2/29/2008

မှာတမ်း

 

သူငယ်ချင်း
မင်းတို့ကိုသာ
စိတ်ချစွာ ငါ
မှာချင်ပါတယ်
ငါ သေသွားသော်
ငါ့အိမ်လေးမှာ
အများအကျိုးတွက်
ဆက်လက်လုပ်ဆောင်စေချင်တယ်
သန့်ရှင်းစွာဖြင့်
ငါ တည်ဆောက်ခဲ့
ဒီအိမ်လေးကို
အမြဲလာလည်စေချင်တယ်
ငါ့ကို မေ့ချင်မေ့သွားပစေ
တတ်နိုင်သရွေ့
ငါ့ရဲ့ မတောက်တခေါက်ပညာ
ချွေးနည်းစာနှင့်
စုကာဆောင်းကာ
ငါ ကြိုးစားခဲ့
ငါ့ရဲ့အရိပ်နဲ့
ထပ်တူညိတဲ့
ဒီအိမ်လေးကို
ဝိုင်းဝန်းစောင့်ရှောက်
ရှိစေချင်တယ်
ငါ့ရဲ့ အမှာစကား
ဖြစ်ပါတယ်သူငယ်ချင်း....

2/28/2008

HAPPY BIRTHDAY

Today is my close fri's birthday.
Happy birthday Kyawt !

2/27/2008

မန္တလေး ရတနာပုံဈေး မီးလောင်မှုဖြစ်ပွားနေစဉ်

ရန်ကုန်တွင် လှိုင်သာယာမြို့်နယ်အတွင်းနှင့် ယမန်နေ့က မြောက်ဥက္ကလာမြို့နယတွင် ထပ်မံ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး တာချီလိတ်တွင်လည် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိပါတယ်။ လူတိုင်းလူတိုင်း မီးကို ဂရုစိုက် အသုံးပြုသင့်ကြောင်း သတိပေးပါရစေ...

စိတ်မချမ်းမြေ့စရာ မြင်ကွင်းများ

မန္တလေးမြို့တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှု ဖြစ်စဉ်များဖြစ်ပါတယ်။

2/26/2008

Life of yourself

Photobucket

My name is...

Make something happen. 'Who else will?'
Avoid negative sources, people, things and habits.
 
You are unique of all God's creation. Nothing can replace you vzlue it.
Avoid negative sources, people, things and habits.
Make something happen. 'Who else will?'
Ignore those who try to discourage you.
Never lie, cheat or steal.
 
Avoid negative sources, people, things and habits.
You are unique of all God's creation. Nothing can replace you vzlue it.
Enjoy today. Yesterday is past, and tomorrow is not yet.
 
 

2/22/2008

ကိုယ်ပိုင်ဆိုင်တဲ့ ကမ္ဘာ

သတင်းလာမေးကြတဲ့ မိတ်ဆွေမောင်နှမများအားကလုံိးကု ကျေးဇူးတင်ပါတယ်။ နေလည်းပြန်ကောင်းသလောက်ရှိနေပါပြီ။

အချိန်အားရင် အားလုံးနဲ့ ဗဟုသုတဖလှယ်ချင်ပါတယ်။ မမီပြောတာ မှန်သလို ယုန်ကလေးပြောတာလည်း မှန်သင့်သလောက် မှန်ပါတယ်။

တစ်ခါတလေကျတော့လည်း သည်းခံမှုဆိုတာ အတိုင်းအတာတစ်ခုထိပဲ ရှိသင့်ပါတယ်။ လူတွေက

သည်းခံလွန်းရောင့်တက်ကြတတ်တဲ့သဘာဝရှိတယ်လေ။ ဒါပေမဲ့ တတ်နိုင်သရွေ့တော့ လူထဲက

လူတစ်ယောက်ဖြစ်နေသေးတဲ့အတွက် လိုက်လျောညီထွေစါာ နေတတ်ကြရပါမယ်။

အခုတစ်လော ကွန်ပျူတာများတွင် ဗိုင်းရပ်စ်များတက်နေပါတယ်။ ကိုယ့်ရဲ့ကွန်ပျူတာတွင် ဟတ်ပီးဘတ်ဒေးလို့ ပေါ်လာရင် ၀င်နေပြီလို့ သတိပြုပါ။ ကွန်ပျူတာကို ဖျက်မယ့် ဗိုင်းရပ်စ် ရောက်ရှိနေတာ ဖြစ်ပါတယ်။  နှင့် ကို မခေါက်မိပါစေနဲ့။ ကွန်ပျူတာတစ်ခုလုံးပျက်သွားပါလိမ့်မယ်။ တတ်ကျွမ်းနားလည်တ့သူကို ပြသသင့်ကြောင်း သတင်းပေးလိုက်ရပါတယ်။

