1/31/2008

အလွမ်းည

တစ်ခါဆီက
ပြာရီေ၀၀ါး နှင်းညများမှာ
ချစ်ခြင်းသီကုံး
မျက်လုံးများနှင့် ပြုံးခဲ့ကြတယ်
လရိပ်စိုစို ကြယ်ငိုတဲ့ည
ဒါ... ဂီတတဲ့။
ရယ်သံတိုးတိုး အိပ်မက်လှုပ်နှိုးရင်း
အိပ်မက်ထဲမှာ ရောက်ရောက်လာသူ
ရင်ခုန်သံများနှင့်ရင်းနှီး
ပန်းစုံပွင့်တဲ့ ညတစ်ည။
ကြာခဲ့ပေမဲ့ ပြာလဲ့နေဆဲ
နေ့ရက်ဟောင်းတွေ
ဘယ်လောက်ဝေးပစေ မေ့မနေခဲ့
ဘယ်လောက် မုန်းပစေ
ကိုယ်ပြုံးနေခဲ့။
ရက်တွေ လစား နှစ်တွေခြားလည်း
အိပ်မရတဲ့ ညများစွာဝယ်
တလည်လည်နှင့်
အတွေးနယ်ထဲ ဝေခွဲခက်စွာ
ပုံရိပ်ဟောင်းများ
ကယောက်ကယက် မဖျောက်ဖျက်နိုင်
သူမသိအောင်
အပူငွေ့လောင်ကျွမ်း
မျက်ရည်ခန်းလည်း
တစ်ခြမ်းတည်းသော အသည်းလွှာနှင့်
မြဲစွာချစ်မည့် သစ္စာရယ်ပေါ့
တစ်ကိုယ်တည်းသာ တိုးတိတ်ရွတ်ဆို
လမင်းပျိုနှင့် ကြယ်စင်များကို
သက်သေတည်။

ကြွေးဟောင်းဆပ်ခွင့်ပြုပါ

လောကမှာ
နေထိုင်စရာအတွက် မြေ
ရှူရှိုက်ဖို့အတွက် လေ
သောက်သုံးဖို့အတွက် ရေထက်
သားသမီးတွေအတွက်
အဖိုးမဖြတ်နိုင်သော အမေသာ
အရေးကြီးဆုံးပါ အမေ...
ကြည်လင်ချိုအေးတဲ့
ကျောက်စက်ကျစမ်းရေဟာ
မောပန်းရေဆာသူတွေအတွက်
အဖိုးမဖြတ်နိုင်တာထက်
သားသမီးတွေအတွက်ကတော့
အမေ့ရဲ့အပြုံးတစ်ချက်ဟာ
ဘာနဲ့မှ မလဲနိုင်အောင်
အဖိုးမဖြတ်နိုင်ဆုံးပဲ အမေရေ...
အမေ့စေတနာကို
ဖက်မနမ်းမိ
ကြာပါပြီ
ရက်၊ လ၊ နှစ်တွေ
ဆံပင်ဖြူတော့မယ့်အထိပေါ့
အခုမှ
ဦးနှောက်ကို ဆားခပ်ပြီး
ပြန်စဉ်းစားကြည့်မိတယ်
ငါဟာ ပေးဆပ်ခြင်းကို
ကျေပွန်အောင် မပြုလုပ်ရသေးပါလား
အမေရယ်
စိတ်ထဲမှာ
အကြိမ်ကြိမ်ခံစား
အမေနဲ့အတူ ရှင်သန်ခွင့်တွေ
အမြဲရချင်တယ် အမေရယ်...
သမီးကို ကျေးဇူးဆပ်ခွင့်ပြုပါ အမေ...

1/26/2008

နားလည်မှုလွဲမှားခြင်း

 

