://ifile.it/ov7zy8d/mother%20is%20mother.MP3

12/29/2009

Yangon Expo 2010 ကျင်းပမည်

၂၀၁၀ ခုနှစ်၏ ပထမအကြိမ် Yangon Expo 2010 ကုန်စည်ပြပွဲအား ဇန်န၀ါရီလ ၈
ရက်မှ ၁၁ ရက်နေ့အထိ ရန်ကုန်မြို့တပ်မတော်ခန်းမတွင်
ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် အထွေထွေလူသုံးကုန်များဖြစ်သော အီလက်ထရောနစ်ပစ္စည်းများ၊
လျှပ်စစ်ပစ္စည်းများ၊ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၊
မိုဘိုင်းဖုန်းနှင့်ဆက်စပ်ပစ္စည်းများ၊ စားသောက်ကုန်အမျိုးမျိုး၊
အလှကုန်နှင့် အသားရေထိန်းသိမ်းမှုဆိုင်ရာပစ္စည်းများ၊ အမျိုးသား၊
အမျိုးသမီးအ၀တ်အထည်နှင့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ ပြည်တွင်း၊
ပြည်ပဆေးဝါးများ၊ စိုက်ပျိုးမွေးမြူရေးသုံးပစ္စည်းများ၊ စာရေးကိရိယာများ၊
မီးဖိုချောင်သုံး ပစ္စည်းများ၊ အိမ်/ရုံးသုံးပရိဘောဂများ၊
အိမ်ဆောက်ပစ္စည်းများ၊ အိမ်ရာအရောင်းပြခန်းများ၊
အိမ်တွင်းအလှဆင်ပစ္စည်းများ၊ လုံခြုံရေးသုံးပစ္စည်းများ၊
ကွန်ပျူတာသင်တန်းများ၊ စက်မှုဇုန်ထုတ်ကုန်များ၊ မီးစက်နှင့်
အထွေထွေအသေးစားနှင့် အလတ်စားပစ္စည်းများ၊ စားသောက်ကုန်ဆိုင်များနှင့်
အခြားလူသုံးကုန်မျိုးစုံအား အထူးလျှော့ဈေးများ၊ မေတ္တာလက်ဆောင်များ၊
ကံစမ်းမဲများ၊ အရစ်ကျငွေချေစနစ်များဖြင့် ရောင်းချမည်ဖြစ်ကြောင်းသိရ သည်။
ပြပွဲတွင် ပြခန်းပေါင်း ၁၇၀ ကျော်ဖြင့် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ
ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲတွင်ဝင်ရောက်ပြသလိုသူများအနေဖြင့် Smart Business Group ဖုန်း-
၆၆၃၈၃၇၊ ၀၉၅၀၉၉၀၇၉ နှင့် ၀၉၈၆၂၀၆၀၀ သို့
ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Source:http://www.myanmarinternetjournal.com/

12/28/2009

ကျိုက်ထီးရိုးစေတီအမှတ်တရ

ကျိုက်ထီးရိုးစေတီသည် ကျိုက်ထိုနယ်ရှိ အရှေ့ရိုးမတောင်တန်း
အ၀င်အပါဖြစ်သော ပေါင်းလောင်းတောင်ပေါ်မှာ တည်ရှိပြီး မြန်မာနိုင်ငံမှာ
တန်ခိုးကြီးတဲ့ စေတီတစ်ဆူဖြစ်ပါတယ်။ ကျိုက်ထီးရိုးစေတီကို အစွဲပြုပြီး
စေတီတည်ရှိတဲ့တောင်ကိုလည်း ကျိုက်ထီးရိုးတောင်လို့ ခေါ်ကြတယ်။၊
ကျိုက်ထီးရိုးစေတီတည်ရှိရာ တောင်ထွတ်မှာ ပင်လယ်ပြင်မှ ပေ ၃၆၀၀ ခန့်
မြင့်ပါတယ်။ ကျိုက်ထီးရိုးစေတီ တည်နေပုံမှာ
အံ့သြဖွယ်တော်တော်ကောင်းပါတယ်။ ကြီးမားမတ်စောက်တဲ့
ကျောက်ဆောင်တစ်ခုရဲ့အစွန်းမှာ လုံးပတ် ပေ ၅၀ ခန့်ရှိသော
ဦးခေါင်းပုံသဏ္ဍာန် ကျောက်လုံးကြီး တစ်ခုက ပြုတ်လုတည်းကာတင်နေတာကို
တွေ့ရတယ်။ အဲဒီကျောက်တုံးကြီးပေါ်တွင်မှ—ဥာဏ်တော် ၁၅ ပေခန့် မြင့်သော
စေတီတော်ကို တည်ထားတာတွေ့ရတယ်။ ပြီးတော့ စေတီတည်ရှိရာ ကျောက်ဆောင်နှင့်
ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေပြီး သံတံတားငယ်ဖြင့် ဆက်သွယ်ထားတာကို
တွေ့ရပါတယ်၊ စေတီတည်ထားရာ ကျောက်တုံးကြီးဟာ လူတစ်ယောက်
တွန်းလိုက်ရုံနှင့် လှုပ်ရှားသွားတာတွေ့နိုင်တယ်။ ထိုကျောက်တုံးကို
တွန်းပြီအောက်ခံကျောက်အကြားကို အပ်ခြည်ကြိုးသွင်းပြီး
ဆွဲယူနိုင်လို့ရတယ်။ ဗုဒ္ဓဥာဏရသေ့သည် ဆံတော်ဓာတ် ၃ ဆူကို
မပျောက်မပျက်ရအောင် သူရဲ့ဆံကျစ်အတွင့်း စည်းနှောင် ထားခဲ့တယ်တဲ့။
နောက်နှစ်ကာလ အတန်ကြာလတ်သော် အနာရောဂါ နှိပ်စက်သဖြင့် ရသေ့ကြီးဟာ အင်း
ငါကွယ်လွန်ခဲ့သော် ဒီဆံတော်ဓာတ် ၃ ဆူကို မည်သို့မည်ပုံ
ထားခဲ့ရပါမည်နည်းဟု တွေးတော ပူပန်ခြင်း ဖြစ်မိခဲ့တယ်တဲ့။၊ ထိုအခါ
သိကြားမင်းက လူ့ပြည်ကို ဆင်းသက်လာပြီ။ ရသေ့ကြီးရဲ့ ဆနအတိုင်း
ရသေ့ကြီးဦးခေါင်းနှင့်တူတဲ့ ကျောက်တုံးကို ရှာဖွေပြီး ကျောက်တုံးထဲကို
သန်လျက်နှင့်ထွင်း၊ ဆံတော်တစ်ဆူကို ဌာပနာခဲ့တာတဲ့၊ ထို ကျောက်တုံးပေါ်မှာ
တည်ထားသောစေတီကို မွန်ဘာသာအားဖြင့် ကျိုက်အိသိရိုး မြန်မာဘာသာဖြင့်
ရသေ့ရွက်သောဘုရားဟု ခေါ်တွင်စေတယ်၊ နောင်ကာလ ကြာလတ်သော် ကျိုက်အိ သိရိုးမှ
ကျိုက်ထီးရိုးဟု စကားရွေ့လျောလာခဲ့တာ ဆိုဘဲ၊ အဲ ကျန်ဆံတော် ၂ ဆူကိုလည်း
သိကြားမင်းက ဒိုးခလွန်တောင်နှင့် ကုသိနာရုံတောင်များမှာ အသီးအသီး
ဌာပနာပေးခဲ့ကြောင်းနှင့် သမိုင်းများတွင် ဆိုသည်၊ ထိုစေတီများမှာ
ကေလာသနှင့် ကုသိနာရုံဟု ထင်ရှားပါတယ်၊ ကျိုက်ထီးရိုးရင်ပြင်တော်မှ
မြင်ရတဲ့ ရှုမျှော်ခင်းမှာ အလွန်သာယာပါတယ်၊ ကြည်နူးဖို့လည်း ကောင်းတယ်။
ပြီးတော့ အနောက်ဖက်ကို မျှော်ကြည့်မယ်ဆိုရင် စစ်တောင်းမြစ်ကို
ကျော်လွန်ပြီ ပဲခူးရွှေမော်ဓော စေတီတော်ကို ဖူးမြင်နိုင်ပါတယ်။
ကျိုက်ထီးရိုးစေတီတော်ပေါ်တက်ဖို့ လမ်း ၂ လမ်းရှိတွေ့ရပါတယ်၊ တစ်လမ်းက
စစ်တောင်းရွာမှ တက်ရတဲ့လမ်းဖြစ်ပြီး ကျန်တစ်လမ်းကတော့ ကျိုက်ထိုမြို့ကနေ
မော်တော်ကားလမ်းဖြင့် ၉ မိုင်ခန့်ဝေးတဲ့ ကင်မွန်းစခန်းခမှ တက်ရတဲ့လမ်း
ဖြစ်ပါတယ်၊ ဒုတိယလမ်းမှာ ဘုရားဖူးအများ အသုံးပြုတဲ့လမ်း ဖြစ်ပါတယ်။
ကင်မွန်းစခန်းမှ ကျိုက်ထီးရိုး ရင်ပြင်တော်အထိ ၇ မိုင်ခွဲခန့်ရှိပြီး
စခန်းပေါင်း ၂၇ ခုကို ဖြတ်ကျော်သွားရပါတယ်။
ကျိုက်ထီးရိုးပွဲတော်အချိန်မှာ နှစ်စဉ် တပို့တွဲလကနေ တန်ခူးလအထိ
ကျင်းပပါတယ်။ ပွဲတော်အချိန့် မြန်မာနိုင်ငံ အရပ်ရပ်က ထောင်သောင်းမကသော
ဘုရားဖူးများ လာရောက်ကြတာကို တွေ့ရှိရပါတယ်။၊ ဘုရားသို့တက်ရာ
လမ်းတစ်လျောက်မှာ ဘုရားဖူးများ နားနေတည်းခိုရန် ရေမြောင်ကလေး။
ရွှေရင်ဆို့၊ ကင်ပြွမ်းပင်၊ ရေမြောင်းကြီး၊ ဘိုးပြန်တောင်၊ စိုင်တမော့
အစရှိတဲ့ စခန်းများ၊့ ဈေးဆိုင်များကိုလည်း တွေ့ရှိခဲ့ရတယ်။
ကင်းမွန်းစခန်းမှာဆိုရင် ဘိုးဘိုးကြီးနတ်နှင့် ဟုံးနတ်စင်များ ရှိပြီး
လမ်းခရီးမှာ မျှော်တော်ယောင်စေတီ၊ လွမ်းစေတီ၊ ကျောက်သမာန်
စေတီငယ်များနှင့် ရွှေနန်းကျင်နတ်၊ ပန်တင်နတ် စသော နတ်ကွန်းများကို
တွေ့ရှိရလိမ့်မယ်၊ အသက်အရွယ် ကြီးရင့်သူနှင့် အိုမင်းမစွမ်းသူတို့ကတော့
အထမ်းပုခက်များစီးပြီး တက်ကြတာကို တွေ့ခဲ့ရတယ်။ တချို့ကြတော့
ပိုက်ဆံရှိလို့ တက်ကြတာလည်း ဖြစ်ပါလိမ့်မယ်။ ဘုရားဖူးများဟာ
ကျိုက်ထီးရိုးဘုရားကတစ်ဆင့် မုဆိုးဘုရား။ ဖားဘုရား၊ နဂါးဘုရားများကို
ဖြတ်ကျော်ပြီး ၄ မိုင်လောက်ဝေးတဲ့ ကျောက်ထပ်ကြီးဘုရားကိုလည်
သွားလို့ရတယ်။ ကျိုက်ထီးရိုးရင်ပြင်ပေါ်မှာ ဘိုးဘိုးကြီး နတ်ရုပ်နှင့်
ကျိုက်ထီးရိုး ဘုရားမြောက်ဘက်မှာတော့ ကျီးကန်းပါးစပ်လို့လည်းခေါ်
ကျောက်ဂူနေရာတို့မှာလည်း သွားပြီး ဆုတောင်းဓိဋ္ဌာန်ပြုပြီး အမွေးနံ့သာ
ပက်ဖြန်းပြီး ပိုက်ဆံပစ်ထည့်ခြင်းများ ပြုလုပ်လို့ ရတာကို တွေ့ရပါတယ်။
အင်း လျှောက်သွားရရင်တော့ သွားရမဲ့နေရာတွေက အများကြီးပဲ ပျော်စရာလည်း
ကောင်း၊ ကြည်နူးစရာလည်း အရမ်းကောင်းပါတယ်။ ယမင်းလည်း ၂ ခေါက်ဘဲ
ရောက်ဖူးပါသေးတယ်။ ပထမတစ်ခေါက်ကတော့ တော်တော်ကို အဆင်မပြေပါဘူး။
လပြည့်နေ့လည်း ဖြစ်၊ လူတွေကလည်းအရမ်းများတော့ တည်းခိုခန်းကနေ သိပ်ပြီး
မလည်ဖြစ်ပါဘူး။ မိသားစုနဲ့သွားတာဆိုတော့လည်း ပျော်တာပါဘဲ။ အဲ
နောက်တစ်ခေါက်ကျတော့ သူငယ်ချင်းတွေနဲ့ သွားရတာဆိုတော့ ပိုပြီး
ပျော်တာပေါ့။ ပြီးတော့ မှတ်မှတ်ရရ နှစ်သစ်အကူးမှာ သွားဖြစ်ခဲ့တာလေ။
နှစ်သစ်အကူးကို တောင်ပေါ်မှာ ကျင်းပခဲ့ရတာဆိုတော့ ပျော်ဖို့
အရမ်းကောင်းတယ်။ တစ်ညလုံး မအိပ်ဖြစ်ခဲ့ဘူး။ မနက်ကြတော့လည်း ပန်းကပ်၊
ဆီမီးကပ်နဲ့ဆိုတော့ ပြီးတော့ ရွှေသင်္ကန်းကပ်ဖို့ ကြတော့ ပါလာတဲ့
ယောက်ျားလေးသူငယ်ချင်းကို သွားကပ်ခိုင်းရတယ်။ အင်း အဲဒီမှာ အတွေးတစ်ခု
ခေါင်းထဲရောက်လာတယ်။ ဘာလို့ ယောက်ျားလေး မဖြစ်ခဲ့ရတာလဲလို့ပေါ့။
ဒါပေမဲ့လည်း ရောက်နေတဲ့ဘ၀ကိုလည်း စိတ်ပျက်လို့ တွေးမိတာ မဟုတ်ပါဘူး။
ဘယ်နေရာရောက်ရောက် ကျင့်ကြံနိုင်ရင် တစ်နေ့တော့ အောင်မြင်မှာပဲလို့
စိတ်ကို ဖြေသိမ့်ခဲ့တယ်လေ။ အဲဒီနောက်ပိုင်း တစ်နှစ် တစ်ခေါက်တော့
မှန်မှန်သွားနိုင်ရင် ကောင်းမယ်လို့ စိတ်ကူးရှိခဲ့တယ်။ မိတ်ဆွေတို့ကော
ရောက်ခဲ့ပြီးကြပြီပေါ့နော်။ ဒီတစ်ခါသွားရင် ပြောဦးနော်။

