6/29/2008

GTalk ဖွင့်ထားပြီး Idle ဖြစ်နေတယ်လို့ ညာရအောင်


အိုင်တီမောင်မောင်ရဲ့ဆိုက်ဒ်က ကူးယူဖော်ပြတာဖြစ်ပါတယ်ရှင်။ ကျွန်မလည်း သိတာလေးကို ဝေမျှချင်တာနဲ့
ထပ်ဆင့်မူရင်းအတိုင်း တင်ပြပေးလိုက်တာဖြစ်ပါတယ်ရှင်

GTalk ဖွင့်ထားပြီး Idle ဖြစ်နေတယ်လို့ ညာရအောင် (gAlwaysIdle)

ဟိုတစ်နေ့က GTalk မှာ မန္တလေးက နောင်တော် အစ်ကိုကြီးတစ်ပါးနဲ့ စကားပြောဖြစ်တယ်။ သူပြောတဲ့ အချိန်မှာ ကိုယ်က အလုပ်တစ်ခု လက်စမပြတ်တော့ ချက်ခြင်း ပြန်မပြောနိုင်ဘူး၊ ကိုယ်ပြန်ပြောမယ်လုပ်တော့ သူရဲ့ GTalk Account က Idle ဖြစ်နေတယ်။ အံအားသင့်သွားတယ်၊ အခုနကပဲ ပြောနေတယ်၊ အခု ဘာမှ မကြာသေးဘူး သူက Idle ဖြစ်သွားတယ်။ ဘယ်များ ထွက်သွား ပါလိမ့်ပေါ့။ ကဲ Message တော့ ပို့ထားလိုက်မယ် ဆိုပြီး သူ့ဆီကို အကြောင်းပြန်လိုက်တယ်၊ သူက ချက်ခြင်းပဲ အကြောင်းပြန်လာတယ်၊ သူ့ Account Active ဖြစ်နေတဲ့ သဘောပေါ့။ ဒါပေမယ့် ကျွန်တော့်ဆီမှာတော့ သူ့ Account က Idle ပြနေတုန်းပဲ။ သေခြာပြီ ဒီလူကြီး ကူလီကူမာတော့ လုပ်ထားပြီပေါ့။ ထင်တဲ့ အတိုင်းပဲ သူကစပြောတယ် "GTalk မှာ အမြဲတမ်း Idle လုပ်ထားပြီး ညာလို့ရတယ် သိလားတဲ့။ ဒါပေမယ့် ခင်ဗျားကို မပြောဘူးတဲ့၊ ဖွ'မှာစိုးလို့တဲ့၊ ဒါလေးနဲ့ လုပ်စားနေတာတဲ့၊ မပြောချင်တဲ့ သူဆိုရင် ကွန်ပျူတာရှေ့မှာ မရှိချင်ယောင်ဆောင်လို့ရတယ်တဲ့။"  ကဲ… အိုင်တီမောင်မောင်ကို ဒါမျိုးလာစမ်းတော့ ဘယ်ရမလဲ၊ တစ်နေကုန် ဘာအလုပ်မှ မလုပ်ပဲ Google မှာ တက်ရှာ ပစ်မယ်ဆိုပြီး ရှာလိုက်တာ၊ တစ်မိနစ်တောင် မကြာဘူး တန်းတွေ့တာပဲ။ http://www.galwaysidle.com/ တဲ့။ ….

gAlwaysIdle ကို Install မလုပ်ရသေးခင်

အဲဒီ web site ကနေ 119 kb ပဲရှိတဲ့ ဆောဖ်ဝဲလေး တစ်ခုကို Download ဆွဲချရတယ်၊ ပြီးရင် Install လုပ်၊ လွယ်မှ လွယ်။ Install လုပ်ပြီးတာနဲ့ Task bar ပေါ်က GTalk Icon ကို ညာဘက်ကလစ် နှိပ်လိုက်ရင် Always Idle, Normal Idle, Never Idle ဆိုပြီး ပေါ်လာပါပြီ။ Always Idle ကို ရွေးလိုက်ရင် ကိုယ်ရဲ့ GTalk Account ဟာ အမြဲတမ်း Idle ဖြစ်ကရော။ သူများတွေကတော့ အဟုတ်မှတ်နေမှာပေါ့။ ကွန်ပျူတာရှေ့မှာ မရှိဘူးလို့။ ကဲ တခြားသူတွေကို အရူးလုပ်ဖို့နဲ့ ကိုယ်တိုင် အရူးလုပ်မခံရဖို့ အိုင်တီမောင်မောင်ကတော့ ကိုယ့် ပရိသတ်အတွက် ဖွင့်ချလိုက်ပြီနော်၊ သုံးတာမသုံးတာကတော့ သဘောတော် အတိုင်းပိုင်းပေါ့။

gAlwaysIdle ကို Install လုပ်ပြီးချိန်

gAlwaysIdle ရဲ့ Always Idle ကို ဖွင့်ထားရင် GTalk ရဲ့ မူလပါတဲ့ Check Mail Now Function ကို သုံးလို့ မရတော့ဘူး။ Normal Idle ကို ပြန်ပြောင်းလိုက်မှ သုံးလို့ရလိမ့်မယ်။ နောက်ပြီး Kaspersky လို Antivirus Software တွေကို Install လုပ်ထားခဲ့ရင် gAlwaysIdle Install လုပ်ပြီးစမှာ သူက Window ရဲ့ Registery ကို သွားပြင်တာမို့ Antivirus Software က ခွင့်ပြုချက် တောင်းပါလိမ့်မယ်။ ခွင့်ပြုလိုက်ပေါ့။ ဒါပါပဲ။ gAlwaysIdle ဟာ စမ်းသပ်ဆဲပါတဲ့။ နောက်ထပ်ထွက်မယ့် Version တွေမှာ ဘာတွေများ ထပ်တိုးလာမယ်တော့ မသိပါဘူး။ အခု Version ကို Window XP နဲ့  Vista OS version တွေမှာ အလွယ်တကူ Install လုပ်လို့ ရပါတယ်တဲ့။ ကဲ… ဒီလောက်ဆိုရင် ဒီတစ်ပါတ်တော့ ပျော်စရာလေးနဲ့ သူများကို စ' ရအောင်လို့ ပြောရင်း …..။