2/17/2008

သည်းခံခြင်းသည် မင်္ဂလာတစ်ပါး

 မာသာထွီစာဟာ အိန္ဒိယနိုင်ငံရဲ့ ကြီးမားတဲ့ မိဘမဲ့ကျောင်းကြီးကို တည်ဆောက်ပြုလုပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။ သူဟာ လူအများ ပြုလုပ်နိုင်စွမ်း မရှိတဲ့အရာကို ပြုလုပ်နိုင်စွမ်းရှိတဲ့သူဖြစ်တဲ့အတွက် လေးစားအားကျ အတုယူသင်ပါတယ်။ ကျွန်မတို့ဝန်းကျင်မှာလည်း ဒီလိုလူမျိုးတွေ ရှိနေမှာပါ။   ကျွန်မလည်း မိဘမဲ့တွေ၊ အသက်ကြီးတဲ့ ဘိုးဘွားတွေ ပြီးတော့ အနာကြီးရောဂါသည်တွေ အားလုံးကို တစ်ဖက်တစ်လမ်းကနေ ကူညီချင်ပါတယ်။
အင်း ခုပြောချင်တာကတော့ မာသာကြီး မရှိတော့တဲ့နောက်မှာ နောက်ဆုံး သူ့မှာ ကျန်ရှိခဲ့တဲ့ စည်းစိမ်ဥစ္စာဟာ ပန်းခြင်းတစ်ခုရယ်၊ သူ့ရဲ့ဝတ်စုံရယ်၊ ခုဖော်ပြမယ့် စကားသာလျှင် သူ့ဘ၀အတွက် ကျန်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့စာသားတွေကို လူငယ်တွေ ဖတ်ရှုမှတ်သားပြီး လိုက်နာနိုင်ဖို့ ယမင်း တင်ပြလိုက်ပါတယ်။ ခုစာသားကို မြန်မာလို့ ဘာသာပြန်သူကတော့ သိက္ခာတော်ရ ဦးလှမြင့်ဖြစ်ပါတယ်။ စာသားတွေကတော့...

