12/31/2007

ဒီဇင်ဘာ ၃၁ ည ရင်ခုန်သံ

ဒီဇင်ဘာ ၃၁ ည ရင်ခုန်သံ
(၂၀၀၈ ကို ကြိုဆိုလျက်)

ဘလောဂ့်လောက အစပြုခဲ့
ဘလောဂ့်မောင်နှမတွေသည်
ချစ်ခင်ကြည်ဖြူ
ညီတူလက်တွဲ
တစ်ယောက်အခက်အခဲ
တစ်ယောက်ကူညီ
နှစ်ဟောင်းမှ နှစ်သစ်သို့
တိုင်ခဲ့လေပြီ...
အဆုံးမရှိ နှဏ်များစွာတွင်း
ရင်းနှီးစိတ်ရင်း
ဒီစိတ်နဲ့ပင်
လာမည့်နှစ်များ
ဖြတ်သန်းချင်သည်
၂၀၀၇ ဒီဇင်ဘာ ၃၁
ည ၁၂ နာရီမှ တည်စေသော်....

(နှစ်ဟောင်းမှနှစ်သစ်များစွာတိုင် ယမင်းဖြစ်ချင်သည့်အကြောင်းအရာကို ထုတ်ဖော်လိုက်ပါတယ်။ ယမင်းရဲ့စိတ်ရင်းကို ဒီကဗျာနဲ့ တံတားလို ခင်းပေးလိုက်ပါပြီ။ ယမင်းရဲ့စိတ်ရင်းတံတားလေးပေါ်ကနေ ဘလောဂ့်မျှော်စင်များ ဆက်လက် တည်ဆောက်နိုင်ကြပါစေနော်။)

ဒီဇင်ဘာ ၃၁ ရက် ည ရဲ့ ဖြတ်သန်းခဲ့ရသောနှစ်များ

အင်း မောင်ရန်က ရေးဖို့ လာ Tag သွားတဲ့အတွက် မရေးရင်လည်း မကောင်း၊ ရေးပြန်ရင်လည်း မရေးတတ် ဘယ်လိုလုပ်ရပါ့။ များများရေးရမလား နည်းနည်းရေးရမလား ဖြတ်သန်းခဲ့ရတဲ့နှစ်တွေက မနည်းတော့ဘူးလေ။ ဒီတော့ နိဒါန်း မစ၊ စာကိုယ်မရေး၊ နိဂုံးဘဲ ရေးလိုက်တော့မယ်နော်။ ကောင်းတယ်မလား။ လူလောကကို စပြီရောက်ပြီးသကာလ လူမှန်းသိတတ်စလို့ဘဲ ပြောရတော့မှာပေါ့။ ဒီလိုနေ့ရက်တွေဆို ပျော်ရွှင်ခဲ့ရဖူးတယ်။ ငယ်တုန်းကတော့ အဲလောက်ကြီး မဟုတ်ပေမဲ့ နည်းနည်းကြီးလာတော့ ယမင်းတို့ ရပ်ကွက်ထဲမှာ လူငယ်တွေစုပြီး လူကြီးတွေကို ဒုတ်ခပေး အဲ အကူအညီတောင်းတာပါ။ အတင်း အေးဓားပြတိုက် ပိုက်ဆံတောင်း၊ ပြီးရင် လမ်းလယ်ကောင်မှာ မီးဖို ဖို အမြဲတစ်ခုမဟုတ် တစ်ခု လုပ်စားကြတယ်။ ငယ်တုန်းက လူကြီးတွေလုပ်တော့ ကိုယ်က ချက်ပြီးရင် စားချင်တာပေါ့။ သူတို့က အခု မစားရသေးဘူး။ New year အော်ပြီးမှ စားရမှာလို့ပြောတာနဲ့ ကလေးတွေစုပြီး happy new year လို့ ကုန်းအော်တော့တာပါပဲ။ ဒါကို လူကြီးတွေက ဟဲ့ ည ၁၂ နာရီထိုးမှ အော်ရမှာ ခု မအော်ရသေးဘူးလို့ပြောတော့ ကိုယ်တွေက အိပ်ချင်နေတာကိုး။ စားပြီးအိပ်မယ်ဆိုပြီး အော်တာပေါ့။ နောက်ပိုင်း အလုပ်ဝင်တော့ ရပ်ကွက်ထဲမှာ မပျော်ရတော့ဘူး။ ရုံးက ပွဲလုပ်တော့ အဲဒီပွဲမှာ တစ်ညလုံး အိပ်ငိုက် အဲ မှားလို့ ပျော်ရတော့တာပေါ့။ ဟိုးအရင် ရုံးတုန်းကတော့ အင်းယားနားက ခြံထဲမှာ လုပ်တယ်။ ပွဲမလုပ်ချင် အင်းယားကန်ဘောင်ပေါ် လျှောက်သွားလိုက်နဲ့ ပျော်ဖို့ကောင်းတယ်။ အဲ ပွဲကို မသွားခင် ရုံးမှာ လူစုပြီး ATT ကစားကွင်းမှာ သွားဆော့ပြီးမှ ပါတီပွဲကို သွားတာ။ ပြီးမှ ပွဲမှာ တစ်ညလုံး မဲနှိုက်၊ သီချင်းဆို၊ မီးပုံပွဲနဲ့ ၁၂ နာရီထိုးခါနီးကျရင် အားလုံး မတ်တတ်ရပ်ပြီး နာရီသံ နားထောင်ပြီး အော်ရတာ အပြင်က ဖြတ်သွားတဲ့သူတွေကလည်း တွေ့တဲ့သူတိုင်း လှမ်းအော်နှုတ်ဆက်ကြသေးတယ်။ အင်း ပြီးခဲ့တဲ့ နှစ်ကတော့ သူငယ်ချင်းတွေနဲ့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ရှိုးပွဲကြည့်ပြီးတော့ ကစားသေးတယ်။ ကစားတာက ဘာမှမဟုတ်ဘုး။ ဟိုဘက်ဒီဘက် အနိမ့်အမြင့်ကို စီးတာလေ။ ပြောရဦးမယ်။ ယမင်းနဲ့ စီးတဲ့သူက ၀တယ်လေ။ သူက ထိုင်လိုက်တော့ ယမင်းဘက်က မိုးပေါ်ထောင်သွားရော ဒါနဲ့ နောက်သူငယ်ချင်းတစ်ယောက်က လာဖိပေးမှ စီးလို့ အဆင်ပြေသွားတယ်။ ဟဲဟဲ ဒါကို သူငယ်ချင်းက ဒီပြင်ဟာ ဆော့တဲ့ သူ မဖိပေးတော့ဘူးတဲ့။ လာဖိပေးတော့ သူက မဆော့ရဘူးတဲ့။ ဒါန်းစီးပါလားတဲ့။ ဒါနဲ့ လွှဲပေးမလား မေးလိုက်တာပေါ့။ လွှဲပေးမှ စီးလို့ကောင်းတာလေနော်။ သူက ဘာမှမလွတ်ပါလားဆိုပြီး လွှဲံပေးရှာပါတယ်။ ဒီလောက်ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းကောင်းရထားတာ နင်တို့ ကံကောင်းတယ်လို့ ပြောလိုက်တယ်။ ဟုတ်တယ်မလား။ ၁၀ နာရီထိုးလည်းကျရော ပိတ်ပါလေရော။ ဒါနဲ့ သူငယ်ချင်းအိမ်မှာစုပြီး စားကြသောက်ကြနဲ့ တစ်ညလုံး မအိပ်ကြေးလုပ်ကြတယ်။ ဒီနှစ်တော့ ဘယ်လိုဖြတ်သန်းရင် ကောင်းမလဲဆိုတာ အကြံပေးပါဦးလို့ တောင်းဆိုရင်း နှစ်ဟောင်းကုန်လို့ နှစ်သစ်ကုးတဲ့နေ့မှစ၍ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး Óဏ်ပညာများ ဒီ့ထက် ဒီ့ထက် တိုးတက်အောင်မြင်ပြီး ယမင်းဆီ အမြဲလာလည်နိုင်ကြပါစေလို့ ဆုတောင်းနေမိပါတော့တယ်။

(မောင်လေး ရန်ရေ... ရင်ထဲရှိတာတွေ အကုန်ချရေးရင် တစ်ထောင့်တစ်ညပုံပြင်ဖြစ်မှာစိုးလို့ အနှစ်တွေဘဲ ရင်ဖွင့်လိုက်ပြီနော်။ ခုလို ဖိတ်ခေါ်တဲ့အတွက် ၀မ်းသာမိပါတယ်။ တို့ ဘလောဂ့်မောင်နှမတွေ ရေစက်ရှိနေဦးမယ်ဆိုတာ ယုံကြည်မိပါတယ်။)

ထပ်ပြီး ဖိတ်ခေါ်ချင်တဲ့သူတွေကတော့ အကိုသင်္ကြန်၊ မောင်လေး နေဘုန်းလတ်၊ မောင်သင်ကာ၊ ကိုဝေ၊ မောင်လေးမျှားပြာ၊ ညီမလေး သိုးမလေး၊ ညီမလေး မိုးချစ်သူတို့ပဲ ဖြစ်ပါတယ်။

12/29/2007

ဒီနေ့ သတင်းကောင်းလေးကို မတိမ်းမစောင်းဘဲ ဘိန်းမောင်းတီးလိုက်ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့မှ စပြီး ဇန်န၀ါရီလ ၆ ရက်နေ့ထိ
မနက် ၈ နာရီမှ ညနေ ၆ နာရီထိ
စာအုပ်ဈေးရောင်းပွဲတော်ကို ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ကျင်းပလျက်ရှိပါကြောင်း
သတင်းကောင်းပါးလိုက်ပါတယ်။

စာချစ်သူများ ပျော်ရွှင်နိုင်ကြပါစေ။

နှစ်ကူး

ဆောင်းဦးအ၀င်
အေးမြခြင်းရဲ့အစ
နှင်းမှုန်လေးတွေကျနေချိန်
ရင်ထဲက အပူမီးကို
မတားဆီးနိုင်ခဲ့ပါဘူး...
ဘ၀အမောတွေနဲ့
ပြည့်သိပ်နေတဲ့ငါ့ဘဝ
ဒီဆောင်းရာသီချိန်မှာ
ဘယ်လောက်ပင် အသည်းခိုက်အောင်
အေးနေပစေ
ရင်မှာ ဖြစ်တည် အပူမီးကို
ဘယ်သူ ကူငြိမ်းပေးမှာပ......

12/26/2007

အိုင်တီနဲ့ ကျွန်မ

လူ့အဖွဲ့အစည်းအပေါ် အိုင်တီရဲ့ရိုက်ခတ်မှုသြဇာအရှိန်အ၀ါက တာသွားလှတယ်။ အိုင်တီရဲ့သြဇာဟာ တစ်ဦးချင်း တစ်ယောက်ချင်းကိုလည်း ရိုက်ခတ်တယ်။ မိသားစုအလိုက်၊လုပ်ငန်းတွေ၊ အလုပ်သမားစွမ်းအားစုတွေ နောက်ပြီးလူ့အဖွဲ့အစည်းကြီးတစ်ရပ်လုံးကိုလည်း ရိုက်ခံတယ်။ ဒါပေမဲ့ အိုင်တီရဲ့ရိုက်ခတ်မှုသြဇာဟာလူတစ်ဦးနှင့် တစ်ဦး အပေါ်ကျတော့ တူညီမှု မရှိပြန်ဘူး။ အင်းပြောရရင် အိုင်တီရဲ့အကျိုးကျေးဇူးရလဒ်က ပညာဥာဏ်အဆင့်မြင့်သူက ပညာဥာဏ်အဆင့်နိမ့်သူထက် ပိုပြီး ခံစားရနိုင်တယ်လေ။ ဒီလိုဘဲ ပညာကွဲခြားသွားတာနဲ့လူတစ်ဦးချင်းစီရဲ့ ၀င်ငွေအနည်းအများက ကွဲပြားခြားနားသွားစေတာကိုတွေ့ရှိရတယ်။ သူများ ပြောလို့သာ အိုင်တီရတယ် အိုင်တီဆိုတာ ဘာလဲ။ ဒါဟာ ပြန်စဉ်းစားရမဲ့အချက်ပဲနော်။ သတင်းအချက်အလက် ဆက်သွယ်ရေးဆိုင်ရာ အဆင့်မြင့်နည်းပညာ(အိုင်တီ) ဆိုသည်မှာ အင်းအလွယ်ဆုံး ပြောရရင် ကွန်ပျူတာစနစ်ကို အသုံးချခြင်းကို ခေါ်ဆိုတာပဲ။ တစ်နည်းပြောရရင် အိုင်တီပေါ်ပေါက်လာတာနဲ့အမျှ လူတွေရဲ့လုပ်ဆောင်ချက်တွေ လုပ်အားတွေကို သက်သာစေပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ တစ်နေရာနဲ့ တစ်နေရာကိုမြန်ဆန်ပြီးစီးအောင် လုပ်ဆောင်ပေးတဲ့အတွက် အောင်မြင်မှုမြန်ဆန်လာတာကို တွေ့ရှိရတယ်။ ဒီလိုဘဲ အိုင်တီပေါ်ပေါက်လာတဲ့အတွက် ကျွန်မတို့လို အမျိုးသမီးများအတွက် အမျိုးသားများနဲ့ တန်းတူ အလုပ်လုပ်ဆောင်လာနိုင်သလို ၀င်ငွေလစာဟာလည်း တန်းတူနည်းပါး ရရှိလာခဲ့ပြီလေ။ တစ်နေ့နဲ့ တစ်နေ့ ပြောင်းလဲလာနေတဲ့ အိုင်တီခေတ်လို့ ဆိုရတော့မှာပေါ့။ ခုခေတ်အမျိုးသမီးများဟာ အမျိုးသားများနဲ့ ရင်ဘောင်တန်းပြီး မျက်စိဖွင့်နားဖွင့် လုပ်ဆောင်လာနိုင်ကြတာကိုကြည့်ခြင်းအားဖြင့် ပြောင်းလဲတိုးတက်နေတဲ့ခေတ်ကြီးကို ကျေးဇူးတင်ရမလိုတောင်ဖြစ်နေရပြီလေ။ ကျွန်မကရော အိုင်တီဆိုတာ နားလည်ပြီလား။ အိုင်တီပိုင်းကိုလေ့လာရင်ကော မတိုးတက်နိုင်ဖူးလား။ ကျွန်မလို နလပိန်းတုံးတစ်ယောက်ရဲ့ခေါင်းထဲ အတွေးတွေ ၀င်လာခဲ့တာ ဘာကြောင့်လဲ ဒါဟာ ရှင်းရှင်းလေးပဲ။ အိုင်တီကြောင့်ပေါ့။ ကျွန်မလည်း ဒီတိုးတက်နေတဲ့ခေတ်ကြီးထဲလူတွေထဲမှာကြိုးစားရင် ပါလာနိုင်တော့မှာပေါ့နော်။ သူများတွေ ရှေ့ရောက်နေတဲ့အချိန်မှာ ကျွန်မက နောက်ချန်နေရစ်ရရမလား။ ငါကော ကြိုးစားရင် မဖြစ်နိုင်ဖူးလား။ ခုမှ စတင်မဲ့လမ်းအတွက် တစ်ခါတလေ အားငယ်မိတာတော့ အမှန်ပါ။ စမ်းတ၀ါးဝါးလျှောက်နေတဲ့လမ်းမှာ ငါဟာ လမ်းဆုံးကို လျှောက်နိုင်ပါ့မလား။ ငါ့လို ဘာပညာဘာအစွမ်းအစမှ မရှိတဲ့ လူတစ်ယောက်အတွက် အိုင်တီနဲ့နီးလာမလား။ ဝေးနေသေးလားဆိုတာကို ဆန်းစစ်ရင်း အိုင်တီလောကကြီး အမြဲတည်တံ့တိုးတက်အောင်မြင်နေပါစေလို့ ဆုတောင်းနေမိပါတော့တယ်။

12/23/2007

အမှတ်တရ နေ့ရက်များ

အတူပျော်ခဲ့ နေ့ရက်များကို
ဘ၀တစ်သက်တာ
အမှတ်တရဖြစ်ခဲ့တယ်....
သွားလာလှုပ်ရှား နေ့ရက်များကို
မေ့ပစ်ဖို့တော့
ခဲယဉ်းနေခဲ့....
တစ်နေ့တစ်ချိန် ပြန်မဆုံခဲ့ရင်
မင်းတို့ရင်ထဲ
မှတ်မှတ်ရရ
ရှိနေခဲ့ရင်
အစ်မ....
ကျေနပ်ပီတိဖြစ်မိမှာပါ ညီမလေးတို့ရယ်....