12/27/2009

လောကသဘာဝ

လောကကြီးမှာ လူတွေဟာ
ရယ်ရယ်မောမော
ခင်ကာနှောတော့
လူပေါကြီးလို့ ဆိုကြပြန်တယ်....
ရောနှောမ၀င်
တည်ပြန်ရင်လည်း
မာနကြီးဘိဆိုလေ၏....
တည်တည်မှန်မှန်
နေပြန်ရင်လည်း
ဆိုလေအတင်း
ကုတ်ကမြင်းတဲ့
ကဲ.... ခင်မင်ရတဲ့
စာဖတ်သူရော
ဘယ်လိုလဲဟင်..........။

ပျော်ရွှင်ခြင်း


မဟာကျောင်းတော်
တက္ကသိုလ်တွင်
အဖွဲ့ဖော်မြူး
အပျော်ကျူးမှာ
တို့တွေ အဖွဲ့
မဟုတ်ပါလား....
(ခုတက်နေတဲ့ သူငယ်ချင်းအဖွဲ့ ၇ ယောက်အတွက်)

12/25/2009

သမီးရဲ့မေမေ

ပူလျှင်အရိပ်
ပန်းဖြေသိပ်ပါ
နေနားပါလှည့်....
မေ့မေတ္တာ ဒီအရိပ်
ရိပ်ထီးကာခဲ့...

မိုးရွာလျှင်လည်း
ဝင်ပါ နားပါ မိုးခိုပါလှည့်...
မေ့မေတ္တာ ဗိမာန်တော်ကြီး
အေးမြနေခဲ့...

ဆောင်းရောက်လျှင်လည်း
ထွေးပါ နွေးပါ ခြုံလွှမ်းပါလှည့်...
မေ့မေတ္တာလွှာရုံနွေး
နွေးထွေးနေမြဲ...

လေတိုးလျှင်
မပူပင်နဲ့
မေ့မေတ္တာနံရံချပ်
မတ်တတ်ကာ ကာကွယ်ခဲ့...

ရေဆာငတ်မူ
ရင်ပူပြေရေး အမေပေး
ရေကြည်တပေါက်
စမ်းချောင်းတမြ
စီးဆင်းနေမြဲ...

မေ့ရဲ့မေတ္တာ စေတနာက
နေပူ မိုးရွာ ဆောင်းတွင်းပါ
အရိပ်ဖြစ်စမြဲ...

နှိုင်းတုမရ မေ့မေတ္တာ
လိုရာကိုသုံး
စဉ်မြဲပြုံးလို့
သမီးထင်တယ်
ဒီကမ္ဘာမှာ
မေမေသာ အလှဆုံး....

