5/29/2009

အောင်မြင်မှုသေးသေးလေးတွေ အရင်ယူပါ


ဘ၀ရည်မှန်းချက်တွေအတွက် အားထုတ်
ကြိုးစားရတာဟာ ဂျစ်ဆောအရုပ်ဆက်
ကစားနည်းနဲ့ အတော်တူပါတယ်။
ပြီးဆုံးအောင်မြင်မှုကို အဆုံးသတ်မရမချင်း
အစိတ်အပိုင်းလေးတွေ တစ်ခုပြီးတစ်ခု
ဆက်နေရတယ်...
တိုးတက်လာဖို့အတွက် မင်းရဲ့အချိန်တွေ
အများကြီးသုံးပြီး ကြိုးစားလာရတာမို့
ပြီးမြောက်ဖို့ ကြိုးစားနေခြင်းထဲမှာ
ပျော်ရွှင်နေသင့်တယ်...
အလုပ်လုပ်နေရခြင်းမှာ ပျော်ရွှင်မှုရှာပါ
သေးငယ်တဲ့ အောင်မြင်မှုကလေးတွေကို
ဆက်လက်အားထုတ်နိုင်ဖို့
တွန်းအားအဖြစ် အသုံးချပါ။


- Take Small Victories


Pursuing your goals is much like

Putting together ajigsaw puzzle.

While you ultimately seek the

Final outcaome, you still have to

Work piece by piece.

- Since you will spend most

Of your time trying to make

Progress, you must enjoy what

You are doing in order to finish.

Take joy from the process, and

use the small successes to fuel

your continued efforts.

Ref: General English Magazine

5/26/2009

သူတို့ရဲ့အတွေးအမြင်

Every good thought you think is contributing its share to the ultimate result of your life.
(Grenville Kleiser)
သင် တွေးတဲ့ ကောင်းတဲ့ အတွေးမှန်သမျှဟာ သင့်ဘ၀ရဲ့ နောက်ဆုံးရလဒ်တွေထဲကို ဝေစုတွေ အချိုးကျထည့်ဝေနေတာ ဖြစ်တယ်။


****************************************************

Wisdom entereth not into a malicious mind.
                    ( Rabelous)

အမြော်အမြင် ဥာဏ်ပညာဆိုတာ မလိုတမာရှိတဲ့ စိတ်ထဲကို ၀င်မရောက်လာပါဘူး။


***********************************************

It is common sense to take a method and try it. If it fails admit it frankly and try another. but above ally try

something.
    (Franklin D.Roosevelt)

နည်းလမ်းတစ်ခုကို ယူပြီး လုပ်နေတာက ဘ၀ပေးအသိဖြစ်တယ်။ မအောင်မြင်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်း ၀န်ခံလိုက်ပြီး

နောက်တစ်နည်းနဲ့ကြိုးစားပါ။ ဒါပေမယ့် ဖြစ်နိုင်စရာ အကောင်းဆုံးကတော့ တစ်ခုခုကို ကြိုးစားနေပါ။

***********************************************

Success comes to those who are too busy to be working for it.

***************************************************

When you do the common things in life in an uncommon way, you will command the attention of the world.


***************************************************

A pessimist sees the difficutly in every opportunity and a optimist sees an opportunity in every difficulty.


***************************************************

The man who does not work for the love of work, but only for the money is not likely to make money or to find

much fun in life.

*****************************************************

To understand the world is wiser than to condemn it.
To study the world is better than to shun it.
To use the world is nobler than to abuse it. To make the world better,
lovelier and happier is the noblest work of man or woman.

What is Luck?


There is no such thing as luck. It's a fancy name for being always at our duty and so sure to be ready when the good time comes.

5/25/2009

သီချင်းလင့်လေးပါ

http://www.petalia.org/Songs/flash/cryon.htm
နားထောင်ကြည့်နော်

5/21/2009

အလိုရှိသည်

 ဒီတစ်ခါတော့ တကယ်ပါ... အောက်က နောက်ထားတဲ့ စာကြောင့် အလုပ်လိုချင်တဲ့သူတွေအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ အလုပ်ဆိုတာ လုပ်ချင်တဲ့သူတွေအတွက် အလွန်ပေါပါတယ်။ လုပ်ချင်စိတ်ရှိဖို့သာ လိုတာပါ။ နောက်အဆင်ပြေရင် အလုပ်ခေါ်တဲ့ဆိုက်တွေ တင်ပြပေးပါမယ်။


Industrial Engineering CAD Software အသစ်ကို ကိုယ်တိုင်လေ့လာရန်စိတ်အားထက်သန်သူ (သို့) ကိုယ်တိုင်လေ့လာနိုင်စွမ်းရှိသူ