(ခွဲခွာခဲ့ရသော ညီမလေးတို့အတွက်)

ငါးနှစ်တာအလွမ်း

အတူနေခဲ့ နှစ်ငါးနှစ်အတွင်း
အတူပျော်ခဲ့ အပြစ်မဲ့ပျော်ရွှင်မှုများ
ငါလေ တစ်နေ့မှ မေ့မရခဲ့ပါ
ညီမလေးတို့ရယ်...
ဒီအချိန်မှာ ပြန်တမ်းတလဲ
လွမ်းလို့ ဝေးပြီမို့
ဝေးခဲ့ရတဲ့ လပေါင်း
သုံးလကျော်ခဲ့ပြီပေါ့
ကံကြမ္မာရယ်...
ဆုတောင်းခွင့်သာရှိခဲ့ရင်
ငါနှင့်အတူ
သံယောဇဉ်ရှိတဲ့သူများကို
မခွဲမခွာ အမြဲအတူ
ရှင်သန်ခွင့်ပေးပါ....




Caps Lock, Num Lock, Scroll Lock ကီးများကို မှားယွင်းစွာ သုံးမိပါက အသံ သို့မဟုတ် အရိပ်ပြပြီး အချက်ပေးနည်း ဖြစ်ပါတယ်။

တစ်ခါတစ်ရံ မတော်တဆ Caps Lock ကို ထိမိကာ ပွင့်နေခြင်းမျိုး ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် Num Lock ကီးကို ပိတ်မိရင်လည်း Keypad ကို သုံးလို့ မရတတ်ပါ။ ထိုသို့ အမှားများ ပြုလုပ်မိပါက အရေးကြီးသော အလုပ်လုပ်မည်ဆိုရင် နှောင့်နှေးစေတတ်ပါတယ်။ ဒါကြောင့် အမှားပြုလုပ်မိပါက အသံနှင့် သတိပေးခြင်း သို့မဟုတ် မော်နီတာတွင် အချက်ပြခြင်းများ ပြုရန် တင်ပြပေးလိုက်ပါတယ်။ လိုအပ်မယ်လို့လည်း ထင်ပါတယ်။ ဒါမှမဟုတ် သိပြိးသားလည်း ဖြစ်ချင်ဖြစ်နေမှာပါ။ ယမင်း သိသလောက်ကို ပြောပြခြင်းသာ ဖြစ်ပါတယ်။

၁။ Start ထဲက Control Panel ကို ဖွင့်ပါ။
၂။ အတွင်းမှ Accessibility Options ကို ထပ်မံရွေးချယ်ပါ။
၃။ Accessibility Options(BOX) ပွင့်လာပါမည်။ ကီးဘုတ် tab သို့ပြောင်းပါ။
၎။ အတွင်းမှ Toggle keys အောက်မှ Use Toggle keys မှာ အမှတ်ပေးလိုက်ပါ။
၅။ ပြီးရင် Sound(tab) ကို ပြောင်းပေးပါ။
၆။ SoundSentry အောက်မှ Use SoundSentry ကို ရွေးချယ်လိုက်ပါ။
၇။ ထိုအခါ visual warning အတွက် ရွေးချယ်စရာများကို ပြပေးထားပြီး နှစ်သက်ရာတစ်ခုခုကို ရွေးလိုက်ပါ။ ဥပမာအားဖြင့် Flash the active caption bar, Flash the active window, Flash the desktop ဆိုပြီး ပြပေးထားရာ ယင်းမှ Flash the active window ကို ရွေးချယ်လိုက်ပါ။
၈။ Apply ကို နှိပ်ပြီး ok ကို ထပ်နှိပ်လိုက်ပါ။
ပြီးရင် စမ်းသပ်လို့ရပါပြီ။ Caps Lock ကို ဖွင့်ကြည့်လိုက်ပါ။ ထိုအခါ အသံတစ်သံထွက်လာလိမ့်မည်။ ဒါမှမဟုတ် မော်နီတာတွင် ဖျတ်ခနဲ အရိပ်တစ်ခုပေါ်လာမည်ကို မြင်ရပါလိမ့်မည်။ ကီးတစ်ခုခုကို မှားယွင်းစွာ နှိပ်လိုက်မိရင် သတိပေးမည့် အကြောင်းအရာကို တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

12/21/2007

စိတ်ရင်း

ယ ယမင်ခင် ကကြိုးဆင်
မည်တွင်သညာ၊ အဟံ ငါသည်
အလင်္ကာမှ၊ သိမ်မွေ့လှသည့်
ရသစာပေ၊ ကဗျာများကို
ပေးဝေပြီးခါ၊ ဆက်၍သာလျှင်
ဖြန့်ဝေသွားမည်။
မိတ်ဆွေအပေါင်း စိတ်ချမ်းသာမှု
ဝမ်းနည်းမှုကို မျှဝေသွားမည်
လောကတစ်ခွင် ဘွု ၃၁
နေနေသမျှ ကာလပတ်လုံး
သင်းပျံပန်းကွုး သီကုံးရင်းနဲ့
တတ်စွမ်းသမျှ ကူညီသွားမည့်
လှယမင်းပင် ဖြစ်ပေသည်။


ယ ယမင်းခင် ကြိဲုးဆင်
ရ ကောက် ရထားကြီး ပျြော်ပျော်စီးနေပြီ။

12/19/2007

ရနံ့သင်းတဲ့ ပန်းခရေ

ပန်ပါတဲ့ ပန်ပါ
မြောက်ဘက်အိမ်
ပင်ခြေရင်းက
ပန်းကောက်လို့လာ
အပွင့်မှာ ၀ါနုရယ်နဲ့
ရနံ့က သင်းကြိုင်လို့လာ
သီကုံးကာ ဆင်မြန်းချင်ရဲ့
ကြွေလွှင့်မှာ စိုးသမို့
ကုံးပန်ဝံ့ဘူး....

12/18/2007

ခေတ်တစ်ခေတ်ရဲ့ ခြေလှမ်း

ခေတ်တစ်ခေတ်ရဲ့သမိုင်းကြောင်း
လေ့လာလို့ မပြီးဆုံးသေး
နောက်တစ်ခေတ် ရောက်ရှိလို့လာခဲ့
သြော်.... IT ခေတ်ဆိုပါလား....
တဖြည်းဖြည်းနဲ့ လိုက်မမီတော့တဲ့
ခေတ်ကို ရောက်ရှိနေပါပြီကော
မမီ မီရာနဲ့ လိုက်ဆိုသလို
ရောက်နေတဲ့နေရာက
ဆက်လိုက်ခဲ့ရ
တော်သေးပါရဲ့
ငါ အလှမ်းမဝေးသေးပါလား....
တွေးတုန်းရှိသေး
Internet ခေတ်ကို
ထပ်မံရောက်ရှိလို့လာပြန်
အင်း...
လိုက်လေ ဝေးလေ
ခေတ်ပြောင်းကြီးထဲ
ငါ့ဘဝ
ဘယ်လိုများမှ မီအောင်
ဆက်လိုက်ရပါ့....

မြောက်ပြန်လေနှင့်အတူ

တစ်ခါ ဆောင်းရာသီကို ရောက်လာပြန်ပေါ့
မိုးအကုန် ဆောင်းအကူး
ဆောင်းလေမြူးတဲ့ချိန်ခါ
တစ်နှစ်မှာ တစ်ခါသာ ပွင့်တဲ့
"ဆောင်တော်ကူး" ချိန်ခါမို့
မျှော်ခဲ့မိတာတော့အမှန်
ဖျင်ကြမ်းလေးနှင့် အနွေးထည်ဝတ်လို့
ဆောင်းအကူးကို ငါ ကြိုဆို
နှင်းလေးတွေ ဝေနေရင်
ရင်ထဲမှာ ပြုံးပျော်ရွှင်
မြောက်ပြန်လေတိုက်ပြန်တော့
ဆောင်တော်ကူးတွေ ပွင့်ပါပေါ့....

ပင်ပန်းလိုက်တာ မင်္ဂလာဆောင်ကူညီပေးရတာ

တော်သေးတယ် ပြီးသွားလို့ ဟွန်း...