12/24/2009

အားလုံးရဲ့အမေ

ကမ္ဘာမြေပေါ် ခြေမချခင်ကတည်းက
ကိုးလလွယ် ဆယ်လဖွား
မငြီးမငြူ စောင့်ရှောက်ခဲ့တဲ့အမေ
သားသမီးတွေအတွက် အမေဟာ
စမ်းချောင်းကလေးတစ်ခုပေါ့။

အေးမြမေတ္တာ အကြင်နာတွေ အမြဲပေးတဲ့
အမေ့ရဲ့အရိပ် လွှမ်းမိုးနေခဲ့
လောကမှ အမေဆိုတာ
သားသမီးတွေအတွက် မရှိမဖြစ်
ရေကြည်တစ်ပေါက်ပေါ့။

ဘ၀လှိုင်းထန် ဘယ်လိုပင်ကြမ်းကြမ်း
အပြုံးမပျက် မေတ္တာဖက်လျက်
သားသမီးမျက်နှာ တစ်ချက်မညှိုးအောင်
ပြုစုစောင့်ရှောက် လမ်းတစ်လျှောက်ပေါ့။
သားသမီးဆို လိမ်မာ ဆိုးပေ မခွဲခြားပဲ
မေတ္တာမပျက် ဆက်ချစ်လျက်ပေါ့။

အမေရဲ့မေတ္တာဟာ
စမ်းချောင်းလေးဆိုတဲ့အတိုင်း
တသွင်သွင် တငြိမ်ငြိမ်အေးချမ်းတဲ့အသွင်နဲ့
အစဉ်အမြဲ စီးဆင်းနေစမြဲပေါ့။

အမေဟာ
သားသမီးတွေရဲ့အရိပ်
သားသမီးတွေရဲ့ဘဝ
်သားသမီးတွေအတွက်တော့
မြင်းမိုရ်တောင်မက ကျေးဇူးကြီးလှ
မာတာမိခင် ကျေးဇူးရှင်ကို
ကျေးဇူးကျေအောင်
ဘယ်လိုဆပ်မည်နည်း....

12/23/2009

တိတ်တခိုး ၀န်ခံချက်

မင်းနဲ့တွေ့တိုင်း
ဒိန်းခနဲမြည်တတ်တဲ့
ရင်ခုန်သံ
ဖျတ်ခနဲ ပွင့်သွားတတ်တဲ့
ငါ့ရဲ့အသည်းတံခါး
မင်းမသိအောင်
တိတ်တိတ်ပြန်ပိတ်
ငါ့နှလုံးသားကို
အတင်းပြန်အိပ်ခိုင်းလိုတယ်
ချစ်ခြင်းကို ၀န်ခံဖို့
ငါ့ရဲ့သတိတွေက
ဘာကြောင့်မှန်းမသိအောင်
ထိတ်လန့်မှုနှင့်အတူ
ပျောက်ဆုံးနေပါရဲ့ကွယ်....

12/20/2009

ကွန်ပျူတာဟာသများ

E-dialect
အီလက်ထရောနစ်ဒေသိယစကား


တစ်ခါက လင်မယားနှစ်ယောက် စကားအချေအတင်ပြောကြသတဲ့။ အဲ ယောက်ျား ဖြစ်သူက computer crazy၊ မိန်းမဖြစ်တဲ့သူကတော့ ဒီယောက်ျား ငါ့ကိုတော့ ကွန်ပျူတာလောက် အလေးမထားဘူးဆိုပြီး စကားနာထိုးတဲ့ စကားစစ်ပွဲတစ်ခု ဖန်တီးတဲ့အကြောင်းအရာလေး ဖြစ်ပါတယ်။ ကဲ... သူတို့ နှစ်ယောက်ပြောတဲ့ စကား တွေကို ကြည့်ကြပါဦးနော်။
မိန်းမ။ ။ ရှင်က ကျွန်မကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ဘူး။
ယောက်ျား။ ။ Set Default
မိန်းမ။ ။ ကျွန်မကို crazy အင်္ကျီလှလှလေးဝယ်ပေးမယ်ဆိုပြီး အခု မမှတ်မိတော့ဘူးလား။
ယောက်ျား။ ။ Bad command or file name
မိန်းမ။ ။ ရှင်နဲ့ ကျွန်မ ရုပ်ရှင်အတူတူ သွားမကြည့်တာလည်း ကြာပြီ။ ဒီကွန်ပျူတာ ရှေ့မှာပဲ အချိန်ဖြုန်းနေတာပဲ။ ဒါပဲနော် နောက်တစ်ပတ်ကျရင် ရုပ်ရှင်သွားကြည့် ကြမယ်။
ယောက်ျား။ ။ Drive not ready
မိန်းမ။ ။ ထမင်းလက်ဆုံမစားရတာလဲ ကြာပြီ။ လင်မယားဆိုတာ ထမင်း အတူတူစားတော့ ပိုစားဝင်တာပေါ့။
ယောက်ျား။ ။ Access denied
မိန်းမ။ ။ ကျွန်မအမေကတောင် ယောက်ျားအပေါ်မှာ ဒီလောက် အလျှော့ ပေးရမလားဆိုပြီး ကျွန်မကို ဆူနေပြီ။
ယောက်ျား။ ။ Divide Over Flow
မိန်းမ။ ။ ရှင်စဉ်းစားကြည့်စမ်း။ ကျွန်မတို့ အိမ်ထောင်သက် ဘယ်လောက် ရှိပြီလဲဆိုတာ။
ယောက်ျား။ ။
Not enough memory

မိန်းမ။ ။ ကဲ အခုဆိုရင် ကျွန်မအမေ၊ ရှင့်ယောက္ခမက ရှင့်ကို အနိုင်ယူတဲ့ နည်းလမ်း တွေသင်ပေးဖို့ ကျွန်မတို့အိမ်ကို ၂ လ ၃ လ လောက် လာနေမယ်တဲ့။
ယောက်ျား။ ။ Insufficient disk space
အဲဒီအချိန်မှာ မိန်းမက အရမ်းစိတ်ဆိုးသွားပြီး အနားမှာရှိတဲ့ ပန်းကန်နဲ့ ယောက်ျားကို လှမ်းပစ်လိုက်ရာ နဖူးသို့ တိုက်ရိုက်ထိလေတော့သည်။ ဒီအချိန်မှာ ယောက်ျားက
Now Save to turn off your computer လို့ အားရပါးရအော်ပြီး လဲကျသွားပါလေတော့သည်။


၂၀၀၁ ခုနှစ်က ဖတ်ရှုခဲ့မိသော စာအုပ်တစ်အုပ်မှ တင်ပြအပ်ပါသည်။

                                                      xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


မေးသမျှဖြေမည့် ကွန်ပျူတာ
ကမ္ဘာအရပ်ရပ်မှ ထူးချွန်သော ကွန်ပျူတာသိပ္ပံပညာရှင်တစ်ရာသည် မည်သည့်ပြဿနာများ၊ မေးခွန်းများကိုမဆို ပြန်လည်ဖြေကြားပေးနိုင်မည့် ကွန်ပျူတာတစ်လုံးကို ပူးပေါင်းတည်ဆောက်လျက်ရှိကြသည်။
နောက်ဆုံးတွင် အောင်မြင်စွာ တည်ဆောက်ပြီးသွားဖြင့် ပညာရှင်များအားလုံးသည် ၀မ်းသာကျေနပ်လျက်ရှိသည်။ သို့နှင့် ပညာရှင်များထဲက တစ်ယောက်က ၄င်းတို့ တည်ဆောက်ထားသော ကွန်ပျူတာစက်ကိုဖွင့်ကာ ပထမဦးဆုံးမေးခွန်းကို မေးလိုက်သည်။
``ဒီကမ္ဘာကြီးကို မည်ကဲ့သို့ တည်ဆောက်ထားပါသလဲ``
ထိုအခါ ကွန်ပျူတာစက်သည် အသံမြည်ကာ အလုပ်လုပ်လျက် ကွန်ပျူတာမော်နီတာပေါ်တွင်လည်း အလင်းရောင်များ တဖျပ်ဖျပ် လင်းလာကာ အဖြေကို ဖြေပြထားသည့် စာသားပေါ်လာသည်ကို အောက်ပါအတိုင်း တွေ့ရလေသည်။
``သမ္မာကျမ်းစာ ကမ္ဘာဦးကျမ်းတွင် ဖတ်ပါ``

                                                         xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


အပြစ်တင်တတ်တယ်
`ကျွန်တော် လူတစ်ယောက်လို ကွန်ပျူတာတစ်လုံး တီထွင်ထားတယ်` ဟု ကွန်ပျူတာပညာရှင်တစ်ဦးက သူ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ပြောပြလျက်ရှိသည်။
``ဒါဖြင့် ခင်ဗျားကွန်ပျူတာက လူတစ်ယောက်လို စဉ်းစားတွေးခေါ်တတ်တာပေါ့``
`လူလိုတော့ မစဉ်းစား မတွေးခေါ်တတ်သေးဘူးပေါ့။ ဒါပေမယ့် ကျွန်တော့်ကွန်ပျူတာက အခြားကွန်ပျူတာတွေ အမှားတစ်ခုလုပ်မိရင်တော့ အပြစ်တင်တတ်ပါတယ်´