နေလုံးက
ဟန်မဆောင်တတ်တဲ့
ငါ့ရဲ့ ဆံကေသာပေါ်ဖြန့်ချလို့
ငါကတော့ ငါ့ဖ၀ါး ငါ့အရိပ်
ငါ့နယ်နမိတ်နဲ့
ငါကိုယ်တိုင် လမ်းဖွဲ့လျှောက်ပေါ့။
နားလည်မှုနဲ့ ဝေးကွာခဲ့တဲ့
ငါ့ရဲ့အဖြစ်ကို
ညီမလေးနှင်း နားလည်ပေးပါလို့
မတောင်းဆိုရဲပါဘူး။
ငါ့ကိုယ်ငါတောင် နားလည်မှုဆိုတဲ့
စကားလုံးကို ဝေခွဲမရစွာနဲ့
နားလည်နိုင်အောင် ကြိုးနေဆဲ
ညီမလေးနှင်းပို့လိုက်တဲ့ မေးလ်ရောက်ခဲ့
ဘယ်နေရာရောက်ရောက်
နားလည်မှုဆိုတဲ့စကားသံ
ပဲ့တင်ထပ်အောင် ကြားစမြဲ
ခုတော့ ညီမလေးနှင်း မေးတဲ့ မေးခွန်းတစ်ခု
]အမရဲ့ညီမလေးနှင်းပေါ်ထားတဲ့ နားလည်မှုက ဘာလဲတဲ့}
ငါ့ရဲ့နားလည်မှုကို ဘယ်လိုပြောရပါ့
အမှန်တော့
ငါဟာ နားလည်မှု မရှိတဲ့သူတစ်ယောက်ပါ
ငါ ငါ့အတ္တကို
အမြဲရှေ့တန်းတင်ခဲ့
ငါဟာ နားလည်မှုနဲ့
မထိုက်တန်တဲ့သူတစ်ယောက်...
ငါဟာ ငါ့ကိုယ်ကျိုးပဲ ကြည့်တတ်တဲ့
အတ္တကြီးသူတစ်ယောက်ပါ ညီမလေးနှင်းရယ်...
ပစ်ထားခဲ့ပါတယ်ဆိုတဲ့
နှင်းနှင်းရဲ့ စွပ်စွဲချက်တွေဟာ
ငါ့အတွက် အလွန်ပဲ ပြင်းထန်လွန်းခဲ့ပါတယ်
ဒီအသံကို နားထဲမှာ အထပ်ထပ်ကြားနေပေမဲ့
ငါဟာ တကယ်ပဲ ပစ်ခဲ့သူလား
ငါ့အကြောင်း ငါဘဲသိပါတယ်ညီမလေးရယ်...
ဘာတစ်ခုမှ မဖြေရှုးတော့ပါဘူး
ငါ့ရဲ့သတိရခြင်းတွေ
ငါရဲ့ဝမ်းနည်းအားငယ်မှုတွေကို
ဖြစ်နိုင်ရငျ​ မင်းကို မမြင်စေချင်ပါဘူး။
ငါ့ရဲ့ရင်မှာ တကယ်ကြေကွဲမိပါတယ်။
အတူရှိခဲ့စဉ်ကာလတုန်းကလည်း
ငါဟာ မင်းကို အားပေးခဲ့တဲ့သူ
နားလည်မှု ပေးစွမ်းနိုင်ခဲ့သူ ဖြစ်ခဲ့မိဘူးနော်
ငါဟာ မင်းရဲ့နားလည်မှုနဲ့
ခုတော့...
ညီမလေးရဲ့ဝန်းကျင်မှာ
နားလည်မှုတွေ ပေးစွမ်းနေတဲ့သူတွေ ရှိနေပြီမို့
ငါလေ...
နားလည်မှုတွေ မပေးနိုင်တဲ့
ဘ၀နဲ့ပဲ အဝေးတစ်နေရာက
ပြုံးသူမှာ မျက်ရည်စတွေနဲ့
ငေးငေးကာကြည့်ရင်း
ကျေနပ်ပီတိဖြစ်လို့နေမိပါတယ်
ညီမလေးနှင်းရယ်....

ဒါတွေဟာ အမရင်ထဲက ထွက်ပေါ်လာတဲ့ မင်းကို ပြောချင်တဲ့စကားတွေပါ။ အမရင်နဲ့မဆန့်အောင် ခံစားမိပါတယ်။ အမှားပါရင်ခွင့်လွှတ်ပါ။ဇော်ဂျီဖောင့်မရှိတဲ့အတွက် အဆင်ပြေသလို တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

1/23/2008

အိမ့်မက်ရှင်

လပြည့်ညရောက်လာပြန်ပေါ့
လမင်းကြီးကို ငေးကြည့်ရင်း
ကြယ်တွေကို ရေတွက်ခဲ့
ဒီလိုညမှာ
အကြင်နာအရိပ်ပါးပါးတစ်ခု
ငါ့အနားကို ရောက်ရှိလာခဲ့
သူ့ရဲ့ဂရုဏာမျက်ဝန်းလေးနဲ့
ငါ့ကို ခွန်အားတွေပေးမြဲ
ငါလေ ဒီလို ညမျိုး
ဒီလို အိပ်မက်မျိုးကနေ
ပျောက်ကွယ်သွားမှာ
စိုးရွံ့လို့နေမိတယ်...
သူ ဘယ်လိုလူလဲ
ဘယ်မှာလဲ
ရောက်လေရာမှာ ရှာဖွေခဲ့ပေမဲ့
ခုထိ အိပ်မက်ထဲမှ
တစ်ယောက်သော သူ
ဘယ်လိုလူလဲဆိုတာ
ငါ မသိခဲ့
ကံကြမ္မာရယ်
တောင်းခွင့်သာ ရှိရင်
အိပ်မက် မဟုတ်တဲ့ ဘ၀မျိုး
ဖန်တီးပေးပါ
အကြင်နာအရိပ်
ဂရုဏာမျက်ဝန်းရှင်ရယ်
မင်း ဘယ်ဆီမှာလဲ....
မင်းပေးတဲ့ခွန်အားနဲ့အတူ
ငါလေ အသက်ဆက်ရခက်နေလို့
အိပ်မက်မဟုတ်တဲ့ အိပ်မက်ရှင်ရယ်....


