3/29/2008

လူမှုဆက်ဆံရေး

လူမှုဆက်ဆံရေးမှာ ကျင့်သုံးဖို့ စကားလုံးတစ်ခုကတော့ ကြီးသူုကို ရိုသေ၊ ရွယ်သူကိုလေးစား၊ ငယ်သူကို သနားတဲ့ ဟုတ်ပါတယ်နော်။ ဒီလိုပဲ နှိမ့်ချတတ်မှုဆိုတာ ပေါင်းသင်းဆက်ဆံတဲ့အခါ ထိပ်တိုက်ဖြစ်အောင် ရင်မဆိုင်ဖို့လည်း လိုပါတယ်။ ဥပမာ ကိုယ့်လောက် စိတ်သဘောထား မပြည့်ဝတဲ့သူနဲ့တွေ့တဲ့အခါမှာ ဖြစ်နိုင်ရင် ရှောင်သွားဖို့၊ မရှောင်နိုင်ရင်လည်း ယဉ်ယဉ်ကျေးကျေးပဲ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး လျှော့ပေးဖို့။ နောင် ဒီလိုလူမျိုးနဲ့ မတွေ့အောင် တတ်နိုင်သရွှေ့ ရှောင်ဖို့ပဲ ဖြစ်ပါတယ်။ ကားမောင်းတဲ့အခါ ကိုယ်က လမ်းမှန်အတိုင်း သွားနေပေမယ့် ကိုယ့်လမ်းကြောင်းထဲမှာပြီး ထိပ်တိုက်မောင်းလာတဲ့ကားကို ရှောင်ပေးဖို့ပဲ ဖြစ်ပါတယ်။ မရှောင်ရင် တိုက်မိပြီး ဒဏ်ရာအနာတရဖြစ်ရမှာပေါ့ ဟုတ်ဘူးလားနော်။ အလားတူပဲ အရက်မူးနေတဲ့လု၊ ခေါင်းမကောင်းတဲ့လူနဲ့တွေ့ရင် သွားပြီး စကားများရန်ဖြစ်လို့ အလကားပါပဲ။ ကိုယ်က ဦးအောင်ရှောင်သွားမှ တော်မယ် ဒါဟာ ကြောက်စိတ်ရှိလို့ မဟုတ်ဘူးနော်။
ဒီလိုပဲ လူမျိုးစုံနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ အရက်မူးသမားလို၊၊ အရူးလို သိသိသာသာကြီး မူမမှန်တဲ့ လူတွေနဲ့ တွေ့ရမှာထက် ပညာဘယ်လောက်တတ်တတ် စိတ်ဓာတ်မပြည့်ဝတဲ့လူမျိုးနဲ့ တွေ့ရမှာက ပိုများပါတယ်။ အဲဒီမှာလည်း ပညာတတ်ဆိုတဲ့နေရာမှာ ကျောင်း၊ တက္ကသိုလ် အောင်တာကို အဓိက ပြောတာ မဟုတ်ပါဘူး။ အတွေ့အကြုံနဲ့ စိတ်ဓာတ်ပြည့်ဝမှု၊ အထက်စီးနဲ့ အမိန့်ပေးပေါင်းသင်း ဆက်ဆံတာမျိုး မလုပ်တာလို့ ကျွန်မ ယူဆမိပါတယ်။ ကိစ္စတစ်ရပ်ကို ကိုယ်က အပြည့်အစုံ မသိဘဲနဲ့ လက်အောက်ငယ်သားတွေကို ဆူပူကြိမ်းမောင်းပြီး ခိုင်းတာမျိုးကိုလည်း ကျွန်မ မကြာခဏ တွေ့မြင်ဖူးပါတယ်။ ဒါကြောင့် နေရာတိုင်းမှာ နှိမ့်ချပေါင်းသင်းလို့ မဖြစ်နိုင်ပါဘူး လို့ ကျွန်မ တွေးကြည့်မိပါတယ်။ ဒီလိုဘဲ ဖြစ်လည်း မဖြစ်သင့်ပါဘူး။ ကိုယ်မှန်ကန်တယ်လို့ ယူဆရမိရင်လည်း ဒါကို လျှော့မပေးသင့်ပါဘူး။ တစ်ခါတစ်ရံ လူတွေဟာ ကိုယ်စီးတဲ့ မြင်း အထီးလား အမလား ခွဲခြားမသိသလိုပါပဲ စကားပြောတဲ့အခါမှာလည်း ပြောသင့်၊ မပြောသင့် မစဉ်းစားဘဲ လူတစ်ဖက်သားကို နင်ပဲငါဆ မပြောသင့် မပြောအပ်ပါဘူးလို့ ကျွန်မရဲ့ စိတ်အတွေးက လက်ခံယူဆနေမိပါတယ်။ ဒါဟာ ပညာတတ်တွေရဲ့ အလုပ် မဟုတ်ပါဘူး။ နည်းနည်းလေး စဉ်းစားတတ်ရင်ပေါ့လေ။