ဒီနေရာကနေ Download လုပ်ပါ။ http://galwaysidle.com/gAlwaysIdleSetup.exe

စမ်းသပ်ကြည့်ကြပါနော်။ အညာမခံရအောင်ပေါ့။

6/28/2008

ဇော်ဂျီကီးဘုတ်အကြောင်း သိကောင်းစရာ

http://www.alpha.com.mm/alphazawgyi2008/layout.html မှာ နောက်ဆုံးထုတ် စာရိုက်စနစ်ကို ဖော်ပြထားပါတယ်။ font နဲ့  keyboard ဟာသီးခြားစီဖြစ်တာကြောင့် ဘယ် font နဲ့ ဘယ် keyboard စနစ်ဖြစ်ဖြစ်သုံးနိုင်ပါတယ်။ အရင် အဟောင်းနဲ့ တတ်နိုင်သမျှမပြောင်းအောင် ဆောင်ရွက်ထားပေမဲ့  ။ သာမန် စာရိုက်သူများ စဉ်းစားပြီးစာလုံးရှာဖွေရလွယ်အောင် စာလုံး ၁လုံး ကို ခလုပ်တခုထဲမှာဘဲ ရှိရမယ် ဆို တဲ့ မူကို ချမှတ် ထားပါတယ်။ ဒါမှ တ =w ဆို တာ သိရင် န္တ တ္တ တွေ ကို w မှာဘဲ ထည့်ထားပါတယ်။ လူတွေ အလွတ်ရနေတဲ့  wininnwa အငွေ့ အသက်မပျေက်အောင်ျွ ကို တော့ shift w မှာ ချန်ထားခဲ့ပါတယ်။ စာလုံး၂ထပ်အတွက် အောက်ချkey ကို သုံးဖို့  1 ဘေးက ~ ကို မူလဇော်ဂျီလို ရွေးချယ်ခဲ့ ပြီး zawgyi key လို့ သုံးထားပေမယ့် ဒါဟာ tide key (death key) ပါဘဲ သူကို နှိပ်ရင် ဘာမှ လောလောဆယ်ပေါ်မလာဘဲ နောက် key နဲ့ ပေါင်းမှ စာလုံးသစ်ထွက်မှာပါ။ w နှိပ်ရင် တ သူနှိပ်ပြီး w နှိပ်ရင် တအောက်က တ ဖြစ်တဲ့ တ္တ ကို ရေးနိုင် မှာဖြစ် ပြီး။ နအောက်က တ အတွက် shift အဲဒီ key + w တို ရင် န္တ ဖြစ်လာပါမယ်။ ဒီလို ဘဲ စဉ်းစားပြီး စာလုံးတွေ နှစ်ထပ်ပေါ်ချင်ရင် သုံးရမယ် ရိုက်နည်းကို ပြုလုပ်ထားတာပါ။ ဒါကြောင့် သနှစ်ထပ်ဖြစ်တဲ့  ဿ ကို zawgyi key + o မှာ ထည့် ပါတယ်။ မူလ က ဇော်ဂျီမှာ သုညနဲ့  ဝလုံးတူရာက ခွဲလိုက်တဲ့ အခါ 0 ဘေးမှာ ဝ တခု ထည့်ပေးပြီး မူလ shift +w နဲ့ သုံးသူတွေ အတွက် လဲ ဆက် သုံးခွင့်ပေးထားခဲ့ ပါတယ်။ ဏ ဃ ဌ တွေ ရဲ့  အောက် စာလုံး အတွက် သူ့ကို shift + နဲ့ နှိပ်ရသလို့  zawgyi key နှိပ်ပြီး shift+ သုံးရအောင် စီစဉ် ထားပါတယ်။ အကြမ်း အားဖြင့် key တခုကို ငါးမျိုးရိုက်နိုင်ပြီး ပေါ် မှာတွေ ကို အရောင်နဲ့ ခွဲပြထားခဲ့ ပါတယ်။
၁။ ရိုးရိုး ရိုက် --အနီရောင်
၂။ shift + ရိုက် -- အပြာရောင်
၃။ zawgyi key + key ရိုက် --- အနက်ရောင်
၎။ zawgyi key + shift + key ရိုက် --- ပန်းရောင်
၅။ shift + zawgyi key ပြီးမှ key ရိုက် --- အဝါရောင်
ဆို ပြီး စီစဉ်ထားပါတယ်။
နောက် မြန်မာစာ ထဲမှာ +-% စ တာတွေ ရိုက်ဖို့  English mode မပြောင်းဘဲ ] ကို tide key လုပ်ပြီး ရိုက်ဖို့  တိုးထားပါသေးတယ် ။ ပုံမှန် အကျင်ရပြီးသားတွေ ဆို မသုံးလဲရပါတယ်။
နောက် ထပ်ထည့်ပေးထားတာကတော့ web developer တွေ blogger တွေ ရဲ့ တောင်းဆို ချက်နဲ့ ထည့်ပေးထားတဲ့ ဘာမှပေါ်မလာတဲ့  ဘာမှ မရွေ့ တဲ့ နှိပ်မှန်းကို မသိတဲ့ ခလုပ်ပါ။ brake key လို အမည်ပေးထားတဲ့ storage မှာ zaro width space ( မရွေ့ တဲ့ space) ပါ။ စာလုံးတွေ ဖြစ်ပေးဖို့  စာလုံးပြီးတို င်း space ထည်ရင် ကျဲ ကုန်တာယ် မထည့်ရင် justify ခေါက် မဆင်းတာ က စ စာလုံးတွေ google က index လုပ်တာတွေမှာ မှန်ကန်အောင် Google မှာ မြန်မာလို ရိုက်ရှာရင် သေချာတွေ့ အောင် ထည့်ကြပါတယ်။ စက်ကဖြတ်ပေးတဲ့ စနစ် ကို ကြိုးစားနေကြပေမဲ့ အသံထွက်စာလုံးတလုံးကိုသာ ဖြတ်နိုင်ပြီး word ကို သိဖို ဖြတ်ဖို့  က ဝေးပါသေးတယ် နည်းပညာအပြင် corpus database ကြီးပါ လို လို့ ဖြစ်ပါတယ်။ ယိုးဒယား တောင် 100% မရသေးလို့  ကျွန်တော်တို့  အချိန်တော်ကြာစောင့်ရဦးမှာပါ။ လောလောဆယ် စာလုံးကို web မှာ သိမ်းသူ ရိုက်သူတခါတည်း တတ်နိုင်သလောက် word ဖြတ်ထည့်ဖို့  တောင်းဆို တဲ့ developer တွေ blogger တွေ အတွက်ထည့်တာမို့  မသုံးလဲ အရေးမကြီးပါဘူး။ expert mode ဘဲပေါ့။ ဒါသုံးရဖို့  font အသစ်ရှိစရာလဲ မလို ပါဘူး ။ဖောင့်အသစ်မှာ ကမ္ဘာ ရေးတဲံ့ အောက် ဘ တလုံးဘဲတိုးပါတယ်။ အဓိက font မှာ ပြောင်းတာက ဇော်ဂျီကို pdf ပြောင်းရင် အရင် က အနေရာ မှာ A ပေါ်တာမျိုးတွေ စတဲ့  bug ကို ဘဲ ပြင်ထားပါတယ်။
www.alpha.com မှ ဦးရဲမြတ်သူ ပြောကြားသော အကြောင်းအရာများဖြစ်ပါတယ်။

http://www.microsoft.com/hk/download/windows.mspx
http://www.dotnetindia.com/2006/11/phonetic_input_.html
http://www.bhashaindia.com/phonetictool/