ရန်ကုန်ဘူတာကြီး

တံတားအောက်ခြေ ဘူတာကြီးမှ
မီးပျပျတို့ တစ်စတစ်စွန်း
ညှိထွန်းလေပြီ။
တံတားပေါ်က ဓာတ်တိုင်များလည်း
လွင့်ဖြာရောင်လျှံ သူ့အားအင်ဖြင့်
တံတားပေါ်က လမ်းအစကို
ထွန်းပချေပြီ။
လိုရာခရီး ပို့ဆောင်ပေးဖို့
တရိပ်ရိပ်ဖြင့် ခုတ်မောင်းလာမည့်
အိုဘယ့် ရထားငယ်
သင်လာမယ့်အချိန် ရောက်ရှိလာပြီ။
စောင့်မျှော်နေသော လူအများလည်း
ပျားများကဲ့သို့
ယောက်ယက်ခတ်လျက်
သင်လာရာလမ်းဆီ
မျှော်ငေးကြပြီ။
အချိန်ကျသော်
အို ရထားငယ်
သင့်ရဲ့ လုပ်ငန်းဆောင်တာ
ထမ်းဖို့အရေး
မှန်မှန်ခုတ်မောင်း
လာချေပြီတကား။

12/16/2009

အလောင်းတော်ကဿပ ပင်မလမ်းဖြစ်သော ရွှေဆံပင်လမ်းနှင့် ရွှေဆံပင်တံတား

(လည်ငေါက်-ချင်ပြစ်)လမ်းပိုင်း

မြန်မာအမျိုးသမီးတို့၏ စေတနာစွမ်းအား "ရွှေဆံပင်တံတား"

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ပုလဲမြို့နယ်နှင့်
ယင်းမာပင်မြို့နယ်အတွင်းရှိ လည်ငေါက် - ချင်ပြစ် လမ်းမကြီးသည်
အလောင်းတော် ကဿပသို့ ဘုရားဖူးသွားရာလမ်းနှင့် အမေရေယာဉ် နတ်နန်းသို့
သွားရာလမ်းလည်း ဖြစ်သလို ရွာပေါင်း ၆၀ ကျော်နှင့် လူဦးရေ ၅၀၀၀၀
ကျော်တို့ မှီခိုအားထားရသော လမ်းမကြီးလည်း ဖြစ်ပါသည်။
ဤလမ်းမကြီးနှင့် တံတားများပျက်စီး ယိုယွင်းမှုတို့ကြောင့်
ဘုရားဖူးခရီးသွားများ စိတ်ပျက်ကြရသလို ဒေသခံနယ်သူနယ်သားများလည်း
မိုးတွင်းရောက်တိုင်း ဒုက္ခမျိုးစုံနှင့် ကြုံတွေ့နေကြရပါသည်။
အထူးအားဖြင့် အရေးပေါ်ဆေးရုံတက်ရမည့် ဝေဒနာကြုံခဲ့လျှင် ကားမောင်းမရသဖြင့်
(စောင်ပုခက်များပေါ်တင်ကာ) ခြေလျှင်တစ်မျိုး၊ လှည်းဖြင့်
တစ်ဖုံဒုက္ခမျိုးစုံနှင့် ပင်ပန်းခက်ခဲစွာ သွားလာနေကြ၍ မသေသင့်ပဲ
သေဆုံးခဲ့ကြသည်မှာ လမ်းတံတားကုသိုလ်ရှင်များကို အသေခံ၍
မျှော်လင့်နေသကဲ့သို့ ဖြစ်နေပါသည်။
လမ်းတံတားကုသိုလ်ပြုရခြင်းသည် အသက်ပေါင်းများစွာ ကယ်တင်ရသည့် ဇိဝိတဒါန
ကုသိုလ်ထူးကြီး ဖြစ်ပါသည်။ ထိုကုသိုလ်ထူးကြီးကို ဆရာတော်များ ဦးဆောင်၍
နေ့မအားညမနား ဆောင်ရွက်လျှက်ရှိရာ (၂)နှစ်ကာလအတွင်း စေတနာရှင်များ၏
အလှူတော်ငွေ ကျပ်သိန်းပေါင်း(၁၀၀၀)ကျော်နှင့် အတူ ဆံပင်ကုသိုလ်ရှင်
မြောက်များစွာ ပေါ်ပေါက်ခဲ့ပြိး ကျောက်လမ်း(၉)မိုင်နှင့် တံတား(၉)စင်း
ပြိးစီးခဲ့သည်မှာ အများအသိပင်ဖြစ်ပါသည်။
ကျန်ရှိနေသော လမ်းပိုင်းနှင့် တံတား(၈)စင်းကို ဆရာတော်များကိုယ်တိုင်
အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်လျှက်ရှိပြီး မူလက တံတားကြီးတစ်စင်းကိုသာ
``ရွှေဆံပင်တံတား´´ ဟု ရည်ရွယ်ခဲ့သော်လည်း အမျိုးသမီးများ၏
စေတနာထက်သန်မှုတို့ကြောင့် ဤလမ်းမကြီးကို ``ရွှေဆံပင်တံတားလမ်း´´ဟု
မြန်မာအမျိုးသမီး များ၏ စေတနာစွမ်းအားကိုဂုဏ်ပြုသောအားဖြင့် သမိုင်းဝင်
မော်ကွန်းထိုးသွားမည်ဖြစ်ပါ၍ ကမ္ဘာတွင် တစ်ခုတည်းသော
ရွှေဆံပင်တံတားလမ်းပင်ဖြစ်ပါသည်။
မိမိတို့အမြတ်တနိုးထားသည့် ဆံပင်ကို လမ်းတံတားခင်းလှူဒါန်းခြင်းသည်
ဘုရားအလောင်းသူတော်ကောင်းတို့ ပြုလုပ်မြဲဖြစ်သော
စွန့်ခြင်းကြီးငါးပါးထဲတွင် ``အင်္ဂပရစ္စာဂ´´၊ ပါရမီသုံးပါးတွင် ဒါနဥပပါရမီ
မြောက်ပြီး ပါရမီဓာတ်ခံရင့်သန်မှုရှိသူများသာ လှူဒါန်းခွင့်ရမည်ဖြစ်ပါသည်။
ရွှေဆံပင်လမ်းတံတားပေါ်အများသူငါ ချမ်းသာစွာ သွားလာနေသ၍
နေ့နေ့ညညကုသိုလ်တိုးနေမည့် ထာဝရကုသိုလ်မျိုးဖြစ်ရာ
ရွှေပြည်နိဗ္ဗာန်ရောက်ကြောင်း ပါရမီကောင်းမှုအတွက် ကိုယ်အားဥာဏ်အား
စွမ်းနိုင်ရာ အားတို့ဖြင့် ပါဝင်ကုသိုလ်ယူနိုင်ကြရန်
အသိပေးနှိုးဆော်အပ်ပါသည်။

အရှင်ဝေပုလ္လ(လမ်းအကျိုးတော်ဆောင်)
လမ်းပြုပြင်ထိန်းသိမ်းရေးဆရာတော်များအဖွဲ့
ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်
ဖုန်း-09-6450.654
-09-2030.728

ရွှေဂုန်သူတို့ ဆံပင်လှူဖို့နေရာ
၁။ ဘဒ္ဒန္တဥာဏိသာရ
တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်
အရှေ့ဝါယာလက် (၂) လမ်း၊ ကမ္ဘာအေး မရမ်းကုန်းမြို့နယ်
ဖုန်း - ၆၅၁၇၇၉၊ ၀၉-၅၁၂၁၈၉၁

၂။ အရှင်အာစာရာလင်္ကာရ
ကိုးဘွဲ့ရ သာသနာပြုကျောင်းတိုက်
ဗထူးလမ်းမကြီး (၄၂) ရပ်ကွက်
ဒဂုံမြို့သစ်(မြောက်ပိုင်း)
ဖုန်း - ၇၀၈၄၀၃

နောက်တစ်နေရာကတော့ အလှူရှင်ပြည့်သွားပြီးဖြစ်တဲ့
၃။ အရှင် ရာဇိန္ဒ
ရွှေပိဋကတိုက်
အမှတ် (၆)၊ အာဇာနည်လမ်း၊ ရွှေတိဂုံဘုရားအရှေ့မုခ် တို့ပဲဖြစ်ပါတယ်။

12/15/2009

အိမ်လွမ်းသူသို့

zox said...