3/24/2008

အားလုံးအတွက် မိတ်ဆွေကောင်း

မိတ်ဆွေတု မိတ်ဆွေယောင်တွေဟာ ကျွန်မတို့ရဲ့အရိပ်နဲ့ တူပါတယ်။ နေရောင်မှာ ကျွန်မတို့ သွားလာတုန်းမှာ ကျွန်မိတို့နဲ့အနီးကပ်ရှိကြပါတယ်။ ဒါပေမဲ့ အရိပ်ထဲဝင်သွားတာနဲ့တစ်ပြိုက်နက် ကျွန်မတို့ကို ထားခဲ့ပါလေရော။

လူသားအချင်းချင်း ခင်မင်ရင်းနှီးပေါင်းဖော်ခြင်းဟာ ထာဝရ တည်မြဲပြီး အဆုံးမရှိ တည်တံ့ပါတယ်နော်။ မိတ်ဆွေစစ်ဆိုတာ အတော်ရှားပါတယ်။  ငယ်တဲ့အရွယ်မှာ မိတ်ဆွေတွေရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ မိတ်ဆွေတွေဟာ ဘယ်အချိန်မှာ အစစ်ကို ရှာဖွေတွေ့ရှိမှာလဲ။ လူတွေက အပေါ်ယံပဲကောင်းပြီး အတွင်းစိတ်က မပါတဲ့ မိတ်ဆွေတွေတော့ မလိုချင်ပါဘူးလေ။  အကောင်းဆုံး ကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲတဲ့။ တစ်ဦးနဲ့ တစ်ဦး ခင်မင်လေးစားတဲ့စိတ်ဟာ အဆင့်အတန်းမြင့်မားတဲ့ စိတ်ထားဖြစ်တယ်လေ။
မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ ဘယ်သူတွေကိုခေါ်တာလဲ။ ဘယ်လိုကြောင့် မိတ်ဆွေစစ်တွေလို့ ပြောနိုင်တာလဲ။ မိတ်ဆွေဆိုတာ များလေကောင်းလေလို့ ဆိုပေမဲ့ မိတ်ဆွေစစ်ဟာ အင်မတန်ရှားပါတယ်လေ။ တစ်ခါတလေကျတော့လည်း မိတ်ဆွေဆိုတာ မရှိမဖြစ်လိုအပ်သလို တစ်ခါတလေကျတော့လည်း မိတ်ဆွေတွေဟာ ကိုယ်ကို နာကြည်းမှုကို ပေးတတ်ကြပါတယ်။ ကိုယ်အဆင်ပြေနေတဲ့အချိန်မှာ မသိသာပေမဲ့ ကိုယ်အခက်အခဲနဲ့ ကြုံလာတဲ့အခါမှာတော့ တော်တော်ကို သဲသဲကွဲကွဲ သိမြင်လာရပါတယ်။ ၀မ်းလည်း သာသလို ၀မ်းလည်းနည်းမိပါတယ်။ တချို့က ရင်ထဲမှာ မပါပဲနဲ့ ဟန်ဆောင်ပြီး ဆက်ဆံတတ်ကြလို့ပါပဲ။ လူတိုင်းလူတိုင်း မိတ်ဆွေစစ်ကို လိုလားမိကြမှာပါ။ အဲဒီထဲမှာ ယမင်းလည်း အပါအ၀င်ပေါ့။ တောင်းတတိုင်းသာ ရမယ်ဆိုရင် အစစ်ပဲ လိုချင်တာပေါ့လေ။ ဟုတ်ဘူးလား။ မိတ်ဆွေတို့ကော စဉ်းစားမိရဲ့လား။ ငါဟာ မိတ်ဆွေဘယ်နေရာမှာ ရှိနေသလဲလို့ပေါ့။
ယမင်းကတော့ အားလုံးအတွက် မိတ်ဆွေကောင်းပဲ ဖြစ်ချင်ပါတယ်။

