5/28/2008

ဘုန်းကြီးကျောင်းပါ

ရွာထိပ်က လေဘေးသင့်သူများကို ကယ်ဆယ်လက်ခံထားတဲ့ ဘုန်းကြီးကျောင်းပုံစံဖြစ်ပါတယ်။

ဘုရားကြီူးအတွင်းမှာလည်း လှူနေကြ

ဘုရားအတွင်းမှာလည်း စည်းကမ်းတကျနဲ့ လှူနေကြပါတယ်။ ရသွားလို့ ပြုံးပျော်နေတဲ့သူတို့လေးတွေ မျက်နှာဟာ ကျွန်မရဲ့စိတ်ကို ကြေကွဲထိခိုက်စေပါတယ်။

မူလတန်းကျောင်းလေးပါ

စာ စသင်မယ့် ကျောင်းလေးရဲ့ အနေအထားပုံဖြစ်ပါတယ်။ သွားတုန်းကတော့ ဒီလိုလေးပါပဲ....။ စာသင်မယ်ဆိုလို့ မေးကြည့်တော့ ကလေးလေးတစ်ယောက်က ပြောတယ်။ သမီးတို့ဆရာမက သေတဲ့အထဲ ပါသွားပြီတဲ့။ ပြန်သွားတဲ့ဆရာမတွေလည်း ခုထိတော့ ပြန်မလာသေးပါဘူးတဲ့။

တော်ခရမ်းကြီးကျေးရွာအတွင်း ကျောင်းအပ်လက်ခံနေပါပြီ

စာ စသင်မယ်ဆိုပဲ......

တောင်းဆိုကြပုံများ

"ရေလည်း နည်းနည်းလောက်တိုက်ခဲ့ပါ"
"အင်္ကျီလေး တစ်ထည်လောက်ပေးပါ"

5/27/2008

ရွာလယ်ဘုရားကြီး

လေဘေးသင့်သူများကို လက်ခံထားတဲ့ဘုရားဝန်းကျင်ဖြစ်ပါတယ်။

တော်ခရမ်းကြီးကျေးရွာရဲ့ အ၀င်လမ်း

ရွာထဲအ၀င်လမ်းဖြစ်ပါတယ်။ ကွမ်းခြံကုန်းကနေ ၂ မိုင်ခွဲအကွာ လာကတည်းက လမ်းကြမ်းပါတယ်။

တော်ခရီးကြီးရွာထိပ်

ကားရပ်လိုက်တာနဲ့ ၀ိုင်းအုံလာတဲ့လူအုပ်ကြီးများ

5/26/2008

ရန်ကုန်တိုင်းအတွင်း နာဂစ်ရဲ့အပြင်းထန်ဆုံးရိုက်ချက် ထိမှန်ခဲ့တဲ့ ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းကြီးကျေးရွာသို့ ခရီးတစ်ခေါက်