အလွမ်းကဗျာလေး က တော်တော်ဖတ်လို့ ကောင်းပါတယ်။ ခံစားချက်လေးကို
လေးစားပါတယ်။ ဒီလိုဆိုတော့ တစ်ခုတဂ်ပါမယ်။ အိမ်လွမ်းသူ ဆိုတဲ့
ခေါင်းစဉ်ပါ။ ရေးပေးပါဦး။
ဆိုလာတော့လည်း မအားတဲ့ကြားက ရေးတော့ ပေးလိုက်တယ်နော်။ မကြိုက်ရင်လည်း
နောက်မှ ရေးပေးတော့မယ်။

အိမ်လွမ်းသူ

ရေးဆိုလို့သာ ရေးလိုက်ရသည်
ငါ့ရဲ့ ရင်ထဲ
ကဗျာမရှိ စာမရှိ
စိတ်တွေ နောက်ကျူနေပါဘိ
ကဗျာမပါ စာမပါ
အရင်းခံနဲ့ ပြောလိုက်ချင်သည်
ကျန်းမာခြင်းသည် လာဘ်တစ်ပါး
အမြဲဆောင်ကာထား
ရာသီကအေး ပြည်ကဝေး
မွေးရပ်မြေကို လွမ်းပါသလေး
လွမ်းပါသော်လည်း မပြန်နိုင်
အဝေးကပဲ လွမ်းနေမည်
မဝေးတော့သိ အနာဂတ်ခရီး
ဌာနီပြည်ကနီး

12/13/2009

သုံးရာသီ အလွမ်း


သခင်ရေ....
နွေဦးရွက်ကြွေ၊ လေရူးဝေ့သော်
ရင်မှာလေ နွမ်း၊ မင်းကိုလွမ်း၏။
မိုးစက်လည်းကျ၊ မုတ်သုံစသော်
ရင်မှာလေ တမ်း၊ မင်းကိုလွမ်း၏။
ဆောင်းနှင်းစက်ကြွေ၊ နှင်းပန်းဝေသော်
ရင်မှာလေ ချမ်း၊ မင်းကိုလွမ်း၏။
နှစ်ဟောင်းလည်းကုန်၊ နှစ်သစ်ဆုံသော်
ငါ့မှာလေ လန်း၊ မင်းကိုလွမ်း၏။
သခင်ရေ....................
ရာသီချိန်ပြောင်း၊ နှစ်တွေလည်း ဟောင်း
သတိရစိတ် တမ်းတမိလျက်
ချိန်ခါပြောင်းလည်း
မျှော်လင့်လျှက်ပါ သခင်ရယ်....

ဘာအပင်လဲ ပြောကြည့်ပါလား






















ကျောင်းရဲ့အဆောင်ဘေးက အပင်ကြီးတစ်ပင်လေ... မိန်းထဲက အပင်တွေတိုင်းက ကဗျာဆန်ပြီး အရမ်းလှတယ်။ အေးချမ်းလည်း အေးချမ်းတယ်။ ခုစာသင်ဆောင်ဘေးက အပင်ကြီးပေါ့။ ဘာပင်လဲဆိုတာ မှန်မှန်ပြောပြခဲ့နော်... အဖြေသိချင်လား...

12/12/2009

တစ်ချိန်တုန်းက နေရာဟောင်း


ဒီနေ့ ဒီလိုနေရာကို ပြန်ရောက်ဖြစ်လိမ့်မယ်လို့ မထင်မိဘူး။ သင်တန်းစတက်ဖို့ မိန်းထဲရောက်တော့ နင်တို့ကို သတိရမိတယ်သိလား။ နင်တို့ ပါရင် သိပ်ကောင်းမှာနော်။

ငါတို့ပျော်ခဲ့ဖူးတဲ့နေရာလေးတွေ ငါ တစ်ယောက်ထဲ ပြန်လျှောက်ရတော့မှာပါလားဆိုပြီတော့လေ.... ဒါနဲ့ ဒီနေ့ စတက်ရတဲ့နေ့ပေါ့။ သင်တန်းက

မနက် ၇ နာရီလို့ ပြောလို့ အစောကြီးထပြီး သွားရတော့ ပထမဆုံး အဓိပတိလမ်းကို စ၀င်တာနဲ့ အရင်က ပျော်ခဲ့တဲ့နေရာတွေ တစ်ယောက်ထဲ လျှောက်နေရင်းနဲ့ ရင်ထဲမှာ ၀မ်းလည်း ၀မ်းသာမိသလို ၀မ်းလည်းဝမ်းနည်းမိတယ်။ ၀မ်းသာတယ်ဆိုတာ တစ်ချိန်က ကျောင်းတက်ခဲ့ရတဲ့နေရာလေးကို ပြန်လျှောက်ရလို့၊ ၀မ်းနည်းတာကတော့ သူငယ်ချင်းတွေအတူပျော်ခဲ့တဲ့နေရာလေးမှာ ငါ တစ်ယောက်ထဲ လမ်းလျှောက်ရလို့လေ။ တစ်ယောက်ထဲလျှောက်တော့ အဓိပတိလမ်းက တော်တော်ရှည်ပါလားလို့ ခံစားမိပြန်ရော။ ငါတော့ ဒုက္ခပဲ တစ်နှစ်လုံး တစ်ယောက်ထဲ ဒီလိုသာ လျှောက်ရရင် မလွယ်ဘူး။ ဒါပေမယ့် နေရာဟောင်းလေးက နွေးထွေးစွာ လက်ကမ်းကြိုနေတယ်။ ဒါနဲ့ တစ်ယောက်ထဲ သုတ်သုတ် သုတ်သုတ်လျှောက်လာရင်း သစ်ပုတ်ပင်ဘက်မရောက်ခင် သင်တန်းကျောင်းဆောင်ကလို့ ပြောထားလို့ ဟိုငေး ဒီငေးနဲ့ ကွေ့လိုက်တော့ ရှေ့မှာ ကောင်မလေးတစ်ယောက် လှုပ်လှုပ် လှုပ်လှုပ်နဲ့သွားနေတယ်။ ဒါနဲ့ ရှေ့ကို လျှောက်တော့ ရေစင်ပဲ တွေ့တော့တယ်။ ဒါ့နဲ့ ကောင်မလေးကို လှမ်းခေါ်လိုက်ပြီး ကိုယ့်ထက် ငယ်မငယ်တော့မသိဘူး အမလို့ပဲ ခေါ်ပြီး မေးလိုက်တော့ သူလည်း လာတက်တာတဲ့။ အတော်ပဲ အဖော်ရသွားပြီ။ ကျောင်းရှေ့ရောက်တော့ သော့တောင်မဖွင့်သေးဘူး တက်မယ့်သူတွေက ငုတ်တုတ်တွေထိုင်နေတယ်။ တော်တော်ကြာတယ် စောင့်ရတာ ဘယ်သူမှလည်း လာမဖွင့်ဘူး။ တော်တော်ကြာတော့ အောက်ထပ် တံခါးလာဖွင့်တယ်။ ပြီးတော့ အပေါ်ထပ် တံခါးကတော့ လာမဖွင့်ဘူး။ တော်တော်ကြာတယ်။ အကုန်လုံးလည်း လှေကားတွေမှာ ထိုင်နေလိုက်ကြတာ။ ခုန ရတဲ့သူငယ်ချင်းကောင်မလေးတွေက အမ မညောင်းဘူးလား လာထိုင်တဲ့ သမီးတို့ရှေ့မှာ လာထိုင်ဆိုလို့ ဘယ်မှာများ ထိုင်နေလဲလို့ ကြည့်လိုက်တော့ လှေကားထစ်တွေမှာ အစီအရီထိုင်နေကြတယ်။ ခဏနေတော့ ဦးဆောင်ပြီး ဗိုက်ဆာပြီ မုန့်သွားစားကြမယ် လောဆော်ပြီး ရှေ့ဆုံးကနေ ကျောင်း ၄ ထပ်ဆောင်အပေါ်ကနေ ဆင်းလာလိုက်တော့တယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ စတက်ရတဲ့ ကျောင်းအတွက် ပျော်မိပါတယ်။ ကိုယ်သင်ချင်တာလည်း သင်ရသလို သူငယ်ချင်းအသစ်တွေလည်းရ အဟောင်းတွေနဲ့လည်း ပြန်တွေ့ဆိုတော့ ကျောင်းက ဆရာအဘိုးပြောတဲ့ နည်းကိုလည်း မကျင့်ကြံမိအောင် တစ်နှစ်လုံး ကြိုးစားသွားရမှာလို့လည်း ခံယူထားမိတယ်လေ။ သူက ပ လေးလုံး မဖြစ်စေနဲ့တဲ့။ ပ - သူငယ်ချင်းမရှိလို့ ကျောင်းတက်ရတာ ပျင်းတယ်။ ပ- သူငယ်ချင်းရလို့ ကျောင်းတက်ရတာ ပျော်တယ်။ ပ- သူငယ်ချင်းတွေကြောင့် ပျက်သွားတာ မဖြစ်စေနဲ့။ ပ-သူငယ်ချင်းတွေနဲ့ပေါင်းပြီး ကျောင်းပြေးတာတွေတဲ့။ ရှောင်ရမယ်လို့ ပြောတယ်။ ဘာပဲဖြစ်ဖြစ် အဓိပတိလမ်းကို ပြန်လည်ခြေချခွင့်ပေးတဲ့ ကံကြမ္မာရယ်၊ အလုပ်က ခွင့်တစ်ရက်ပေးတာရယ်၊ နောက်ပြီး သင်တန်းအတွက် အခက်အခဲဖြစ်တာကို ကူညီတဲ့သူငယ်ချင်းကောင်းရယ် အားလုံးကို အမြဲ ကျေးဇူးတင်နေမိပါနော်။ အဓိပတိရယ်၊ သစ်ပုတ်ပင်အိုရယ်၊ ဂျပ်ဆင်ရယ်၊ ပုဂံလမ်းလေးရယ် အရာအားလုံး ပြန်လည်ကြည့်တော့လည်း သူတို့က အရင်အတိုင်းပါပဲ။ ပြောင်းလဲံသွားတာတွေက ပုထုဇဉ်လူသားတွေပါပဲလေ.... အဲ ခုတော့ ရွှေတိဂုံဘုရား တံမြက်စည်းလှည်းဖို့ ပြေးတော့မယ်။ နောက်ကျနေလို့နော်။
(ကျောင်း ၄ နှစ်တွင် အတူတက်ခဲ့ရတဲ့ သူငယ်ချင်းမောင်နှမ အယောက် ၂၀ ကို သတိရခြင်းများစွာဖြင့်)