3/21/2008

တပေါင်းလပြည့်နေ့


တပေါင်းလသည် မြန်မာလတွေရဲ့ တစ်ဆယ့်နှစ်လမြောက်ဖြစ်ပြီး တစ်နှစ်တာရဲ့ နောက်ဆုံးလဖြစ်ပါတယ်။ ဆောင်းကူးနွေစ သာယာလှတဲ့လဖြစ်ပြီး ရွက်ဟောင်းလေးတွေ ကြွေကျနေခြင်းဟာ လူတွေကို လွမ်းဆွတ်မှုကို ဖြစ်ပေါ်စေပြီး ဖေဖော်ဝါရီလနှင့် မတ်လမှာ ကျရောက်ပါတယ်။ ဒါကြောင့်လည်း နေ့ပူလို့ ညချမ်း၊ တပေါင်းလဆန်းလို့လည်း ရှေးလူတွေက ဆိုထုံးပြုခဲ့ကြတာပေါ့။
တပေါင်းလရဲ့ ရာသီပွဲတော်ဟာ သဲပုံစေတီပွဲတော်ဖြစ်ပါတယ်။ သဲတွေကို စုပုံ၍ စေတီအသွင်တည်ကာ သဗ္ဗညုတမြတ်စွာဘုရားအား ရည်မှန်းပူဇော်ခြင်း ဖြစ်ပါတယ်။ သဲပုံစေတီပွဲတော်ဟာ ဗုဒ္ဓဘာသာ မြန်မာ့ယဉ်ကျေးမှုပွဲတော်ဖြစ်သဖြင့် မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာစတင်ထွန်းကားလာချိန်မှာပင် ရှိခဲ့တဲ့ ပွဲတော်လို့လည်း ယူဆရပါတယ်။ မြန်မာနိုင်ငံတွင် တပေါင်းလသို့ ရောက်သည့်အခါ မြစ်တွေ၊ ချောင်းတွေမှာ ရေစစ်ပြီး သဲခုံသောင်ခုံဖြူဖြူဖွေးဖွေးများ ပေါ်ထွန်းလာလေ့ရှိပါတယ်။ တောင်သူဦးကြီးတို့လည်း လယ်ယာလုပ်ငန်းများမှ အနားယူချိန်လည်း ဖြစ်ပါတယ်။ ဟိုအရင်တုန်းကတော့ ရှေးမြန်မာမင်းတွေဟာ ထိုသဲပုံစေတီပွဲကို ရာသီပွဲအဖြစ် သတ်မှတ်ပြီး ရွှေနန်းတော်ကြီးမှ ကျေးလက်တောရွာများအထိ ခြိမ့်ခြိမ့်သဲ ဆင်ယင်ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
သဲပုံစေတီပွဲတော်ဟာ ယခုခေတ်ကျတော့ ပျောက်ကွယ်လုနီးပါးရှိနေပါပြီ။ မန္တလေးစတဲ့ မြန်မာနိုင်ငံ အထက်ပိုင်း မြို့ရွာအနည်းငယ်မှာသာ ကျင်းပကြပါတော့တယ်။ ယခုတော့ သဲပုံစေတီပွဲတော်အစား စေတီပုထိုးများ၌ ဗုဒ္ဓပူဇနိယပွဲတော်တွေကို ကျင်းပကြပါတော့တယ်။ အဲဒီဘုရားပွဲတော်ကိုလည်း တပေါင်းပွဲလို့ ခေါ်ကြတယ်လေ။ ဒီကနေ့ဟာဖြင့် တပေါင်းလပြည့်နေ့ ဖြစ်ပါတယ်။ ဒီစာစုလေးဖြင့် ဗုဒ္ဓမြတ်စွာဘုရားအား ပူဇော်ကန်တော့လိုက်ရပါတယ်ရှင်။
 
သာသနာပြု သူတော်စင်မိတ်ဆွေအပေါင်းတို့ကို သတင်းကောင်းလေးပါးလိုက်ပါရစေ...
အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း (၂)

ဗုဒ္ဓဘာသာကို အခြေခံမှစ၍ စနစ်တကျ သိရှိနားလည်ပြီး မိရိုးဖလာ သဒ္ဓါဗုဒ္ဓဘာသာဝင်များအဖြစ်မှ ပညာဗုဒ္ဓဘာသာဝင်များအဖြစ် ကူးပြောင်ရပ်တည်သွားနိုင်ကာ ပစ္စုပ္ပန် - သံသရာ၊ မိမိ - သူတစ်ပါး (အမျိုး-ဘာသာ-သာသနာအကျိုး)များကို ဆည်းပူးပွားများဆောင်ရွက်သွားတတ်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ပေးသော သင်တန်းဖြစ်ပါတယ်။

သင်တန်းကာလ - (၂၂-၃-၂၀၀၈) မှ ၉၇-၄-၂၀၀၈) အထိ ၁၆ ရက်
သင်တန်းအချိန် - နေ့စဉ် နံနက် (၇) နာရီမှ (၈း၃၀) နာရီ
သင်တန်းနေရာ - ဓမ္မဗျူဟာ သာသနာမာမကအဖွဲ့၊ (လူပုဂ္ဂိုလ်များဆိုင်ရာ ဓမ္မစာပေသင်တန်းကျောင်း)
ြ ကားတောရလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ သို့ သွားရောက်တက်နိုင်ပါတယ်ရှင်။

3/19/2008

Use this shortcut To ....

Working with Word

Shift+Right, Left, Up or Down Arrow Select text
to highlight text 
Ctrl + C Copy selected text
Ctrl + X Cut selected text
Ctrl + V Paste selected text
Ctrl + Z Undo your last action
Ctrl + A Selected all the text
Ctrl + B Bold text
Ctrl + I Italicize text
Ctrl + U Underline
Ctrl + Shift + < Decrease font size
Ctrl + Shift + > Increase font size
Ctrl + Shift + F Change font
(then use the arrow keys to reach the new font)
Ctrl + Shift + P Change font size
(then use the arrow keys to reach the new font size)
Ctrl + Enter Create page break
Ctrl + N Create new document
Ctrl + O Open My documents window
Ctrl + W Close a document
Ctrl + S Save a document
Ctrl + P Print a document
Clt + Ctrl + I Preview what you're about to print
 
 

Accelerating Excel
Use this shortcut  To .....