 ဘယ်လိုပဲဖြစ်ဖြစ်
အကျိုးအကြောင်းမရှိ၊ ယုတ္တိမဆန် မိမိကိုယ်ကို ဦးစားပေးသော လူများကို ဘယ်လိုပဲဖြစ်ဖြစ် ချစ်ပါ။
သင်က ကောင်းတာပြုလည်း သင့်ကို ပြစ်တင်ရှုတ်ချသောသူများအတွက် ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတာ ဆက်ပြုပါ။
သင်သည် အောင်မြင်သူအဖြစ် မိတ်ဆွေဆိုးများ၊ ရန်သူစစ်များအပေါ် ဘယ်လိုပဲဖြစ်ဖြစ်အောင်မြင်ခဲ့လျှင်
သင် ပြုသော ကောင်းသောအမှုများဟာ နက်ဖြန်မေ့လျော့ခဲ့လည်း
    ဘယ်လိုပဲဖြစ်ဖြစ်  ကောင်းတာကို ဆက်ပြုပါ။
သင့်ရိုးသားမှု၊ ဖော်ရွေမှုက သင့်ကို ဆိုးကျိုးဖြစ်စေခဲ့ရင်
ဘယ်လိုပဲဖြစ်ဖြစ် ဆက်လက်ရိုးသားပါ။ ဖော်ရွေပါ။
နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သောအရာများ တစ်ညတည်းနှင့် ပြိုပျက်ခဲ့ရ လျှင် ဘယ်လိုပဲဖြစ်ဖြစ် ထပ်တည်ဆောက်ပါ။
လိုအပ်ချက်ရှိ လူသားများအား သင်ကူညီမစ၍ သူတို့က သင့်ကို တိုက်ခိုက်နေရင်လည်း လူသားများကို ဘယ်လိုပဲဖြစ်ဖြစ် ကူညီမစပါ။
သင့်ဆီမှာရှိတဲ့ အကောင်းဆုံးသော အရာကို လောကကြီးအားပေးလည်း၊ သင် သွားချင်းထိခိုက်ရိုက်ခတ်တိုင်အောင် ခံရသော်လည်း သင့်ဆီမှာရှိသော အကောင်းဆုံးကို လောကကြီးအား ဘယ်လိုပဲဖြစ်ဖြစ် ပေးအပ်လိုက်ပါ။ တဲ့
ဘယ်လောက်ကောင်းလိုက်တဲ့ စကားလေးတွေလည်းနော်။ လောကမှာ အသက်ရှင်နေသရွေ့ တစ်ဦးနဲ့တစ်ဦး ရန်သူချစ်သူခင်သူ ဒါတွေဟာ တွေ့ကြုံ နေရမှာပါ။ တတ်နိုင်သရွေ့ ခွင့်လွှတ်သည်းခံလိုက်ပါလို့ ယမင်း ပြောချင် ပါတယ်။ ခဏတာတွေ့ကြတဲ့သူတွေ ရေစက်ရှိလို့ လာဆုံကြတာလေ သူသာ ငါသာတယ် စိတ်မှာ ဖြစ်နေတဲ့အခါ ရင်ထဲမှာ အမြဲပူလောင်မှုကို ဖြစ်စေပါတယ်။ ဘယ်မှ မကြည့်ပါနဲ့ ကိုယ့်ဝန်းကျင်ကိုပဲ ကြည့်လိုက်ပါ။ လူအမျိုးမျိုး စိတ်အထွေထွေလေ ဒါတွေကို လိုက်ခံစားနေရရင် ကိုယ့်ရဲ့စိတ်ဟာ လွတ်လပ်မှုဆိုတာ မရှိတော့ဘူး။ ဒါဟာ ကိုယ့်ဘာသာ ခံစားရတာကို ပြောတာပါ။ အမြဲစိတ်ရှုပ် ထွေးနေမယ်လေ။ ဒီတော့ ကိုယ့်ရဲ့အလုပ်လည်း အောင်မြင်မှုဆိုတာ ဖြစ်လာ တော့မလား မဖြစ်လာတော့ဘူးနော်။ လူတွေပဲ တစ်ခါတလေတော့လည်း ခံစားရတော့ပေါ့။ ဘယ့်နဲ့ပြောပါလိမ့်။ ကျွန်မဆို ပိုဆိုးသေးတယ်။ တစ်ခါ တလေကျရင် ကိုယ်က စေတနာနဲ့ ကူညီတဲ့အရာက ဝေဒနာဖြစ်ရတာတွေလည်း ရှိတာပါပဲ။ ကိုယ်ကတော့ ကိုယ့်အတွက်မကြည့်ဘဲ ကူညီမိတာကို သူများ ပြောလည်းခံပေါ့လို့ ကိုယ့်ဘာသာ ဖြေသိမ့်ရတာပေါ့။ လူတွေကို မှန်လို ကြည့်လို့ ဆိုပေမယ့် မှန်ထဲမှာ မဲ့ပြလည်း တတ်နိုင်သမျှ ပြုံးပြမိတယ်။ ကျွန်မရဲ့စိတ်က သူများကို ကူညီရရင် ပျော်နေမိတာပဲ။ ကျွန်မတို့မိသားစုဟာ ခုချိန်ထိ စီးပွားရေးကို ပြေလည်တယ်ဆိုတာ မရှိသေးပေမဲ့ ကျွန်မ အားမလျော့ဘူး။ တစ်နေ့ ငါ့မိသားစုကို သူများထက်သာအောင် ထားနိုင်ရမယ်လို့ အမြဲ တွေးတယ်။ သူများ အလုပ်တစ်ခု လုပ်ရင် ကျွန်မ အလုပ် သုံးခုလုပ်တယ်။  တစ်ခါတလေလည်း ကျွန်မမောင်အကြီးကို အားမရဘူး။ သူက ခု ပထမနှစ် တက်နေတယ်။ ကျွန်မတို့က မောင်နှမများတော့ ပိုပြီးကြိုးစားရတယ်လေ။ မောင်လေးကို တက္ကသိုလ်တက်တော့ သူများနဲ့ တန်းတူထားချင်လို့ အဝေးသင်တောင် မထားခဲ့ဘူး။ ဒါပေမဲ့ သူဟာ လူငယ်စိတ်ပဲရှိသေးလို့လား မသိဘူး။ နားမလည်ဘူး။ ကျွန်မဖြစ်ချင်တာက လူငယ်ပီပီ ကြိုးစားစေချင်တယ်။ ကျွန်မရဲ့ မျက်စိရှေ့မှာ သူတို့ကို ဖြစ်ထွန်းစေချင်တယ်။ ကျွန်မ ဘယ်လောက် ပင်ပန်းပင်ပန်းလေ ဒါပေမဲ့ မောင်လေးက နားမလည်ခဲ့ဘူး။ အချိန်တန် လက်ဝါးဖြန့် ပိုက်ဆံတောင်းလို့ရနေတဲ့ဘ၀ဆိုတော့ ဘာမှမသိတတ်ဘူး။ အားမရဘူး။ တစ်ခါတလေ ကျွန်မလေ မေမေက ဘာလို့ ငါ့ကို ယောက်ျားလေး ဖြစ်အောင် မမွေးခဲ့ရတာလည်းလို့ တွေးမိတယ်။ မောင်လေးတွေက ငယ်သေးတော့ အကုန်ကျောင်းတက်နေကြတာလေ။ ကဲ ကျွန်မအကြောင်းပြောနေလို့ စိတ်ညစ်သွားဦးမယ်။ မပြောတော့ဘူးနော်။ တတ်နိုင်သရွေ့ ကိုယ့်ဝန်းကျင်မှာ အားလုံးနဲ့ လိုက်လျော ညီထွေစွာ နေကြည့်ကြပါနော်။