12/14/2007

ယမင်းကို အကူအညီတောင်းလို့ မင်္ဂလာပွဲတစ်ခု လက်ခံပေးလိုက်ပါတယ်။

















ယမင်းပြောတာ ဟုတ်ဖူးနော်....

ပန်းချစ်သူတို့ တော်ဝင်မြေ

နန်းလယ်မှာ မတင့်ပေမယ့်
ပျိုမေတို့ရဲ့ ခေါင်းမှာ တင့်စေဖို့
သူ ကြွေပေးရရှာ
သူ့ခမျာ ဂုဏ်မ၀င့်ပေမဲ့
ရနံ့သင်းစေခဲ့
ပျိုမေတို့စိတ်မှာ ကြည်နူးစေဖို့
ပွင့်ခဲ့ရရှာ
နွမ်းသွားရင်လည်း
မွေးရနံ့သင်းနေဆဲ
အကြွေပန်းပေမယ့်
ရွှေနန်းတော်ထိုက်ပေတဲ့
ပန်းခရေဘဝ
ကျွန်မဖြစ်ရရင်
ကျေနပ်ပါပြီလေ.....
ယမင်းရဲ့ရွှေမြန်မာကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်..... အ၀သာ စားသွားနော်...





12/11/2007

တစ်လပြည့်အလွမ်း

ဘွားဘွားရယ် မြေးတို့နဲ့ ခွဲခွာသွားခဲ့တာ ၁၁.၁၁.၂၀၀၇ နေ့ ညနေ ၄း၁၀ မိနစ်ကနေ ဒီနေ့ ဆို တစ်လပြည့်ခဲ့ပြီပေါ့။ အချိန်တွေဟာ မြန်ဆန်လိုက်တာနော်။ ဘွားကို ဒီနေ့ထိ မြေးလေ မေ့မရခဲ့သေးပါဘူး။ ဘယ်တော့မှလည်း မေ့မှာ မဟုတ်ပါဘူး။ မြေးတွေကို လိမ်မာအောင်၊ ယဉ်ကျေးအောင်၊ လူတွေကို တတ်နိုင်သရွေ့သည်းခံနိုင်အောင် သွန်သင်ဆုံးမခဲ့လို့ မြေးလေ လူတွေအပေါ် နားလည်ပေါင်းများစွာနဲ့ နေလာခဲ့ရတာ ဘွားရဲ့ကျေးဇူးတရားတွေကြောင့်ပါနော်။ ဘယ်သူတွေ ဘယ်လောက် ကောင်းကောင်း မကောင်းကောင်း ကိုယ်အမြဲတမ်းကောင်းဖို့ လမ်းပြခဲ့တဲ့ကျေးဇူးဟာ ဘာနဲ့မှ မလဲနိုင်ခဲ့ပါဘူး။ ဘွားရဲ့အေးရိပ်ဟာ မြေးတို့အတွက် အလုံခြုံဆုံးဖြစ်ခဲ့ပါတယ်။ လူတိုင်းဟာ ဘွား သွားတဲ့လမ်းကို ဆက်လျှောက်ရမယ်ဆိုတာ နားလည်ထားခဲ့ပေမဲ့ တကယ်တမ်းခွဲခွာခဲ့တဲ့အခါ ရင်ထဲမှာ မဖြေနိုင်ခဲ့ပါဘူး။ ဘွားရယ် ယမင်းလေ ဘာဆက်ပြောရမှန်း မသိတော့ဘူး။ ဘွားအတွက် ရင်ထဲက စကားတွေကို ကဗျာအဖြစ် သွန်းလောင်းခဲ့ပါတယ်။ ဘွား ကောင်းရာဘုံဘ၀မှာ ပျော်ရွှင်နေမယ်ဆိုတာ ယမင်းသိထားပါတယ်။

တစ်လပြည့်အလွမ်း

လင်းပြီး မမှောင်၊ အေးမြမြစ်တာ
နေရောင်ဖျော့ဆင်း၊ ညနေခင်းသို့
မာန်ကင်းချိုသာ၊ ဘွား မျက်နှာသည်
ကြည်သာဘိခြင်း၊ ရင့်ကျက်ခြင်းဖြင့်
အလှမာန၊ ဒေါသမောဟ
တဏှာဆန်န၊ ကင်းစင်ပလျက်
လက်က ပုတီး၊ ပွားစည်းရွတ်ကြား
နှုတ်တရားနှင့်၊ အဘွား မပြတ်
နေပျော်တတ်၏။
ကွမ်းမြုံ့ငုံဝါး၊ ရေနွေးသောက်လျက်
တရားပွေ့ပိုက်၊ အခါးကြိုက်ကာ
ဘွားမျက်နှာသည်၊ ဇရာရိပ်တိုး
အရွယ်မျိုးမို့၊ နိုးကြားမှုကင်း
နုမျစ်ခြင်းတို့၊ ပကင်းရင့်နွမ်း
ပါးရေတွန့်လျက်၊ ပပ်ကြားအက်နှင့်။
နုခြင်း လှခြင်း စိုပြေခြင်းတို့
အလျဉ်းကွယ်ပျောက်၊ ပင်အိုခြောက်ဟု
တွေးထောက်ဆင်ခြင်၊ ဘွားကိုမြင်စဉ်
ယမင်းရဲ့ရင်ထဲ ကြည်နူးရိပ်ထင်
ပြုံးပျော်ရွှင်မြဲ
အိမ်အပြန် ယမင်းရဲ့အရိပ်
မြစ်တာနဲ့ ကြိုဆိုလက်ကမ်း
ဘွားအိုဘ၀၊ နေညိုစလည်း
အလှဝေစု၊ အနုလက်ကျန်
ရှင်သန်နေမြဲ၊ ဘွားရဲ့အပြုံး
အလျှံဖိတ်ဖိတ်၊ ယမင်း အရိပ်ထင့်
အမြဲ မြင်ယောင်နေဆဲပါတကား။ ။

ဘွားရဲ့ဆုံးမမှုတွေကို အသက်ရှင်နေသရွေ့ကာလပတ်လုံး မြေးလေ အမြဲလိုက်နာသွားမှာပါ။
ပြုပြုသမျှ ကောင်းမှုတွေကို ရောက်ရာဘုံဘ၀မှ သာဓုခေါ်နိုင်ပါစေဘွားဘွားရယ်....

ဘွားဘွား...
နှုတ်ဆက်ခွဲခွာအပြီးတိုင်သွားခဲ့ပေမယ့်
ယမင်းရဲ့အိပ်မက်ထဲမှာ ခဏခဏတွေ့နေရတာ
ယမင်းရဲ့အတွေးထဲမှာ ခဏခဏ တွေ့နေရတာ
ဘာကြောင့်ပါလဲ ဘွားရယ်။
ဟောဒီ ကဘာမြေက
ဘာကိုမှ သယ်ဆောင်မသွားတဲ့အပြင်
ဘွားရဲ့ ချစ်မြစ်တာကို
ယမင်း သွားလေရာ ရောက်လေရာမှာ
ဝန်းရံနေပါစေသားရယ်လို့များ
ဆုတောင်းပေးခဲ့လေသလား
ယမင်းမှာတော့ မမေ့သာ
တမ်းတမှုတွေနဲ့အတူ
တကယ်လို့များ ဘ၀တစ်ခုခုမှာ
ဘွားနဲ့ပြန်ဆုံတွေ့ရရင်တောင်
ဘွားရဲ့မြစ်တာက ယမင်းအပေါ်မှာ ကြီးမားခဲ့လေတော့
ဘွားက ယမင်းကို နားလည်ပြုံးလေးပြုံးလို့
ခုတော့ ဘွားဘွား
ယမင်းတို့နဲ့ ခွဲခွာခဲ့တာ
တစ်လတည်းတည်း ပြည့်ခဲ့ပါပေါ့
ကံမကုန်သေးရင်
ဘ၀များစွာ ပြန်ဆုံချင်ပါသေးတယ်
ဘွားဘွားရယ်....။

12/10/2007

When wealth is lost,
Nothing is lost.
When health is lost,
Something is lost.
When character is lost,
All is lost.
1. If you've any task to do,
Let me whisper, friend, to you,
Do it.

2. If you've anything to say,
True and needed, yea or nay,
Say it.


3. If you've anything to love,
As a blessing from above,
Love it.

4. If you've anything to give,
That anothers' joy may live,
Give it.

12/07/2007

ပျော်ရွှင် အေးချမ်းပြီး လိုတာ မှန်သမျှ ရရှိနိုင်ကြပါစေနော်....

