6/27/2010

မြန်မာ့ရှုခင်း


ဦးပိန်တံတားရဲ့ အလှလေးပါ။


လပြည့်နေ့မှာ စည်းကားနေတဲ့ ရန်ကုန်မြို့တည်နေရာရဲ့ ရွှေတိဂုံဘုရား

ပုဂံဘုရားရှုခင်း

အင်းလေးကန်ရဲ့ သဘာဝအလှ

ပုဂံနေထွက်ဆည်းဆာ

ကရ၀ိတ်ရဲ့အလှ

ငှက်ကလေးများ အိပ်တန်းပြန်ချိန်



6/14/2010

Enroll Now - International Study Camp @ NUS

           နိုင်ငံရပ်ခြားသို့ သွားရောက်ပညာဆည်းပူးရန် ရည်ရွယ်ထားသော ကျောင်းသား လူငယ်များအနေဖြင့် စင်ကာပူနိုင်ငံရှိ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီး များကို ယှဉ်တွဲလေ့လာနိုင်ရန် ရည်ရွယ်၍ မြန်မာကျောင်းသား/သူများ အားလုံးအတွက် (၂၀၁၀)ခုနှစ်၏ International Study Camp @ National University of Singapore အစီအစဉ်တစ်ရပ်အား ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း AT&S Co., Ltd. ထံမှ သိရှိရသည်။ လေ့လာရေးခရီးစဉ်တွင် အသက် (၁၄) နှစ်နှင့် အထက် မည်သူမဆို လိုက်ပါနိုင်ပြီး ၂၀၁၀ ဇွန် (၂၇)ရက်နေ့မှ ဇူလိုင် (၁၀)ရက် နေ့အထိ စင်ကာပူနိုင်ငံရှိ နာမည်ကြီး အစိုးရတက္ကသိုလ်ကြီးများ ၊ ပုဂ္ဂလိကကျောင်းများသို့ သွားရောက်လေ့လာခြင်းနှင့် အတူ စင်ကာပူအထင်ကရနေရာများသို့ (၁၄)ရက်ကြာ လေ့လာလည်ပတ်ကြရမည် ဖြစ်သည်။

             ဤလေ့လာရေးခရီးစဉ်သည် ကျောင်းများကို သာမန်လည်ပတ်ခြင်းမျိုး မဟုတ်ဘဲ စင်ကာပူနိုင်ငံ၏ အကောင်းဆုံး အစိုးရ တက္ကသိုလ်ကြီး ဖြစ်သော NUS ၏ နာမည်ကြီး ကထိကများမှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် Business ၊ Computing ၊ Sustainable Built Environment ၊ Entrepreneurial Marketing ၊ Bio Technology ၊ Singapore Law ၊ Engineering ၊ Arts နှင့် Social Sciences စသည့် ဘာသာရပ်ဆိုင်ရာ သင်ကြားပို့ချဟောပြောမှုများကို နေ့စဉ်တက်ရောက်ရမည်ဖြစ်ပြီး NUS သို့ ကျောင်းလျှောက်ထားခြင်းဆိုင်ရာ သိကောင်းစရာများကို Admission Department ၏ တာဝန်ရှိသူများမှ  ရှင်းလင်း ပို့ချပေး သွားမည်ဖြစ်ပါသည်။

             ခရီးစဉ်တွင် လိုက်ပါသော ကျောင်းသားများကို NUS ၏ ကျောင်းသားဆောင် Pince George Park Residences တွင် တစ်ဦးကို တစ်ခန်းစီ နေထိုင်ရမည်ဖြစ်ပြီး တက္ကသိုလ်ကျောင်းသားဘ၀ နေထိုင်စားသောက်မှုပုံစံများကို ကိုယ်တိုင် ကြုံတွေ့ သိရှိ နိုင်မည် ဖြစ်ပါသည်။

            စင်ကာပူနိုင်ငံရှိ နာမည်ကြီး အစိုးရနည်းပညာတက္ကသိုလ်ကြီးဖြစ်သည့် Nanyang Technological University (NTU) နှင့် စီမံခန့်ခွဲမှု တက္ကသိုလ်ကြီး ဖြစ်သော Singapore  Management  University (SMU) နှင့် Ngee Ann Polytechnic ၊ စင်ကာပူနိုင်ငံတွင် နာမည်ကြီး ပုဂ္ဂလိကကျောင်းများဖြစ်သော Singapore Institute of Management (SIM) PSB Academy နှင့် Lasalle College of Arts ကျောင်း များကိုလည်း သွားရောက်ပြီး သက်ဆိုင်ရာကျောင်း၏ တာဝန်ရှိသူများမှ ဘာသာရပ်များအကြောင်း နှင့် ကျောင်း ၀င်ခွင့်များအကြောင်းကို စုံလင်စွာ ရှင်းလင်းပေးမည်ဖြစ်ပါသည်။