 ဂုဏ်

ရွှေဂုဏ် ငွေဂုဏ် ရာထူးဂုဏ်သည်
လူ့ဘုံလောက အကာမျှတည့်
သူက ငြူစူ မကြည့်ဖြူ၍
ခွာယူလိုက ခွာ၍ရ။
ရိုးဂုဏ် ဖြောင့်ဂုဏ် ယဉ်ကျေးဂုဏ်သည်
လူ့ဘုံလောက နှစ်သာရတည့်
သူက ငြူစူ မကြည်ဖြူလည်း
ခွာယူမရ ကွာမကျ။
သင့်ပေါ်၌ပင်
တည်လေသတည်း။

2/16/2008

အဓိပ္ပာယ်များနဲ့ ဖွဲ့စည်းထားသော ကိုယ့်အမည်လေး

သူငယ်ချင်း မိတ်ဆွေ၊ မောင်နှမအားလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ခင်မင်ပါတယ်။



2/14/2008

Happy Valentine Day!





ချစ်သူများနေမှာ ပျှော်ရွင်နိုင်ပါစေနော်ုချစ်သူရှိသူများအတွက်ဆုတောင်းပေးတာ ဖြစ်ပါတယ်။ ယမင်းအတွက် မပါဝင်ကြောင်း။

Happy Valentine Day !!!



2/13/2008

Happy Birthday!!

Happy Birthday ပြည်သူများရဲ့ တို့ဖခင်

သူ့အကြောင်းကို ကြားဖူးတယ်။ ဒါပေမဲ့ ကိုယ်တိုင်မတွေ့ခဲ့ရဘူး။ သူ့ရဲ့အသံကို အမြဲကြားနေတယ်။ ဒါပေမဲ့ ခုတော့ မတွေ့နိုင်တော့ဘူးလေ။ သူ့အပြုံးကို မြင်ဖူးတယ်။ ဆုံးမစကားကိုတော့ ကြားဖို့ အခွင့်မရှိတော့ပါဘူးလေ။ သူဟာ လူတိုင်းရဲ့ ရင်ထဲမှာ အမြဲရှိနေမယ့် ကျွန်မတို့ ကြည်ညိုလေးစားရတဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။
သူ့အဘိုး ဗိုလ်လရောင်ဟာ နယ်ချဲ့ကို အံတု၊ မြန်မာ့သွေးကို ရဲရဲတောက်ပြခဲ့သူ အာဇာနည်တစ်ဦးပဲ ဖြစ်ပါတယ်။ သူဟာ ဖခင်ရှေ့နေ ဦးဖာရဲ့ Óဏ်ရည်Óဏ်သွေးနှင့် မိခင် ဒေါ်စုရဲ့ ထက်မြက်တဲ့စိတ်ထားတို့ကို ပိုင်ဆိုင်ထားတာဆိုရင်လည်း မမှားပါဘူး။ ပြောရရင် အဲ မှားလို့ ရေးရရင် ရေးစရာတွေ မကုန်မခမ်းနိုင်ပါဘူး။ ကျွန်မလည်း မအားတဲ့ကြားက ကျွန်မ ကြည်ညိုလေးစားတဲ့သူရဲ့ မွေးနေ့ကို ဂုဏ်ပြုချင်လွန်းလို့သာ မနည်းအားခဲ့ပြီး ရေးဖြစ်ခဲ့တာပါ။ အရင်နှစ်ကဆိုရင် နေ့ထူးနေ့မြတ်တိုင်း ကျွန်မရဲ့ရင်ထဲက ဖြစ်ပေါ်လာတဲ့ အကြောင်းအရာကို ရေးဖြစ်ခဲ့ပါတယ်။ အခုတော့ ကျွန်မရဲ့အချိန်နဲ့ အလုပ်တွေအားလုံးက ကွက်တိဖြစ်နေခဲ့ပါပြီ။ စာဖတ်ချိန်တောင် အိပ်ချိန်ထဲကဖဲ့ပြီး မနည်းယူထားရတဲ့အခြေအနေဖြစ်နေလို့ပါ။ အခု ကျွန်မရဲ့ လက်တစ်ဖက်က တော်တော်ကိုက်နေလို့ စာတိုတိုပဲ ရေးမိတာ တောင်းပန်ပါတယ်နော်။ ဗိုလ်ချုပ်ဟာ ၁၉၁၅ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။
ဖေဖော်ဝါရီလ ဆယ်သုံးရက်နေ့ ဒီကနေ့ဟာဖြင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်ပါတယ်။ ခုချိန်ထိရှိဦးမယ်ဆိုရင် ကိုးဆယ့်သုံးနှစ်တင်းတင်းပြည့်ဖြစ်ပါတယ်။
သူဟာ ငယ်ငယ်ကတည်းက မဟုတ်မခံစိတ်ဓာတ်နဲ့ အများအကျိုးသယ်ပိုးပြီး ကိုယ်ကျိုးမဖက်တဲ့သူတစ်ဦးဖြစ်လို့ အောင်ဆန်းဇာနည်ရယ်လို့ အများက ခေါ်ဝေါ်ခဲ့ကြတာပေါ့။ ဒါပေမဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ ပြည်သူပြည်သားအပေါင်း မျက်ရည်ဖြိုင်ဖြိုင်ကျပြီး စိတ်ညှိုးနွမ်းကြပါတော့တယ်။ ဒီကနေ့ဟာဖြင့် အခုရှိဦးမယ်ဆိုရင် ပြည်ထောင်စုကြီး လွတ်လပ်ရေးရအောင်
 