Microsoft Word 2003 - 2007 ပြဿနာ အဖြေရှာ

ပထမဆုံး မိုင်ကရိုဆော့ဖ်ဝေါ့ကို ၁၉၈၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ထိုစဉ်ကအမည်မှာ Multi-Tool Word for Xenix System ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှာ မိုင်ကရိုဆော့ဖ်ဝေါ့ဟု အမည်ပြောင်းထုတ်လုပ်ခဲ့ပါတယ်။ မိုင်ကရိုဆော့ဖ်ကို အမေရိကန်နိုင်ငံအခြေစိုက် မိုက်ကရိုဆော့ဖ်ကုမ္ပဏီရဲ့ အဓိက စာစီဆော့ဖ်ဝဲတစ်ခုဖြစ်သလို ယခုလက်ရှိမှာလည်း ကျွန်မတို့နိုင်ငံမှာ ရုံးသုံး၊ လုပ်ငန်းသုံးအဖြစ် လူသိများလာပါတယ်။ ဒီလို လူသုံးများလာသလို ဗားရှင်း အသစ်အသစ်တွေလည်း အမြဲထွက်ပေါ်လျက် ရှိပါတယ်။ ဟိုးရှေးက ဗားရှင်းတွေကိုတော့ ကျွန်မ မပြောတော့ပါဘူး။ အင်း ၂၀၀၁ ခုနှစ်မှာ Word 2003 (version 10) လို့ခေါ်တဲ့ Office XP ဆိုတာ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဟော ၂၀၀၃ ခုနှစ်လည်း Word 2003 (version 11) ရောက်ရော ဆိုပြီး Office 2003 ပေါ်ထွက်လာခဲ့တာဆိုရင် အခုလက်ရှိမှာ လူတော်တော်များများ သုံးနေကြတဲ့ Word 2003 လို့ ပြောလို့ရတာပေါ့နော်။ ခေတ်က အမြဲပြောင်းလဲနေတယ်ဆိုတာ ကျွန်မ သိခဲ့ရပြန်တယ်။ ကဲ အခု ၂၀၀၈ ခုနှစ်ရော်လာပြန်တော့ Office 2007 ဆိုတာ ထပ်ထွက်လာပြန်ပြီ ။ကျွန်မတို့ Office 2003 ကို ခုမှ လေ့လာတုန်းရှိသေးတယ်။ နောက်ဗားရှင်းတစ်ခုက ထွက်ပေါ်လာပြန်ပြီ။ ကဲ ဘယ်လိုလုပ်ကြမလဲ။ Word 2007 (version 12) ကို ၂၀၀၆ ခုနှစ်မှာ ထုတ်လုပ်ခဲ့တာလို့ သိခဲ့ရပြန်တယ်။ Office 2007 အဖြစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်မှာ စတင်ရောင်းချခဲ့ပါတယ်။
အမှန်ပြောရရင် အရင် ၂၀၀၃ မိုင်ကရိုဆော့ဖ်ဝေါ့တောင် လေ့လာလို့ မဆုံးသေးတာ။ အခု ၂၀၀၇ ထပ်ပေါ်လာတော့ ပိုဆိုးတော့မှာဘဲ။ အခုလက်ရှိမှာ ကျွန်မရဲ့ရုံးသုံး ကွန်ပျူတာမှာ ၂၀၀၇ ဗားရှင်း တင်ထားပါတယ်။ စာရိုက်ပြီး သိမ်းလိုက်ရင် ဘာနဲ့သိမ်းပေးသလဲဆိုတော့ .docx နဲ့သိမ်းပေးတာကို တွေ့ရတယ်။ ဒါပေမဲ့ သူ့မှာ ဘာပြဿနာရှိလည်းဆိုတော့ ၂၀၀၃ word မှာ ဖွင့်လို့ မရတာကို သွားတွေ့ရတယ်။ ဒီတော့ သိမ်းတဲ့နေရာကို ပြန်ကြည့်တော့ word 2003 ကို ရွေးပြီး သိမ်းမယ်ဆိုရင်တော့ .doc နဲ့ သိမ်းပေးပါတယ်။ ဒါပေမဲ့ ကျွန်မစက်မှာ ၂၀၀၃ မိုင်ကရိုဆော့ဖ် မရှိလို့ ဖွင့်လို့ ရ မရ စမ်းသပ်လို့ မရပြန်ဘူး။ အဲဒီမှာ ကျွန်မ စမ်းသပ်ဖို့ အကြောင်းဖန်လာတာကတော့ ကျွန်မဆီကို မေးလ်ကနေ ဝေါ့ဖိုင်နဲ့ att file လုပ်ပြီး ပို့လိုက်တဲ့စာကို ကျွန်မ ဖွင့်ကြည့်တဲ့အခါ ၂၀၀၃ ဗားရှင်းကို install လုပ်ပါလို့ လာပြောတော့တာပါပဲ။ ဖိုင်ကတော့ ဖွင့်လို့မရဘူး။ ယခုလက်ရှိမှာ ကျွန်မလည်း အလုပ်တွေ များနေတဲ့အတွက် စမ်းသပ်ခွင့် မကြုံသေးတာနဲ့ ဗားရှင်းနှစ်ခုကို မစမ်းသပ်ရသေးပါဘူး။ ၂၀၀၃ ဗားရှင်းက ဖိုင်တွေ ၂၀၀၇ ဗားရှင်းမှာ ဖွင့်လို့ရတယ်လို့ ပြောတာပဲ။
တကယ်လို့ လူကြီးမင်း သိထားခဲ့ရင် ပြောပြစေချင်ပါတယ်။ ဒါပေမဲ့ သူ့မှာ သုံးရမယ့် Tools တွေ အများကြီး ထပ်ပါလာတာတွေ့ရတော့ ၀မ်းသာဖို့ ကောင်းလှပါတယ်။ Ribbob ပုံစံနဲ့ ပြထားတာတွေဟာ မျက်စိမှာ အမြင်စိမ်းပေမဲ့ နည်းသိရင် သုံးရလွယ်မယ်လို့ ထင်ပါတယ်။ www.missingmanuals.com မှာ Ribbon တွေအကြောင်းကို ၀င်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးရင်းနဲ့သိထားသမျှကို ပြန်လည် ဖောက်သည်ချစေချင်ပါတယ်။

1/17/2008

Who are you?

1 message now received.
> 1 nice person sent it.
> 1 monkey is reading it.
> Monkey is smiling now.
> Monkey is still reading.
> Monkey will be laughing.
>
>
> Your words are antibiotics,
> Your smile is analgesic,
> Your touch is antiinflammatory,
> Your presence is antiseptic,
> Ans your SMS is antipyretic.
> That's why I never got ill.
>
>
> |99  6|9_66(96)696\96/9[6-  69|6_6|96
> press Edit and remove all the 6 & 9 to understand what I want to say.
>
>
> U are 70% pretty,
> 75% naughty,
> 85% sweet,
> 90% cute, and
> 100% lovely
> total, 70+75+85+90+100= U are now....
> 420.
>
>
> Whenever I miss u, I check my Msg.
> Whenever I want to see u, I take a look at ur photo.
> Whenever I want to hear ur voice,
> I throw a stone to a pig.
>
>
> Every bird cannot fly high, but Eagle can.
> Every flower cannot bloom in water, but Lotus can.
> Every monkey cannot read msg, but You can
>
>
> Birds fly high, hard to catch
> Girl like you, hard to forget.
> Stars twinkle in the sky, hard to take
> Girl like you, hard to hate.
> I will die, Sea will dry
> But I will never say goodbye.
>
>
> What happened to ur network?
> I tried to call u but the operator said,
> " Welcome to the jungle,
> the monkey u are trying to call is on the tree now.
> Pls try again later."
>
>
> All my body parts are for u.
> Eyes - to look at u.
> Hands - to pray for u.
> Brain - to think of u.
> Heart - to store u.
> Legs - to kick u if u forget me.
>
>
> Who says English is easy?
> I don't believe.
> Can u fill in the blank with even "Yes" or "No"?
> "___", I'm a fool.
> U see? How?
> If u can't answer, ask another fool.
>
>
> We are true friends.
> If I were sky, u would be a bird.
> If I were sea, u would be a fish.
> If I were flower, u would be a bee.
> If I were tree, u would be a monkey.
>
>
> Do u know Life is like a Movie?
> When u are happy, "Comedy"..
> When u are sad, "Drama".
> When u got enemy, "Action".
> When u face the mirror, "Horror".
>
>
> Let me draw ur face.
> Don't move!
> Almost finish.
> Ok it's done.
> Wanna hv a look??
>   ,*****,
> (@..@ )
>   "(--)"
> hehe I told u not to move.
>
>
> At this moment, 10 millions people are having sex.
> 5 millions ppl are having coffee.
> 100 millions ppl are sleeping.
> And 1 stupid fool is reading my msg.
>
>
> Mom advised Girl, " If boys put hands in bra, say DON'T.
> If he put hands in ur panty, say STOP"
> Next day, Girl told Mom,
> " He touched me both and I said DON'T STOP".
>
>
> kuku kiki
> gugu gigi
> kuki gugi
> gugu gigi kuku kiki...
> Congratulations!
> u can speak very well in monkeys' language.
> pls come to zoo to collect ur certificate.
>
>
> a,b,c,d,e,f,g,h,i,j,k,l,m,n,o,p,q,r,s,t,v,w,x,y,z
> Which alphabet do u miss?
> Answer me completely in one sentence, ok?
>
>
> This is a crime story :
> 5 friends lived in a room namely,
> Mad, Brain, Fool, Nobody and Somebody.
> One day, Somebody killed Nobody.
> At that time, Brain was in the bath room.
> Mad called Police.
> Mad : Is it police station?
> Police : Yes, what's the matter?
> Mad : Somebody killed Nobody.
> Police : Are u mad?
> Mad : Yes, I am Mad.
> Police : Don't u hv brain?
> Mad : Brain is in the bathroom.
> Police : U fool!!!
> Mad : No, Fool is reading this Msg.