            ကျောင်းအားလုံး၏ စာသင်ခန်း ၊ စာကြည့်တိုက် နှင့် လက်တွေ့ခန်းများ ကိုလည်း လေ့လာကြရမည်ဖြစ်သည်။ ဗဟုသုတတိုးပွားစေရန် NUS Museum ၊ Raffles Biological Museum ၊ Singapore Science Centre နှင့် Singapore Discovery Centre များသို့ သွားရောက် လေ့လာမည့် သိပ္ပံနှင့် နည်းပညာ လေ့လာရေး ခရီးစဉ်ကိုပါ ပူးတွဲစီစဉ်ထားသည်။

            ညနေခင်းနှင့် အားလပ်ရက်များတွင် စင်ကာပူနိုင်ငံရှိ အထင်ကရနေရာများသို့ သွားရောက်လည်ပတ်ရမည်။ အာရှတိုက်၏ အကြီးမားဆုံးနှင့် အကောင်းမွန်ဆုံး Universal Studio Theme Park နှင့် အာရှတွင် အကောင်းဆုံး ရေကစားပန်းခြံ Wild Wild Wet (Water Theme Park)ို့ သွားရောက် ဆော့ကစားရမည်ဖြစ်ပြီး စင်ကာပူတိရစ္ဆာန်ရုံတွင် တောရိုင်းသတ္တ၀ါများ ညအခါ သွားလာလှုပ်ရှားနေသည်ကို ကြည့်ရှုနိုင်မည့် Singapore Night Safari သို့လည်း လေ့လာမည်ဖြစ်သည်။

            စင်ကာပူ၏ အဓိက Tourism Attraction ဖြစ်သည့် Sentosa ကျွန်းပေါ်သို့ သွားရောက်လည်ပတ်ရမည်ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ချားရဟတ် Singapore Flyer ကို သွားရောက်စီးနင်းရမည်ဖြစ်ပြီး အရှေ့ပိုင်း ပင်လယ်ကမ်းခြေ East Coast Beach သို့ အပန်းဖြေ ခရီးထွက် ရမည်ဖြစ်သည်။

            ခရီးစဉ်သို့ လိုက်ပါလိုသော ကျောင်းသား/သူများအနေဖြင့် စင်ကာပူအစိုးရ အသိအမှတ်ပြု ပညာရေးအတိုင်ပင်ခံ AT&S Co., Ltd. အဆောင် (၅) ၊ အခန်း (၄) ၊ မြန်မာအင်ဖိုတက်ခ် ၊ လှိုင်တက္ကသိုလ်များနယ်မြေ ။ ဖုန်း - ၅၂၁၁၂၅ ၊ ၆၅၂၂၈၈ ၊ ၀၉-၅၀၆၂၁၇၁ တို့သို့  ဆက်သွယ်စုံစမ်းပြီး စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။

            နိုင်ငံရပ်ခြားတွင် ပညာသင်ကြားလိုသော ကျောင်းသားများအနေဖြင့် စင်ကာပူနိုင်ငံ၏ နာမည်ကြီးကျောင်းများကို မျက်မြင်ကိုယ်တွေ့ သုံးသပ်ကာ တက်ရောက်လိုသော ကျောင်းနှင့် ဘာသာရပ်များကိုပါ ရွေးချယ်နိုင်မည်ဖြစ်သည်။

            ခရီးစဉ် အစအဆုံးအတွက် စင်ကာပူ ဗီဇာ လျှောက်ထားခြင်း ၊ လေဆိပ်ကြို / ပို့ ၊ နေ / စား / သွား / လာ စရိတ်ငြိမ်း စီစဉ်ထားသော လေ့လာရေးခရီးစဉ် တစ်ခုဖြစ်သောကြောင့် လိုက်ပါလိုသူများအနေဖြင့် Passport ရှိထားရန် လိုအပ်ပြီး ခရီးစဉ် ကုန်ကျစရိတ် သက်သာစေရန်အတွက်လည်း အထူးစီစဉ်ထားကြောင်း သိရှိရပါသည် ။