အောင်ဆန်းဇာနည် တို့မမေ့သည်
 
ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်း<ကတမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်။
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဆောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။
လိုက်နာရမှာ တို့တာဝန်
ကြိုးစားရမှာပင်
ခုချိန်ခါ ဗိုလ်ချုပ်ရှိ
ကိုးဆယ့်သုံးနှစ်တိ
လူသေသော်ငြား
နာမည်ကျန်ဆဲ
ဒါ တို့ဗိုလ်ချုပ်ပဲ။
တို့နိုင်ငံတွင်း
ဗိုလ်ချုပ်ကိုယ်ပွားထားရှိခဲ့လျှင်
ဘယ်လောက်ကောင်းမည်လဲ။
နိုင်ငံ့အကျိုးပြု
သားဗိုလ်ချုပ်ကို
မွေးဖွားခဲ့သော မိခင် ဖခင်
ကျွန်မ ကျေးဇူးတင်
'ဒီလို မိဘများ
တို့ပြည်တွင်းဝယ်
အများအပြား ပေါ်ပေါက်ပါစေသား။
ကျွန်မအတွက် အကြည်ညိုဆုံး၊ အလေးစားဆုံး၊ အမြတ်နိုးရဆုံး ပုဂ္ဂိုလ်မှာလည်း သူမှတစ်ပါး တခြားမရှိတော့ပါတကား။

ကဲ... မိတ်ဆွေတို မေးခွန်းလေးနှစ်ခုကို ဖြေခဲ့ပေးကြပါနော်။
၁။ ဗိုလ်ချုပ်ရဲ့ ရဲရဲတောက် မိန့်ခွန်းများထဲက သမိုင်းဝင်မိန့်ခွန်းတစ်ခုကို ဖြေခဲ့ပေးပါ။
၂။ ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ဇနီး ဒေါ်ခင်ကြည်ထံ ရေးခဲ့သည့် စာထဲက စာကြောင်းလေးတစ်ကြောင်းကို ပြောပြပါ။
 

2/11/2008

စေညွှန်ရာ

သူငယ်ချင်းရေ...
ဘ၀မှာ
ဖြစ်ချင်တာမဖြစ်
မဖြစ်ချင်တာ ဖြစ်
နေပျော်လို့လည်း မနေရ
သေချင်လို့လည်း မသေရ
ဒုက္ခဟူသမျှ ကြုံဆုံရ
ငါးလည်းအသိ
မင်းလည်းအသိ
ရရှိနေတဲ့ ခဏတာဘဝ
ဘ၀ဇာတ်ခုံ အဖုံဖုံမှာ
ဇာတ်ဆရာအလိုကျ
ကနေရ ငါတို့ဘဝ
မဆုံးသော သံသရာခရီး
ဘယ်ဆီရောက်မည် မှန်းသနည်း...