6/27/2008

စာချစ်သူသုတို့အတွက် သတင်းကောင်း

စာဖတ်ဝါသနာပါတဲ့သူတွေအတွက် သတင်းကောင်းပါ
အမျိုးသမီးထုတ်ဝေသူတွေ ဦးစီးတဲ့ စာအုပ်ဈေးရောင်းပွဲတော်ကို
၂၈၊ ၆၊ ၂၀၀၈ မှ ၄၊ ၇၊ ၂၀၀၈ အထိ
၁၀ % မှ ၃၀ % အထိ လျော့ချပြီး ရောင်းချပေးမည် ဖြစ်ပါကြောင်း
ရောင်းချမည့်နေရာကတော့ ပန်းဆိုးတန်လမ်း လောကနက် ပန်းချီပြခန်းတွင်
မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရောင်းချပေးသွားမည်ဖြစ်ပါတယ်တဲ့

6/25/2008

ပုံလေးတွေလှလားဟင်

ပြောခဲ့ဦးလေ... ဘာမှန်းလဲ မသိဘူး။ ကြည့် ပြန်သွားပြီ.....

လူတစ်မျိုး





-


 

 

 





6/24/2008

အကြံပေးစေချင်ပါတယ်

ကျွန်မရဲ့ စက်မှာ Anti-Virus အတွက် Kaspersky Anti-Virus 6 ကို တင်ထားပါတယ်။ ဒါပေမယ့် ၄ လပိုင်းမှာတင် update ကုန်နေပါပြီ။ ဒီတော့ ကျွန်မ အသစ်ထပ်တင်ဖို့ ကြိုးစားကြည့်မိပါတယ်။ ဒီတော့ ဘာလုပ်လဲဆိုတော့ အင်တာနက်ကနေ ကျွန်မ av-i386-daily.zip, av-i386-weekly.zip နှင့် av-i386-cumul.zip ဖိုင် ၃ ဖိုင်ကို download ချလိုက်ပါတယ်။ ဒီဖိုင်တွေက အမြဲနာရီမလပ် update လုပ်တယ်လို့ သိရပါတယ်။
ပြီးတော့ offline တင်ဖို့အတွက် ကြိုးစားကြည့်ပါတယ်။ အဲဒီမှာ ဘာဖြစ်လာသလဲဆိုတော့ ကျွန်မ ယူသွားတဲ့ဟာတွေက version 7 ဖြစ်နေပါတယ်။ အရင် version 6 ကို ဖျက်ချလိုက်ပြီး kaspersky 7 ကို တင်လိုက်ပါတယ်။
ကျွန်မ download လုပ်လာတဲ့ ဖိုင်တွေကို ဖိုလ်ဒါတစ်ခုနဲ့ တစ်နေရာမှာ သိမ်းပြီး Toolbar ရဲ့ အောက်လေးမှာ Kaspersky Anti-Virus icon လေးကို ကလစ်နှိပ်လိုက်ပါတယ်။ ပြီးတော့ box ပေါ်က setting ကို ဖွင့်လိုက်တဲ့အခါ Update Setting (box) ပေါ်က add ကို ထပ်နှိပ်လိုက်ပါတယ်။ ခုန ကျွန်မသိမ်းထားတဲ့ ဖိုင်တွေကို ပြန်ပြီး ညွှန်လိုက်ပါတယ်။ အဲ အဲဒီမှာ ဖိုင်သုံးဖိုင်ပဲ အမှန်ခြစ်ကလေး ခြစ်ပြီး Kaspersky Lab's update servers အမှန်လေး ဖြုတ်ထားလိုက်ပါတယ်။ သုံးခုစလုံးကို ရွေးပြီး အိုကေနှိပ်ပြီး ပြန်ထွက်လိုက်ပါတယ်။ update settings မှာ daily, weekly, cumul ဖိုလ်ဒါ သုံးခုကို တွေ့ရပါတယ်။ ပြီး ရင် apply လုပ်ပြီး ok လုပ်ပြီး ပြန်ထွက်လိုက်ပါတယ်။
ပြီးတော့ Kaspersky  ကို ပြန်ဖွင့်ပြီး Update databases ကိုကလစ် လုပ်လိုက်တဲ့အခါ update running (%) အလုပ်လုပ်တာကို တွေ့ရတယ်။ ပြီးတော့ update :complete ဆိုပြီး ပြီးသွားပါတယ်။
ကျွန်မလည်း အဆင့်ဆင့်လုပ်ကြည့်ပါတယ်။ အဲဒီမှာ အားလုံးလုပ်ပြီးတဲ့အခါမှာ error ပြပါတော့တယ်။ အားလုံးပြီးတော့ စမ်းကြည့်တဲ့အခါ run ပါတယ်။ ဒါပေမယ့် ခဏကြာတဲ့အခါ box တစ်ခု တက်လာပါတော့တယ်။ kaspersky Internet Security key notification ဆိုတဲ့ box က ခဏခဏ သတိပေးပါတော့တယ်။  ပထမ ကျွန်မလည်း မသိဘူး ရမ်းသမ်းလုပ်ကြည့်တာ။ ကျွန်မ စဉ်းစားတာက အရင် version နဲ့ ဆိုင်သလား version 7 မို့လို့လားဆိုတာ ကျွန်မလည်း မသိတော့ပါဘူး။ အလုပ်လုပ်နေရင်း တက်တက်လာတော့ ကျွန်မလည်း စိတ်မရှည်တာနဲ့ uninstall ပြန်လုပ်လိုက်ပါတယ်။ ခုလောလောဆယ်တော့ ဘာမှ ပြန်မတင်ရသေးပါဘူး။ သူများတွေ မေးကြည့်တော့ offline သုံးရင် အဆင်မပြေဘူးလို့ ပြောပါတယ်။ ဒါမှ မဟုတ် AVG ပဲ သုံးရင်လည်း ရပါတယ်လို့ပြောပါတယ်။  ဒီဟာလည်း အမြဲ update လုပ်ရတယ်လို့ ဆိုတဲ့အတွက် အမြဲ မလုပ်ရင်ကော မရဘူးလားဆိုတာပါ တွေးစရာ ဖြစ်လာပါတယ်။ အဲဒါ ကျွန်မ ဘယ် anti-Virus software ကို install လုပ်ရမယ်ဆိုတာကို ပြောပြစေချင်ပါတယ်။

6/17/2008

funny

Happy Funny!