Tab Move right to left, cell by cell
Enter Move up and down, cell by cell
Backspace Erase data in current cell
Home Return to the beginning of the row
Ctrl + ; (semicolon) Enter the data
Ctrl + Shift + : (colon)  Enter the time
= (equal sign) Start a formula
F7 Check the spelling of titles or words within the cells
ALT + ' (apostrophe) Find out about the style within the cell
Ctrl + 1 Display the Format Cells dialog box
Ctrl +Shift + ~ Apply the general number format
Ctrl + Shift +$ Turn numbers into dollars
Ctrl + Shift +% Make numbers a percentage
Ctrl + Shift +& Apply a border

3/16/2008

ကိုယ်သိချင်သည့် မေတ္တာတရား



တောင်ပြောင်သစ်သစ် ခေါင်းလောင်းဖြစ်လျက်
ထိုးနှက်မတီး မဟည်းနွဲ့ပြောင်း သံမငြောင်းမူ
ခေါင်းလောင်းဆိုတာ ဘာလဲကွယ်....

အဓိပာယ်ရင့်ထွား
တေးသွားပြေပြစ် သီချင်းဖြစ်လျက်
ဖွင့်လှစ်သံညှင်း မသီလျှင်မူ
သီချင်းဆိုတာ ဘာလဲကွယ်....

ရင်တွင်းသံစဉ် ချကာစဉ်လျက်
ခံစားချက်ဖြင့် ရေးသားကြမူ
ကဗျာဆိုတာ ဘာလဲကွယ်....

နုထွေးစင်ဖြူ မေတ္တာဟူလျက်
မလှူမကမ်း မျှမတမ်းဘဲ
အသည်းတွင်မြှုပ် ရင်တွင်အုပ်လျက်
ကိုင်ဆိုပ်ဝှက်ကာ သိမ်းဆည်းပါမူ
မေတ္တာဆိုတာ ဘာလဲကွယ်..............

3/14/2008

ပြောင်းလဲခြင်း သဘောတရား


လောကမှ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာလေးတစ်ခုကို ပြောပြချင်ပါတယ်။ လူတွေရဲ့ ပြောင်းလဲမှု မြန်ဆန်ပုံလေးပေါ့။
ကောင်မလေးတစ်ယောက်ရဲ့အကြောင်းပါ။ သူဟာ လူတွေအားလုံးကို မုန်းနေတယ်။ နောက်ဆုံး သူ့ကိုယ်သူလည်း မုန်းတယ်။ ဘာလို့လဲဆိုတော့ သူဟာ မျက်မမြင်လေးတစ်ယောက်မို့လို့ပေါ့။ ဒါပေမဲ့ သူမ မုန်းတဲ့ထဲမှာ မပါဝင်တာကတော့ သူမရဲ့ချစ်သူ ကောင်လေးတစ်ယောက်ပဲရှိတယ်။ သူ့ချစ်သူဟာ သူ့နားမှာ အမြဲတမ်းနေပေးတယ်လေ။ တစ်နေ့တော့ သူ့ချစ်သူကို ပြောတယ်။ သူသာ ကမ္ဘာလောကကြီးတစ်ခုလုံးကို မြင်ရရင် ရှင့်ကို လက်ထပ်ပါမယ်လို့ ပြောတယ်။
တစ်နေ့မှာ တစ်စုံတစ်ယောက်က သူ့မအတွက် မျက်စိတစ်စုံ လှူဒါန်းခဲ့တယ်။ သူမဟာ ကမ္ဘာလောကကြီးရယ်၊ သူ့ချစ်သူရယ် အရာအားလုံးကို မြင်ခွင့်ရခဲ့ပြီလေ။ သူ့ချစ်သူကောင်လေးက ပြောတယ်။ အခု မင်း မြင်ချင်တဲ့ ကမ္ဘာလောကကကြီးတစ်ခုလုံးကို မြင်ရပြီနော်။ မင်း ငါ့ကို လက်ထပ်မှာလားလို့ ပြောရှာတယ်။ အဲဒီအချိန်မှာ ကောင်မလေးဟာ တုန်လှုပ်ချောက်ချားသွားခဲ့တယ်။ ဘာလို့လဲဆိုတော့ သူ့ချစ်သူကောင်လေးဟာ မျက်မမြင်တစ်ယောက်ဖြစ်နေလို့ပေါ့။ သူမဟာ သူ အရမ်းချစ်တဲ့ သူ့ချစ်သူကို ငြင်းပယ်လိုက်ပါတော့တယ်။

ကောင်လေးဟာ စိတ်မကောင်းခြင်းများစွာနဲ့ ထွက်ခွာသွားတယ်။ နောက်တော့ စာလေးတစ်စောင်ရေးပြီး သူမဆီ ပို့လိုက်တယ်။  စာကြောင်းလေးကတော့
"Just take care of my eyes please."