ကိုယ့်နာမည်လေး

ယမင်းရဲ့မောင်လေး ပေးပို့တဲ့ကဗျာလေး ဖြစ်ပါတယ်။
တစ်ဆက်တည်း ပြောချင်တာကတော့ ယမင်းကို လာရောက်အားပေးကြတဲ့ မိတ်ဆွေသူငယ်ချင်း မောင်နှမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဘ၀မှာ ဖြစ်ချင်တာတွေ များပြီး ဘာတစ်ခုမှမဖြစ်လာသေးတဲ့သူအဖြစ် ခံစားနေရတဲ့အချိန်မှာ ရေနှစ်တဲ့သူတစ်ယောက် ၀ါးတစ်ပင်ဟာ တန်ဖိုးရှိသလို ယမင်းအတွက်တော့ မောင်နှမတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေရဲ့ စကားလေးတစ်ခွန်းဟာလည်း ဘာနဲ့မှ မလဲနိုင်အောင် အရမ်းတန်ဖိုးရှိပါတယ်။ ၀မ်းလည်းသာမိသလို ၀မ်းလည်းနည်းမိပါတယ်။ ၀မ်းသာတာကတော့ ယမင်းကို အမြဲအားပေးနေတဲ့မောင်နှမတွေအတွက်ပေါ့။ ၀မ်းနည်းတာကတော့ ယမင်းလေးလေ ခုထိ ဘယ်သူ့ကိုမှ ထိထိရော၇်ရောက် အားမပေးခဲ့ဖူးလို့ပါဘဲ။ အားလုံးကိုလည်း ယမင်း တတ်နိုင်သလောက် ဆက်လက်ကူညီသွားမှာပါ။ ပြောမှားဆိုမှားရှိရင်လည်း ခွင့်လွှတ်ပေးကြပါနော်။
မောင်လေးကိုလည်း မမကြီး ကျေးဇူးတင်မိပါတယ်။ မမကြီးရဲ့ နာမည်ဟာ အဓိပ္ပာယ်တွေနဲ့ ပြည့်စုံနေလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။



ကဗျာကို နောက်နေ့မှ တင်ပြပေးပါမယ်နော်။

ကိုယ်ပိုင်တဲ့ခြေအစုံ

ကံကြမ္မာတစ်ခု စေစားပြု
လူ့ဘ၀ကို ရရှိခဲ့တယ်
ခက်ခဲကြမ်းတမ်း
လှိုင်းတံပိုးထန်နေတာ
ဒါဟာ လူ့ဘ၀တဲ့လား....
ငါမတွေးလို
ဖြစ်ချင်တာတွေ မျိုသိပ်
ဖြစ်သင့်တာတွေ ဦးစားပေး
ဒါဟာ လူ့ဘ၀တဲ့လား...
ငါတို့သမိုင်းတစ်လျှောက်မှာ
ကန့်သတ်ချက်တွေနဲ့
စည်းချထားလေသလား...
ဒါမှမဟုတ်
ဗီဇအတိုင်းနေရမလား
အခြေအနေအတိုင်း နေရမလား
မေတ္တာဆိုတာရောင်ပြန်
အသွားအပြန်ရှိတယ်ဆိုတဲ့စကား
မှားများနေသလား...
ဘ၀ဆိုတာ
သင်ခန်းစာတွေ သင်ယူဖို့လား
ပို့ချဖို့လား
ကိုယ်တိုင်ကရော ဘာလဲ
ကိုယ့်ကိုယ်ကိုယ်တောင်
ဘာမှန်းမသိတဲ့
လူတစ်ယောက်အဖြစ်
ငါဟာ လှုပ်ရှားနေတာလား...
လှိုင်းကြီးရင်လှေအောက်
တောင်ကြီးရင် ဖ၀ါးအောက်
လျှောက်နိုင်မယ့်
လူသားတစ်ယောက်အဖြစ်
ငါ ရပ်တည်ချင်တယ်....

2/09/2008

တို့ရပ်ဝန်း

မြန်မာ ဘလောက်ဂါ တွေ ဖြစ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေ ကို အခြေခံပြီး ရေးဖွဲ့ထားတဲ့ အေးအေးလေး သီချင်းတွေ အများစုပါဝင်ပါတယ်…။ တေးရေးတွေ ကတော့ ကိုမျက်လုံး၊ မင်းယွန်းသစ်၊ ဂေါက်ဂေါက်၊ မောင်ခ အော် ရေးရင်းနဲ့ old blog band က လူအကုန် ကုန်ပြီ။ အော် ဘလောက်ဂါတွေ တွေကြုံခဲ့ရတဲ့ အဓိက အဖြစ်အပျက် တွေကို သီချင်း အအေး တွေနဲ့ ဖွင့်ချထားပါတယ်..။ ဘလောက်ဂါတွေလဲ ဒီပို့စ်ကို ၀ိုင်း ကြော်ငြာပေးကြ အုံးနော်..။ စပွန်ဆာက mbs ပါ။ နားထောင်ကြည့်လိုက်ပါ။ တခုခု တော့ ကိုယ်ဘ၀ တစ်ပိုင်းတစ်စ နဲ့ သွားပြီးတိုက်ဆိုင်ချင် တိုက်ဆိုက်နေပါလိမ့်မယ်.။

(ဤပို့စ်ကို ညီမလေးသဲသဲဘလော့ဂ်မှ ပြန်လည် ကူးယူဖော်ပြပါသည်။)