လှလားဟင်... လျှောက်လုပ်ကြည့်ထားတာ သိလား။ ဘာမှလည်း ဟုတ်ဝူး။

12/02/2007

ဖြစ်ချင်ရာ

အကွေ့အကောက်၊ ဖြောင့်တန်း
လျှောပြေ မတ်စောက်
ကြမ်းတမ်း ချောမွတ်
ဘယ်လိုပင် ဖြစ်စေ
လမ်းဟာ လမ်းပါပဲ။
ဝန်တွေ ဘယ်လောက်ပိပိ
ဘယ်သူတွေ ဘယ်လိုသုံးသုံး
သူကတော့ ခံနိုင်ရည်အပြည့်နဲ့လေ
အဲဒီဘ၀ ငါ ရချင်တယ်။

နှစ်တွေကြာ အသက်တွေရ
အိုမင်းလာတဲ့ ဓာတ်တိုင်အို
သူ့တာဝန်သူထမ်း
ပခုံးထက် အမာရွတ်တွေနဲ့ပေါ့
အဲဒီဘ၀ ငါ ရချင်တယ်။

ပြိုလဲတော့မယ့်အိမ်
အထောက်လိုနေပေါ့
အဲဒီအချိန်မှာ
ငါ ၀ါးတစ်လုံးဖြစ်ချင်တယ်။

ဒါပေမဲ့...
ငါဟာ လမ်းတစ်ခုဖြစ်ခဲ့ရင်
ဘယ်သူမှ မသုံးတဲ့ လမ်းပဲ ဖြစ်လိမ့်မယ်။

ဓာတ်တိုင်တစ်ခုဖြစ်ခဲ့ရင်
ယိုင်နဲ့နဲ့ ခါကြိုးနေတဲ့
သစ်သားချောင်းတစ်ချောင်းပဲ ဖြစ်မယ်

ငါဟာ ၀ါးတစ်လုံးဖြစ်ခဲ့ရင်
ဆွေးနေတဲ့ ၀ါးပဲ ဖြစ်မယ်။

ဘ၀ရဲ့ လှိုင်းကြား
ခိုင်မြဲတဲ့ ငါ ဖြစ်ချင်တယ်....



12/01/2007

ဘ၀ခရီးကြမ်း ငါ ဖြတ်သန်း

ယမင်းတို့အားလုံးဟာ သံသရာ ခရီးသည်ပါနော်။ မွေးလာပြီးကတည်းက အချိန်တွေနဲ့ ကြီးပြင်းခဲ့ကြရတယ်။ ဒုက သုက တွေအားလုံးကို ရင်ဆိုင်ဖြတ်သန်းကြရတယ်။ ပျော်ရွှင်မှု ၀မ်းနည်းမှုတွေ ကြုံလာခဲ့ရတယ်။ ခုချိန်မှာ ကလေးဘ၀ဆိုတာကိုလည်း ပြန်မရရှိတော့ဘူး။ ဟန်ဆောင်မှု လောကကြီးကို ဖြတ်သန်းနေရပြီ။ ခရီးကို ဘယ်ထိသွားရမယ်။ ဘယ်လောက်သွားရမယ်ဆိုတာ အချိန်က တန်ဖိုးဖြတ်ပေးနေသလိုပဲ ခံစားနေရတယ်။ ယမင်းဆို ခု ဘ၀ရဲ့သုံးပုံတစ်ပုံကို ရောက်ရှိလဲ့ပြီပေါ့။ ခုချိန်ထိ ဘာမှ ဖြစ်မလာသေးဘူးလေ။ ခုတော့ တော်တော်ကို စိတ်ဓာတ်ကျနေတယ်။ ဒီလိုပုံစံနဲ့ သေမသွားချင်သေးဘူး။ ကိုယ်သွားချင်တဲ့နေရာ ကိုယ်ရောက်ချင်တဲ့နေရာကို ရောက်အောင်သွားချင်သေးတယ်။ မိတ်ဆွေတို့ရေ.... ဖြစ်နိုင်ရင် ခရီးလမ်းပြပါဦး...



11/29/2007

ဘသရဲ့ ခါးသီးမှုပမာ ငါတို့ ဝေးခဲ့ကြပြီဆိုပါတော့
မင်းကို နှုတ်ဆက်ဖို့ရာ
စကားလုံးတစ်လုံးတောင် ရှာမရခဲ့ဘူးဆိုပါတော့
ဝဋ်ရှိရင်လည်း ပြေပါစေ
ငါလေ လူခြေတိတ်တဲ့ ထောင့်လေး တစ်နေရာမှာ
ငါ တစ်ယောက်ထဲ ကြေကွဲနေပါ့မယ်
လောကမာယာ မင်းဖြတ်သန်း
လရောင်ဆန်းတဲ့အချိန်မှာ
ငါ့ကို မေ့ထားလိုက်ပါလေ...
အဆင်မပြေမှုတွေ များနေတဲ့အချိန်
ငါ့နာမည်ကို
သတိရပါလေ....

11/26/2007



11/24/2007

ချစ်စရာ့ ငါတို့ မြန်မာ

တန်ဆောင်မုန်းလဟာ မြန်မာလများထဲမှာ ရှစ်လမြောက်ဖြစ်ပြီး အောက်တိုဘာနှင့် နိုဝင်ဘာလတွင် ကျရောက်ပါတယ်။ ဒီလမှာ ကထိန်အလှူပွဲတော်၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲံ၊ ကြာသင်္ကန်းကပ်လှူပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲံတော်၊ နောက်ဆုံး ရှင်မာလဲပွဲတော်တို့ကို ကျင်းပကြတယ်လေ။ ဘယ်လောက် ပျော်စရာကောင်းလိုက်သလဲနော်။
ကထိန်သင်္ကန်းအလှူဆိုတာ တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ကြိမ်သာ အချိန်အခါနှင့် ပြုရတဲ့ ကာလဒါနဖြစ်တယ်။ ကထိန်ပွဲတော်ကို ရိုးရိုးကထိန်ပွဲ၊ ဘုံကထိန်ပွဲနှင့် ပစ်စည်းရှင်တစ်ဦးက မတည် ဦးစီးပြီး လူများစုက ၀ိုင်းဝန်းလှူဒါန်းသော ကထိန်ဆိုပြီး ကျင်းပလေ့ရှိပါတယ်။ သင်္ကန်းအပ်နှင်းမှု၊ ချုပ်ဆိုးမှုများ ညတွင်းချင်း ပြီးစေပြီး အရုဏ်မတက်မီ လှူဒါန်းနိုင်တဲ့ သင်္ကန်းကို မသိုးသင်္ကန်းပွဲလို့ ခေါ်ခြင်း ဖြစ်ပါတယ်။
ပံ့သကူပစ်ပွဲကတော့ သင်္ကန်းစသည့် သံဃာ့အသုံးအဆောင်ပစ်စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းခြင်းကို ဆိုလိုပါတယ်။ ပြီးတော့ ပိတ်သားပေါ်မှာ ရွှေရောင်စက်ကူ၊ ရွှေဝါရောင် ဖဲကြာပွင့်ကြီးများ ထိုးထားတဲ့ သင်္ကန်းများကို ကြာသင်္ကန်းလို့ သတ်မှတ်ကြတာကို သိခဲ့ရပြန်ပါတယ်။ ရှေးအခါက ဘုရားရှင်အား ကပ်လှူပြီး ယခုအခါမှာတော့ စေတီပုထိုးတွေနှင့် ဘုရားရုပ်တုတွေမှာ ရစ်ပတ်လှူဒါန်းကြပါတယ်။
တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြတော့ နက်ခတ်ပွဲသဘင် မီးထွန်းပွဲတော်သာ ဖြစ်ပါတယ်။ နောက်ဆုံး ရှင်မာလဲပွဲကရော ဘာလဲ သိလား ယမင်းလည်း အရင်က သိဘူး။ ခုမှ သိတာ။ ရှင်မာလဲမထေရ်က တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း ဝေသာနရာဇာတ်တော်ကို ဟောကြားတာ အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ပွဲပါတဲ့။ လှော်ကားကို ပုံပြုပြီး လှော်ကားထက်မှာ အသီးတစ်ထောင်၊ အပွင့်တစ်ထောင်၊ ထမင်းဆုပ်တစ်ထောင်၊ ဆီမီးတစ်ထောင် တင်ပြီး လှူဒါန်းကြခြင်းကြောင့် လှော်ကားပွဲတော်၊ ထောင်ပြည့်ပွဲတော်လို့လည်း ခေါ်ကြပါသေးတယ်။ အင်း ခုခေတ်တော့ ဒီပွဲဟာ ကွယ်ပျောက်လုရှိနေပါပြီလေ။
ဟော ဒီနေ့ တန်ဆောင်မုန်းလပြည့်မှာ ယမင်းကတော့ ထူးထူးခြားခြား အလုပ်ဆင်းရပါတယ်ရှင်။ ဒီနေ့မှာ ဆေးပင်အပေါင်းတို့ကို စောင့်တဲ့နတ်တို့ဟာ မဲဇလီပင်စောင့်နတ်မင်းအား လာရောက်ခစားကြတာကို အစွဲပြုပြီး မဲဇလီပင်သည် ဆေးပေါင်းခသည့် အပင်ဟု ယူဆကြပါတော့တယ်။ အနာမျိုး ၉၆ ပါး ကင်းရန် ရည်ရွယ်ချက်ဖြင့် တန်ဆောင်မုန်းလပြည့်နေ့မှာ မဲဇလီဖူးသုတ်စားကြပါသေးတယ်။ သင်ကော မစားချင်ဖူးလား။ မြန်မာနိုင်ငံသား ဖြစ်ရတာ ယမင်းတော့ ဂုဏ်ယူမိပါတယ်။ မြန်မာတွေရဲ့ ချစ်စရာ့ ဓလေ့စရိုက်များ အများကြီး လတိုင်း ကျန်ရှိနေတာကို တွေ့ရှိခဲ့ရပါတော့တယ်။ ယမင်း သိတာလေးကို တင်ပြလိုက်ပါတယ်။ မိတ်ဆွေများအားလုံး ကျန်းမာချမ်းသာကြပါစေရှင်...