6/10/2010

Online register လုပ်ရုံဖြင့် laptop, Nokia Mobile Phones ရရှိနိုင်မည့် ကံထူးရှင်များအတွက် အထူးအခွင့်အရေး

Education Malaysia Exposition Myanmar,2010
မလေးရှားထိပ်တန်းနိုင်ငံတကာ အခြေခံပညာရေးကျောင်းများ၊ တက္ကသိုလ်ကြီးများ၏ နှစ်ပတ်လည်စုံညီပွဲတော်ကြီး
အထိမ်းအမှတ်အဖြစ် www.rexpomyanmar.com တွင် ကြိုတင်စာရင်းသွင်းခြင်း၊ online register လုပ်ခြင်းဖြင့် ......
ကံစမ်းမဲ အထူးဆု laptop, ကံစမ်းမဲ နေ့စဉ်ဆု Nokia Mobile Phones, ကံစမ်းမဲ ၁ နာရီ ၁ ကြိမ်ဆု MP3 players များအပြင် .....
FREE English placement tests အခွင့်အရေးများ ရယူပါတဲ့။ www.rexpomyanmar.com ဒီဆိုက်လေးမှာ register လုပ်ရုံလေးပါပဲ။
ကံထူးသူများ ဖြစ်ကြဖို့ သတင်းကောင်းပါးလိုက်ပါတယ်။

အရောင်နှင့် ကွဲပြားခြားနားခြင်း

မြင်ခြင်းဆိုင်ရာ သရုပ်ဖော် တင်ပြချက်တိုင်းတွင် အကြောင်းအရာနှင့် သူ၏ ၀န်းကျင်တို့၏ ဆက်နွှယ်မှုများသည် လည်း ပါဝင်ပတ်သက်လာပါသည်။ အကြောင်းအရာတစ်ခုကို ပီပြင် ထင်ရှား ပြတ်သားစွာ မြင်ရခြင်းသည် အကြောင်းအရာနှင့် ၎င်း၏၀န်းကျင်တို့ ထင်ရှားပြတ်သားစွာ ကွဲပြား ခြားနားနေခြင်းကြောင့် ဖြစ်ပါသည်။
ဖော်ပြလိုသော အကြောင်းအရာနှင့် ၎င်း၏ နောက်ခံတို့သည် အနည်းဆုံး နုရင့် နှစ်ဆင့် ကွဲပြားခြားနားနေမှသာ မြင်ရမည် ဖြစ်ပါသည်။ နောက်ခံဝန်းကျင်နှင့် နုရင့် အဆင့် ကွဲပြားခြားနားလေ အကြောင်း အရာကို ပီပြင် ထင်ရှား ပြတ်သားစွာ မြင်ရ လေပင် ဖြစ်ပါသည်။
ဒီဇိုင်းတစ်ခုအတွင်း ဖတ်ရှုရန် စာသား ကို ဖန်တီးသောအခါ ကြည့်သူ ကောင်းမွန်စွာ ဖတ်ရှုနိုင်ရန်အတွက် နောက်ခံ (စက္ကူသား)နှင့် စာသား (Text)တို့သည် လုံ လောက်သော နုရင့် ကွဲပြားခြားနားမှုရှိရန် အရေးကြီးပါသည်။ စာသားဖော်ပြချက်သည် စာလုံးနှင့် နောက်ခံအကြား ဆန့်ကျင် ကွဲပြားခြားနားမှုစံအဖြစ် ဆန့်ကျင် ပြတ် သားမှု ၈၀ ရာခိုင်နှုန်း အနည်းဆုံးရှိရမည် ဖြစ်ပါသည်။ (စာသားအနက်နှင့် အဖြူရောင် အောက်ခံသည် အပြည့်စုံဆုံး ဖြစ်ပါ သည်။) အကြောင်းအရာနှင့် နောက်ခံ အကြား ပြည့်စုံလုံလောက်မှုမရှိသော ကွဲပြား ခြားနားမှုသည် ကြည့်သူကို မျက်စိစူး စေပြီး ကြည့်ရခက်သဖြင့် လှစ်ကနဲ ခဏ တာမျှသာ ကြည့်စေပါလိမ့်မည်။
ပုံ (၁) နှင့် ပုံ(၂) တို့သည် အကြောင်းအရာနှင့် နောက်ခံအကြား ဆန့်ကျင်ပြတ်သားမှု အဆင့်နိမ့်သောကြောင့် ဖတ်ရှုရန် ခက်ခဲစေပါသည်။
ပုံ(၃)၊ ပုံ(၄) - ဆန့်ကျင်ဘက် အရောင်နှစ်ရောင်ကို တစ်ရောင်နှင့်တစ် ရောင် နီးကပ်စွာ ယှဉ်တွဲထားရှိသောအခါ ထိုအရောင်များသည် တစ်ရောင်နှင့် တစ် ရောင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဆန့်ကျင် ပြတ်သားမှုများ ပေါ်ပေါက် ဖြစ်ပျက်နေပါသည်။ စာသားသည် တုန်ခါခြင်း သို့မဟုတ် အရိပ်ပေါ်နေခြင်းများ ဖြစ်နေပါ လိမ့်မည်။ ၎င်းကို ကြာကြာကြည့်ရန် ပုံရိပ် ပြတ်သား ပေါ်လွင်စေဖို့အတွက် မျက်စိမှ ပင်ပန်းခက်ခဲစွာ အလုပ်လုပ်ရသဖြင့် ကြာ ကြာမကြည့်နိုင်တော့ပေ။ အချို့ ရောင်တွဲ များသည် အနေအထားတူသောအခါ ထိ စပ်သော နေရာများ၌
အရိပ်ကဲ့သော လှည့်စားမှုသဘောကို ဖြစ်ပေါ်စေပါသည်။
ဆန့်ကျင်ဘက် မိတ်ဘက် အရောင်များကို ရွေးချယ်သည့်အခါ တောက်ပမှု ပြင်းအားပြည့်အရောင်များသည် ကွဲပြား ခြားနားမှုအဆင့်အမြင့်ဆုံးကို ပေးစွမ်းပါ သည်။ Hue တစ်ခု အတွင်းရှိ အရောင်နုများ သို့မဟုတ် အရောင်ရင့်များကို ရွေးချယ် ဖွဲ့စည်းပါက ကွဲပြားခြားနားမှုကို လျော့ကျစေပါသည်။