1/14/2008

ရွှေမြန်မာမှ ကြိုနေမယ်

ခါတစ်လှဲ့ လာခဲ့ပေါ့
ရွှေမြန်မာ
ဝေးမကွာ ပြေးလာလျှင်
တာမထောက်ပါဘူး
connection ကောင်းစဉ်ခါ
ဖွင့်တဲ့ချိန်
ကိုးနက်ရှင် နောက်သမို့
ခဏတော့ ချော့မြူရရှာ
စိတ်ရှည်ကာ သည်းခံစောင့်ပါလို့
တစ်ခေါက်ကယ်
အလည်မရောက်ရင်ဖြင့်
ကြုံခဲ့လျှင် နောက်တစ်ကြိမ်ပေါ့
ကြောက်မက်ဖွယ် ကိုးနက်ရှင်ကို
ကျော်လွှားခါ အရောက်လှမ်းခဲ့ပေါ့
ဖိတ်ခေါ်တဲ့ ဒီဘလောဂ့်မှာဖြင့်
ရေးကူကို တွေးပူရတာကြောင့်
ဆွေးပူရရှာ......

1/12/2008

ကိုယ်ပိုင်တဲ့လမ်းကလေး

လူရယ်လို့ဖြစ်လာရင် ဘ၀မှာ အလိုချင်ဆုံးအရာ၊ အလိုအပ်ဆုံးအရာဟာ ဘာလဲ။ ပြီးတော့ ငါဘာဖြစ်ချင်တာလဲ။ ဘယ်လမ်းသွားချင်တာလဲ။ လူတစ်ဦးနဲ့တစ်ဦးဟာ မတူပါဘူး။ အရာအားလုံးကွဲပြားခြားနားနေတယ်။ တခြားသူတွေ တွေးတာနဲ့ ကိုက်ညီအောင်ရယ်လို့ ကိုယ့်ရည်မှန်းချက်ကို မချမိစေနဲ့။ ကိုယ်အမှန်တကယ် ဘာစိတ်ဝင်စားလဲ။ ဘာလုပ်ချင်လဲ။ ဘာဝါသနာပါလဲ ကိုယ်နဲ့ကိုက်ညီတာသာ လုပ်ပါ။ ဒါမှလည်း ဘ၀မှာ ပျော်ရွှင်မှုဆိုတာ ခံစားရမယ်လေ။ ဘ၀ဆိုတာ ပြောတော့သာ တိုတိုလေးဆိုပေမဲ့ ဒီခဏတာရနေတဲ့ဘ၀မှာ စိတ်ညစ်စရာလည်း ကြုံရမှာပဲ။ စိတ်ချမ်းသာစရာလည်း တွေ့ရမှာဘဲ။ ကိုယ့်ဘ၀မှာ ပျော်ရွှင်ဖို့အတွက်တော့ လုပ်သမျှတိုင်း အောင်မြင်လိုက်တာလို့ ဖြစ်စရာ မလိုပါဘူး။ ကိုယ့်ဘ၀အပေါ် ကိုယ်မားမားမတ်မတ်ရပ်နိုင်ပြီး အကောင်အထည်ဖော်နိုင်ရင် ပြီးတာပါပဲ။ ကိုယ့်ဆုံးဖြတ်ချက် ကိုယ့်နေရာအတွက် ကိုယ်တာဝန်ယူနိုင်တယ်လို့ ခံစားတတ်ရင်လည်း ပျော်တာပါပဲ။ ကျွန်မတို အရင်တုန်းက ကိုယ့်ဘ၀ကိုယ် ဘယ်အရာမှ အလိုမကျခဲ့ဘူး။ စိတ်အားငယ်တတ်တဲ့အကျင့်ပေါ့လေ။ ငါလုပ်ရင် ဖြစ်ပါ့မလားဆိုတာပဲ တွေးမိတယ်။ ဒါပေမဲ့ ကျွန်မငယ်ငယ်လေးထဲက သဘောကျခဲ့တဲ့ အရုပ်လေးတစ်ခုရှိတယ်။ အဲဒီအရုပ်ကို ကျွန်မကလေးဘ၀တုန်းက ပွဲဈေးတန်းမှာ စတွေ့ဖူးတာ။ ဘာအရုပ်လည်းဆိုတော့ ပစ်တိုင်းထောင်အရုပ်လေးပဲ။ ငယ်ကတည်းက ခုထိ သဘောကျတယ်။ သူဟာ ဘယ်လိုပဲပစ်ပစ် ဘယ်တော့မှ မလဲဘူ မယိုင်ဘူး။ ကျွန်မ တစ်ခါတလေ ကိုယ့်ဘ၀ကိုယ် သဘောမကျဘူး။ စိတ်ဓာတ်ကျတဲ့အခါတိုင်း ကျွန်မမှာရှိတဲ့ ပစ်တိုင်းထောင်ရုပ်လေးကို ပစ်ကြည့်တယ်။ အဲဒီအခါကျရင် ကျွန်မရဲ့အားငယ်နေတဲ့ စိတ်၊ ကျနေတဲ့စိတ်ဓာတ်တွေ အလိုလို ပြန်ပြည့်လာတယ်။
အင်း... ဘ၀မှာ ဘယ်အရာမှ ပြီးပြည့်စုံတယ်လို့မှ မရှိတာ၊ ဆင်းရဲတဲ့သူက ချမ်းသာချင်သလို ချမ်းနေတဲ့သူက ပိုပြီး ချမ်းသာချင်ကြတယ်။ ဒါဟာ လူ့သဘာဝပဲ။ ဘယ်အရာမဆို တိုးတက်ဖို့လိုနေသေးတာပဲ။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို အတိအကျ ရောက်မယ်လို့ မှန်းတဲ့သူဟာ မပျော်ရွှင်နိုင်ဘူး။ ငါတော့ ပန်းတိုင်တစ်ဝက်ရောက်ပြီလို့ မှန်းတဲ့သူဟာ အပျော်ဆုံးလူပါပဲ။ တချို့က ရှိသေးတယ်။ ဒါဟာ ကိုယ့်ဝန်းကျင်မှာဘဲ ရှိကြမှာပါ။ သူများလုပ်လို့ လိုက်လုပ်တယ်။ ကိုယ်ဘယ်လမ်းသွားမလဲဆိုတာ မစဉ်းစားဘူး။ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားမိတယ်။ ငါ ဘယ်လမ်းသွားမှာလဲ။ လူဆိုတာ သူများကို ကြည့်နေတာထက် ကိုယ့်ဘာသာ ပြန်ကြည့်တတ်ရမယ်။