11/21/2007



Peach rose, the elegant flower to wish someone a happy birthday.. An ideal way to say thanks for a great friendship. Whatever be the occasion, peach flowers show a personal touch to your gift of flowers because they are different. Its the perfect rose to show sociability, friendship, gratitude, desire and appreciation. In addition they can also be used to convey admiration or sympathy.



လိမ္မော်ဝါနှင်းဆီပန်းဖြစ်ပါတယ်။
အသိအမှတ်ပြုခြင်း၊ သဘောတူညီရရှိပြီ အထိမ်းအမှတ်၊ အတူနေဖို့၊ ရိုးသားမှုနဲ့ ကျေးဇူးရှိမှုတို့အတွက် ဖြစ်ပါတယ်။ သုံးတတ်ရင် အသုံးဝင်ပါလိမ့်မယ်။

ခရမ်းရောင်နှင်းဆီပန်း ဖြစ်ပါတယ်။

Nobility, courtly love, traditional affection, love at first sight.
မြင့်မြတ်မှု၊ မြင့်မြတ်တဲ့အချစ်၊ သမားရိုးကျတွယ်တာမှု၊ မြင်မြင်ချင်း ချစ်တဲ့အချစ်လို့ ဆိုလိုတဲ့ ပန်းဖြစ်ပါတယ်။



Agavanceae မိသားစုနှင့် Agave မျိုးစုပင် အပင်မျိုးများ ဖြစ်ကြပြီးး ရှားစောင်းလက်ပပ်ပင်အဖြစ် လူသိများကြသည်။ သစ်ရည် သို့မဟုတ် အစေးသည် အရေပြားကို တစ်ပတ်မျှ ကြာသည်အထိ လောင်ကျွမ်းစေပ်ါသည်။
ပုံရိပ်စစ်ကို တွေ့ရှိပြီးနောက် အလှစစ်ကို ထပ်မံတွေ့ရှိခဲ့ပြန်ပါတယ်။


အလှစစ်

ဘ၀ဆိုတာ
အကောင်းအဆိုးပါသည်
အကြောင်းအကျိုးမှာကား
ခံယူသူအပေါ် မူတည်သည်
အလှဆိုတာ
ခဏတာတည်း
ချိန်ခါအရ
တာရှည်ရသည်၊ တာရှည်သည်။
ဘ၀ကို အပြစ်မကျူးနှင့်
အလှကိုလည်း မယစ်မူးနှင့်
မာနဆိုတာ
ဆူးခက်ပမာ
စူးရှမှသည်
မိမိသာတည်း၊ မိမိတည်း
မေတ္တာဟူသည် အေးမြကြည်
စမ်းရေပမာ လန်းပေရှာ
သူလည်း ရရှိ၊ ကိုယ်လည်းသိ
နှစ်ဦးနှစ်ဖက် အကျိုးတည့်
သြော်....
သမုဒ္ဒရာ ရေပွက်ပမာ
အလှတရား မတည်ငြားပါတကား
အလှတရား မတည်မြဲပါတကား
မေတ္တာသည်သာ
ထာဝစဉ်မှာ အေးမြစိတ်ဝမ်း
ပျော်စရာလွှမ်းသည့်
ရင်တွင်းပီတိ
ခံစားမိသည်၊ ခံစားသည်.....

11/18/2007

အဘွားဆုံးသွားတဲ့အတွက် အစစအရာရာ ကူညီခဲ့ကြသော ချစ်သူငယ်ချင်းအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ လာရောက်အားပေးနှစ်သိမ့်ခဲ့တဲ့ သိုးမလေးနဲ့ မြည်းကလေးကိုလည်း အစ်မရင်ထဲက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိပါတယ်။ ပြီးတော့ သတင်းမေးကြသော ဘလောဂ့်မောင်နှမများအားလုံးကိုလည်း အမြဲအမှတ်ရနေမိမှာပါနော်။ ၀မ်းလည်းသာမိတယ်။ ယမင်းမှာ ဒီလို မောင်နှမတွေ မိတ်ဆွေတွေ အပေါင်းအသင်းတွေရှိနေတယ်ဆိုတာ ယမင်းသိလိုက်ရတဲ့အတွက်ကြောင့်ပါ။ ပြီးတော့ မောင်လေး မျှားပြာရယ်၊ မောင်လေးအေးချမ်းတို့ကိုလည်း ကျေးဇူးတင်ပါတယ်နော်။ တကူးတက သတင်းမေးဖော်ရတဲ့အတွက် ၀မ်းလည်းသာမိတယ်။
၂၀၀၇ ခု ၁၁ လပိုင်းမှာ ယမင်းဘလောဂ့်လုပ်တဲ့သက်တမ်း ၁ နှစ်ပြည့်ခဲ့ပြီလေ... ဒီနှစ်အတွင်းမှာ ယမင်းပြောမှားဆိုမှားရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါနော်...

11/11/2007

နတ်ရေးတဲ့ဖူးစာ လူဖျက်၍ မရနိုင်

တစ်ရပ်တစ်ကျေးမှာနေတဲ့ မောင်နဲ့ မေ တစ်နေရာမှာ တွေ့ဆုံပြီး အိမ်ထောင်ကျကြစေလို့ ဖူုးစာရေးနတ်မင်းက သူတို့ နဖူးမှာ မမြင်ရတဲ့ ရွှေမင်နဲ့ စာရေးလိုက်တယ်။ နဖူးစာပါသူချင်း ဆုံဆည်းပေါင်းဖက်မိကြတယ်။ ဒီအယူအဆက ကျွန်မတို့ မြန်မာနဲ့တူတ်။ မောင်ရဲ့နဖူးမှာ မေ့ရဲ့အမည်ရေးထိုးပေးလိုက်တယ်။ မေရဲ့နဖူးမှာ မောင့်ရဲ့အမည်ရေးထိုးပေးလိုက်တယ်။ ဒီနည်းနဲ့ ဖူးစာရေးနတ် ဖန်တီးပေးလိုက်လို့ နဖူးစာပါလို့ ပေါင်းဖော်မိကြတယ်။ ဖူးစာရေးနတ်က ရေးပေးလိုက်လို့ လူဝင်ဖျက်လို့ မရပါဘူးတဲ့။ ဆိုရိုးစကားကြားခဲ့ဖူးပါတယ်။
မိတ်ဆွေတို့ကော ကိုယ့်နဖူး ကိုယ်မှန်နဲ့ ကြည့်ကြဦးနော်။ အမည်မှားမှာစိုးလို့ပါ....