How လား၊ Why လား

How ကို သိတဲ့လူဟာ အလုပ်သမားကောင်းဖြစ်မယ်။  Why ကို သိတဲ့လူဟာ အလုပ်ရှင်ကောင်းဖြစ်မယ်။ လူ့အသက်ဟာ ၂၅ နှစ်မတိုင်ခင်ပဲ ကြာနေတာ ကျော်လွန်သွားတာနဲ့ ကုန်တာ အရမ်းမြန်မတယ်။ ခံယူချက်နဲ့ ရည်မှန်းချက်ကို ၂၅ နှစ်မတိုင်ခင် တိတိကျကျ ဆုံးဖြတ်မှ အောင်မြင်မှု ခိုင်မာမယ်။
သေသေချာချာ ကြီးပွားချင်ရင် သေသေချာချာ လုပ်ပါ။ လူတစ်ယောက်မှာ အရည်အချင်းရှိ မရှိဆိုတာ သူ ရရှိထားတဲ့နေရာကို ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားနိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။
အခက်အခဲ၊ ဒုက္ခတစ်ခုခုနဲ့ ရင်ဆိုင်ရရင်
ငါ့ရဲ့စိတ်ကို ကြီးမြင့်အောင်။ ငါ့ကို ခံနိုင်ရည် ဘယ်လောက်ရှိလဲ စမ်းနေပြီ။
ဆိုပြီး အံကြိတ်ပြီးတော့သာ ခံပေတော့။ အဲဒါအခါမှာ စိတ်ဓာတ်စွမ်းအား ပြည့်လာလိမ့်မယ်။ မယုံရင် စမ်းသပ်ကြည့်လိုက်ပါနော်။

2/08/2008

၂၀၀၆ ခုနှစ် အကောင်းဆုံးဆု

Photobucket
Photobucket

Photobucket
၂၀၀၆ ခုနှစ် အမျိုးသားဇာတ်ပို့ဆုရှင်ကတော့ တက်သစ်စ ဇာတ်နဲ့အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်သွားတဲ့ ဖိုးကျော်ပဲ ဖြစ်ပါတယ်။ မျှော်လင့်ခြင်းများစွာဇာတ်ကားတွင် ပီပြင်အောင်သရုပ်ဆောင်နိုင်သူလည်း ဖြစ်ပါတယ်။
အမျိုးသမီးဇာတ်ပို့ဆုရှင်ကတော့ မေသဉ္စာဦးပဲ ဖြစ်ပါတယ်။
အောကာင်းဆုံးဇာတ်ကားဆုရှင်ကတော့ န၀ရတ်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်ပြီး ဇာတ်ညွှန်းဆုကီးဇော်မြင့်ဦးပဲ ဖြစ်ပါတယ်။
အကောင်းဆုံး ဒါရိုက်တာဆုရှင်ကတော့ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ပဲ ဖြစ်ပါတယ်။
အကောင်းဆုံး တေးဂီတဆုရှင်ကတော့ ကိုသော်ဇင် လ၀န်းအိမ်ဖြစ်ပါတယ်။
တည်းဖြတ်ဆုရှင်ကတော့ ဇော်မင်း (ဟန်သာမြေ) ဖြစ်ပါတယ်။
ဓာတ်ပုံဆုရှင်ကတော့ ဦးသန်းညွန့် (ပန်းသာ) ဖြစ်ကြပါတယ်။

၂၀၀၆ ခုနှစ် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု

Photobucket

၂၀၀၆ ခုနှစ် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သူကတော့ အကယ်ဒမီငါးဆုရှင် ရန်အောင်ပဲ ဖြစ်ပါတယ်။
ဦးရန်အောင်ဟာ ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာတွင် သူ့ရဲ့ကျရာနေရာကနေ ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ အကယ်ဒမီဆုများစွာကို လက်ဝယ်ပိုင်ပိုင်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်

Photobucket
အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုရသူကတော့ နာန္ဒာလှိုင်ပဲ ဖြစ်ပါတယ်။
တောင်သမန်သစ္စာ ဇာတ်ကားတွင် သရုပ်ဆောင်သွားသူ ဖြစ်ပါတယ်။

2/06/2008

ကံကောင်းခြင်းများစွာနဲ့အတူ

နေဘုန်းလတ်သို့ ….
ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။
ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။
ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။