 ပါတဲ့ရှင်။

အင်း လူသားတွေဟာ အမျိုးမျိုးပြောင်းလဲတတ်ကြတယ်။ အဆင့်၊ ရာထူး၊ ဂုဏ်ရှိန်အရာအားလုံးကြောင့် အမျိုးသမီးမှ မဟုတ်ဘူးနော်။ အမျိုးသားတွေလည်း ပြောင်းလဲမယ်ဆိုတာ ဒီပုံပြင်လေးက သင်ခန်းစာပေးလိုက်တာပါပဲ။ လောကမှာ နားလည်မှု၊ တစ်ဦးကို တစ်ဦး သည်းခံမှု၊ ကိုယ်ဒုက္ခရောက်ခဲ့စဉ်က အဖြစ်အပျက်တွေကို မမေ့မလျော့ဘဲ မပြောင်းလဲတဲ့ အရိုးခံစိတ်ရင်းတွေ လူသားတိုင်း ပိုင်ဆိုင်စေချင်လို့ အင်တာနက်ကနေ အင်္ဂလိပ်စာကို ကူးယူပြီး အင်္ဂလိပ်လို မသိနားမလည်တဲ့ ကျွန်မက အတတ်နိုင်ဆုံး ဘာသာပြန်ကြည့်တာဖြစ်ပါတယ်။


3/13/2008


3/12/2008

စိုင်းထီးဆိုင် ကွယ်လွန်သွာုးခြင်း

 

စိုင်းထီးဆိုင်(ခ) စိုင်းတင်ဦး အသက် (၅၈) နှစ်သည် ၁၀.၃.၂၀၀၈ (တနင်္လာနေ့) နံနက် (၅:၄၅)

နာရီတွင် ကွယ်လွန်သွားပါသည်။ ၁၂.၃.၂၀၀၈ ရက်နေ့ ဗုဒ္ဓဟူးနေ့ နေ့လည် ၁ နာရီတွင် သင်္ဂြိုဟ်ပြီးစီးပြီး ၁၆. ၃.၂၀၀၈ ရက်နေ့ တနင်္ဂနွေနေ့ နံနက် ၇ နာရီမှ ၁၁ နာရီထိ အမှတ် (၃၃)၊ ဓမ္မ၀ိဟာရလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ် နေအိမ်တွင် ရက်လည်ဆွမ်းကျွေးတရားနာမည် ဖြစ်ပါကြောင်း သတင်းရရှိပါတယ်။

ဘ၀နဲ့ လမ်း

မနက်ဖြန် ပေါင်းများစွာနဲ့အတူ
အိုမင်းရင့်ရော်မှုတွေ ဘယ်လို တားဆီးမလဲ
နှင်းတွေနဲ့ ပြုံးလိုက်တိုင်း ငယ်မူပြန်
ဖြစ်ရိုးဖြစ်စဉ် ကံကြမ္မာတီးလုံးလေးတွေ နားဆင်
ကာရံမညီတဲ့ ကဗျာလေးတွေ ရေးဖွဲ့ရင်း

မယဉ်ကျေးတဲ့ လောကဓံကို ဥပေက္ခာပြုလို့
ချမ်းစိမ့်စိမ့် အေးချမ်းမှုလေးတွေနဲ့ ဆောင်းအကုန်
အိပ်မက်ကောင်းလေး ယူလာပေးပြီး
ငါ့အတွက် အဖော်မဲ့နေ့ရက်တွေဖြတ်သန်း
သဘာဝတရားကို အံတုလို့
ကောက်နေကျ ခရေပန်းတောင်
မကြွေလွင့်တော့ပါလား...

ဒါပေမဲ့...
ခရေပင်လေးကတော့ ခုထိ ပျံ့သင်းနေဆဲ
ငါ့မှာတော့ အိပ်မက်ဟောင်းလေးတွေ
ထပ်ကာထပ်ကာ မက်ရင်း
ဘ၀မှာ ဖြစ်ခဲ့ဖူးတဲ့
ကလေးဘ၀ကိုပြန်တမ်းတ
လွမ်းရလို့ အားမရနိုင်ပေမဲ့
ပြန်မရနိုင်တော့တဲ့ အတိတ်ဟာ
အရိပ်ပမာဖြစ်နေခဲ့
ဟန်ဆောင်မှုတွေနဲ့လောကထဲမှာ
ကျင်လည်ရင်း
ဘ၀ကြီးရှိနေသရွေ့
ရှေ့ဆက်ရမယ့် လမ်းကို မျှော်ငေးရင်း
တစ်ယောက်တည်း ဆက်လျှောက်ရဦးမှာပေါ့...