6/16/2008

အဖေများနေ့ ဂုဏ်ပြုလျှက်


ဒီနေ့ဟာ အဖေများနေ့ဆိုပဲ သြော်... သူများပြောမှ သိရတယ် ဖေဖေ။ သမီးလေ ဖေဖေရဲ့သမီးအပေါ်ထားတဲ့ မေတ္တာစေတနာတွေ အမြဲရင်ထဲမှာ ထားမိပေမယ့် ထုတ်ဖော်မပြခဲ့မိဘူးနော်။ တစ်ခါတလေ အလိုမကျရင် ဖေဖေကိုတောင် ပြန်ပြောမိတဲ့ သမီးမိုက်တစ်ယောက်ပါ ဖေဖေ မိဘဆိုတာ ကိုယ်နဲ့ရှိနေချင်မှာ တန်ဖိုးထားရမယ်ဆိုတာ သမီးနားလည်ထားပါတယ်။ ဖေဖေရေ... သမီးလေ အမေများနေ့ပဲ မှတ်မိပြီး အဖေများနေ့ကို မေ့ထားမိတယ်။ ဖေဖေလောက်ကောင်းတာ ဒီကမ္ဘာပေါ်မှာ ရှာမတွေ့တော့ဘူးထင်ပါတယ်။ သမီး ဖေဖေကို အရမ်းချစ်တယ်။ ဒါပေမဲ့ သမီး တစ်ခါမှ ထုတ်ဖော်မပြခဲ့ဘူးနော်။ ဖေဖေ့အပေါ်ဆို အရမ်းဆိုးခဲ့ ပေခဲ့တယ်။ သမီးအလုပ်အပြန်ကို အမြဲလာကြိုတဲ့ဖေဖေကို ပင်ပန်းမှာစိုးလို့ လာကြိုတာကို ငြိုငြင်သလို ပြောမိတာဟာ ဖေဖေကို နားစေချင်လို့ပါ။ ဒါပေမယ့် စိတ်က ဖွင့်မပြောဖြစ်ခဲ့ဘူးလေ။ သမီးအလုပ်လုပ်တဲ့အချိန် အနားမှာ ခြင်ဆေးကုန်လို့ မအိပ်ဘဲ ယပ်တောင်ထိုင်ခပ်ပေးတော့ သမီး ကျိတ်ပြီး မျက်ရည်ကျမိတယ်။ ဖေဖေဟာ ငါ့အပေါ် ဒီလောက်ကောင်းတဲ့ မေတ္တာတွေ ပေးနေတာ ငါ မခံယူထိုက်ဘူးလေ။ ဖေဖေရယ် သမီးတို့ မိသားစုလေ သေမင်း မခေါ်သရွေ့  မခွဲမခွာ အမြဲနေသွားပြီး အေးချမ်းတဲ့ဘ၀လေးမှာ နေထိုင်သွားဖို့ အမြဲဆုတောင်းနေမိရင်း အဖေများနေ့ကို ဂုဏ်ပြုကြိုဆိုရင်းနဲ့ ဖေဖေကို သမီး ကန်တော့လိုက်ပါတယ်နော်။