Itten's Colour Contrasts : Itten ၏ အရောင် ကွဲပြား ခြားနားမှုများ
Johannes Itten သည် အောင်မြင် သော အရောင်တွဲများအတွက် နည်းဗျူဟာ များကို လေ့လာဆန်းစစ်ရှာဖွေပြီး အဓိပ္ပာယ် ဖွင့်ဆိုခဲ့သူများအနက် ဦးစွာပါဝင်ခဲ့သူဖြစ်ပါ သည်။ သူ၏ သုတေသနပြု လေ့လာချက် များအရ အရောင်စစ်(Hue)များ၏ ကွဲပြား ခြားနားသော ဂုဏ်သတ္တိများကို အသုံးချရာ ၌ အရောင်များကို ညီညွတ်စွာ ဆက်စပ် တွဲဖက်နိုင်စေရန်အတွက် လုပ်ဆောင်ရန် နည်းဗျူဟာ (၇) ရပ်ကို တီထွင်စီစဉ်ပေးခဲ့ပါသည်။ ဤကွဲပြားခြားနားချက်များသည် အသွေး နု၊ လတ်၊ ရင့်တို့ကြောင့် ရရှိလာသော ခြားနားချက်များနှင့် အရောင်အသီး
သီးတို့၏ ပြင်းအားများကို သတိပြုလျက် ကွဲပြားခြားနားချက်များကို ပေါင်းစပ်ဖွဲ့စည်းခြင်း ဖြစ်ပါသည်။
ဒီဇိုင်းတစ်ခုအတွင်း စုစည်း ညီညွတ်သော အရောင်ကွဲများကို ပေါင်းစပ် ဖန်တီး ရာ၌ ဒီဇိုင်နာများအတွက် အထောက်အကူပြု အသုံးတည့်မည်ဟု ယူဆမိသဖြင့် ဖော်ပြလိုက်ပါသည်။

(1) The Contrast of saturat-ion : အရောင်ပြည့်ဝမှု ပြင်းအား ခြားနားခြင်း
နုခြင်းနှင့် ရင့်ခြင်း၊ တန်ဖိုး သတ်မှတ် ချက်များနှင့် ၎င်းတို့၏ ဆက်စပ်သော ပြည့်ဝမှု ပြင်းအားများဖြင့် ဖွဲ့စည်းထားသော ကွဲပြားခြားနားခြင်း ဖြစ်ပါသည်။