ကျွန်မကလည်း လောဘကြီးတယ်။ အလုပ်ဆိုလည်း အလုပ်၊ နောက်ပြီး ဘာကို လောဘကြီးလဲဆိုတော့ စာအုပ်တွေဘဲ။ ကျွန်မလေ စာအုပ်တွေ တွေ့ရင် မနေနိုင်ဘူး။ ၀ယ်ရမှာ ကျေနပ်တတ်တယ်။ နောက်ပြီးတော့ စာအုပ်ဖတ်နေရရင် ထမင်းမေ့ ဟင်းမေ့ဘဲလေ။ ကျွန်မမှာ ဖြစ်ချင်တာတွေ သိပ်များနေတယ်။ ဒါပေမဲ ခုထိ ပန်းတိုင်ကိုမရောက်သေးဘူး။ လျှောက်နေဆဲပဲ။ ပြီးတော့ အသိုင်းအ၀န်းလည်း လိုအပ်သေးတယ်။ ကိုယ့်ကိုထောက်ပံ့နိုင်တဲ့ ၀န်းကျင်တစ်ခုပေါ့။ ကျွန်မမိသားစု ၀န်းကျင်ဟာ ငွေကြေးမထောက်ပံ့နိုင်ဘူး။ အင်း အရာအားလုံးဟာ ပြောင်းလဲနေတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မတည်မြဲဘူးဆိုတာ သိထားပါတယ်။ ကျွန်မဆိုရင် နေရာအသစ်ပြောင်းတော့ ချက်ချင်းအံဝင်ဂွင်ကျဖြစ်မယ်လို့ မမျှော်လင့်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အချိန်တစ်ခုပေးသင့်ပါရဲ့။ အခြေအနေသစ်၊ ၀န်းကျင်သစ်နဲ့ ညီညွတ်ဖို့ သင်ယူရဦးမယ် မဟုတ်လား။ ဒါပေမဲ့ ကျွန်မ ခုဆိုရင် ၀န်းကျင်သစ်မှာ နေတတ်နေပါပြီ။ ဘာလို့လဲဆိုတော့ ၀န်းကျင်သစ်ရဲ့ နွေးထွေးလှိုက်လှဲတဲ့ ဖော်ရွေမှုတွေနဲ့ ကျွန်မကို လက်ကမ်းကြိုဆိုခဲ့ကြလို့ဘဲ ဖြစ်ပါတယ်။ အားလုံးရဲ့စိတ်ရင်းကိုလည်း ကျွန်မ နားလည်ခဲ့ရပါတယ်။ ကျွန်မပန်းတိုင်ကို မရောက်သေးပေမဲ့ ပန်းတိုင်ရဲ့ တစ်ဝက်ကို ရောက်ပြီလို့ ပြောလို့ရပြီပေါ့နော်။
ကျွန်မရဲ့စိတ်က ငယ်ကတည်းက အေးချမ်းပျော်ရွှင်တဲ့ဘ၀၊ အေးချမ်းတဲ့နေရာမှာ နေချင်ခဲ့တာပါ။ ဘ၀က ကြမ်းတော့လည်း ဒီလိုပဲ နေလာခဲ့ရတယ်။ ကျွန်မရဲ့ဝန်းကျင်မှာ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အားပေးမှု၊ နှစ်သိမ့်မှုတွေလည်း ရရှိနေပါပြီ။ ဒါဟာ တစ်ဦးနဲ့ တစ်ဦး စိတ်ရင်းနဲ့ ဆက်ဆံခဲ့ကြလို့ဘဲဆိုတာ ကျွန်မ ယုံကြည်မိပါတယ်။ ပြောရရင် လောကကြီးမှာ နေတတ်ရင် ကျေနပ်စရာကြီးပါလို့ ကျွန်မကို အားပေးခဲ့တဲ့ မိတ်ဆွေတွေ သူငယ်ချင်းတွေလည်း ၀န်းရံနေမှတော့ ကျွန်မအတွက် ဘာလိုသေးလဲ။ ကျွန်မလျှောက်မဲ့ ပန်းတိုင်နီးသလား ဝေးသလား မစဉ်းစားတော့ပါဘူး။ ရောက်နေတဲ့နေရာကနေ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းပြီး လောကဓံကို ကြံ့ကြံ့ခံရင်း ဘ၀ခရီးကို ကျွန်မဆက်လျှောက်သွားတော့မှာပါ။ ကမ္ဘာလောကကြီးမှာတော့ ပြဿနာပေါင်းစုံ ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ လောကပါလတရားရှိတယ်ဆိုတဲ့ အဆုံးအမတော့ အကောင်းအမှန် အမွန်အမြတ်ကသာ အောင်နိုင်တယ်ဆိုတာ ယုံကြည်မိပါတယ်။ ကိုယ်ဘယ်လမ်းလိုက်ရမယ်ဆိုတာ အမှားအမှန်ကို ချင့်ချိန်နိုင်ပြီး လမ်းမှန်ကို လျှောက်နိုင်ကြပါစေလို့ဆန္ဒပြုရင်း......