6/14/2008

ကျွန်မရဲ့အဘွား

ကျွန်မအဘွားဆိုပေသိ၊ ကျွန်မ အမေရဲ့ အဘွားဆိုလျှင် ပိုမှန်ပါသည်။
ကျွန်မသည် မွေးကတည်းက ဖေဖေ တာဝန်ကျရာနေရာတွင် အခန်းရသဖြင့် နေခဲ့ရသည်။ ကျွန်မတို့မိသားစုသည် ဖေဖေ အလုပ်ပိတ်ရက်တွင် အဘွား အိမ်ကို သွားလည်ဖြစ်ခဲ့သည်။ ကျွန်မတို့မိသားစုအဘွားနဲ့ နေဖြစ်ခဲ့သည်မှာ ကျွန်မငယ်ငယ်တုန်းက အဖျားအလွန်ကြီးပြီး နေမကောင်း ဖြစ်တာကို ဘွားဘွား သိသွားသဖြင့် သူသည် ညကြီးမိုးချုပ် အဘွားရဲ့သမီး အငယ်ဆုံး ကို ခေါ်ခိုင်းပါသည်။ နောက်ဆုံးတွင် ကျွန်မကို စိတ်မချသဖြင့် သူတို့နဲ့ အပြီးလာနေရန် ခေါ်သဖြင့် ကျွန်မတို့မိသားစု သုံးယောက် ပြောင်းခဲ့ရ ပါသည်။
    ဘွားဘွားကော ဘဘကော စိတ်နှလုံးကောင်းပြီး အများကို ကူညီဖို့ ၀န်မလေးကြသူများ ဖြစ်ပါသည်။ ဘွားဘွားသည် ငယ်ကတည်းက သူ့ကျွေးတဲ့မုန့်ကို ကျွန်မကို အမြဲခေါ်ခေါ် ကျွေးခဲ့ပါသည်။ ဘယ်တော့မဆို သွန်သင်ဆုံးမပြီး ယဉ်ကျေးအောင်၊ လူအများကို ကူညီတတ်အောင်၊ စိတ်ကောင်းနှလုံးကောင်းရှိဖို့ အမြဲဆိုဆုံးမခဲ့ပါသည်။ ကျောင်းစနေတော့ ကျွန်မ အဖော်ရအောင်ဆိုပြီး ၀မ်းကွဲအစ်ကိုကို အိမ်ခေါ်ထားပြီး ကျောင်း အတူတူ နေစေခဲ့ပါသည်။ ၀မ်းကွဲအကိုသည် သူ့အိမ်တွင် ကျောင်းနေစဉ်က ၂ တန်းရောက်နေပေမယ့် ကျွန်မနဲ့အတူတူ တက်ဖို့ သူငယ်တန်းကို ပြန်ဆင်း ပြီး အပ်ခဲ့ပါသည်။ သူတို့ရွာတွင် အင်္ဂလိပ်စာကို ၂ တန်းထိ မသင်သေး သရွေ့ ကျွန်မက အစ်ကိုကို ဆရာလုပ်ပြီး သင်ပေးခဲ့ပါသည်။ ဘိုးဘိုးဆိုလျှင် လည်း ခဲတန်ကအစ သေချာ ချွန်ပေးပါသည်။ ဘွားဘွားသည် အလွန် စည်းကမ်းကြီးသူ ဖြစ်ပါသည်။ အိမ်မှာ ရှိသောသူများအားလုံး စည်းနဲ့ ကမ်းနဲ့ နေထိုင်စားသောက်သွားလာ လုပ်ရပါသည်။ အချိန်တန်လို့ ပြန်မလာလျှင်လည်း အလွန်စိတ်ပူတတ်ပါသည်။ နောက်တော့ ကျွန်မတို့ မောင်နှမတွေအားလုံး အဘွားရဲ့ အရိပ်ကို ခိုခဲ့ကြရတယ်ဆိုပါတော့။ ကျွန်မတို့ မောင်နှမအားလုံးသည် သိတတ်စအရွယ်။ စကား ကောင်းကောင်း တတ်သည့် အရွယ်၊ ကျောင်းမနေခင်ကတည်းကပင် အဘွား သင်ပေးသည့် အကြောင်းအရာတွေနှင့် ပျော်ခဲ့ရသည်။
    ဘွားဘွားသည် ငယ်တည်းက ရေစိမ်းကို တစ်ခါမှ သောက်ခဲ့တာ ကို မတွေ့ခဲ့ရဘူး။ ဘယ်တော့မဆို ရေနွေးပဲသောက်တာ တွေ့ရပါသည်။ သူ့အိပ်ရာဘေးမှာ မုန့်ဗူးတွေ၊ သူ စားချင်တဲ့အချိန် ထစားဖို့ ထမင်းအိုးက အစ ထားရှိပါသည်။ ဘွားဘွားသည် သူ့ကို နှိပ်ပေးတိုင်း ဂျပန်ခေတ်က ဘယ်လို ဆိုတာက အစ ကျွန်မ မသိ၊ မမြင်ခဲ့ရတဲ့အကြောင်းအရာတွေကို ပြောပြပါသည်။ ကျွန်မတို့မောင်နှမတွေကတော့ ဘွားဘွားနဲ့နေခဲ့ရတာကို ခုထိ မမေ့သလို ကျွန်မတစ်သက်မှာ ဘယ်တော့မှ မေ့မည်မဟုတ်ပါ။ ကျွန်မရယ် အစ်ကိုဝမ်းကွဲရယ် ကျောင်းချိန်အပြန်ဆို အချိန်သတ်မှတ်ပေးပါ သည်။ အဲဒီအချိန်အတွင်း မရောက်လည်း နှစ်ယောက်စလုံး ရိုက်ခံရ ပါသည်။ အသက်ကလေး နည်းနည်းရလာတော့ ကျွန်မအစ်ကိုက ကျွန်မနဲ့ ကျောင်းအတူမသွားချင်တော့ဘူးလေ။ သူ့ကို စမှာ အရမ်းကြောက်တာကိုး။ ဒီတော့ အိမ်က သွားရင် တူတူသွားပြီး လမ်းရောက်ရင် သူ့ဘာသာ သွားတော့တယ်။ ဒီလိုပဲ ပြန်လာရင်လည်း သူက သူ့သူငယ်ချင်းတွေနဲ့ ပြန်လာပြီး အိမ်နားရောက်ရင် စောင့်ပြီးမှ တူတူပြန်ရတယ်။ တစ်ရက်တော့ ကျွန်မလည်း ဗိုက်ဆာတာနဲ့ အစ်ကို့ကို မစောင့်ပဲ အိမ်တန်းပြန်သွားခဲ့ ပါတယ်။ အိမ်ရောက်တော့ အစ်ကို့ကို မေးတော့ နောက်မှာလို့ ပြောတော့ ဘွားဘွားသည် အိမ်ပေါ်မှ ဆင်းသွားပြီး တုတ်တစ်ချောင်းနဲ့ အိမ်ပေါက်ဝမှာ စောင့်နေပါတယ်။ အစ်ကိုလည်း ရောက်ရော ဘာမှမပြောပဲ ဆီးပြီး ရိုက်ပါ တော့တယ်။ ဒါနဲ့ အစ်ကိုကလည်း ကျွန်မကို မျက်နှာငယ်နဲ့ လှမ်းကြည့် ပါတယ်။ ကျွန်မက ဘွားဘွားရဲ့အနောက်ကနေ ပြောင်ပြမိတယ်။ နောက်နေ့ လည်း ရောက်ရော ကျွန်မအကိုက ကျွန်မကို မစောင့်ဘဲ ပြန်သွားတယ်လေ။ ပထမနေ့က ကျွန်မလုပ်လို့ သူ ရိုက်ခံရတယ်ဆိုပြီး ကျွန်မ အရိုက်ခံရအောင်  ပြန်သွားတာလေ။ အိမ်လည်း ရောက်ရော ကျွန်မကောလို့ ဘွားဘွားက မေးတော့ နောက်မှာလို့ သူပြောတယ်။ ကျွန်မကလည်း ဘယ်ရမလဲ။ အိမ်ပေါက်ဝလည်း ရောက်ရော ငိုပြီး ဘွားဘွားကို တိုင်တာပေါ့။ အစ်ကိုက သမီးကို မစောင့်ဘူး အိမ်ကို ပြေးပြီးပြန်သွားတယ်လို့ သမီးက အမှီလိုက်တာ မရဘူးလို့ ဘွားဘွားကို တိုင်လည်း တိုင်ရော ဘွားဘွားက ညီမလေးကို မစောင့်ရကောင်းလားလို့ ဆူပြီး ထပ်ရိုက်ခံရပြန်ရော။ ဘွားဘွားက ကိုယ့်မိသားစုမှမဟုတ်၊ သူစိမ်းတွေကိုလည်း အမြင်မတော်တာတွေ့ရင် ဆုံးမတတ်ပါတယ်။