ကတော့ခရုလေးတွေဖြစ်ပါတယ်။ ကတော့ခရုကောင်လေးများသည် လှပ၍ ကောက်ယူသိမ်းချင်စဖွယ်ဖြစ်ပါတယ်။ သတိပြု ဆင်ခြင်ရပါလိမ့်မယ်။ သူ့ကို ဖမ်းလိုက်သည်နှင့် မှီလောက်သောနေရာ အကွာအဝေးသို့ရောက်လျှင် အဆိပ်များကို ပန်းထုတ်တတ်ပါတယ်။ ထိမိသော ဒဏ်ရာဟာ အလွန်နာကျင်ပြီး အခန့်မသင့်လျှင် အသက်ဆုံးရှုံးရတတ်ပါတယ်။
လပြည့်ဝန်း

လမင်းရယ်...
တကယ်တော့ ကိုယ်ဟာ
မင်းပျော်ပါးနေထိုင်ရာ
ထက်ကောင်းကင်ဝေယံမှာ
နေနိုင်သူလည်း မဟုတ်ခဲ့ပါ...
မင်းရဲ့အလင်း
လင်းသထက်လင်းအောင်
ဆောင်ကြဉ်ညးပေးနိုင်တဲ့
ညခင်းလည်း မဟုတ်ခဲ့ပါ...
မင်းရဲ့အနား
ဝန်းရံခစားနေတဲ့
တောက်ပတဲ့ အလင်းနှင့်
ကြယ်ကလေးများရဲ့ အဆင်းကိုလည်း
ယှဉ်နိုင်သူ မဟုတ်ခဲ့ပါ...
မဖြစ်နိုင်မှန်း သိရက်နှင့်
မင်းကိုမှ သံယောဇဉ်ဖြစ်မိတဲ့စိတ်ကိုလည်း
တားဆီးလို့ မရနိုင်တော့ပါ...
အဲဒီတော့ လမင်းရယ်
ဟိုတစ်ချိန်တစ်ချိန်ဆီက
မင်းဆီက ရဖူးတဲ့
အကြင်နာ အတုအယောင်တွေကိုပဲ
ပြန်လည် မြင်ယောင်ရင်း
တမ်းတစိတ်ကူး
အိပ်မက်မှာပဲ မျှော်လင့်ရင်း
ငါတစ်ယောက်ထဲ နေပါ့မယ်....

11/08/2007

ဆီဗုံးသို့ မိုက်ရိုင်းညစ်ညမ်းစွာ လာရောက်ဆဲရေးသွားသူအတွက် မှာတမ်း

ငါတို့သည် ငါတို့ တွေးကြံသည့်အတိုင်းသာ ဖြစ်ရသည်။
ငါတို့၏စိတ်ကပင် ငါတို့ကို ဦးဆောင်လေသည်။
ငါတို့၏စိတ်ဖြင့်ပင် လောကကို ပြုပြင်စီရင်၏။
မစင်ကြယ်သောစိတ်ဖြင့် ပြုမူပြောဆိုခဲ့မိလျှင်
ဒုက္ခသည် သင်၏နောက်သို့ လိုက်လာလိမ့်မည်။
လှည်းကိုဆွဲသော နွား၏နောက် လှည်းဘီးက
အစဉ်အမြဲ လိုက်လံသည့်ပမာတည်း။
မကောင်းတာ လုပ်လျှင် မကောင်းတာဖြစ်မည်။

မစင်ကြယ်သော အတွေးအကြံစိတ်ကို လိုက်သူသည်
ယခုဘ၀ရော နောက်ဘ၀ပါ နှစ်ဘ၀လုံး
ဆင်းရဲဒုက္ခရောက်လိမ့်မည်။
ကိုယ်ပြုသည့် မကောင်းမှုကို မြင်သည်နှင့်အမျှ
ကြီးမားစွာ ဆင်းရဲပူပန်ရမည်သာ ဖြစ်ပေတော့မည်။

အကယ်လို့ လူတစ်ဦးသည် စိတ်ဓာတ်ညစ်ညမ်းသူ ဖြစ်လျှင် မိုက်ရိုင်းစော်ကားသူဖြစ်နေလျှင်
ဘယ်လိုလူမျိုး ဖြစ်မည်နည်း။

သင် သတိပြုပြီး ဆင်ခြင်လော့
မွေးမိခင်ကို ရိုသေပါ...
လမ်းမှန်

ငါဟာ...
မသွားတတ်တဲ့ ဂဏန်းတစ်ကောင်ပါ။
ဘယ်အရာမဆို အားလုံးနဲ့ဆန့်ကျင်ဘက်
လုပ်ရမှ ကျေနပ်တတ်တဲ့ ငါ
အမြဲဘုဂလန့်ပြောတတ်တဲ့ ငါ့ရဲ့အကျင့်
ဘေးပတ်ဝန်းကျင်ကတောင်
ပြောယူရတဲ့ ငါ့ရဲ့စရိုက်
ဘယ်လိုပြောပြော ပြုပြင်မယူချင်တဲ့စိတ်
ဒါကိုမှ နှစ်ခြိုက်ကျေနပ်နေတဲ့ ငါ
ဘာလို့ ကန့်လန့်သွားနေတာလဲလို့
ပြောခံရတိုင်း ကျွန်မပြန်ပြောတတ်တဲ့
စကားတစ်ခွန်းရှိတယ်
ဒါဟာ ဘာလဲဆိုတော့
ငါဟာ ကရကဋ်ဖွားဖြစ်နေလို့ပေါ့.
ဟုတ်တယ်လေ ဂဏန်းဆိုတာ
ဘယ်တုန်းကမှ တည့်တည့်သွားတာ မမြင်ဖူးခဲ့ဘူးလေ
ဒါပေမဲ့ ဂဏန်းလည်း
သူသွားချင်တဲ့နေရာကို
ရောက်အောင်သွားမှာပါပဲ။
အဓိကကတော့ ကိုယ်လျှောက်မဲ့လမ်းကို
မှန်မှန်ရွေးပြီး တန်းတန်းမတ်မတ်လျှောက်တတ်ဖို့ပဲ
အရေးကြီးပါတယ်နော်.....


11/06/2007

ပုံရိပ်စစ်

ကျွန်မဟာ အထီးကျန်လမ်းမှာ
လျှောက်နေတယ်.....
ဒါ ကျွန်မ သိကျွမ်းတဲ့
တစ်ခုတည်းသော လမ်းပါ
ဒီလမ်းက ဘယ်ကိုရောက်မှာလဲ
ကျွန်မ မသိဘူး
ဒါပေမဲ့ ဒီလမ်းက ကျွန်မအိမ်ပဲမို့
တစ်ကိုယ်တည်း လျှောက်နေရပါတယ်။
ဟာလာဟင်းလင်း လမ်းမကို
ကျွန်မ လျှောက်လာတယ်
အပိုင်းအစ အိပ်မက်များရဲ့
လမ်းလယ်ကောင်မှာပေါ့
မြို့ကြီးက အိပ်စက်နေလေရဲ့
ကျွန်မကတော့ တစ်ယောက်တည်းပဲ
ဘယ်ဟာ ဆိုးကောင်းဆိုတာ
မျဉ်းတွေရဲ့ကြားမှာ
ကျွန်မ မှန်းဆကြည့်မိတယ်
အသက်ရှင်ဖို့ လိုအပ်တဲ့
အဓါကအရာတွေကို ဆန်းစစ်ရင်း
ကျွန်မ တစ်ကိုယ်တည်း
ဆက်လျှောက်ခဲ့မိပါတော့တယ်.....

10/31/2007



ပင်လယ်ပဆုပ်ပနီကောင် ဖြစ်ပါတယ်။
ဒီအကောင်လေးများသည် အလွန်အဆိပ်ပြင်းထန်ပြီး လူသားတစ်ဦးအား ၁၀ မိနစ်အတွင်း သေစေနိုင်ပါတယ်။ (မယုံကြည်သူများ မစမ်းသပ်ပါနဲ့ အာမှ မခံပါ)

လသာမဲ့ ညကို တမ်းတခြင်း


လသာမဲ့ ညကို တမ်းတခြင်း

ဒီညဟာ ကျွန်မ အိပ်မပျော်တဲ့ ညတစ်ည
ဒီညဟာ လမင်းအနားယူနေတဲ့ ညတစ်ည
ဒါပေမဲ့ မကြာမီ လပြည့်တော့မယ်
ပြတင်းပေါက်ပေါ် လရောင်က ဖြာအကျ
ဟော လမင်း ထွက်လာပြီ
ကျွန်မပြောပြရင် ပြေးကြည့်ပြီးမှ ယုံပါ
တစ်စိတ်မဟုတ် တစ်ခြမ်းမဟုတ်
ပြည့်ပြည့်၀၀ တစ်ကိုယ်တည်းလည်း မဟုတ်
လမင်းတစ်ရာ သာနေသည်သာ...