- AutoCAD အခြေခံရှိရမည်ဖြစ်ပြီး Engineering Background ရှိပါက များစွာအထောက်အကူပြုမည် ဖြစ်ပါသည်။
- စိတ်ပါဝင်စားသူ မည်သူမဆို အမြန်ဆက်သွယ်ပါ။
- ကျောင်းပြီးခါစ လူငယ်များကိုလည်း ဖိတ်ခေါ်ပါသည်။

ဆက်သွယ်ရန် - ဖုန်း 562077, 0950 65866
CV Form တင်ရန် - အမှတ် (၁၃) ဌာနာလမ်း၊ အလုံရဲစခန်းအနီး၊ အလုံမြို့နယ်၊ ရန်ကုန်

5/16/2009

အလုပ်လိုချင်သူများအတွက်

ဒီနေ့တော့ လုပ်ငန်းရှင်တွေက အလွန်တော်သော လူတော်လူကောင်းများကို လိုချင်တဲ့အတွက် လာရောက် အကူအညီတောင်းထားပါတယ်။ 'ဘာလဲဆိုတော့ သူတို့လုပ်ငန်းမှာ လိုအပ်တဲ့နေရာမှာ ခန့်အပ်ချင်လို့တဲ့ လစ်လပ်သောနေရာကို ဖော်ပြပေးထားပါတယ်။

လုပ်ငန်းနေရာများကတော့
လိုအပ်သော အရည်အချင်းက ချက်ပြုတ်နည်းသင်တန်း အောင်လက်မှတ်ရှိရမှာဖြစ်ပါတယ်။
လုပ်ရမဲ့နေရာကတော့ သံရည်ကျိုစက်ရုံမှာ ကျိုပြီးသား သံရည်များကို အပေါ့ အငန် မြည်းပေးရမှာ ဖြစ်ပါတယ်။ လစာကတော့ ညှိနှိုင်းလစာပါတဲ့။ ကဲ ဘယ်လိုလဲ။

နောက် လုပ်ငန်းရှင်ကလည်း သူ့အလုပ်အတွက် လာပြောထားပါသေးတယ်။ သူကတော့
ဘာအရည်အချင်းရှိရမလဲဆိုတော့ ယာဉ်မောင်းတတ်ရမယ်တဲ့။ ယာဉ်မောင်းလိုင်စင်ရှိရင် ပိုပြီး အဆင်ပြေနိုင်ပါတယ်။ လုပ်ရမဲ့ အလုပ်အတွက်တော့
ယပ်တောင်ယူလာခဲ့ရမယ်တဲ့။
ဒါဆိုရင်တော့ လုပ်ငန်းသဘောကို သိလောက်ပါပြီနော်။ ဒီတစ်ခုနဲ့ အဆင်မပြေသေးရင်လည်း နောက်အလုပ်နဲ့ အဆင်ပြေမှာပါ။

စိတ်ဓာတ်မကျပါနဲ့။

အဲ ခုလုပ်ငန်းကတော့ သင်္ဘောတက်ချင်သူများအတွက် အထူးအခွင့်အရေးကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ပြီးတော့ ရေကြောင်းလည်း ကျွမ်းကျင်ရင် ပိုပြီး ကိုက်ညီမှာပါ။
သင်္ဘောတက်ဖူးသူ ဖြစ်ရင် ပိုကောင်းပါတယ်။ ဘာလုပ်ငန်းလဲဆိုတော့ လုပ်ရမဲ့ အလုပ်က သင်္ဘောနဲ့ လိုက်ရမှာ ဖြစ်ပါတယ်။ အမျိုးသားများအတွက် ပိုပြီး သင့်လျော်ပါတယ်။
သင်္ဘောပေါ်မှာ ထိုင်ပြီး နောက်က ထလာတဲ့ ရေလှိုင်းတွေကို ရွေဘော်နဲ့ထိုးပေးရမှာ ဖြစ်ပါတယ်။ အလုပ်လိုချင်သူများအတွက် အဆင်ပြေအောင် တင်ပြလိုက်ရပါတယ်။

ကိုယ်နဲ့ ကိုက်ညီတဲ့အလုပ်ကို လျှောက်ထားကြပေါ့။ အလုပ်လိုချင်သူများ အမြန်လျှောက်ထားမှ ရမှာနော်။ နောက်ကျမှ လာပြီး အကူအညီ မတောင်းနဲ့။ မရဘူးသာမှတ်။


အားလုံးအဆင်ပြေနိုင်ကြပါစေနော်....