ကျွန်မတို့မောင်နှမတွေအားလုံး ဘွားဘွားကို အရမ်းချစ် ပါတယ်။ ကျွန်မအလုပ်စလုပ်တော့ ဘွားဘွားက သွားရင် သွားတော့မယ် ပြန်လာရင် ပြန်လာပြီဆိုပြီး ပြောမှ သဘောကျတယ်။ ထမင်းကိုလည်း ဘွားဘွား ချက်ပြီး ထည့်ပေးတယ်။ ဘွားဘွား အသက်လေး နည်းနည်းရ လာတော့ သိပ်ပြီး အပြင်မသွားတော့ဘူး။ နားကလည်း နည်းနည်းမကောင်း တော့ဘူးဆိုပါတော့ မျက်စိကလည်း ကွယ်တာတော့ မဟုတ်ဘူး သိပ်မမြင် တော့ဘူး။ အသက်ကလည်း ၈၀ ကျော်လာပြီလေ။ အဲ ဒါပေမယ့် သူ့ကွယ်ရာမှာ တိုးတိုးနဲ့ သူ့အကြောင်းပြောရင် ကြားတယ်။ နင်တို့ ငါ့အတင်း မပြောနဲ့ ငါကြားတယ်တဲ့။ ကျွန်မမောင်လေး အငယ်ဆုံးမွေးပြီး နောက်ပိုင်း မောင်လေးကို ထိန်းပေးရှာတယ်။ မောင်လေးက စကားပြော တတ်တဲ့အရွယ်ရောက်တော့ မေမေတို့ကို ပြောတယ်။ ဘွားဘွားက သူငယ်ပြန်နေလား မသိဘူးတဲ့။ သား ဆော့တဲ့ကားကို ယူဆော့တယ်လို့ ပြောတော့ ဘွားဘွားက ကြားသွားပြီး အောင်မယ် ငါ့ကိုများ သူငယ်ပြန် တယ်လေး ဘာလေးနဲ့ သူ နေအောင်လည်း ထိန်းရသေးတယ်တဲ့။ ဒီိလို ပြောရှာတာပါ။ ဘွားဘွားက အမြဲတမ်း သက်ကြီးပူဇော်ပွဲဆို ရှေ့က သွားကန်တော့ခံရတယ်လေ။ ဆွေမျိုးတွေကြားထဲမှာလည်း ဘွားဘွား တစ်ယောက်ပဲ အသက်ကြီးတာ ကျန်တော့တာ။ ကျန်တာက မရှိရှာတော့ဘူး။ ဘွားဘွားက အသက် ၉၀ ကျော်လာပေမယ့် ဒေါင်ဒေါင်မြည်ပဲလေ။ ဘယ်သူမှ သူ့ကို တွဲမကူရဘူး။ ကျွန်မ အလုပ်စလုပ်လို့ရတဲ့ လစာကို အဘွားကို ကန်တော့တော့ အဘွားက မျက်ရညတောင် ကျရှာတယ်။ သမီး သုံးဖို့ သိမ်းထားပါတယ်။ ကျွန်မအတွက်ဆို သူ့ကို လာကန်တော့သမျှ မုန့်တွေ အမြဲကျွေးတယ်။ ပြီးတော့ အလုပ်သွားတော့မယ်လို့ ပြောရင် သူ့အနားကို ခေါ်ပြီး ကျွန်မကို စမ်းတယ်။ ပိန်သွားတယ်။ ၀လာပြီလို့ သူ စမ်းပြီး ပြောရှာတယ်။ ပြီးတော့ ကျွန်မရဲ့ ဆံပင်တွေကို အမြဲကိုင်ကြည့်ပြီး ဆံပင်တွေ မညှပ်ရဘူးနော်လို့ အမြဲမှားတယ်။ ကျွန်မ အလုပ်က ပြန်အလာကို နေတိုင်းမျှော်တယ်လေ။ ကျွန်မ ပြန်လာရင် မုန့်ဝယ်လာတာကိုး ပြီးတော့ တစ်လတစ်ခါလည်း ရတဲ့ လစာတည်းက ကန်တော့ရင် ကျွန်မကို ပြောရှာတယ်။ သမီးရယ် အင်္ကျီဝယ်ဝတ်ပါတဲ့။  ကျွန်မခရီးသွားလို့ ပြန်လာရင် အဘွားအတွက် အမြဲတစ်ခုခု ၀ယ်လာတယ်။
ဘွားဘွားသည် အမြဲတမ်းမှန်တဲ့သူ ဘက်က လိုက်တတ်တာကို ကျွန် မ သဘောကျမိပါတယ်။
ဒါနဲ့ပဲ ဘွားဘွားနဲ့ နေလာလိုက်တာ ဘွားရဲ့အသက် ၉၀ ကျော်တော့ အဘွားက ညည်းရှာတယ်လေ။ သူ မနေချင်တော့ဘူးတဲ့။ သေမင်းက လာမခေါ်လို့တဲ့ ပြောတော့ ဘွားဘွားရဲ့ တူက ဘွားဘွားကို နောက်တယ်လေ။ ``ဒေါ်လေးရယ်.... သေမင်းက ဒေါ်လေးကို လာခေါ်မှာ မဟုတ်ဘူးတဲ့ ဘာလို့လဲဆိုတော့ ဒီအဘွားကြီးက မသေခင်တည်းက  ငါ့ကို ပူညံနေအောင် လုပ်တယ်။ နားငြီးတယ်လို့ ပြောတယ်ဆိုပြီး နောက်တယ်လေ။ အဲဒီဦးလေးလည်း မကြာခင် ဆုံးသွားတယ်လေ။ ဦးနှောက်အာရုံကြောပြတ်ပြီးတော့လေ။ ကျွန်မ အလုပ်ပြန်တိုင်း မျှော်တတ်တဲ့အဘွားအတွက် အမြဲ မုန့်ဝယ်သွားဖြစ်တယ်။ ဘွားဘွားက စာလေးခွေတို့၊ ကြံတို့၊ မာလကာသီးလည်း စားတယ်။ ဘွားဘွားက သီလအရမ်းကောင်းတယ်။ ကျန်းမာရေးလည်းကောင်း၊ သီလလည်းကောင်း၊ စိတ်ထားလည်းကောင်းတယ်။ ဒီလိုအဘွားနဲ့ အမြဲအတူနေရတဲ့ကျွန်မအတွက်လည်း ၀မ်းသာဖို့ အရမ်းကောင်းတယ်လေ။ ညနေဆို အလုပ်က အပြန်ကို မျှော်တတ်တဲ့အဘွားအတွက် မုန့်ဝယ်နေကြဆိုင်မှာ မုန့်အမြဲဝင်တယ်။ တစ်နေ့တော့ ဘွားဘွားကြိုက်တတ်တဲ့ စာကလေးခွေတွေ ၀င်လာခဲ့မိတယ်။ လမ်းထဲဝင်တော့ လမ်းထိပ်က လူတွေက ဘာလို့ ငါကို နှုတ်မဆက်ကြတာလည်း မသိဘူးလို့ စဉ်းစားရင်း လာတာ အိမ်က ထူးထူးဆန်းဆန်း ဘာလို့ လာကြိုပါလိမ့်လို့ တွေးမိတုန်း လာကြိုတဲ့မောင်လေးက အနားရောက်တာနဲ့ ပြောလိုက်တဲ့စကားကြောင့် ကျွန်မ ရင်ထဲမှာ စို့နစ်သွားမိတယ်။ ``မမကြီး ဘွားဘွားဆုံးသွားပြီ´´ လို့ ပြောတော့ ကျွန်မ မနည်းအားယူပြီးတော့ ဘယ်အချိန်က ဆုံးတာလည်း မေးတော့ ညနေ ၄ နာရီ ကျော် လောက်က အိပ်နေတာ မနိုးလို့ သွားကြည့်တော့ အသက်မရှိတော့ဘူးတဲ့။ သြော်... ဘွားဘွား ငါတို့ကို ထားခဲ့ပြီနော် ငါ ၀ယ်လာတဲ့မုန့်ကို ဘယ်သူ့ကိုကျွေးရမှာလဲ´´ ဘွားဘွားရဲ့ အသက်တောင် ကျွန်မ မမှီခဲ့ပါဘူး။ ဒါနဲ့ပဲ ၂၀၀၇ ခုနှစ် ၁၁ လပိုင်း ၁၁ ရက်မှာ ဘွားဘွားသမီးတို့အနားကနေ ခွဲခွာခဲ့တာဆို ခုဆို ၇ လတင်းတင်းပြည့်ခဲ့ပြီပေါ့။ ဘွားဘွား သမီးတို့ကို ဘယ်လိုပဲ ခွဲခွာခွဲခွာခဲ့ ဘွားရဲ့အရိပ်၊ ဘွားရဲ့အသံ၊ ဘွားရဲ့အမြဲဆုံးမနေတဲ့ပုံရိပ်တွေ သမီးတို့နားမှာ အမြဲရှိနေပြီး ဘွားဘွား ကောင်းရာဘုံဘ၀ကနေ သမီးတို့ကို စောင့်ရှောက်နေလိမ့်မယ်ဆိုတာကို သမီးယုံကြည်နေမိတယ်။ဘွားဘွားရယ် သမီး အမြဲသတိရနေမိတယ်။ ခုဆို ဘွားအတွက် ၀ယ်မယ့်မုန့်အစား သမီး ဘုရားမှာ ကောင်းမှုကုသိုလ်လုပ်ပေးနေပါတယ်။ ဘွားဘွား ကောင်းရာ ဘုံဘ၀မှ သာဓုခေါ်နိုင်ပါစေနော်။