အရင်ဆုံး လေဘေးအတွက် သွားလှူမယ်လို့ပြောတဲ့ အန်တီနွေကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ဘ၀မှာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မကြုံဖူးတဲ့ အဖြစ်ဆုံးတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပါတယ်။ ကျွန်မတို့အဖွဲ့ဟာ ကွမ်းခြံကုန်းကို သွားဖို့အတွက် တနင်္ဂနွေနေ့ မနက် ၆ နာရီမှာ ကားစထွက်ဖို့ စီစဉ်ခဲ့ကြပေမယ့် မနက် ၆ နာရီခွဲမှ စထွက်ဖြစ်ခဲ့ပါတယ်။ ကိုယ်လှူမည့် ပစ္စည်းတွေအပြင် စေတနာရှင်လူအများရဲ့ ပစ္စည်းများကိုလည်း ထပ်မံလက်ခံပြီး စထွက်ခဲ့ကြပါတယ်။ ကျွန်မတို့လမ်းခရီးလှူရတာ အဆင်ပြေအောင် လှူမည့်ပစ္စည်းများကို အထုပ်ကလေးတွေ ထုပ်ခဲ့ကြရပါတယ်။
ကျွန်မတို့ဘုရင့်နောင်တံတားကျော်ပြီးနောက်ပိုင်း လှူဒါန်းမည့် စေတနာရှင်ကားများကို အများကြီးတွေ့ရတဲ့အတွက် အရင်ဆုံးဝမ်းသာမိပါတယ်။ ဖြတ်သွားတဲ့ ကားတိုင်းကားတိုင်းရဲ့ နှုတ်ဆက်သံများဟာ ကျွန်မရဲ့စိတ်ကို ပိုပြီး ကြည်နူးချမ်းမြေ့လှပါတယ်။ ကျွန်မရဲ့ဘ၀မှာ ဒဒါဟာ ပထမဆုံးအကြိမ်လူကိုယ်တိုင် ပရဟိတကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ လာလိုက်တာ လှိုင်သာယာအ၀ိုင်းထိပ်ကို ရောက်လာတဲ့အခါမှာ ကားက ရှေ့ဆက်သွားလို့မရအောင် လှူဒါန်းမယ့် ကားတန်းရှည်ကြီးကို အံ့သြ၀မ်းသာစွာ တွေ့ရပါတယ်။ အဲဒီမှာလည်း လမ်းဖြတ်မရလို့ အတင်းတိုးထွက်နေကြတဲ့ ကားတန်းရှည်ကြားမှာ ကျွန်မတို့လည်း ကြိုးစားတိုးထွက်ခဲ့ရတယ်။ အဲဒီအချိန်မှာ မနက် ၈ နာရီ၁၅ မိနစ် ဖြစ်နေပါပြီ။ ကျွန်မတို့တွေလည်း ညပိုင်းမှာ လှူဒါန်းမဲ့ပစ္စည်းတွေ၊ ဆေးတွေ၊ အ၀တ်အစားတွေ၊ အကြော်အလှော်တွေအားလုံးကို အထုပ်ကလေးတွေထုပ်ထားကြပေမဲ့ ဆန်တွေကိုတော့ သွားနေတုန်းအချိန် ကားပေါ်မှာ ထုပ်ကြပါတယ်။ ကျွန်မတို့ လှိုင်သာယာတံတားကို ဖြတ်အပြီးမှာ မနက် ၈ နာရီ နဲ့ မိနစ် ၅၀ ဖြစ်ပါပြီ။ တွံ့တေးတံတားကို ဖြတ်တော့ ၉ နာရီ ၁၀ မိနစ်ရောက်ရှိခဲ့ပါတယ်။ လမ်းတစ်လျှောက် ကြိုကြားကြိုကြား တွံ့တေးစ၀င်တည်းက လေဘေးဒဏ်ခံကြရတဲ့ လူတွေ၊ အိမ်တွေကို တွေ့နေရပါပြီ။ နောက် သမိုင်းဝင် မောင်းတီးစေတီတော်နဲ့အတူ ဘုရားစေတီတွေလည်း စိန်ဖူးတော်တွေ မရှိတော့သလောက်ကို တွေ့ရပါတယ်။ တွံ့တေးမြို့မှာလည်း နေရာတော်တော် ပျက်စီးနေပြီး အပင်ကြီးတွေက အစလဲပြိုပြီး အိမ်တွေ ပိနေပါတယ်။ နောက် ဆက်လက်ထွက်ခွာလာတော့ ၉ နာရီနဲ့ ၃၅ မိနစ်မှာ ကော့မှူးမြို့တွင်း ရောက်ရှိခဲ့တယ်။ နောက်ပြီးတောက်လျှောက်မောင်းလိုက်တာ ကွမ်းခြံကုန်းမြို့အစပ်ကို ၁၀ နာရီ ၄၀ မိနစ်မှာ ရောက်ရှိလာခဲ့ပါတယ်။ ကော့မှူးအလွန်ကနေ ဆက်တိုက်ဆိုသလို အိမ်တွေ ခြံတွေ တော်တော်များများ ပျက်စီးဆုံးရှုံးနေပါပြီ။ ကျွန်မတို့လာလိုက်တာ ကွမ်းခြံကုန်းမြို့လယ်ရောက်တော့ ကားအနည်းငယ် ချွတ်ယွင်းသွားလို့ ၁၁ နာရီ ၁၅ မိနစ်မှာ ကွမ်းခြံကုန်းမြို့မှာ ခဏအနားယူပြီး ကားပြင်ဆင်မှု ပြုခဲ့ကြပါတယ်။ အဲ အဲဒီမှာ လှူခွင့်မရှိပါဘူး။ နောက်ပြီး ကွမ်းခြံကုန်းမြို့ပေါ်မှာ သိပ်ပြီး အပျက်အစီးမဖြစ်တာကို တွေ့ရတယ်။ ရေတွေကလည်း သုံးလို့ရတာက အ၀ိစီတွင်းရှိတဲ့အိမ်တွေမှာပဲ သုံးလို့ရကြောင်း ကန်များဆိုရင်တော့ ဆားငန်ရေတွေ ၀င်နေလို့ အသုံးပြုလို့မရကြောင်း၊ အိမ်တွေက အမိုးတွေလှန်တာတို့ အပင်လဲတာတို့ ဖြစ်ကြောင်း ခု ပြန်လည် ပြင်ဆင်ပြီးသွားလို့ ပြောကြပါတယ်။ ရွာလေးတွေက ဘာအကူအညီမှ မရကြောင်း။ လမ်းပမ်းက မကောင်းတော့ လှူတဲ့သူက အဆင်ပြေတဲ့နေရာမှာ လှူခဲ့ကြတာကိုး။
ကျွန်မတို့လာတဲ့လမ်းတစ်လျှောက်မှာလည်း ဖုန်တွေ တော်တော်ထူထပ်နေပြီး ရှေ့သွားတဲ့ကားတွေကို ဘာမှ မမြင်ရဘူး။ ကျွန်မတို့လည်း မျက်နှာအုပ်ပြီး လိုက်ရပါတယ်။ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်တာကြောင့် လှူဒါန်းမယ့်ကားတွေ များနေတာဟာ တော်တော်ဝမ်းသာစရာကောင်းပါတယ်။ လမ်းမှာလည်း ကုမ္ပဏီတွေ၊ နာရေးကူညီမှုအသင်းက ကားတွေ၊ ရုပ်ရှင်နယ်မှ အဖွဲ့များလည်း တော်တော်တွေ့ရပါတယ်။ ခရီးသွားတဲ့ လွင်မိုးလည်း ခုတစ်ခေါက် ဒီဘက်ကို ဒဒဏ္ဍာရီခရီးသွားကားနဲ့ ဆင်းလာတာ တွေ့ရပါတယ်။ လူတွေအားလုံးသည် စေတနာစိတ်တစ်ခုတည်းနဲ့ လာခဲ့ကြတာဟာ မြန်မာပြည်သူပြည်သားတွေရဲ့စိတ်ရင်းမှန်း သိသာလှပါတယ်။ ကျွန်မတို့က ကွမ်းခြံကုန်းနဲ့ ၂ မိုင်ခွဲဝေးတဲ့ တော်ခရမ်းကြီးကျေးရွာကို သွားခဲ့ကြတာပါ။ အဲဒီဘက်ကို သွားတဲ့သူ မရှိသလောက် ရှားပါတယ်။ လမ်းခရီးက အလွန်ကြမ်းပြီး ဘယ်ကားသမားမှ ငှားရင်တောင် မလိုက်တဲ့နေရာပါ။ လမ်းက တော်တော်ဆိုးတယ်။ ကားဆို ဘီးလှိမ့်ရုံပဲ သွားနေရပါတယ်။ ငှားလာတဲ့ကားကလည်း ရပ်လိုက်တွန်းလိုက် သွားလိုက်နဲ့ လမ်းလည်းရောက်ရော ဆက်မသွားတော့ဘူးလုပ်တော့ ကားပေါ်ပါ အမျိုးသားတွေအားလုံး ၂ မိုင်ခွဲခရီးကို ဆင်းလျှောက်ပြီး အမျိုးသမီးတွေ တင်သွားပေးပါကားဆရာလို့ ပြောပြီး ဆင်းလျှောက်ကြပါတယ်။ သူတို့လည်း ကံကောင်းချင်တော့ ထော်လဂျီတစ်စီးက တင်ခေါ်လာလို့ အဲဒီရွာကို ရောက်ရပါတယ်။ ရွာထိပ်လည်း ရောက်ရော ကားသမားက ဆက်မသွားပေးနိုင်တော့ဘူးဆိုလို့ ရွာလည်ကို အကုန်ဆင်းပြီး လမ်းလျှောက်ကြရတယ်။ ကျွန်မတို့ ကံကောင်းတယ်လို့ ဆိုရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မနေ့ကအထိ ဘယ်သူမှ ၀င်ခွင့်မရှိ၊ လှူခွင့်မရှိကြောင်း သိရပါတယ်။ ဒလူတွေရဲ့ ၀မ်းသာကြည်နူးနေတဲ့ မျှော်လင့်ချက်အလင်းရောင် မျက်နှာလေးတွေဟာ ကျွန်မတို့အဖို့ တော်တော်ကို ရင်နဲ့မချိအောင် ခံစားရပါတယ်။
တော်ခရမ်းကြီးရွာလယ်ကိုရောက်တော့ လူတွေ အရမ်းအုံခဲလာတယ်။ ဘယ်လိုမှ လှူဖို့ အဆင်မပြေဘူးဖြစ်နေတယ်။ ကယ်ဆယ်ရေးစခန်းအဖြစ် ဘုန်းကြီးကျောင်းပျက်တွေမှာရော ဇရပ်တွေမှာရော ဘုရားကြိုဘုရားကြားတွေမှာရော တွေ့ရတယ်။ သူတို့က လမ်းမှာ တောင်းဆိုတာတောင် ရေလေးတစ်ခွက်လောက် တိုက်ခဲ့ပါတဲ့။ တချို့က ရေနည်းနည်းလောက်တိုက်ပါတဲ့။ ဘာအစားအစာမှ တောင်းဆိုတာ မဟုတ်သေးပါဘူး။ လူတိုင်းမှာ အ၀တ်ပါတဲ့သူ ရှိသလို အ၀တ်မရှိသေးတဲ့လူတွေလည်း တစ်ပြုံတစ်ခေါင်းကြီး တွေ့ရတယ်။ အစားမစားရတာ သုံးရက်ရှိပြီးတော့ ဆန်ပြုတ်သောက်ရပါတယ်တဲ့ တစ်ယောက်ကို နည်းနည်းဆီပဲရတာဖြစ်တဲ့အတွက် မ၀ရေစာဖြစ်နေကြတယ်။ အဲဒီရွာမှာ ကုန်းမြင့်နေရာတွေမှာဆို လူအရပ် ခါးလောက်ရေတက်ပြီး မြေနိမ့်တဲ့နေရာတွေမှာ ယောက်ျားကြီးတွေရဲ့ လည်ပင်းလောက် ရေတက်တာတဲ့။ တချို့သေတဲ့သူတွေကိုလညး ခုထိ ရှာမတွေ့သေးဘူးတဲ့။ တော်တော်များများက ရုပ်ပျက်ဆင်းပျက်နဲ့ သေကြေတာဆိုတော့ သူ့မိသားစု ကိုယ့်မိသားစုဆိုတာလည်း ခွဲခြားလို့မရဘူးဖြစ်ကြတယ်။ ကျန်ခဲ့တဲ့သူတွေကလည်း မိသားစုတစ်စုမှာ ၇ ယောက်ရှိတာ ၁ ယောက်ကျန်တို့ ၃ ယောက်ရှိ ၃ ယောက်သေတို့ ၁၂ ယောက်ရှိ ၁၀ ယောက်သေတို့ ရွာအတွင်းမှာလည်း သေကြေနေကြတဲ့ ကျွဲတွေ နွားတွေကတော့ ခုထိဒီအတိုင်းပဲရှိသေးတယ် အရိုးစုတွေကလည်း ဟိုနေရာတစ်ပုံ ဒဒီနေရာတစ်ပုံနဲ့ ညောင်ဝိုင်းရွာဘက်မှာ ပိုဆိုးတာကို တွေ့ရတယ်။ ရိုးရှိတဲ့အတွက် အခုတောင် ရေတွေက လူတစ်ယောက်လောက်ရှိတယ်။ ပြန်လာတဲ့လမ်းတစ်လျှောက်မှာ လူတွေရဲ့အပြုံးလေးတွေဟာ သနားကြင်နာစရာကောင်းတဲ့ မျှော်လင့်ချက် အလင်းရောင်မျက်လုံးလေးတွေနဲ့ နှုတ်ဆက်လက်ပြကျန်ရစ်ခဲ့ကြတာ ကျွန်မ ရင်နဲ့မချိအောင် ခံစားရပါတယ်။
ကျွန်မရဲ့အပြန်ခရီးမှာ ဘာမှမရှိတော့တဲ့ လက်ဗလာလေးတွေနဲ့ ပြန်လာခဲ့ကြပေမယ့် ကျွန်မ နောက်ထက်တစ်ခါ ထပ်မံ ပြန်သွားဖို့ စိတ်ကိန်းအောင်းနေပါတယ်။ လူတွေအားလုံးဟာ ပေး ပေး မပေးပေး လူတဲ့သူမှန်းသမျှကို လက်အုပ်ချီကန်တော့ပြီး ပြန်လာခဲ့ကြပါလို့ မှာနေကြပါတယ်။ ပြန်လာတဲ့ကားတိုင်းကားတိုင်းမှာ အမျိုးသားတိုင်း အ၀တ်ဗလာနဲ့ ပြန်လာကြပါတယ်။ အကုန်လှူခဲ့ကြတယ်။ ကျွန်မလည်း နှစ်ထပ်ဝတ်သွားတဲ့ အပေါ်တစ်ထပ် အင်္ကျီကို ပစ်ပေးခဲ့တယ်။ ၀တ်ထားတဲ့အင်္ကျီတွေကို မချွတ်ပေးတဲ့ကားတွေထဲက ယောက်ျားလေးတွေကို သံချပ်တွေနဲ့ လှမ်းအော်ကြတယ်။ ``၀တ်ထားတဲ့အင်္ကျီ မချွတ်လှူတဲ့သူ မိန်းမကြောက်တဲ့သူ``ဆိုပြီး ၀ိုင်းအော်ကြတာဟာ တော်တော်ဝမ်းသာကြည်နူးဖို့ အလွန်ကောင်းပါတယ်။ညနေ ၄ နာရီနဲ့ ၄၅ မိနစ်အချိန်မှာ ကျွန်မတို့အဖွဲ့ဟာ တွံ့တေးတံတားပေါ် ၀မ်းနည်းဝမ်းသာစွာနဲ့ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ဘုရင့်နောင်တံတားပေါ်ရောက်တော့ ၅ နာရီခွဲနေပါပြီလေ။
ကျွန်မ နောက်ထပ် တစ်ခေါက် သွားဖို့ အာသီသပြင်းပြစွာနဲ့ ကွမ်းခြံကုန်းမြို့ရဲ့အရှင်သခင်ဖြစ်တဲ့ ဆရာ မင်းသုဝဏ်သာ ရှိနေသေးရင် ဘယ်လိုများ ခံစားနေမလဲလို့ တွေးနေမိပါတော့တယ်။
ကျွန်မ ဆုတောင်းအမျှဝေခဲ့ပါတယ်။ သူတို့တွေမှ မဟုတ်ပါဘူး။ ဘယ်သူမဆို ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံကြပါစေနဲ့ ပြီးတော့ အားလုံးကောင်းရာဘုံဘ၀ကို ရောက်ရှိနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ပုံတွေထည့်ဖို့ အဆင်မပြေဘူးဖြစ်နေတယ်။ နောက်မှပဲ ပုံတွေအဆင်ပြေသလို တင်တော့မယ်နော်။