3/08/2008

ဒီမနက်ခင်း

ဒီနေ့ မိုးလင်းတည်းက စိတ်မကြည်ဘူး။ခေါင်းတွေလည်း တအားမူးနေတယ်။ အလုပ်ကလည်း မသွားလို့မဖြစ် ၀မ်းစာက ရှိသေးတယ်ဆိုပြီး အားတင်းထွက်ခဲ့တယ်။ ကားဂိတ်ရောက်တော့ လာတဲ့ကားတိုင်း ကျပ်ညှပ်နေတာအလွန်ပဲ။  မစီးလို့လည်း မဖြစ်တဲ့ဘ၀ဆိုတော့ တိုးစီးခဲ့ရတယ်။ကားပေါ်ရောက်တော့ ထုံးစံအတိုင်း မတ်တတ်ရပ်လျက်နဲ့ ပါလာတုန်း လမ်းရောက်တော့ ထိုင်နေတဲ့သူက သနားလို့ထင်တယ် ထပေးရှာတယ်။ ဟန်တောင် မဆောင်နိုင်ဘူး ၀င်ထိုင်ပြီး မျက်စိစုံမှိတ်ပြီး လိုက်ရတယ်။
ရုံးရောက်တော့ ခေါင်းကအရမ်းမူးနေတယ်။  ရုံးက ကလေးတွေက အစ်မ ဘာဖြစ်လာတာလဲတဲ့။ လူကြည့်ရတာ ဖြူဖတ်ဖြူရော်နဲ့တဲ့။ ဘာမှ မပြောနိုင်ဘူး။ ဆေးအမြန်သောက်ရတယ်။ ခုရက်ထဲမှာ ဘာဖြစ်နေလဲ မသိဘူး။ တစ်ခါတလေ စဉ်းစားမိတယ်။ ငါသာ တစ်ခုခုဗြုန်းစားကြီး ဖြစ်သွား၇င် ကိစ္စမရှိဘူးလို့လည်း တွေးမိတယ်။ ခုတစ်လော နက်ကလည်း မကောင်း၊ ကိုယ်ရှိစဉ်မှာ ပြောချိန်တာတွေ ပြောခဲ့ချင်သေးတယ်။ ရေးထားတာတွေ ရှိပေမယ့် မတင်ဖြစ်သေးဘူး။ ငွေကြေးကြောင့်ရယ် နက်ကြောင့်ရယ် အချိန်ကြောင့်ရယ် ဒါကြောင့် အားလုံးနားလည်ပေးကြပါနော်။

3/06/2008

ရန်ကုန်မြို့ ကမာရွက်မြို့နယ် စိမ်းလဲ့ကန်သာလလမ်း၌လူငါးဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်း


ရန်ကုန်မြို့ ကမာရွက်မြို့နယ် (၉) ရပ်ကွက် စိမ်းလဲ့ကန်သာလလမ်းခြံအမှတ် (၁၂၆) ၌ မတ် ၃ ရက် ညနေပိုင်းတွင် သေနတ်ဒဏ်ရာများဖြင့် လူငါးဦး သေဆုံးနေကြောင်း သိရပါတယ်။
နေအိမ်အပေါ်ထပ် လှေကားထိပ်၊ အိပ်ခန်းခုတင်ပေါ်နှင့် ခုတင်ဘေး ၀ဲ^ယာတို့၌ သေနတ်ဒဏ်ရာများနှင့် သေဆုံးနေတဲ့ အမျိုးသားတစ်ဦး၊ အမျိုးသမီးလေးဦးတို့ကို တွေ့ရှိခဲ့တယ်လို့ သတင်းရပါတယ်။ သေဆုံးသူများသည် ဦးချာလီ(ခ) ဦးစောကြည်ဖ (၆၀) နှစ် (ဘ) ဦးခွန်ပန်းစိန်ဆိုသူမှာ ယာလက်ကောက်ဝတ်ကျည်ဆန် ထုတ်ချင်းပေါက်၊ ၀ဲချိုစောင်းနှင့် ယာမျက်လုံးအောက် ကျည်ဆန်ဝင်ထွက်ဒဏ်ရာ၊ ယာနားထင်ေ၇ှ့ သေနတ်ဒဏ်ရာနဲ့တွေ့ရှိပြီး ဒေါ်စန်းစန်းမြင့် (၅၈) နှစ် (ဘ) ဦးမြမောင်ဆိုသူမှာ ၀ဲဘက်နားနောက်နှင့် ၀ဲမျက်ခုံးအောက် ကျည်ဆန်ဝင်ထွက်ဒဏ်ရာ၊ ယာနားထင်ရှေ့သေနတ်ဒဏ်ရာနှင့် လည်းကောင်း၊  မမြစန္ဒာ (၃၆) နှစ် (ဘ) ဦးစောကြည်ဖဆိုသူမှာ ယာနားထင်နှင့် ၀ဲဘက်ပါး ကျည်ဝင်ထွက်ဒဏ်ရာ၊ ယာလက်ကောက်ဝတ် ကျည်ဖောက်ဝင်ဒဏ်ရာနဲ့လည်းကောင်း၊ မနှင်းပွင့်အေး (၂၇) နှစ် (ဘ) ဦးစောကြည်ဖဆိုသူမှာ ယာနားထင်နှင့် ယာမျက်ခုံးထောင့် ကျည်ဝင်ထွက်ဒဏ်ရာနှင့်လည်းကောင်း၊ မအယ်ဖော (၁၅) နှစ်ဆိုသူမှာ ၀ဲဘက်နားထင် ဖောက်ဝင်ဒဏ်ရာများနဲ့သေဆုံးနေကြောင်း သတင်းရရှိပါတယ်။