6/11/2008

amazing tree ! , look like woman

Naree means 'girl/woman' and

pol means plant/tree or 'buah' in Malay.

It means women tree.

 

It is amazing what God create the World in many forms

that amused human beings....

You can see the real tree at Petchaboon province about

almost 500 kms away from Bangkok

 

 

 

 

 

 

This is amazing tree named 'Nareepol' in Thai.







6/09/2008

ဆော့ကြမယ်လေ


တစ်ယောက်တစ်လှည့်စီးမယ်နော်....

သိုးလေးတွေထဲမှာ ဘယ်သူပါလဲသိလား


သိုးမလေးလည်း ပါတယ်နော်။ သေချာရှာကြည့်.....

လိမ္မော်သီးစားချင်သူများအတွက်

ဟိတ်.... မျက်စိတစ်ဖက်ညောင်းလို့နော်... ဟဲဟဲ

6/08/2008

ဖိတ်ခေါ်ချင်လို့ပါ

မလုပ်တတ်လုပ်တတ်နဲ့ လုပ်ထားတာပါနော်။

6/07/2008

အားလုံးရဲ့အမေ

 

ကမ္ဘာမြေပေါ် ခြေမချခင်ကတည်းက
ကိုးလလွယ် ဆယ်လဖွား
မငြီးမငြူ စောင့်ရှောက်ခဲ့တဲ့အမေ
သားသမီးတွေအတွက် အမေဟာ
စမ်းချောင်းကလေးတစ်ခုပေါ့။

အေးမြမေတ္တာ အကြင်နာတွေ အမြဲပေးတဲ့
အမေ့ရဲ့အရိပ် လွှမ်းမိုးနေခဲ့
လောကမှ အမေဆိုတာ
သားသမီးတွေအတွက် မရှိမဖြစ်
ရေကြည်တစ်ပေါက်ပေါ့။

ဘ၀လှိုင်းထန် ဘယ်လိုပင်ကြမ်းကြမ်း
အပြုံးမပျက် မေတ္တာဖက်လျက်
သားသမီးမျက်နှာ တစ်ချက်မညှိုးအောင်
ပြုစုစောင့်ရှောက် လမ်းတစ်လျှောက်ပေါ့။
သားသမီးဆို လိမ်မာ ဆိုးပေ မခွဲခြားပဲ
မေတ္တာမပျက် ဆက်ချစ်လျက်ပေါ့။

အမေရဲ့မေတ္တာဟာ
စမ်းချောင်းလေးဆိုတဲ့အတိုင်း
တသွင်သွင် တငြိမ်ငြိမ်အေးချမ်းတဲ့အသွင်နဲ့
အစဉ်အမြဲ စီးဆင်းနေစမြဲပေါ့။

အမေဟာ
သားသမီးတွေရဲ့အရိပ်
သားသမီးတွေရဲ့ဘဝ
ဘုရားရှင်သော်မှ အမေ့ကျေးဇူး
နို့တစ်လုံးဖိုးသာ ကျေအောင်ဆပ်နိုင်ခဲ့တယ်တဲ့
သာမန်သားသမီးတွေအတွက်တော့
မြင်းမိုရ်တောင်မက ကျေးဇူးကြီးလှ
မာတာမိခင် ကျေးဇူးရှင်ကို
ကျေးဇူးကျေအောင်
ဘယ်လိုဆပ်မည်နည်း....

6/05/2008

ပျော်ရွှင်နိုင်ကြပါစေ....

 

[][][][][][][]

'Do These Facial Exercises every two hours . . . It is good for your stress relief      :-)
 

 

 


HAVE A GREAT DAY!

CHEERS,


 

 

 

 

 

 

 

 

 

 

 

 

6/02/2008

မြန်မာအမျိုးသမီးဆိုတာ အဘယ်နည်း ?