12/10/2009

ငါရဲ့လိပ်ပြာ

ဖြူစင်တဲ့စိတ်ကလေးနဲ့
အပူအပင်ဖွဲ့ အရိပ်တွေဖြင့်
မေတ္တာရည် အလှလွှမ်း
သစ္စာတည် ဘ၀လမ်း
လျှောက်လှမ်းခဲ့ပေ….။
ဘယ်သူတွေ ဘယ်လိုကဲ့ရဲ့
မဲ့ရွဲ့လို့ မြင်ကာ ကြည့်စေ
လူတကာတွေ မေးငေါ့မှာကြောက်…
လိပ်ပြာလုံ
သိက္ခာဂုဏ် ရိုးသားစွာဖြင့်
ရိက္ခာအစုံ တိုးပွားမလာလဲ
(နင်ရယ်… တို့ကတော့) မိုးခါးရေမသောက်….။

Windows Vista shortcuts


Keyboard Shortcut

Description

Windows + E

Windows Explorer

Windows + D

Show Desktop

Windows + B

Focuses selection to the first icon on the notification area, use arrow keys to navigate and Spacebar to select

Windows + F

Find Files and Folders (AKA Search)

Windows + Tab

3D-Flip cycles through your standard applications (only available for Vista versions with Aero enabled)

Windows + Ctrl + Tab

Launches 3D-Flip but stays on the desktop so that you can scroll in directions

Windows + M

Minimize all windows

Windows + Shift + M

Undo minimize all windows

Windows + R

Open Run window

Windows + Pause/Break

System Information

Windows + F1

Windows Help

Windows + U

Ease of Access

Windows + Spacebar

Displays Windows Sidebar (provided enabled)

Windows + L

Locks the computer (needs password to reactivate)

Windows + T

Tabs through applications on the taskbar

Ctrl + Shift + Escape

Launches the Task Manager

My daily work become faster after I've got used to the Windows shortcuts. Hopefully this list could help your life a lot easier too.


Keyboard shortcuts

Keyboard shortcuts can make it easier to interact with your computer because you don't need to use the mouse as often.

The following table contains keyboard shortcuts that can help make your computer easier to use.

Press this key

To do this

Right SHIFT for eight seconds

Turn Filter Keys on and off

Left ALT+left SHIFT+PRINT SCREEN (or PRTSCRN)

Turn High Contrast on or off

Left ALT+left SHIFT+NUM LOCK

Turn Mouse Keys on or off

SHIFT five times

Turn Sticky Keys on or off

NUM LOCK for five seconds

Turn Toggle Keys on or off

Windows logo key +U

Open the Ease of Access Center








General keyboard shortcuts

The following table contains general keyboard shortcuts.

Press this key

To do this

F1

Display Help

CTRL+C

Copy the selected item

CTRL+X

Cut the selected item

CTRL+V

Paste the selected item

CTRL+Z

Undo an action

CTRL+Y

Redo an action

DELETE

Delete the selected item and move it to the Recycle Bin

SHIFT+DELETE

Delete the selected item without moving it to the Recycle Bin first

F2

Rename the selected item

CTRL+RIGHT ARROW

Move the cursor to the beginning of the next word

CTRL+LEFT ARROW

Move the cursor to the beginning of the previous word

CTRL+DOWN ARROW

Move the cursor to the beginning of the next paragraph

CTRL+UP ARROW

Move the cursor to the beginning of the previous paragraph

CTRL+SHIFT with an arrow key

Select a block of text

SHIFT with any arrow key

Select more than one item in a window or on the desktop, or select text within a document

CTRL with any arrow key+SPACEBAR

Select multiple individual items in a window or on the desktop

CTRL+A

Select all items in a document or window

F3

Search for a file or folder

ALT+ENTER

Display properties for the selected item

ALT+F4

Close the active item, or exit the active program

ALT+SPACEBAR

Open the shortcut menu for the active window

CTRL+F4

Close the active document (in programs that allow you to have multiple documents open simultaneously)

ALT+TAB

Switch between open items

CTRL+ALT+TAB

Use the arrow keys to switch between open items

CTRL+Mouse scroll wheel

Change the size of icons on the desktop

Windows logo key Picture of Windows logo key+TAB

Cycle through programs on the taskbar by using Windows Flip 3-D

CTRL+Windows logo key Picture of Windows logo key+TAB

Use the arrow keys to cycle through programs on the taskbar by using Windows Flip 3-D

ALT+ESC

Cycle through items in the order in which they were opened

F6

Cycle through screen elements in a window or on the desktop

F4

Display the Address bar list in Windows Explorer

SHIFT+F10

Display the shortcut menu for the selected item

CTRL+ESC

Open the Start menu

ALT+underlined letter

Display the corresponding menu

ALT+underlined letter

Perform the menu command (or other underlined command)

F10

Activate the menu bar in the active program

RIGHT ARROW

Open the next menu to the right, or open a submenu

LEFT ARROW

Open the next menu to the left, or close a submenu

F5

Refresh the active window

ALT+UP ARROW

View the folder one level up in Windows Explorer

ESC

Cancel the current task

CTRL+SHIFT+ESC

Open Task Manager

SHIFT when you insert a CD

Prevent the CD from automatically playing








Dialog box keyboard shortcuts

The following table contains keyboard shortcuts for use in dialog boxes.

Press this key

To do this

CTRL+TAB

Move forward through tabs

CTRL+SHIFT+TAB

Move back through tabs

TAB

Move forward through options

SHIFT+TAB

Move back through options

ALT+underlined letter

Perform the command (or select the option) that goes with that letter

ENTER

Replaces clicking the mouse for many selected commands

SPACEBAR

Select or clear the check box if the active option is a check box

Arrow keys

Select a button if the active option is a group of option buttons

F1

Display Help

F4

Display the items in the active list

BACKSPACE

Open a folder one level up if a folder is selected in the Save As or Open dialog box








Microsoft keyboard shortcuts

The following table contains keyboard shortcuts for use with Microsoft keyboards.

Press this key

To do this

Windows logo key Picture of Windows logo key

Open or close the Start menu

Windows logo key Picture of Windows logo key+PAUSE

Display the System Properties dialog box

Windows logo key Picture of Windows logo key+D

Display the desktop

Windows logo key Picture of Windows logo key+M

Minimize all windows

Windows logo key Picture of Windows logo key+SHIFT+M

Restore minimized windows to the desktop

Windows logo key Picture of Windows logo key+E

Open Computer

Windows logo key Picture of Windows logo key+F

Search for a file or folder

CTRL+Windows logo key Picture of Windows logo key+F

Search for computers (if you are on a network)

Windows logo key Picture of Windows logo key+L

Lock your computer or switch users

Windows logo key Picture of Windows logo key+R

Open the Run dialog box

Windows logo key Picture of Windows logo key+T

Cycle through programs on the taskbar

Windows logo key Picture of Windows logo key+TAB

Cycle through programs on the taskbar by using Windows Flip 3-D

CTRL+Windows logo key Picture of Windows logo key+TAB

Use the arrow keys to cycle through programs on the taskbar by using Windows Flip 3-D

Windows logo key Picture of Windows logo key+SPACEBAR

Bring all gadgets to the front and select Windows Sidebar

Windows logo key Picture of Windows logo key+G

Cycle through Sidebar gadgets

Windows logo key Picture of Windows logo key+U

Open Ease of Access Center

Windows logo key Picture of Windows logo key+X

Open Windows Mobility Center

Windows logo key Picture of Windows logo keywith any number key

Open the Quick Launch shortcut that is in the position that corresponds to the number. For example, Windows logo key Picture of Windows logo key+1 to launch the first shortcut in the Quick Launch menu.








Windows Explorer keyboard shortcuts

The following table contains keyboard shortcuts for working with Windows Explorer windows or folders.

Press this key

To do this

CTRL+N

Open a new window

END

Display the bottom of the active window

HOME

Display the top of the active window

F11

Maximize or minimize the active window

NUM LOCK+ASTERISK (*) on numeric keypad

Display all subfolders under the selected folder

NUM LOCK+PLUS SIGN (+) on numeric keypad

Display the contents of the selected folder

NUM LOCK+MINUS SIGN (-) on numeric keypad

Collapse the selected folder

LEFT ARROW

Collapse the current selection (if it is expanded), or select the parent folder

ALT+LEFT ARROW

View the previous folder

RIGHT ARROW

Display the current selection (if it is collapsed), or select the first subfolder

ALT+RIGHT ARROW

View the next folder

CTRL+Mouse scroll wheel

Change the size and appearance of file and folder icons

ALT+D

Select the Address bar

 

 

Windows Sidebar keyboard shortcuts






The following table contains keyboard shortcuts for working with Windows Sidebar.

