11/04/2006

Sea

ရေစက်မဆုံ ရှေးကံမလိုက်
နေကွယ် လပျောက်
ရက်များရောက်က ငါကား ပုံရိပ်
ရေပြင်မှာလည်း
မထင်ခဲ့ပါတကား.......

*********

တွေ့ကြုံဆုံကွဲ
ဖြစ်မြဲကံကြမာ သံသရာလည်
ပြန်ဆုံကြရင်
သတိတရ နှုတ်ဆက်နော်.....

9/26/2006

lyrics

စိတ်ကူးအတွေးအခေါ်လူတစ်ယောက်သည် ကောင်းမြတ်ဖို့ရန် လေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့် တွေးရပေမည်။ သူတစ်ပါး၏နေရာ၊ လူအများ၏နေရာမှာ မိမိကိုယ်ကိုထားကြည့်ရမည်။ လူသားတို့၏ ဒုက္ခ သုက္ခတို့သည် မိမိ၏ဒုက္ခသုက္ခတို့သည် မိမိ၏ဒုက္ခသုက္ခများဖြစ်လာစေရမည်။ စိတ်ထား ကောင်းမွန်ရေး၏ အကြီးမားဆုံး ကိရိယာသည် စိတ်ကူးအတွေးအခေါ်ပင် ဖြစ်သည်။သူများအပေါ်ကောင်းဖို့ အမြဲကြိုးစားပါ။ကိုယ့်အပေါ်” သူများမကောင်းခဲ့ရင်လည်းနားလည်ခွင့်လွှတ်ပေးပါ။အဲဒါ စိတ်ထားမြင့်မြတ်သူတို့ရဲ့ကျင့်စဉ်တစ်ခုပဲပေါ့....ဘ၀မှာ ပျော်ရွှင်မှုလည်း ရရှိခဲ့ပြီစိတ်ညစ်စရာလည်း တွေ့ကြုံခဲ့ရပြီဘယ်လိုပဲ ခံစားခဲ့ရဘ၀တစ်လျှောက်လုံးမှာ နေတတ်ရင်ကျေနပ်စရာကြီးပါ....