5/23/2008

အဖြေများ

လမြတ်ကဆုန်ရဲ့ မှတ်ချက်မှာ အဖြေများ ဖြစ်ပါတယ်။

ဘုရားလောင်းကြုံးဝါးသော စကားသည် အဘယ်စကားဖြစ်မည်နည်း။
ဒီမှာပါ



မိုးသောက်ယံမှာ ရရှိတဲ့ ဥာဏ်သည် အဘယ်ဥာဏ်ဖြစ်သနည်း။
ရရှိတဲ့ဥာဏ်ကတော့


ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတဲ့နေ့သည် မည်သည့်နေ့ ဖြစ်သနည်း။
ပရိနိဗ္ဗာန်ပြုတဲ့နေ့ကတော

5/19/2008

လမြတ်ကဆုန်


မြန်မာများရဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။
ဒီနေ့သည် မြန်မာဗုဒ္ဓ ဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့ပဲဖြစ်ပါတယ်။ ကဆုန်လပြည့်နေ့ဟာ ဘုရားလောင်း သုမေဓာရှင်ရသေ့က ဒီပင်္ကရာမြတ်စွာဘုရားထံမှ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်ကို စံတော်မူခြင်း၊ ဘုရားလောင်း ဖွားမြင်တော်မူခြင်း၊ သစ္စာလေးပါးကို သိမြင်ပြီး ဘုရားဖြစ်တော်မူခြင်း၊ မဟာဗောဓိ ပင်ပေါက်ခြင်းနှင့် ပရိနိဗ္ဗာန်ဝင်စံတော်မူခြင်းဆိုတဲ့ အလွန်ထူးခြားပြီး ဗုဒ္ဓ၀င် မှတ်တိုင်ကြီးများကို စိုက်ထူးခဲ့သော နေ့ထူးနေ့မြတ်ကြီးဆိုလည်း မမှားပါဘူး။ ဗုဒ္ဓဘာသာဝင်မြန်မာတို့က ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟု သတ်မှတ်ကာ အခါတော်နေ့ကို တခမ်းတနား ကျင်းပလေ့ရှိကြပါတယ်။ ကဆုန်လပြည့်နေ့ရောက် တိုင်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ မြို့ရွာဒေသ အသီးသီးတွေမှာ စေတနာ သဒ္ဓါတရားအလိုက် အလှူ ဒါနပွဲတွေ နောက်ပြီး ကဆုန်ညောင်ရေသွန်းပွဲတော်တွေအပြင် ဘုရားတွေမှာ ဗုဒ္ဓပူဇနိယပွဲဆိုပြီး ကဆုန်လပြည့်နေ့ရောက်တိုင်း ကျင်းပဆင်နွှဲလေ့ရှိကြပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်ကတော့ မြန်မာတို့ရဲ့ ရှေးရိုးစဉ်လာ ရိုးရာယဉ်ကျေးမှုရာသီပွဲ ဖြစ်ပါတယ်။