3/05/2008

ငါအိုသွားသောအခါ


• ငါအိုသွားသောအခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ။   စိတ်ရှည်ရှည်ထား  ဆက်ဆံပေးပါ။
•  ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အက်ႌေပၚဖိတ္စဥ္သြားတဲ့အခါ အက်ႌ၊    လုံချည်၊  ဖိုသီဖတ်သီဖြစ်နေတဲ့အခါ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသုတ်သင်   ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
•  အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ    ကျေးဇူးပြုပြီး

နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်    တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ်

နိပါတ်တော်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့   ပုံပြင်တွေကို မရိုးအောင်ပြောရင်း ချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
•  မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက   ချော့တစ်လှည့်၊ ခြောက်တစ်လှည့်

ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
•  ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။     

ငယ်ငယ်တုန်းက ]ဘာကြောင့်ဆိုတဲ့} မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို   သတိရပေးပါ။
•  စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့    လက်တစ်စုံနဲ့

ငါ့ကို ကူတွဲပေးကြပါ။ လမ်းလျှောက်သင်စအရွယ်တုန်းက တစ်လှမ်း   ချင်း လှမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို

သတိရပေးပါ။
•  တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနှင့် နားလည်ပေး   ပါ။ အားပေးပါ။

အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို   အခုချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။

ချစ်ခြင်းမေတ္တာနဲ့   အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီ အပြုံးတွေထဲမှာ မဆုံးတဲ့    

ငါ့မေတ္တာတွေ တွေ့ရမှာပါ။
 သူငယ်ချင်းတို့ရေ ......... ထာဝရ ပျော်ရွှင်ချမ်းမြေ့ကြပါစေကွယ်.................။

 (ကွယ်လွန်သွားပြီဖြစ်သော ဘွားဘွားနှင့် အမေကြီးကို သတိရအောင်းမေ့တမ်းတလျက်ပါ။ ခုဆို ယမင်းတို့နဲ့ ခွဲခွာသွားကြတာ ၁

နှစ်နဲ့ လေးလပြည့်မြောက်ခဲ့ပြီနော်... တစ်နေ့တစ်၇က်မှ မေ့လို့မရသေးတာ မြေးတို့ အပြစ်မဟုတ်ပါဘူးနော်။ ရောက်ရာဘုံဘ၀မှ

သာဓုခေါ်နိုင်ကြပါစေလို့ ယမင်း ဆုတောင်းလျက်)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ပတ်ဝန်းကျင်


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် မြို့၏ ပတ်ဝန်းကျင်တွင် ခရီးသွားများအား ဆွဲဆောင်နိုင်မယ့် လှပသော သဘာဝ ပတ်ဝန်းကျင်အခြေအနေများရှိသည့်အပြင် ဂူဘုရားအပါအ၀င် စေတီပုထိုးများစွာလည်း တည်ရှိကြောင်း တွေ့ရပါတယ်။
     ထိုကဲ့သို့ တည်ရှိတဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေများ အရှိန်မပျက် ဆက်လက်ထိန်းသိမ်းထားနိုင်ပါက ကရင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းတွေ လက်ရှိအနေအထားထက် ပိုမိုတိုးတက်များပြားလာမယ်လို့ ယူဆမိပါတယ်။
     ကရင်ပြည်နယ်ရဲ့ မြို့တော် ဘားအံမြို့ ဇွဲကပင်တောင်ထွတ်မှ ကြည်ညိုဖွယ်ရာ ဇွဲကပင်ဆံတော်ရှင်စေတီ၊ တောင်ကုန်းတောင်တန်းများအကြားမှာတွေ့ရတဲ့ ကွေ့ဝိုက်စီးဆင်းလာတဲ့ သံလွင်မြစ်ရဲ့ သဘာဝ ရှုမငြီးဖွယ်အလှ၊ ဇွဲကပင်တောင်ထွတ် ကျောက်ကလပ်စေတီ၊ ဘားအံမြို့ သံလွင်မြစ်ကမ်းနံဘေးမှာ တည်ရှိတဲ့ ရွှေရင်မျှော်ဘုရားကိုလည်း တွေ့ရမယ်။ နောက်တစ်မျိုးခေါ်တာက ဖားအောက်စေတီဆိုလားပဲ။ ပြီးတော့ ဘားအံမြို့နယ်၊ ကော့ကသောင်ရွာမှာရှိတဲ့ ကော့သသောင်ဂူ၊ ပတ္တမြားဂူနှင့် ဘားအံမြို့ ကန်တော်ကြီးတို့မှာ ဘားအံ့မြို့ကို သွားရောက်လည်ပတ်ကြသူများအတွက် အလွန်ကြည်နူးနှစ်သက်ဖွယ်ရာ နေရာတွေပဲ ဖြစ်ပါတယ်။ မြန်မာပြည်တွင် တန်ခိုးကြီးဘုရားများစွာ ရှိတဲ့အနက် ကရင်ပြည်နယ် ဘားအံမြို့ရဲ့ ကျက်သရေဆောင်သဘာဝအလှဆီသို့ တစ်ခါတစ်ခေါက် သွားရောက်လည်ပတ်သင့်ပါတယ်လို့  အကြံပြုပါရစေ။