(2) The contrast of light and dark : နုခြင်းနှင့် ရင့်ခြင်းတို့၏ ခြားနားခြင်း
နုခြင်းနှင့် ရင့်ခြင်း တန်ဖိုး သတ်မှတ် ချက်များဖြင့် ဖွဲ့စည်းထားသော ကွဲပြားခြား နားမှု ဖြစ်ပါသည်။ အရောင်တစ်ရောင်တည်း ဖွဲ့စည်း ဆောင်ရွက်မှုတစ်ခု ဖြစ်နိုင်ပါသည်။

(3) The Contrast of extens-ion : တိုးချဲ့ ခြားနားခြင်း
အချိုးအစားအားဖြင့် ခြားနားခြင်း ဖြစ်ပါသည်။ အရောင်တစ်ရောင်၏ မြင်ခြင်း ဆိုင်ရာ အလေးချိန် ဘက်ညီ ချိန်ဆ ဆက်နွှယ်မှုအတွင်း အရောင်၏ နယ်ပယ် အရွယ်အစား အချိုး သတ်မှတ်မှုဖြင့် ဖွဲ့စည်းထားပါ သည်။

(4) The contrast of comple-ments : ဆန့်ကျင်ဘက် အရောင်များ၏ ခြားနားခြင်း
ရောင်စဉ်စက်ဝိုင်းတွင် မျက်မြင် ဆန့် ကျင်ဘက်အရောင်များကို ယှဉ်တွဲထားရှိ ခြင်းဖြင့် ဖွဲ့စည်းပါသည်။

(5) Simultaneous contrast : တစ်ပြိုင်နက်တည်း ဖြစ်ပျက်သော ခြားနားခြင်း
မျက်မြင်လှုပ်ခါနေသော အရောင်များ အကြား နယ်နိမိတ်များဖြင့် ဖွဲ့စည်းထားပါ သည်။ အချို့သော စိတ်ဝင်စားဖွယ်လှည့်စား မှုများသည် ဤခြားနားမှုဖြင့် ပြည့်စုံစေပါသည်။

(6) The contrast of hue : အရောင်စစ် hue များ၏ ခြားနားခြင်း
မတူညီသော Hue များ၏ အတူတကွ ယှဉ်တွဲတည်ရှိခြင်းဖြင့် ဖွဲ့စည်းထားပါသည်။ အရောင်စက်ဝိုင်းတွင် Hues များ အကြား အကွာအဝေးကြီးမားလေ ခြားနားမှုပမာဏ ကွာဟကြီးမားလေ ဖြစ်ပါသည်။

(7) The contrast of warm and cool : အပူအအေးတို့၏ ခြားနားခြင်း
အပူရောင် သို့မဟုတ် အအေးရောင် တို့၏ အတူတကွ ယှဉ်တွဲတည်ရှိခြင်းဖြင့် ဖွဲ့စည်းထားသော ခြားနားခြင်းဖြစ်ပါသည်။