ဘုရားလောင် ဖွားမြင်တော်မူခြင်း
မဟာသက္ကရာဇ် ၆၈ ခု (ဘီ - စီ ၆၂၃) ကဆုန်လပြည့်၊ သောကြာနေ့တွင် ဘုရားလောင်းကို ဖွားမြင်ခဲ့ပါတယ်။ ဘုရားလောင်းသည် ဖွားလျှင်ဖွားချင်းပင် မတ်တတ်ရပ်ပြီး ခုနစ်ဖ၀ါး လှမ်းသွားပြီး ကြုံးဝါးပါတယ်။
-------------        
ဘုရားလောင်းဖွားမြင်သော အချိန်မှာပင် ယသော်ဓရာမင်းသမီး၊ ညီတော် အာနန္ဒာ၊ ကာဠုဒါယီအမတ်လောင်း၊ ဆန္နအမတ်လောင်း၊ ကဏ္ဍကမြင်း၊ ရွှေအိုးကြီး လေးလုံးနှင့်အတူ ဗောဓိပင်လည်း ပေါက်ပါတယ်။ ယင်းတို့ဟာ ဘုရားလောင်းရဲ့ ဖွားဖက်တော်ခုနစ်ဦးပဲ ဖြစ်ပါတယ်။
မှတ်ချက်။ ။ ဘုရားလောင်းကြုံးဝါးသော စကားသည် အဘယ်စကားဖြစ်မည်နည်း။

ဘုရားဖြစ်တော်မူခြင်း
ဘုရားလောင်းသည် မာရ်နတ်ကို အောင်မြင်ပြီးနောက် အာနာပါနကမ္မဋ္ဌာန်းတရားကို ဆက်လက်အားထုတ်ပါတယ်။ ညဥ့်ဦးယံလွန်တော့ ဘ၀ပေါင်းများစွာကို ပြန်ပြီး အောက်မေ့ဆင်ခြင် သိစွမ်းနိုင်တဲ့ ပုဗ္ဗေနိဝါသဥာဏ်ကို ရတော်မူပါတယ်။ သန်းခေါင်းယံရောက်တော့ သုံးဆယ့်တစ်ဘုံလုံးမှာ ဖြစ်ပျက်နေကြကုန်သော သတ္တ၀ါအားလုံးကို မြင်နိုင်စွမ်းတဲ့ ဒီဗ္ဗစက္ခုဥာဏ်တော်ကို ရတော်မူပြန်ပါတယ်။ မိုးသောက်ယံမှာ ကိလေသာဟူသမျှကို အကြွင်းမရှိ ပယ်နိုင်စွမ်းတဲ့ ---------- ဥာဏ်ကို ရတော်မူပါတယ်။ နေအရုဏ်တက်တာနဲ့တစ်ပြိုင်နက် သဗ္ဗညုဗုဒ္ဓဘုရားအဖြစ်ကို ရရှိတော်မူပါတော့တယ်။ အဲဒီအချိန်ကား မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့အကုန် ဖြစ်ပြီး သက်တော်မှာ ၃၅ နှစ်ဖြစ်ပါတယ်။
မှတ်ချက်။ ။ မိုးသောက်ယံမှာ ရရှိတဲ့ ဥာဏ်သည် အဘယ်ဥာဏ်ဖြစ်သနည်း။

ပရိနိဗ္ဗာန်ပြုခြင်း
ဗုဒ္ဓဘုရားရှင်သည် မဟာသက္ကရာဇ် ၁၄၈ ခု၊ (ဘီ - စီ ၅၃၄) ကဆုန်လပြည့် ---- နေ့ ညဥ့်အရုဏ်တက်ခါနီး မိုးသောက်ယံတွင် ပရိနိဗ္ဗာန်ပြုတော်မူပါတယ်။ ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပါတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့အချိန်မှာ သက်တော် ၈၀၊ ၀ါတော် ၄၅ ၀ါ ရရှိနေပြီဖြစ်ပါတယ်။
 
မှတ်ချက်။ ။ ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတဲ့နေ့သည် မည်သည့်နေ့ ဖြစ်သနည်း။
 
ကလျာဏ မိတ်ဆွေ၊ သူငယ်ချင်း သူတော်စင်အပေါင်းတို့  မှတ်ချက်များမှ မေးခွန်းလေးတွေကို ဖြေကြားပေးစေလိုပါတယ်ရှင်။ အားလုံး လပြည့်နေ့မှ စပြီး လိုအင်ဆနများ ပြည့်ပြည့်၀၀ ရရှိကြပါစေလို့ ယမင်း ဆုတောင်းပေးလိုက်ပါတယ်။ ဒီနေ့တော့ ယမင်းလည်း အလုပ်ဆင်းရတဲ့အတွက် ပြည့်ပြည့်၀၀ မနားရတော့ဘူးလေ။
 