1/10/2008

အလွမ်းသို့ တိုင်တည်ခြင်း


လွမ်းစရာရှိရင်
နာစရာနဲ့ဖြေမယ်လို့
တွေးထားပေမဲ့
လွမ်းမိတဲ့အခါ
နာစရာကို မတွေးမိတာ
ဘာကြောင့်လဲ
ရှင်းရှင်းလေးပဲ
သူ့ကို လွမ်းနေမိလို့ပေါ့...
လွမ်းတယ်ကွယ်
ကိုယ့်ရဲ့အရာရာဟာ
အလွမ်းတွေနဲ့ ပြည့်သိပ်နေတယ်
သတိရခြင်းဆိုတာ
တစ်ခါတစ်ရံမှ
ဖြစ်ပေါ်တတ်ပေမဲ့
အလွမ်းတွေကတော့
အစည်းအတားမရှိ
နာရီတိုင်း၊ အချိန်တိုင်း၊ စက္ကန့်တိုင်း
လှုပ်ရှားမှုတွေရှိနေသရွေ့
ကိုယ်နဲ့အတူ
အလွမ်းတွေဟာ
ရှင်သန်နေတယ်
အလွမ်းတွေရယ်
ဖြစ်နိုင်ရင်
မင်းရဲ့ဝေးရာကို
သွားပါရစေ....
ကိုယ့်ကို အလွမ်းကမ္ဘာထဲမှ
ထွက်သွားခွင့်ပြုပါ..
ကိုယ့်ရဲ့အိပ်မရတဲ့ညတွေမှာ
အလွမ်းတွေက နှိပ်စက်နေဆဲ
မင်းရဲ့ဝေးရာကို
မသွားနိုင်သရွေ့
ကိုယ်ဟာ
မင်းနဲ့အတူ ရှိနေဦးမှာပါ....
ခုတော့....
လွမ်းရင်းနဲ့
ဆက်လွမ်းနေမယ် အလွမ်းရယ်......

1/09/2008

အဖြည့်ခံ....