Proportion and Intensity : အရောင်ပြည့်ဝမှုပြင်းအားနှင့် အချိုးအစား
အရောင်များသည် အတူတကွ ယှဉ် တွဲ တည်ရှိနေသောအခါ ကျွန်တော်တို့၏ မျက်စိတွင် မြင်ခြင်းဆိုင်ရာ မျက်မြင် အရောင် ရောစပ်မှုကို ဖြစ်ပေါ်စေပါသည်။
ဤကဲ့သို့ မျက်မြင်အရောင် ရောစပ် ခြင်းသည် သတ်မှတ်ထားသည့် အရောင် ‌​‍​‍‍ဧရိယာများ၏ အချိုးအစားအပေါ် မူတည်၍ အောက်ဖော်ပြပါအတိုင်း ကွဲပြားခြားနားပါလိမ့်မည်။
- အချိုးအားဖြင့် ကြီးမားကျယ်ပြန့်သော ‌​‍​‍‍ဧရိယာရှိသည့်အရောင်သည် လွှမ်းမိုး ရောင် ဖြစ်သည်။
- ပိုမို သေးငယ်သော ‌​‍​‍‍ဧရိယာများသည် လွှမ်းမိုးရောင်ငယ်များဖြစ်သည်။
- ဆက်နွှယ်သောအရောင်များသည် ၎င်းတို့၏ ဆက်နွှယ်သော အရောင်‌​‍​‍‍ဧရိယာငယ်လေးတစ်ခုနှင့်အတူ ဖြစ်သည်။ သို့သော် Hue, intensity (သို့) sa-turation တို့အတွင်း ကွဲပြားမှုတစ်ခု ဖြစ်သောကြောင့် ဆန့်ကျင်ခြားနားမှုကို ပေးသည်။
- အရောင်နု‌​‍​‍‍ဧရိယာငယ်ကို နောက်ခံ အရောင်ရင့် တစ်ခုပေါ်တွင် ထားခြင်း သို့မဟုတ် အရောင်ရင့် ‌​‍​‍‍ဧရိယာငယ် တစ်ခုကို နောက်ခံအရောင်နုတစ်ခု ပေါ်ထားခြင်းတို့သည် ဆက်နွှယ်မှု တစ်ခုကို ဖန်တီးနိုင်ပါလိမ့်မည်။
- အကယ်၍ ဒီဇိုင်းတစ်ခုတွင် အရောင်နု တစ်ရောင်၏ ‌​‍​‍‍ဧရိယာကို ကြီးမားစွာ အသုံးပြုခဲ့လျှင် ဒီဇိုင်းတစ်ခုလုံးသည် နုသွားလိမ့်မည်ဖြစ်ပြီး အပြန်အလှန် အားဖြင့် အရောင်ရင့်တစ်ရောင်၏ ‌​‍​‍‍ဧရိယာကို ကြီးမားစွာ အသုံးပြုခဲ့ပါက ဒီဇိုင်းတစ်ခုလုံးသည် ရင့်သွားလိမ့်မည် ဖြစ်ပါသည်။
- အချိုးအစားထက် ပို၍ အရောင်၏ ပြည့် ၀မှုပြင်းအားဖြင့် အရောင်အလှည့် အပြောင်း ပြုခြင်းဖြင့် မျက်မြင်အရောင် ရောစပ်ရရှိမှုသည်လည်း ပြောင်းလဲပါလိမ့်မည်။

ဦးသစ်လွင်စိုး
တွဲဖက်ပါမောက္ခ (ပန်းချီ)
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ
တက္ကသိုလ်(ရန်ကုန်)

6/05/2010

ဆန္ဒစိတ်ကူး

ချစ်ခြင်းကိုပေး
ဖေးမမြတ်နိုး
အားကိုးစေ….လို့
ကိုယ့်လက်ကိုဆွဲ
တွဲခေါ်မယ့်လူ
ကိုယ့်ချစ်သူဟာ
မင်းတစ်ယောက်ထဲသာ ဖြစ်စေချင်တာ….။
ဒီလိုပါပဲ
စွဲကာ မျှော်မှန်း
တွဲခေါ်မယ့်လမ်းမှာ
လှမ်းလာတဲ့ မင်းလက်ကိုဆွဲ
မယိုင်လဲတဲ့ခြေလှမ်းနဲ့
ခိုင်မြဲစွာဆုပ်ကိုင်ရင်း
ပိုင်ဆိုင်သမျှ ကိုယ့်ချစ်ခြင်း
မင်းအတွက်လို့ နှင်းအက်ကာ
(အရာရာမှာ….)
မင်းအိပ်မက်တွေရဲ့ ပိုင်ရှင်ဟာလည်း
ကိုယ်တစ်ယောက်တည်းသာ ဖြစ်နေချင်တာ….။