3/03/2008

အိပ်မက် မက်ခွင့်ပြုပါ

 

အတွေးတွေ ပြည့်သိပ်နေတဲ့ ညလယ်ကောင်တွေထဲ
သတိရခြင်းက ငါ့ရင်ဘတ်ပေါ် အလွမ်းတွေက ပြိုကျ
မျှော်လင့်တိုင်း မက်ခွင့်မရတဲ့ အိပ်မက်တွေက
ညနံရံတွေကို တစ်စစီ ရိုက်ခတ်တိုက်စားလို့
နာရီတွေသာ အချိန်မှန် ပုံမှန်လည်ပတ်နေမြဲ
အချိန်တွေကို ၀ါးမြို
တစ်စတစ်စနဲ့ ရာသီတွေအလီလီပြောင်း
နှစ်ဟောင်းတွေကုန် နှစ်သစ်တွေကူးပြန်ပါပေါ့
မပြောင်းလဲသေးတဲ့ ဘ၀နဲ့လောကတွင်း ဖြတ်သန်း
လွမ်းမိတိုင်းလည်း စဉ်းစားမရ
ဘာကို ဘယ်လိုလွမ်းမိမှန်းလည်း မသိ
အလွမ်းသံသရာသာ ရှည်လျားနေခဲ့
တမ်းတမိတဲ့ အိပ်မက်တိုင်း
မင်းရဲ့အရိပ်များ ညစဉ်မက်စေခဲ့
ငါ့ရဲ့အတ္တများ
ခုတော့...
အိပ်မက်တွေနဲ့ မျောပါခဲ့ပေါ့
လွမ်းတိုင်း မက်ခွင့်မရှိတဲ့ အိပ်မက်သခင်ရယ်
ညတိုင်း အိပ်မက် မက်ခွင့်ပေးပါ....

3/02/2008

တောင်သူလယ်သမားနေ့ သမိုင်းကြောင်း

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် နှစ်စဉ် ဇန်န၀ါရီလ ၁ ရက်နေ့ကို `တောင်သူလယ်သမားနေ့´ လို့ သတ်မှတ်ခဲ့ရာ ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ လက်ထက်တိုင် ရောက်ရှိခဲ့ပါတယ်။
       တော်လှန်ရေးကောင်စီလက်ထက်မှာ မြေရှင်စနစ် ဖျက်သိမ်းရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြရာ တောင်သူလယ်သမားများနှင့် ပတ်သက်ပြီး ဆောင်ရွက်ခဲ့တာတွေကတော့
၃၀- ၁၂- ၆၂ မှ ၁ - ၁ - ၆၃ ရက်နေ့အထိ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာမှာ ပထမဆုံးအကြိမ် ဆောင်ရွက်ခဲ့ကြပါတယ်။
၃၀ - ၁- ၆၃ နေ့မှ ၁ - ၂ - ၆၃ ရက်နေ့အထိ ဟင်္သာတမြို့နယ်၊ ဒူးယားကျေးရွာမှာ ဒုတိယအကြိမ် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကြီးကို ကျင်းပခဲ့ကြပါတယ်။
၃၀ - ၁၂- ၆၃ နေ့မှ ၂ - ၁ - ၆၄ ရက်နေ့အထိ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပါးကျေးရွာတွင် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ပါတယ်။
၂- ၃ - ၆၄ နေ့မှ ၆ - ၃- ၆၄ ရက်နေ့အထိ တောင်ငူမြို့နယ်၊ ခပေါင်းကျေးရွာတွင် တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့တယ်။ ထိုနှီးနှောဖလှယ်ပွဲတွင် လာမည့်နှစ်မှစပြီး မတ်လ 2 ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲသတ်မှတ်ရန် အများသဘောတူ ဆုံးဖြတ်ခဲ့ကြလို့ မတ်လ 2 ရက်နေ့ရောက်တိုင်း တောင်သူလယ်သမားနေ့ ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။
တောင်သူဦးကြီးတွေအတွက် ဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်တဲ့ နေ့ထူးနေ့မြတ်လည်း ဖြစ်ပါတယ်။ လယ်သမားများမရှိခဲ့ရင် တို့ပြည်တွင်းမှာ ထမင်းအစား ပေါင်မုန့်ကိုပဲ စားကြရလိမ့်မယ်နဲ့တူပါတယ်။ ခုတော့ ဆန်ရေစပါး ပေါကြွယ်ဝအောင် လုပ်ပေးကြတဲ့ တောင်သူဦးကြီးတွေကို အလွန်ပဲ ကျေးဇူးတင်ပြီး တောင်သူလယ်သမားနေ့ကို ကြိုဆိုလိုက်ပါတယ်။