လမြတ်ကဆုန် ညောင်ရေသွန်းကြ
လူအများရဲ့ကုသိုလ်ပါ
ကုသိုလ်ရေးမို့ ကြိုးစားလောင်းဖို့
ဟန်ပြင်ကာ
ဒီနှစ်ကဆုန် ညောင်ရေသွန်းတော့
သွန်းစရာ ညောင်ပင် လဲပြိုကာ
သွန်းစရာ ညောင်ပင်မရှိတော့
ရှင်တော်ဘုရားကို သပ္ပာယ်ကာ
ကုသိုလ်ယူကာ မေတ္တာပွားလို့
ကောင်းမှုအထူးပြုကြမယ်
ပြုမယ် ပြုမယ်....
 
ဗုဒ္ဓမြတ်စွာဘုရားက ဟောခဲ့တယ်။ အရာရာအားလုံးသည်းခံ၊ လူတွေအပေါ် မေတ္တာထား ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းအောင် နေထိုင်ကြပါ။ ကိုယ်ပြုသော ကံ ကိုယ်ထံပြန်တဲ့။ လူသားတိုင်း ကိုယ်ကျင့်တရားမပျက်ဖို့ အဓိကပါတဲ့။ ဟုတ်တယ်နော်။
 
 
 


 

5/16/2008

ကာတာမြို့ရောက် မြန်မာများရဲ့ မြန်မာပြည်အတွက် ပြောကြားချက်

ကာတာနိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာများရဲ့ ပြောကြားချက်ကို ကာတာနိုင်ငံထုတ် သတင်းစာတွင် တွေ့ရှိရခြင်း ဖြစ်ပါတယ်။


5/14/2008

ALL Myanmar People





5/13/2008

ဒီလိုဘ၀မျိုး ဘယ်ဘ၀မှ မကြုံချင်ပါ

စားရလို့တော်သေးတာပေါ့... ဒီထက်ဆိုးတဲ့နေရာတွေ အများကြီးရှိသေးတယ်။

အဆောက်အဦပျက်ကြားမှ စကားပြောခြင်း

အေးချမ်းတည်ငြိမ်နေတဲ့
ကျွန်မတို့ရဲ့ဝန်းကျင်မှာ
ရှင်ဟာ ရှင့်ရဲ့အရိုင်းအစိုင်းဒေါသတွေနဲ့အတူ
ရောက်ရှိလာခဲ့တယ်နော်...
ရှင့်မို့ လုပ်ရက်တယ် နာဂစ်ရယ်

သစ်ပင်ပန်းမန်တွေနဲ့
စည်ကားနေတဲ့
ကျွန်မတို့နေရာကို
လိုက်လံနှောင့်ယှက်ခဲ့တယ်နော်။

နာဂစ်ဆိုတဲ့ လေမုန်တိုင်း
လေမုန်တိုင်းကို ဟန့်တားထားတဲ့
တင့်တောင့်တင့်တယ် နေထိုင်မှု ကန့်လန့်ကာကို
ရှင် ဆုတ်ဖြဲပစ်လိုက်တယ်
မယုံကြည်နိုင်ခဲ့ဘူး။

အခုတော့...
စည်းစနစ်ကျနမှုနံရံ
ပြိုလဲ့ခဲ့ရပြီ။

ကြောက်လန့်ဖို့ကောင်းတဲ့
အဆောက်အဦရဲ့ အယိုအယွင်းတွေပေါ်မှာ
ကျီးအတွေ အာလို့
မြင်မကောင်းတဲ့ မြင်ကွင်းတွေနဲ့အတူ
ရှင် ဖန်တီးခဲ့တယ်။

ရှင့်ကြောင့်
အပြစ်မဲ့သူတွေ သေကြေခဲ့ကြတာ
ခုတော့...
အများသူငါ လေတိုက်မှာတောင်
ကြောက်နေကြတဲ့ဘ၀မျိုးရောက်အောင်
ဖန်တီးခဲ့တဲ့ ရှင့်ကို အပြစ်ဖို့လို့နေရုံမှတစ်ပါး
အခြားမရှိတော့ပြီပေါ့...