6/01/2010

ကျောင်းဖွင့်ချိန်

သြော် ဘာလိုလိုနဲ့ နွေ မိုး ဆောင်း သုံးရာသီမှာ ကျောင်းပိတ်ထားတဲ့ အလွန်ပူပြင်းခြောက်သွေ့တဲ့နွေရာသီဆိုတာကို ဖြတ်သန်းခဲ့ပြန်ပြီပေါ့။ ဒီနှစ်ရဲ့ နွေရာသီဟာ အလွန်ကြာမြင့်ခဲ့တယ်ဆိုပေမယ့် မိုးလေး ရွာလာပြန်တော့ သွားရလာရ စိုစွတ်နေတော့ သိပ်ပြီး မနှစ်သက်ကြပြန်ပါဘူး။ မိုးတဖွဲဖွဲကျလာသည်နှင့် မိသားစုအတော်များများ မိုးတွင်းကာလအတွက် လိုအပ်ချက်တွေကို တွေးတောလာရသည်မှာလည်း အလွန်စိတ်ညစ် စိတ်ပျက်စရာ ခေါင်းခဲစရာအကြောင်းပဲ မဟုတ်ပါလား။ ပူပြင်းတဲ့ နွေကာလကို ဖြတ်သန်းခဲ့ပြီး မိုးရေစက်တွေကို မျှော်လင့်မိတဲ့စိတ်တို့လည်း မိုးစက်တွေနဲ့အတူ ကျရောက်လာတဲ့ လိုအပ်ချက်တွေကြောင့် ရင်ထဲမှာတော့ မအေးချမ်းနိုင်ဖြစ်ခဲ့ရပြန်တယ်လေ။ လစဉ် တာဝန်ယူနေတဲ့ မီတာခကလည်း အလုပ်သွားခါနီး အမေက သမီး ဒီနေ့ မီတာခ နောက်ဆုံးနော်ဆိုတဲ့ သတိပေးချက်ကြောင့် စိတ်ရှုပ်ထွေးရတယ်။ မီးမလာတော့လည်း မီးတာခ သက်သာလားဆိုတော့လည်း သိပ်လည်းမသက်သာပြန်ဘူး။ နောက် မောင်နှမများတဲ့ ကိုယ့်ဘ၀ကိုလည်း တစ်ခါတလေ ပြန်စဉ်းစားရင် ပြည့်စုံနေတဲ့အချိန်ဆို ပျော်စရာကောင်းပေမယ့် အရာရာ ချို့ငဲ့နေတဲ့ဘ၀ရောက်နေတော့ မပံ့ပိုးနိုင်ဖြစ်ပြီး စိတ်အားငယ်ခဲ့ရတယ်။ ဟော ခု ပူပြင်းလှတဲ့နွေရာသီကို အံတုပြီး စိုစွတ်သော မိုးကာလတွင် ဆောင်းနှင့် နွေ နှစ်တွေတုန်းက စောင့်ဆိုင်းနေသော ကုန်ကျစရိတ်များသာမက နွေရာသီက ရပ်နားခဲ့တဲ့ မောင်လေးတွေရဲ့ ပညာရေးက ပြန်စလာခဲ့ပြန်ပြီ။
တစ်နှစ် တစ်နှစ် ကျောင်းစရိတ်၊ ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ လွယ်အိတ်စတဲ့ လိုအပ်ချက်တွေကို စဉ်းစားနေတုန်း မောင်လေးတွေရဲ့ အလုပ်သွားမနက်လင်း မှာကြားသံက ထွက်ပေါ်လာတယ်။ မမကြီး ဘောပင်၊ ခဲတံ ၀ယ်ခဲ့ပါတဲ့။ အင်း ၀ုန်းဒိုင်းကြဲ ရွာချတတ်တဲ့ မိုးရာသီတွင်း ထီး ဒါမှမဟုတ် မိုးကာနှင့် မိုးတွင်းစီးဖိနပ်တွေကလည်း မရှိမဖြစ် လိုအပ်နေပြန်ပါလား။ ဒီကြားထဲ ကိုယ့်ရဲ့ ၀ါသနာ ပန်းတိုင်အတွက် တက်နေတဲ့ ကျောင်းကလည်း အောင်စာရင်းထွက်ပြီး ဒုတိယအသုတ်တက်ဖို့ ကျောင်းလခသွင်းဖို့ လိုလာပြန်ပြီ။ ဒီကြားထဲ ဟိုစရိတ် ဒီစရိတ်တွေကလည်း ရှိသေးပြန်သတဲ့။ ထို့နောက်.... ထို့နောက်... တွေးကြည့်ရုံမျှပင် အသက်ရှူကျပ်ချင်လာသည်။ အရင်က အလုပ် နှစ်ခုလုပ်တော့ နည်းနည်းလှဲ့သာ ချောင်သာ ရှိပေမယ့် ခုတော့ တိုင်းထွာနေရတဲ့ဘ၀ ဖြစ်နေတော့ ကက်စီးနည်းတယ်ပြောလည်း မချိပြုံး အခါခါပြုံးရင်း ရင်ထဲမှာ အကြိမ်ကြိမ်ငိုနေမိတာလည်း ဘယ်သူမှ မသိခဲ့ဘူး။ ဘယ်အရာမဆို အားလုံးအတွက် ဖြည့်ဆည်းပေးချင်တဲ့ စိတ်ကို မနည်းချိုးနှိမ်ရင်း ရေအလှူလည်း လှူချင် ပရဟိတလည်း လုပ်ချင်နေတဲ့ ငါ့ရဲ့အဖြစ် တော်တော်များ ရယ်စရာကောင်းနေသလား။ ကိုယ့်ဘ၀တောင် မပြည့်စုံတာ သူများ ကူညီချင်နေတဲ့စိတ်ကိုလည်း တားဆီးလို့ မရခဲ့ပြန်ပါဘူး။
ကျွန်မ ငယ်စဉ်က မိဘများက မည်သို့ ကျောင်းထားပေးခဲ့သည်မသိ။ အခုအရွယ်ရောက်လာတော့ ပညာရေးအတွက် လိုအပ်တဲ့ အချက်အလက်တွေကို သိရှိနားလည်လာရတယ်။ ခုထိလည်း ပန်းတိုင်လျှောက်နေဆဲ ဘာမှမလုပ်ရင်လည်း ဘာမှမဖြစ်ဘူးဆိုတဲ့ အသိ သူများနောက်မှာ မနေချင်တဲ့ကိုယ့်ရဲ့စိတ် ဒါတွေ ပြန်တွေးကြည့်မယ်ဆိုရင် ငယ်ငယ်တုန်းက အဖေပြောတဲ့စကားကိုလည်း ပြန်ကြားယောင်နေမိတယ်။ "သမီး ရှိလို့ ကျောင်းထားပေးတာ မဟုတ်ဘူး။ တတ်စေချင် တော်စေချင်လို့ သူများနောက်မရောက်အောင် နောက်ပြီး ပြောသေးတဲ့စကားက ငွေကြေးချို့တဲ့ဘ၀ဆိုတော့ ပညာပဲ အမွေပေးနိုင်မယ် သမီး "ဆိုတဲ့ စကားတွေ  တစ်ဘ၀လုံးအတွက် လူဖြစ်စေဖို့၊ ပညာဟာ လူတစ်ယောက်ရဲ့ဘ၀ကို ဘယ်လိုပုံဖော် ပြောင်းလဲပေးနိုင်စွမ်းရှိတယ်ဆိုတာ သိလို့ ခုအရွယ်မှာ နားလည် သဘောပေါက်လာမိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ ဘ၀ဆိုတာ ရှိနေသရွေ့ ပန်းတိုင်ဆိုတာ လျှောက်စမြဲပေါ့။ ဒီလိုပဲ ကိုယ့်အတွက် လိုအပ်ချက်တွေရှိသလို မိသားစုမောင်နှမအတွက်လည်း လိုအပ်ချက်တွေကို တစ်စိတ်တစ်ပိုင်း တတ်နိုင်သရွေ့ တစ်ဖက်တစ်လမ်းကနေ မိဘကျေးဇူးအကြေ မဆပ်နိုင်သေးပေမယ့် ပံ့ပိုးကူညီမှုနဲ့ ကျွန်မ ရှေ့ဆက်လျှောက်ရဦးမှာပါလားလို့ မိုးလေးစိပ်စိပ် အေးချမ်းမှုတွေ ပေးစွမ်းနေပေမယ့် ပူလောင်နေတဲ့ ရင်တစ်စုံနဲ့ ကျွန်မ တွေးတောနေမိပါရောလား။