လှပဝေဆာ ပန်းဘ၀မှာ
သာမွှေးနံ့ထုံ ရနံ့စုံစဉ်
မြင်သူပေါင်းက
တပ်မက်ကြ၏....
ပန်းအလှလေးမို့
တချို့ကလည်း ဘုရားလှူဖို့
တချို့ကျပြန် ခေါင်းထက်ပန်ဆင်
လှချင်သမို့
သူတို့ဆနပြည့်ဝဖို့ကို
အို... ပန်းပွင့်လေးဖြည့်ပေးခဲ့တယ်
မနွမ်းခင်လေး ခဏတာမှာ
သူတကာအတွက်
ဖြည့်စွက်ခဲ့လည်း
နွမ်းလို့ ကြွေစဉ်ချိန်ခါမှာတော့
စွန့်ပစ်ပယ်ခံ ဖြစ်ရပြန်တယ်
သြော်...
အဖြည့်ခံ ပန်းဘ၀ပါတကား....

1/05/2008

အလွမ်းရှင်

မဖောက်မပြန် ခရေမာန်ဖွဲ့
ရောက်ခဲ့ပြီလေ...
နွေနေပူထဲ ပျော်ရဲစိတ်ဓာတ်
အားကျမိရဲ့....
ခရေပင်အောက်
တစ်ယောက်သောသူ
ငေးရီပူဆွေး
လွမ်းတေးညည်းတွား
ကြားလိုက်မိလား ပန်းခရေ ရေ....
ခရေတစ်ပွင့်
ယုယဖက်ထွေး
လာလမ်းတွေးဆ
နွမ်းလျရုပ်သွင်
မြင်လိုက်မိလား ပန်းခရေ ရေ....
နေ့လွန်ခရေ
သွေ့ခြောက်မြည့်ဆွေး
ရှိနေသေးရဲ့
သူ့ကို ပေးဖူး ခရေဦးကို
လွမ်းမိတယ်....


1/04/2008

လွတ်လပ်ရေးနေ့ ဂုဏ်ပြုကြိုဆိုခြင်း

အင်း ဘာလိုလိုနဲ့ ဒီနေ့ဟာ မြန်မာနိုင်ငံရဲ့နေ့ထူးနေ့မြတ်ဖြစ်တဲ့
လွတ်လပ်ရေးနေ့ရောက်ရှိလာခဲ့ပြန်ပါပြီကော။ မြန်မာနိုင်ငံဟာ
သူ့ကျွန်သဘောက်လက်အောက်မှ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ
မိနစ် ၂၀ မှာ လွှတ်တော်မှ လွတ်လပ်ရေး ရပြီးဖြစ်ကြောင်း ကြေညာလိုက်သည်နှင့်
တစ်ပြိုင်တည်း အင်္ဂလိပ်ယူနီယံဂျက် အလံကို ဖြုတ်ချပြီး ပြည်ထောင်စု
မြန်မာနိုင်ငံတော်အလံကို လွှင့်ထူနိုင်ခဲ့ပါပြီ။ ယင်းလွတ်လပ်ရေး အခမ်းအနားသို့ မြန်မာနိုင်ငံ ယာယီသမ္မတ
စပ်ရွှေသိုက်နှင့် မြန်မာနိုင်ငံ နောက်ဆုံး ဘုရင်ခံ ဆာဟူးဘတ်ရန့်တို့
တက်ရောက်ခဲ့ကြောင်း သိခဲ့ရပါတယ်။မြန်မာနိုင်ငံသည်
လွတ်လပ်သော အချုပ်အချာအာဏာပိုင် နိုင်တစ်ငံနိုင်ငံအဖြစ်သို့
ရောက်ရှိခဲ့တာ အခုနှစ်ဆို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ကို
ရောက်ရှိခဲ့ပါပြီ။
ဘာလိုလိုနဲ့ လွတ်လပ်ရေးနေ့ ပြန်လည်ရောက်ရှိလို့လာခဲ့ပြန်ပြီ။ နှစ်တွေလည်း
တစ်နှစ်ပြီး တစ်နှစ်ကုန်ဆုံးလို့ လာနေတယ်။ ဒီလို
လွတ်လပ်တဲ့နိုင်ငံဖြစ်အောင် လုပ်ဆောင်ပေးသွားကြတဲ့
အာဇာနည်ခေါင်းဆောင်ကြီးတွေကို လွမ်းဆွတ်မိပါတယ်။ တို့ဖခင်ကြီးတွေ
သက်စွန့်ကြိုးပမ်းသွားခဲ့တဲ့ ဒီလို လွတ်လပ်ရေးရရှိခဲ့တဲ့ နေ့ကို
မြင်စေချင်လိုက်တာ ဘယ်လောက်များ ၀မ်းသာလိုက်မလဲဆိုတာ ပြောမပြတတ်ဘူး။ အင်း
ဒီလိုလွတ်လပ်မှုရရှိအောင်လုပ်ခဲ့တဲ့ ကျေးဇူးကြောင့် ယမင်းတို့ဘ၀ ဒီလို
နေနိုင်ခဲ့တာဟာ တစ်သက်မမေ့နိုင်တော့ပါဘူး။ ယမင်းတို့လို
နောင်လာနောင်သားတွေ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့်
ဆက်လက်ထိန်းသိမ်းသွားသင့်ပါကြောင်း.......

1/02/2008

welcome