ရန်ကုန်ဘူတာကြီး


တံတားအောက်ခြေ ဘူတာကြီးမှ
မီးပျပျတို့ တစ်စတစ်စွန်း
ညှိထွန်းလေပြီ။
တံတားပေါ်က ဓာတ်တိုင်များလည်း
လွင့်ဖြာရောင်လျှံ သူ့အားအင်ဖြင့်
တံတားပေါ်က လမ်းအစကို
ထွန်းပချေပြီ။
လိုရာခရီး ပို့ဆောင်ပေးဖို့
တရိပ်ရိပ်ဖြင့် ခုတ်မောင်းလာမည့်
အိုဘယ့် ရထားငယ်
သင်လာမယ့်အချိန် ရောက်ရှိလာပြီ။
စောင့်မျှော်နေသော လူအများလည်း
ပျားများကဲ့သို့
ယောက်ယက်ခတ်လျက်
သင်လာရာလမ်းဆီ
မျှော်ငေးကြပြီ။
အချိန်ကျသော်
အို ရထားငယ်
သင့်ရဲ့ လုပ်ငန်းဆောင်တာ
ထမ်းဖို့အရေး
မှန်မှန်ခုတ်မောင်း
လာချေပြီတကား။

5/13/2009

မင်္ဂလာပါရှင်


ရွှေမြန်မာကို လေ့လာကြတဲ့ မိတ်ဆွေမောင်နှမ သူငယ်ချင်းအပေါင်းကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်းပြောပါရစေရှင်။ ခုတစ်လော အလုပ်မအားတာရယ်၊ သင်တန်းတစ်ခု တက်နေတာရယ်ကြောင့် ဆိုက်ကို ပစ်ထားမိပါတယ်။ ပစ်ထားပေမယ့် ပုံမှန်လာလည်ကြတဲ့ မောင်လေး လင်းလတ်ဟန်၊ ယမင်းရဲ့ကိုကြီး ဒေါက်တာဝင်းသိန်း၊ ကိုဂျေ၊ မောင်လေး ရဲဝင့်သူ၊ မောင်လေး မောင်ကောင်း၊ မောင်လေး လမင်း၊ အမ ညခင်း၊ ညီမလေး မက်မက်၊ ခုတစ်လော ဘာတွေရှုပ်နေလဲမသိ နှင်းဆီနက်တစ်ယောက်တော့ဖြင့် ပေါ်မလာ အတော်ကြာပါပေါ့။ ဟောတော့ ကိုးနက်ရှင် ၀င်မွှေတာကြောင့် နက်ကျနေပါသတဲ့ရှင်... နောက် အချိန်အားရင် ဆက်လက်တင်ပေးမှာပါနော်။ ခုတော့ ဘာမှမတင်နိုင်သေးလို့ တောင်းပန်ရင်း အမြဲလာလည်ပေးကြပါဦးလို့ ပြောပါရစေနော်.....

5/11/2009

သမီးချစ်တဲ့ မေမေ


ပူလျှင်အရိပ်
ပန်းဖြေသိပ်ပါ
နေနားပါလှည့်....
မေ့မေတ္တာ ဒီအရိပ်
ရိပ်ထီးကာခဲ့...

မိုးရွာလျှင်လည်း
ဝင်ပါ နားပါ မိုးခိုပါလှည့်...
မေ့မေတ္တာ ဗိမာန်တော်ကြီး
အေးမြနေခဲ့...

ဆောင်းရောက်လျှင်လည်း
ထွေးပါ နွေးပါ ခြုံလွှမ်းပါလှည့်...
မေ့မေတ္တာလွှာရုံနွေး
နွေးထွေးနေမြဲ...

လေတိုးလျှင်
မပူပင်နဲ့
မေ့မေတ္တာနံရံချပ်
မတ်တတ်ကာ ကာကွယ်ခဲ့...

ရေဆာငတ်မူ
ရင်ပူပြေရေး အမေပေး
ရေကြည်တပေါက်
စမ်းချောင်းတမြ
စီးဆင်းနေမြဲ...

မေ့ရဲ့မေတ္တာ စေတနာက
နေပူ မိုးရွာ ဆောင်းတွင်းပါ
အရိပ်ဖြစ်စမြဲ...

နှိုင်းတုမရ မေ့မေတ္တာ
လိုရာကိုသုံး
စဉ်မြဲပြုံးလို့
သမီးထင်တယ်
ဒီကမ္ဘာမှာ
မေမေသာ အလှဆုံး....