မောင်လေး နေဘုန်းလတ်ရေ...
အမတို့ မောင်နှမတွေ ဒီရပ်ဝန်းလေးမှာ ဆုံခဲ့ကြတာ ခုဆိုရင် တစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီပေါ့။ ဘာမဆို ရှေ့က တက်ညီလက်ညီနဲ့လုပ်ဆောင်ခဲ့တဲ့ မောင်လေး ရေ ခုတော့ မင်း ဘယ်ဆီမှာလဲ။ ကိုယ်ကျိုးမကြည့်ဘဲ အမြဲတက်ကြွစွာ ပါဝင်လှုပ်ရှာခဲ့တဲ့ မောင်လေး နေဘုန်းလတ်ဆီကို ကံကောင်းခြင်းတွေ ရောက်ပါစေလို့ အမြဲဆုတောင်းနေမိတယ်။ တို့ဘလောဂ့်မောင်တွေဟာ မွေးချင်းမောင်နှမတွေထက် ရင်းနှီးမှု ပိုခဲ့ကြတယ်နော်။ အမရေ ရှေ့ဆက်ပြီး လုပ်ဆောင်မှုတွေအများကြီးရှိသေးတယ်နော်။ ကျွန်တော် မြန်မာပြည်ပြန်ရောက်ရင် တွေ့ကြမယ်လို့ မင်းတစ်ဖွဖွ ပြောခဲ့ဖူးတယ်။ ခုတော့ မင်းဘယ်ဆီမှာလဲ။ မင်းသတင်းတွေကို အမ အလုပ်မအားတဲ့ကြားက အမြဲနားစွင့်နေမိတယ်။ ကံကောင်းခြင်းများစွာနဲ့အတူ မင်း အစ်မတို့မောင်နှမတွေ စုစည်းရာ ရပ်ဝန်းလေးဆီကို အမြန်ပြန်လာနိုင်ပါစေလို့ အစ်မဆုတောင်းမိတယ်။

2/04/2008

Why My Land is ever Golden?

The golden dome, this is Myanmar. It will be quite unlike any land you know about it. So it is called goldmyanmar.
Please, Excuse me my I introduce you myseft. I am Yamin. I am a myanmar. We all are always ready to help other whoever he is. Myanmar has a big heart. I advise you that you should go to bagan, an ancient city which always welcome to visitors.
And then, You must visit to the Shwedagon pagoda, a magniciticerd and marvellous milestone of ours. If stands like a solid gold monument. Long long ago each kings of myanmar kingdom and Men Kingdom oftered and decrated it. Some kings oftered gold equal so their body-weight to the pagoda. So it is the greatest pagoda in Myanmar. It is the most highest one. It is the holy space of all Buddhist and represents the Buddha. You must know that Myanmar is the land of pagodas. To visit the pogodas, you can study of ancient and morden myanmar culture.
Then, Your shold visit to Mandalay, the capilut of upper Myanmar and an ancient city/ It is also the centre of Myanmar art and culture. Many artierafts display Myanmar's ancient art and culture.
My parents are citizens of Myanmar. So I am a myanmar citizen. There are many reasons why myanmar is called the golden Land. Many pagodas gilded wilh pure gold lead to have the tittle of the GoldMyanmar. Most Myanmars are religious who pay resped of sangas(monks) who wear yellow robes.
Please, give me your advice. Although T am a Myanmar and I like Myanmar culture, I should like to learn English well because English is the most import language for me now, Don't forget to give me meritorious deeds.
I want to tell you that me must keep three most precious gems(Buddha, Dhama and Sanga).
Take worship the Buddha who fought us all to live in the peaceful life. If will produce a great benefit.
So, me must think by speaking and acting with good intentons.

2/02/2008



မေမေ



Valentines



2/01/2008

Apple iPhone အတွက် Messx အကြောင်း

Messx သည် သင်ရဲ့တစ်နေ့တာ သတင်းကို စာပို့စနစ်အသုံးချမှုကို တိုးတက်ပြောင်းလဲစေမယ့် ဆော့ဖ်ဝဲဖြစ်ပါတယ်။ ပုံမှန်မိုဘိုင်းဖုန်းတွေလို မဟုတ်ဘဲ ရိုးရှင်းစွာပြုလုပ်ထားတာကို တွေ့ရပါတယ်။
သင်ရဲ့ မိုဘိုင်းဖုန်းဟာ အင်တာနက်ချိတ်ဆက်နိုင်တယ် ဒါမှမဟုတ် သင်ကိုယ်တိုင် ဆော့ဖ်ဝဲကို ဖုန်းထဲသို့ ထည့်သွင်းအသုံးပြုနိုင်သည်ဆိုပါက Messx ကို အင်တာနက်မှ ၀ယ်ယူနိုင်ပါတယ်။www. messx.net/ store တွင် လေ့လာကြည့်ပါ။ ကမ္ဘာတစ်ဝန်းမှ နိုင်ငံတွေမှာ လက်လီဆိုင်တွေမှာလည်း ၀ယ်ယူနိုင်ပါတယ်။ www.messx.net/store/ local တွင် အနီးဆုံး ဆိုင်ကို ရှာဖွေနိုင်ပါကြောင်း သိသမျှ တင်ပြလိုက်ပါတယ်။