 အင်း... ကျွန်မ ခုပြောမဲ့ အကြောင်းအရာကတော့ မြန်မာမိန်းကလေးများ မြန်မာပီသပြီး ယဉ်ကျေးမှုကို ထိန်းသိမ်းစေချင်တဲ့ စေတနာတစ်ခု  ကျွန်မရဲ့ စိတ်မှာ ကိန်းအောင်နေမိပါတယ်။ ကျွန်မကတော့ ဗုဒ္ဓဘာသာပီပီ ကံ၊ကံ၏အကျိုးတရားကြောင့် မိန်းမဖြစ်လာရပေမဲ့ မြန်မာမိန်းမလေးဘ၀ ဖြစ်လာရတာကို ၀မ်းမနည်းပါဘူး။
 ဂုဏ်တောင်ယူမိပါသေးတယ်။ ဒီလိုပဲ ကိုယ့်မြန်မာအမျိုးသမီးတွေရဲ့ဘ၀ကို အားကျပြီး စိတ်ဝင်စားတဲ့ အနောက်နိုင်ငံအများစုလည်း ရှိပါတယ်။ ကမ္ဘာမှာမြန်မာဟေ့လို့ ပြောလို့ရအောင် မြန်မာ့ယဉ်ကျေးမှုဟာတိုင်းတပါးတွေနဲ့ မတူအောင် သိမ်မွေ့နုးညံ့လှပါတယ်။ မြန်မာအမျိုးသမီးတွေနဲ့ သိမ်မွေ့လှတဲ့အပြုအမူ၊ ၀တ်စားဆင်ယင်ပုံတွေဟာ ခုမှမဟုတ်ပါဘူး။
ဟိုးရှေးခေတ်ထဲကရှိခဲ့ပါတယ်။ကျွန်မကိုခင်တဲ့သူတွေက မေးကြပါတယ်။ မြန်မာပြည်ကိုချစ်တယ်နော်တဲ့။ နို့ ဘာလို့မေးလိုက်တော့ မဟုတ်ပါဘူးတဲ့။ နိုင်ငံခြားကို အထင်မကြီးလို့တဲ့။ကဲ စဉ်းစားသာကြည့်တော့။ ကိုယ်မြေကိုယ်ရေလောက် ဘယ်အရာမှမကောင်းပါဘူး။
 ခုနောက်ပိုင်းမိန်းကလေးပဲဖြစ်ဖြစ်၊ယောက်ျားလေးပဲဖြစ်ဖြစ် နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်သွားလုပ်၊ ကျောင်းသွားတတ်ကြတာတွေ ဒုနဲ့ဒေးပါပဲ။ ခဏသွားတာဆိုကောင်းပေမဲ့ အပြီးဆိုရင်တော့ဖြစ်နိုင်ပါ့မလားလို့ စဉ်းစားမိတယ်။ ကိုယ်နေတဲ့ဝန်းကျင်မှာတောင် မိန်းကလေးအများစုဟာ သရုပ်ပျက်အနောက်တိုင်းယဉ်ကျေးမှုတွေကို လွှမ်းမိုးခံနေကြရပြီလေ။
 တစ်ခါတလေလည်း ယိုသူမရှက် မြင်သူရှက်ဆိုသလို တွေ့တွေ့လာတာ ရင်ထဲမကောင်းဘူး။ နိုင်ငံခြားသား^သူတွေက မြန်မာဝတ်စုံတွေကို မြတ်နိုးစွာဝတ်ဆင်ကြတဲ့အချိန်မှာ မြန်မာကလူတွေက ဗရုတ်သုခအနောက်တိုင်းဟန်တွေနဲ့ကိုယ့်ကိုယ်ကိုအထင်ကြီးနေကြတာဆိုရင် အတော်များများတွေ့နေရတယ်။
 မြန်မာဆန်ဆန်ဝတ်တဲ့သူတွေကိုတောင် နှာခေါင်းရှုံ့ချင်ကြသေးရဲ့။ ပြန်စဉ်းစားကြည့်စမ်းပါ။ မြန်မာတွေရဲ့ဝတ်စားဆင်ယင်ပုံ၊ ရိုးရာဓလေ့ နောက်မြန်မာမှုမြန်မာ့ဟန်နဲ့လုပ်တဲ့ ရိုးရာပွဲတော်တွေ ဘယ်လောက်ကျက်သရေရှိသလဲ။ ခုဆို မြန်မာအမျိုးသမီးတော်တော်များများ ပိုက်ဆံရရင်ပြီးပြီးရော လုပ်ချင်ရာလုပ်နေတာတွေဟာ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သိုးသွားသလို ခံစားမိပါတယ်။ ခုနောက်ပိုင်း တွေ့ရတာတွေက ခေတ်ရှေ့ပဲ ပြေးနေတာလား။ ခေတ်ဆန်နေတာလား။ ကိုယ်ကပဲ ခေတ်တုံးနေတာလားဆိုတာ မသိတော့ပါဘူး။
 ကျွန်မကတော့ လူသာဆင်းရဲရင်ဆင်းရဲမယ်။ စိတ်ဓါတ်တော့ဘယ်တော့မှ မဆင်းရဲစေရဘူး။ လောကမှာလူသာသေပြီး နာမည်မသေဖို့အရေးကြီးဆုံးပဲ။ လူတစ်ယောက်ရဲ့ကိုယ်ကျင့်တရား၊ သိက္ခာ၊ အကျင့်သီလ ဒါတွေဟာ ဘာနဲ့မှလဲလို့မရပါဘူး။ ကျွန်မတို့နိုင်ငံဟာ သူများနိုင်ငံနဲ့ယှဉ်ရင် အလွန်သေးငယ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာတစ်လွှားမှာ မြန်မာဟေ့လို့ေ<ကးကြော်ချင်ပါတယ်။
 လူတိုင်းလူတိုင်းဟာ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ရိုးရာကို ထိန်းသိမ်းကြမယ်ဆိုရင် ကျွန်မ၀မ်းသာမိမှာပါ။ မြန်မာဝတ်စုံဟာ မြင်သူတကာရဲ့ရင်မှာ အေးမြခြင်း၊ ကြည်နူးခြင်း၊ လှိုက်လှဲနွေးထွေးမှုကို  ပေးစွမ်းနေတယ်လို့ ကျွန်မမြင်မိတယ်။ မနေ့ကတောင် နိုင်ငံခြားသူတစ်ဦးက မြန်မာလိုဝတ်ပြီး သူ့ကလေးတွေကို မြန်မာရိုးရာအ၀တ်အစား ၀တ်ပေးထားတာ ကျွန်မမြင်မိတော့ ၀မ်းသာကြည်နူးမှုကို ရင်ထဲဖြစ်ပေါ်လာမိပါတယ်။
 ကိုယ့်လူမျိုးမဟုတ်တဲ့သူ ၀တ်တာတောင် ဒီလိုဖြစ်နေရင် ငါ့လူမျိုးတွေသာ ဒီလိုဝတ်ဆင်နေကြတာကို အမြဲမြင်တွေ့ရမယ်ဆိုရင် ပိုတောင်ကောင်းမယ်လို့လည်း တွေးမိပါတယ်။ လောကမှာ ကိုယ်တစ်ယောက်တည်း အသက်ရှည်နေတာမှ မဟုတ်တာ မိဘ ဘိုးဘွားမောင်ဘွားတွေနဲ့ ကြီးပြင်းနေကြရတဲ့ ၀န်းကျင်မှာ ဒီလောက် သရုပ်ပျက်တွေ မရှိသင့်ဘူးလို့လည်း တွေးမိပါတယ်။ ကျွန်မစိတ်ထဲ ရှိတာတွေချရေးရမယ်ဆိုရင် ရေးလို့တောင်မကုန်ပါဘူး။  မြန်မာအမျိုးသမီးများ ယဉ်ကျေးသိမ်မွေ့ပြီး မြန်မာမှုမြန်မာဟန်နဲ့ ကျက်သရေရှိတဲ့ဘ၀များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်မ ဆုတောင်းနေမိပါတော့တယ်။.....