5/08/2009

ကဆုန်လပြည့်နေ့

ဒီနေ့သည် ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။ ကဆုန်လသည် မြန်မာလများရဲ့ ဒုတိယလဖြစ်ပြီး ဧပြီလနှင့် မေလအတွင်းမှာကျရောက်ပါတယ်။ ကဆုန်လသည် မြန်မာဗုဒ္ဓဘာသာဝင်တို့ရဲ့ လထူးလမြတ်လို့လည်း ဆိုရပါမယ်။ ကဆုန်လပြည့်နေသည် ဘုရားလောင်း သုမေဓာရှင်ရသေ့က ဒီပင်္ကရာမြတ်စွာဘုရားထံမှ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်ကို ခံတော်မူခြင်း၊ ဘုရားလောင်းဖွားမြင်တော်မူခြင်း၊  သစ္စာလေးပါးကို သိမြင်ပြီး ဘုရားဖြစ်တော်မူခြင်း၊ မဟာဗောဓိပင်ပေါက်ခြင်း၊ ပရိနိဗ္ဗာန် ၀င်စံတော်မူခြင်းဟူသော အလွန်ထူးခြားတဲ့ ဗုဒ္ဓ၀င်မှတ်တိုင်ကြီးများကို စိုက်ထူခဲ့သော နေ့ထူးနေ့မြတ်ကြီးဖြစ်ပါတော့တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့က ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့လို့ သတ်မှတ်ကာ အခါတော်နေ့ကို တခမ်းတနား ကျင်းပလေ့ရှိပါတယ်။ ကဆုန်လပြည့်နေ့ရောက်တိုင်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြို့ရွာဒေသ အသီးသီးတို့မှာ စေတနာသဒ္ဓါတရား အလိုက် အလှူဒါနပွဲများနှင့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကျင်းပဆင်နွှဲလေ့ရှိကြောင်း သိရပါတယ်။
ကဆုန်ညောင်ရေသွန်းပွဲတော်ကိုလည်း မြန်မာတို့ရဲ့ ရှေးရိုးစဉ်လာ ရိုးရာယဉ်ကျေးမှုရာသီပွဲအဖြစ် နှစ်စဉ်နှစ်တိုင်း ကျင်းပကြတာဟာဖြင့် မြန်မာဗုဒ္ဓဘာသာဝင်တို့ရဲ့ ယဉ်ကျေးတဲ့ ချစ်စရာ ဓလေ့စရိုက်တစ်ခုလို့ ပြောလို့ရပါတယ်။ ဒီလိုနေ့မှာ ဘုရားကျောင်းကန်များမှာ လူအများ ကုသိုလ်ဒါနပြုနေကြတာဆိုရင်ဖြင့် ကြည်နူးဝမ်းမြောက်ဖွယ်ရာ တွေ့မြင်နိုင်ကြပါတော့တယ်။

ကဲ ကဆုန်ညောင်ရေသွန်းကြရအောင်နော်...

5/06/2009

ဘယ်သူဖန်ဆင်းသလဲ


ကံကောင်းခြင်း ကံဆိုးခြင်းကို ဘယ်သူကမှ လာရောက် ဖန်တီးပေးခြင်း မဟုတ်ပါ။
ကိုယ့်ကံကိုယ်သာလျှင် ဖန်တီးနေကြခြင်းဖြစ်သည်။
ကံတရား ဆိုသည်မှာ မိမိတို့စိတ်ရင်းထဲမှ ဖြစ်ပေါ်လာသည့် စေတနာပင်ဖြစ်သည်။
စေတနာ ကောင်းလျှင် ကံကောင်းမည်။ စေတနာဆိုးလျှင် ကံဆိုးမည်။
စေတနာဖြောင့် လျှင် ကံဖြောင့်မည်။ စေတနာကောက်လျှင် ကံကောက်မည်။

တောင်တန်းဆရာတော် ဦးဥတ္တမသာရ

5/04/2009

လပြည့်ဝန်း


လမင်းရယ်...
တကယ်တော့ ကိုယ်ဟာ
မင်းပျော်ပါးနေထိုင်ရာ
ထက်ကောင်းကင်ဝေယံမှာ
နေနိုင်သူလည်း မဟုတ်ခဲ့ပါ...
မင်းရဲ့အလင်း
လင်းသထက်လင်းအောင်
ဆောင်ကြဉ်းပေးနိုင်တဲ့
ညခင်းလည်း မဟုတ်ခဲ့ပါ...
မင်းရဲ့အနား
ဝန်းရံခစားနေတဲ့
တောက်ပတဲ့ အလင်းနှင့်
ကြယ်ကလေးများရဲ့ အဆင်းကိုလည်း
ယှဉ်နိုင်သူ မဟုတ်ခဲ့ပါ...
မဖြစ်နိုင်မှန်း သိရက်နှင့်
မင်းကိုမှ သံယောဇဉ်ဖြစ်မိတဲ့စိတ်ကိုလည်း
တားဆီးလို့ မရနိုင်တော့ပါ...
အဲဒီတော့ လမင်းရယ်
ဟိုတစ်ချိန်တစ်ချိန်ဆီက
မင်းဆီက ရဖူးတဲ့
အကြင်နာ အတုအယောင်တွေကိုပဲ
ပြန်လည် မြင်ယောင်ရင်း
တမ်းတစိတ်ကူး
အိပ်မက်မှာပဲ မျှော်လင့်ရင်း
ငါတစ်ယောက်ထဲ နေပါ့မယ်....