ဇာတ်ခုံပေါ်ကလူ

မမကြီး ပြန်လာတဲ့အခါ
သားဖို့ မုန့်ဝယ်ခဲ့နော်လို့
မောင်ငယ်က မှာ....
ဝယ်ခဲ့မှာပေါ့လို့
အပြုံးတစ်ဖဲ့နဲ့ စကားဆိုဆဲ...
သားဖို့ ဘောလ်ပင်ဝယ်ခဲ့နော်လို့
မောင်အလတ်က ထပ်မံဆို...
အပြုံးစရဲ့ မပီပြင်ဝိုးတ၀ါးနဲ့
နံနက်ခင်း အလုပ်သွား
မောင်အကြီးက အိမ်ပေါက်ဝက ဆီးကြိုပြော
မမ သားကို မုန့်ဖိုးပေးပါဦးတဲ့။
သြော်... မပြည့်စုံတဲ့ ငါတို့ဘဝ
ရင်နာရပါဘိ
ငါ့ရဲ့မိသားစု ပြည့်စုံအောင်
ငါ မစွမ်းဆောင်နိုင်သေးပါလား
မိဘအပေါ် သားသမီးဝတ်
မကျေသေးတဲ့ ငါ့ကိုငါပဲ
စိတ်ဆိုးရမှာလား
ကံကြမ္မာကိုပဲ
အပြစ်ဖို့ရမှာလား
ငါ့ကို ငါလည်း ဝေခွဲခက်စွာ
လောကကြီးရယ်
တစ်ခွန်းလောက် ပြောလှည့်ပါဦး....