ဝန်းကျင်တကာမှာ
အပိုင်းပိုင်း အပြတ်ပြတ်နဲ့
သစ်ပင်တွေ ပြိုလဲနေပြီး
အိမ်တွေ ပျက်စီးနေတဲ့
မြင်ကွင်းမျိုးကို
ကျွန်မရှေ့မှာ
ဘောင်ခတ်ပစ်ချင်ပြီ

ခု...
အရာအားလုံးဟာ
အော့နှလုံးနာစရာဖြစ်ခဲ့ရပြီ
ဘာဆိုဘာမှမရှိတော့တဲ့
ကျွန်မတို့ရဲ့ အခြေအနေအပေါ်
'ဒီလောက်အပျက်ကိန်းကြီး
ထပ်ဆိုက်ပြီးမှတော့
ဟောဒီ အပျက်အယွင်းကြီးတစ်ခုလုံးကို
ဘာတခမ်းတနား စကားလုံးတွေနဲ့
ရှင် ပြန်ဖာထေးလို့ ရနိုင်တော့မှာလဲ...

5/12/2008


အရာအားလုံး အကောင်းအတိုင်း ပြန်ဖြစ်ဖို့ဆိုတာ .....

တတ်အားသရွေ့ ၀ိုင်းဝန်းကူညီကြပါစို့

တတ်နိုင်သရွေ့လှူဒါန်းကြစေလိုပါတယ်။

နာဂစ်၏ ပြင်းထန်သော အမှတ်တမဲ့ရိုက်ချက်

နာဂစ်ရဲ့ ပြင်းထန်တဲ့ရိုက်ချက်
ရင်မချိအောင် ခံခဲ့ရ
လူအများ သေကြေပျက်စီးကြ
ဒါဟာ လောကဓံတရားကို အံတုလို့ရမလား
မဖိတ်ခေါ်ပဲ လူအများဆီ သေခြင်းတရားရောက်ရှိလာခဲ့
မည်သူမှ အဆင်သင့်မဖြစ်ခင် ရင်ဆိုင်ခဲ့ကြရ
အဆင်မပြေမှုတွေများနေတဲ့ အချိန်မှာ
မထင်မှတ်တဲ့အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်ခဲ့
သူငါ အများ မထင်ငြား သူကား
အမှန်ရောက်လာသည်
ကွဲပြိုတတ်ငြား၊ ထိုတရား၊ ထင်ရှားပြိုကွဲမည်
ပျက်စီးတတ်ငြား၊ ထိုတရား၊ ထင်ရှားပြိုကွဲမည်
ငါ့ဆွေမျိုးသာ ပျက်စီးရာ မှတ်စွာမဟုတ်ပြီ
သူ့အမျိုးကိုယ့်အမျိုး ပျက်စီးရိုး သေမျိုးထုံးစံညီ
တစ်ရွာတည်းသာ ပျက်စီးရာ မှန်စွာ မဟုတ်ပြီ
ရွာဟူသမျှ ပျက်စီးကြ သေရထုံးစံညီ
မြို့ဟူသမျှ ပျက်စီးကြ သေရထုံစံညီ
စကြ၀ဠာ ဘုံသုံးရွာ သေရာ မလွတ်ပြီ
တရားသဘော ကြံတွေးတော မှန်သော သံဝေရည်....

ယမင်းလေ စိတ်ညစ်လွန်းလို့ ဘာမှလည်း မလုပ်ချင် ဘယ်နေရာမှလည်း မကြည့်ချင် ဘယ်မှလည်း မသွားချင်တော့ဘူး။ အရာအားလုံးက ကံကြမ္မာကြောင့်လား ? လောကံဓံတရားကြောင့်လား....



5/10/2008

Myanmar Cyclone Nargis


 

Relief International (RI) is assessing the extent of the damage and evaluating appropriate emergency response strategies to provide aid, following a massive Category 3 cyclone in southeast Myanmar. At least 22,000 people are dead, with the death toll expected to reach 50,000. Hundreds of thousands are currently without shelter, clean drinking water and other basic needs after winds reaching upwards of 150 mph tore through the country. Critical damage to infrastructure, including telecommunications lines, buildings and roads has limited access to significant portions of the population, particularly in rural areas.

RI is reaching out to local partners to provide emergency assistance to relief operations. RI program response will be expanded as emergency and long-term needs are detailed. The RI Rapid Emergency Deployment (RED) team is currently on standby to provide additional assistance. The RED team is a mobile, rapid response team with the capability to effectively respond to disaster and conflict situations worldwide.

To help, please donate now to RI's Emergency Response Fund (ERF). The ERF is RI's revolving emergency fund, drawn upon only for emergencies throughout the world, including the current crisis in Myanmar.

5/09/2008

စိတ်မကောင်းခြင်းများစွာနဲ့



စိတ်မကောင်းခြင်းများစွာနဲ့ြ

I sincerely sympathize with you in this terrible loss.