Press this key

To do this

Windows logo key Picture of Windows logo key+SPACEBAR

Bring all gadgets to the front and select Sidebar

Windows logo key Picture of Windows logo key+G

Cycle through Sidebar gadgets

TAB

Cycle through Sidebar controls








Windows Photo Gallery keyboard shortcuts

The following table contains keyboard shortcuts for working with Windows Photo Gallery.

Press this key

To do this

CTRL+F

Open the Fix pane

CTRL+P

Print the selected picture

ENTER

View the selected picture at a larger size

CTRL+I

Open or close the Details pane

CTRL+PERIOD (.)

Rotate the picture clockwise

CTRL+COMMA (,)

Rotate the picture counter-clockwise

F2

Rename the selected item

CTRL+E

Search for an item

ALT+LEFT ARROW

Go back

ALT+RIGHT ARROW

Go forward

PLUS SIGN (+)

Zoom in or resize the picture thumbnail

MINUS SIGN (-)

Zoom out or resize the picture thumbnail

CTRL+Mouse scroll wheel

Change the size of the picture thumbnail

CTRL+B

Best fit

LEFT ARROW

Select the previous item

DOWN ARROW

Select the next item or row

UP ARROW

Previous item (Easel) or previous row (Thumbnail)

PAGE UP

Previous screen

PAGE DOWN

Next screen

HOME

Select the first item

END

Select the last item

DELETE

Move the selected item to the Recycle Bin

SHIFT+DELETE

Permanently delete the selected item

LEFT ARROW

Collapse node

RIGHT ARROW

Expand node

 

Keyboard shortcuts for working with videos


J

Move back one frame

K

Pause the playback

L

Move forward one frame

I

Set the start trim point

O

Set the end trim point

M

Split a clip

HOME

Stop and rewind all the way back to the start trim point

ALT+RIGHT ARROW

Advance to the next frame

ALT+LEFT ARROW

Go back to the previous frame

CTRL+K

Stop and rewind playback

CTRL+P

Play from the current location

HOME

Move the start trim point

END

Move to the end trim point

PAGE UP

Seek to nearest split point before the current location

PAGE DOWN

Seek to nearest split point after the current location

Windows Help viewer keyboard shortcuts






The following table contains keyboard shortcuts for working with the Help viewer.

Press this key

To do this

ALT+C

Display the Table of Contents

ALT+N

Display the Connection Settings menu

F10

Display the Options menu

ALT+LEFT ARROW

Move back to the previously viewed topic

ALT+RIGHT ARROW

Move forward to the next (previously viewed) topic

ALT+A

Display the customer support page

ALT+HOME

Display the Help and Support home page

HOME

Move the to beginning of a topic

END

Move to the end of a topic

CTRL+F

Search the current topic

CTRL+P

Print a topic

F3

Move to the Search box

 

Managing Windows

Alt+F4

Close the active window

Alt+Tab

Switch to previous active window

Alt+Esc

Cycle through all open windows

Win+Tab

Flip 3D [more info]

Ctrl+Win+Tab

Persistent Flip 3D

Win+T

Cycle through applications on taskbar (showing its live preview)

Win+M

Minimize all open windows

Win+Shift+M

Undo all window minimization

Win+D

Toggle showing the desktop

Starting Programs

Win+1

Open the first program on your Quick Launch bar

Win+2

Open the second program on your Quick Launch bar

Win+n

Open the nth program on your Quick Launch bar

Win+U

Open the ease of access center

Win+F

Open the search window

Win+X

Open the Mobility Center

Win+E

Open Explorer

Win+R

Open the Run window [more info]

Win+B

Move focus to notification tray (the right-most portion of the taskbar)

Win+Pause

Open the System Properties portion from the Control Panel

Ctrl+Shift+Esc

Open Windows Task Manager

Logging In And Out

While the below shortcuts seem unwieldy because of their length, they're quite easy to remember once you try them out a few times. The → symbol stands for the right arrow key.

Win, →, →, →, Enter

Shutdown

Win, →, →, →, U

Shutdown

Win, →, →, →, R

Restart

Win, , Enter

Sleep

Win, →, →, →, W

Switch Users

Win+L

Locks computer

Viewing Folders With Explorer

Alt+

Go back

Alt+

Go forward

Alt+

Go up a directory

Alt+D

Move focus to address bar

Alt+D, Tab

Move focus to search bar

Alt+Enter

Open the Properties window of the current selection

Ctrl+Mousewheel

Change the view type (extra large, small, list view, detail, etc.)





12/05/2009

ဆောင်းအ၀င်

ဆောင်းဦးအ၀င်
အေးမြခြင်းရဲ့အစ
နှင်းမှုန်လေးတွေကျနေချိန်
ရင်ထဲက အပူမီးကို
မတားဆီးနိုင်ခဲ့ပါဘူး…
ဘ၀အမောတွေနဲ့
ပြည့်သိပ်နေတဲ့ငါ့ဘဝ
ဒီဆောင်းရာသီချိန်မှာ
ဘယ်လောက်ပင် အသည်းခိုက်အောင်
အေးနေပစေ...
ရင်မှာ ဖြစ်တည် အပူမီးကို
ဘယ်သူ ကူငြိမ်းပေးမှာပ……

12/01/2009

နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ကြီး၏ အန္တိမအဂိဈာပနကို ရေဝေးသုသာန်တွင် ကျင်းပပြုလုပ်ခြင်း

နိုင်ငံကျော် ဓမ္မကထိက၊ ဓမ္မရက္ခိတ ဖြူးမဟာစည်သာသနာ့ရိပ်သာနှင့် ဖြူးမြို့ မဟာစည်သာသနာ့ရိပ်သာ၏ ဦးစီးပဓာန နယက ဆရာတော် အရှင် နရပတိ(ဓမ္မကထိက ဗဟုဇနဟိတဓရ၊ သာသနဓဇ ဓမ္မာစရိယ)၏ အန္တိမဈာပနကို နိုဝင်ဘာလ ၃၀ ရက်၊ တနင်္လာနေ့က ရေဝေးသုသာန်ရှိ သီးသန့်လောင်တိုက်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ဖြူးဆရာတော်ကြီး၏ အန္တိမ ဈာပနာသဘင်သို့ မန္တလေးမြတောင်ဆရာတော် အရှင်သာသနာဘိဝံသ အပါအ၀င် နိုင်ငံကျော်ဓမ္မကထိကများဖြစ်ကြသော သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိသာရ၊ ပဲခူးဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ပညိဿရ၊ မှော်ဘီဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ၊ မှော်ဘီမြို့မင်္ဂလာကျောင်းဆရာတော် အရှင်သုမင်္ဂလ၊ ဖြူးဆရာတော်ကြီး၏ တပည့် တပါးဖြစ်သူ တွံတေးအရှင်ကုန္ဒက၊ ကိုးဘွဲ့ရဆရာတော် အရှင်အာစာရာလင်္ကာရ၊ စစ်ကိုင်း - ခင်မကန်ဆရတော် အရှင်ခေမိန္ဒ၊ စာရေးဆရာ ရွှေဘိုမင်းသုခ အရှင်ပညာဇောတ အစရှိသည့် ဆရာတော် အရှင်မြတ်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အခမ်းအနားကို မွန်းလွဲ ၁၂ နာရီ၊ မိနစ် ၃၀ တွင် စတင်ခဲ့ပြီး မန္တလေး မြတောင်ဆရာတော် အရှင်သာနသဘိဝံသက သြ၀ါဒကထာ ဟောကြားချီးမြှင့်တော်မူခဲ့ပြီး မှော်ဘီမြို့၊ မင်္ဂလာကျောင်းတိုက်ဆရာတော် အရှင်သုမင်္ဂလက ဖြူးဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားတော်မူခဲ့သည်။ ထို့နောက် သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိသာရက ရေစက်သွန်းချအမျှပေးဝေကာ တွံတေးအရှင်ကုန္ဒက၊ စာရေးဆရာ ရွှေဘိုမင်းသုခ အရှင်ပညာဇောတ၊ ကျောက်ပန်းတောင်း ဒေါ်ခင်စိုးဝင်း၊ တေးသံရှင် ဒေါ်ရီရီသန့်တို့က အစီအစဉ်အတိုင်း တေးထပ်၊ တပည့်များပင့်ဆောင်ရာသို့ လိုက်ပါရန် လျှောက်ထားလွှာတို့ကို ဖတ်ကြားပြီး ဖြူးဆရာတော်၏ ရုပ်ကလာပ်တော်ကို ဈာပနယာဉ်ပေါ်သို့ တပည့်သံဃာများက ထမ်းပိုးပင့်ဆောင်မူပါသည်။
ဖြူးဆရာတော်ကြီး၏ ဈာပနအခမ်းအနားသို့ တောင်ငူမြို့ ရွှေဘိုကြီး စာသင်တိုက်၊ ရွှေမင်းဝံကျောင်း၊ ချမ်းမြေ့ရိပ်သာ၊ မှော်ဘီမြို့ မင်္ဂလာကျောင်း၊ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်၊ မဟာစည်သာသနာ့ရိပ်သာ အစရှိသည်တို့မှ သံဃာတော်များ ကြွရောက်ကြပြီး ဓမ္မမိတ်ဆွေအဖွဲ့၊ဓမ္မရောင်ခြည်အဖွဲ့၊ ဓမ္မမေတ္တာအဖွဲ့၊ သာသနရက္ခိတအဖွဲ့၊ ဓမ္မရသအဖွဲ့၊ ဓမ္မပူဇာမင်္ဂလာအသင်း၊ သဒ္ဒါဓိကလူငယ်အဖွဲ့၊ မေတ္တာတံခွန်အသင်း အစရျိသည့် သာသနာရေးအသင်းအဖွဲ့များက လိုက်ပါပို့ဆောင်ပူဇော်ကြကြောင်းလည်း သိရပါတယ်။
ဖြူးဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို ရေဝေးသုသာန်ရှိ သီးသန့်လောင်တိုက်တော်တွင် ညနေ ၅ နာရီ၊ ၁၀ မိနစ်ခန့်တွင် မီးသင်္ဂြိုဟ်ခဲ့သည်။ ဆရာတော်ကြီး၏ ဈာပနအခမ်းအနားသို့ လိုက်ပါပို့ဆောင်သည့် မော်တော်ယာဉ်အရေအတွက်မှာ ဓမ္မရက္ခိတဖြူးမဟာစည်သာသနာရိပ်သာကျောင်းမှ စီးရေ ၂၅၀ ခန့်၊ ရေဝေးသုသာန်တွင် လာရောက်စောင့်ဆိုင်းနေသည့် စီးရေ ၁၀၀ ခန့် စုစုပေါင်း စီးရေ ၃၅၀ ခန့်ရှိကြောင်း သတင်းရရှိပါတယ်ရှင်....


ဈာပနပုံတွေကို ဒီမှာ တင်လို့ အဆင်မပြေတဲ့အတွက် ဈာပနပုံတွေကို ကြည့်ချင်သူများအတွက် ဒီမှာပါ

ညတစ်ညရဲ့ အတွေးစု

တိတ်ဆိတ်တဲ့ ဟောဒီည
လပြည့်ည မဟုတ်တဲ့
အလင်းလေးက ဖျော့ဖျော့ရယ်ပေါ့...
ပြတင်းပေါက်က ကျလာတဲ့
မှိန်ဖျော့ဖျော့အလင်းရောင်ကြောင့်
ဟိုးအဝေး ကောင်းကင်ကို မော့ကြည့်မိတယ်....
အစွမ်းကုန်လှပနေတဲ့ ကြယ်ပွင့်လေးတွေ
အနှောင်အဖွဲ့ ကင်းမဲ့စွာ လင်းလက်နေလိုက်ကြတာ
သူတို့ဘ၀တွေက ကျေနပ်ချင်စရာ
သြော်...
ငါ့ဘ၀နဲ့များ တခြားစီ
ကြယ်တွေလိုများ ငါ့ဘ၀ ပြည့်စုံခဲ့ရင်.....

11/29/2009

မိတ်ဆွေများနှင့် ပျော်ရွှင်မှု

လူတွေကို ပိုပြီး စိတ်ချမ်းသာစေခြင်းသည် ပိုက်ဆံလား ဒါမှမဟုတ် ပျော်ပျော်နေတတ်သော မိတ်ဆွေများနှင့် ကိုယ့်ရဲ့အနီးဝန်းကျင်မှ လူတွေလား။
ပျော်ပျော်နေတတ်သော မိတ်ဆွေများရှိခြင်းကြောင့် ကိုယ်တိုင်ကလည်း ပျော်ရွှင်ရကြောင်း လေ့လာမှုအသစ်တွင် တွေ့ရှိရပါတယ်။ အနေအနီးအဝေးပေါ်မူတည်ပြီး မိတ်ဆွေများအကြား အပျော်သက်ရောက်ပုံကလည်း ကွာပါတယ်။ ဥပမာ တစ်မိုင်ခန့်အကွာတွင် မိတ်ဆွေတစ်ယောက်နေလျှင် ပျော်ရွှင်မှု ၂၀ ရာခိုင်နှုန်းရနိုင်ပြီး ကပ်လျက်တွင် ပျော်ပျော်နေတတ်သော သူတစ်ယောက်ရှိလျှင် အပျော် ၃၄ ရာခိုင်နှုန်းလောက် ရသည်လို့ဆိုပါတယ်။ ထိုမိတ်ဆွေများကြောင့် ရရှိသော
ပျော်ရွှင်မှုသည်လည်း တစ်နှစ်ခန့် တာရှည်သည်ဟု ဆိုထားကြပြန်ပါတယ်။ သင်လည်း သင့်အနီးမှ ပျော်ရွှင်မှုပေးနိုင်သော/ပေးနေသော မိတ်ဆွေသူငယ်ချင်းများကို အမြဲသတိရ/အမှတ်ရနေမယ်လို့ ထင်ပါတယ်နော်။
လူတိုင်း ၀န်းကျင်မှ မိတ်ဆွေအပေါင်းအသင်းများကို ပျော်ရွှင်မှုဝေမျှနေကြမယ်ဆိုရင် အားလုံးသည် ပျော်ရွှင်မှုများနဲ့ အသက်ရှင်နေသူများ ဖြစ်ပါလိမ့်မည်။ သင်လည်း ဘေးပတ်ဝန်းကျင်မှ မိတ်ဆွေသူငယ်ချင်းများနဲ့ ပျော်ရွှင်မှုကို ခုချက်ချင်းပဲ ဝေမျှခံစားကြည့်ပါ။ သင့်ရဲ့ ပျော်ရွှင်မှုသည် မိတ်ဆွေများထံမှတစ်ဆင့် မိသားစု၊ အိမ်နီးချင်းထိ ကူးစက်ပျံ့နှံ့နေပါလိမ့်မယ်။ မယုံရင် စမ်းသပ်ကြည့်လိုက်ပါ။ နိုင်ငံတကာ သုတေသီတို့က ပျော်ရွှင်မှုသည် ကူးစက်တတ်သည်လို့
လေ့လာတွေ့ရှိထားကြပါတယ်။ ၀မ်းနည်းမှုသည်လည်း ကူးစက်တတ်သည်ဆိုသော်လည်း ပျော်ရွှင်မှုလောက် မဟုတ်ပေ။ ပျော်ရွှင်မှုသည် တစ်ဆင့်ပြီး တစ်ဆင့် သုံးဒီဂရီခန့်ရောက်သွားသည့်တိုင် အပျော်က သက်ရောက်တုန်းပင် ဖြစ်ပါတယ်။
သုံးဒီဂရီဆိုသည်မှာ မိတ်ဆွေ၏ မိတ်ဆွေမှတစ်ဆင့် အခြားမိတ်ဆွေတစ်ဦထံ ရောက်သွားခြင်းကို ဆိုလိုတာပါ။
ငွေပိုငွေလျှံ သိန်းရာနဲ့ချီရှိခြင်းကလည်း လူတစ်ယောက်ကို ၂ ရာခိုင်နှုန်းလောက် ပျော်နိုင်သည်ဟု လေ့လာတွေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီအပျော်ကျတော့ သုံးဒီဂရီမိတ်ဆွေထံမှ ရသည့် ပျော်ရွှင်မှုထက် မပိုကြောင်း သုတေသီတို့က ဆိုထားကြပြန်ပါတယ်။ စကားပုံတစ်ခု သတိရမိပြန်ပါတယ်။ အဲ ဘာတဲ့ သင်ရယ်လျှင် အားလုံး လိုက်ရယ်လိမ့်မည်။ သင် ငိုလျှင်တော့ သင်တစ်ယောက်ထဲငိုပေတော့တဲ့။ ဟုတ်လားတော့မသိဘူး။ ဒီတော့ စိတ်ချမ်းသာမှုပေးတာသည်လည်း
မိတ်ဆွေများထံမှလို့ သင် ယူဆလို့ရပြီလား။ သင့်ဝန်းကျင်ကို အပျော်များနဲ့ ဖန်တီးချင်ရင်တော့ သင့်ထံမှ ပျော်ရွှင်မှုများကို မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများကို ခုချက်ချင်းပဲ ဝေမျှပေးလိုက်ပါလို့ ပြောချင်ပါတယ်။ ပျော်ရွှင်မှုရှိသောသူသည်
အောင်မြင်မှုကို အလွယ်တကူ ဖမ်းဆုပ်ယူနိုင်တဲ့လူသာ ဖြစ်ပါကြောင်း သင့်အား ကျွန်မရဲ့ ပျော်ရွှင်မှုများ ပြန်လည်ဝေမျှလိုက်ပါတယ်။ သင်လည်း ပျော်ရွှင်မှုများနဲ့အတူ မိတ်ဆွေများလည်း တိုးပွားပြီး အောင်မြင်တဲ့လူသားတစ်ယောက်အဖြစ် ရပ်တည်နေမယ်လို့ ကျွန်မ မြင်ယောင်နေမိပါတော့တယ်။