ကမ္ဘာပေါ်မှာ ငြိမ်းချမ်းခြင်း ရှိစေချင်ပါတယ်။ ငြိမ်းချမ်းရေးရှိသော အရပ်မှာ လရောင်လည်း ရှိပေလိမ့်မယ်။ လရောင်ထွန်းလင်းတဲ့ အရပ်၌ လူတိုင်းနေချင်ကြမှာ အမှန်ပါ။ လရောင် အောက်မှာဆိုရင် ဘာမဆို လှပငြိမ်းချမ်းနေမှာပေါ့။ အမှောင်ထဲမှာနေရတာထက် စာရင်တော့ လရောင်အောက်မှာ အသက်ရှင်ရတာ ပိုကောင်းမယ်လို့ ထင်မိပါတယ်။ ကျွန်မသည် တစ်ခဏတာ သာသော လရဲ့အရိပ်ကို တပ်မက်မိတယ်။ လရောင်ကို မြင်ရင် ကျွန်မ ကြည်နူးတယ်၊ ပျော်ရွှင်တယ်။ မအိပ်ဘဲလည်း နေလို့ရတယ်။ လပြည့်ညဆိုအရမ်းပျော်တယ်။ မိုးကောင်းကင်ကို ခဏခဏ မော့်ကြည့်ရတာ အမောပါဘဲ။ ဟုတ်တယ်လေ။ လူတိုင်း အမှောင်ထဲမှာ ဘယ်သူမှ မနေချင်ကြဘူးလေ။ ကျွန်မ အပါအ၀င်ပေါ့။ မိတ်ဆွေတို့ကော အမှောင်နဲ့ အလင်း ဘယ်ဟာကို ပိုနှစ်သက်လဲဟင်...

ယမင်းလေ.....

ဘ၀မှာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်တယ်။
သူတစ်ပါး နှာခေါင်းပေါက်နဲ့ အသက်မရှူချင်ဘူး။ အသက်ရှူရမှာကိုလည်း အမုန်းဆုံးပဲ။
ကြမ်းတမ်းတဲ့ ဘ၀ခရီးလမ်းမှာ စမ်းရေကြည်တစ်ပေါက်တိုက်မယ့်ငု တွေ့ခဲ့ရင် ယမင်းရဲ့
ကုသိုလ်ကံပါပဲ။ အရိပ်မဲ့ နေပူလမ်းမှာ ထီးကမ်းပေးတဲ့သူရှိခဲ့ရင်ဆိုတဲ့ အတွေး မတွေးခဲ့မိပါဘူး။
ဒါပေမဲ့ ဒါတွေကို မျှော်လင့်အားကိုးပြီး ခရီးသွားမယ့်သူတော့ မဟုတ်ပါဘူး။ ကိုယ့်ခရီးကို
ကိုယ့်နည်းကိုယ့်ဟန်နဲ့ အညံ့မခံ ရှေးခရီးကို ချိတက်သွားရမယ်ဆိုတာ ယုံကြည်နေမိပါတယ်။
လောကမှာ ကိုယ်ဖြစ်ချင်တိုင်းလည်း ဖြစ်လာချင်မှ ဖြစ်လာတတ်သလို မဖြစ်ချင်တဲ့အရာတွေလည်း
ဖြစ်လာတတ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိဖြစ်နေတဲ့၊ ကိုယ်ရောက်နေတဲ့နေရာကနေ
ရှေ့ကို ကောင်းသထက်ကောင်းအောင် ဆက်လျှောက်ရမှာပါဘဲ။ ယမင်းရဲ့ဘ၀က အမှန်ပြောရရင် ကြမ်းတမ်းတယ်လို့ ခေါ်ရမလား ဒါမှမဟုတ် နည်းနည်းခက်ခဲတယ်လို့ ဆိုရမလား.... ၁၀ တန်းအောင်ပြီးကတည်းက ကိုယ်လမ်းကိုယ်လျှောက်ခဲ့ရတယ်... ရပ်တည်မှု ကတော့ မိဘရဲ့ အရိပ်အာဝါသပါဘဲ။ မိဘနဲ့ နေရတာဟာ
ယမင်းရဲ့ဘ၀မှာ ကံကောင်းခြင်းရဲ့ လက်ဆောင်တစ်ခုပေါ့။ ဒီလို လက်ဆောင်မျိုးဟာ ဘာနဲ့မှ မလဲနိုင်ဘူး။ ပြီးတော့
မိသားစုဆိုတဲ့ အရာ ယမင်းရဲ့ဘ၀မှာ ကံကောင်းခြင်းတွေ အများကြီး ဖြစ်ပေါ်ခဲ့တယ်။ ဒါဟာ
ဘာကြောင့်လည်းလို့ သုံးသပ်ကြည့်တော့ ဘုရား၊ တံရား၊ သံဃာ၊ မိဘ၊ ဆရာ ဆိုတဲ့ ရတနာ ငါးပါဒကြောင့်ပဲ။ ဒီတော့ မိတ်ဆွေတို့ကို မှာချင်ပါတယ်။ ကိုယ့်ရဲ့ လက်ရှိအခြေအနေတွေကို ဒီထက် တိုးတက်အောင်မြင်အောင် လုပ်ကြပါ။
ပြီးတော့ ရတနာငါးပါးကို ဘယ်တော့မှ မမေ့ပါနဲ့။ အမြဲကျင့်ကြံ အားထုတ်ကြစေချင်ပါတယ်။ နောင်အချိန်ရရင်လည်း ယမင်းရဲ့ ကံကောင်းခြင်းတွေဟာ ဘာတွေလည်း ဆိုတာ ပြောပြချင်ပါတယ်။

သိချင်တယ်ဆိုရင်ပေါ့လေ..........

ငါ၏ကိုယ်

နေ့ကို ရက်စား၊ ရက်အား လမျို
လကို နှစ်စွဲ၊ အမြဲပျက်ပျို
ခနာဆွေးမြေ့၊ တရွေ့ရွေ့အို
သေရခြင်း၊ မကင်း
ငါ၏ကိုယ်



ကလေးက ဒီလောက် အလိုလိုက်တာကိုတောင် ဆိုးတာကို မမကြီးက ရိုက်တာပေါ့။ ဟွန်း

ကံကြမ္မာရဲ့စေစားရာ

အင်း...
ထပ်မံပြီး တောင်းခဲ့ရင်တောင်မှ
ငါ့မှာ ဘာမှထပ်ပြီး ဆုံးရှုံးစရာ မရှိတော့ပါဘူး
ဘာဖြစ်လို့လဲဆိုတော့
တစ်ချိန်တုန်းကပေါ့...
သေခြင်းတရားရဲ့ အနာဂတ်ထဲမှာ
ငါဟာ လူတွေကို စူးစိုက်ကြည့်နေရုံကလွဲပြီး
ဘာမှ မတတ်နိုင်ခဲ့ဘူးလေ
ဘာမှလည်း မမြင်နိုင်တော့ပါဘူး
ဟီရိုရှီးမား ဗုံးပေါက်ကွဲခဲ့စဉ်က
ကြားပဲ ကြားဖူးခဲ့တာပါ
မြင်မှ မမြင်ခဲ့ရဘဲ
ခုတော့ လက်တွေ့ကြုံခဲ့ရပြီလေ...
ပြီးတော့ တစ်ချိန်တုန်းကပေါ့ကွယ်
ညီမလေးတစ်ယောက်နဲ့အတူ
ပုဇွန်တောင်မြို့နယ်ဆိုတဲ့
ကုန်စည်ပြပွဲတစ်ခုမှာပေါ့...
ငါဟာ မထင်မှတ်တဲ့ အဖြစ်အပျက်တစ်ခုကို
မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတယ်
ဘယ်သူမှ မထင်မှတ်ထားတဲ့အရာကြောင့်
လူတွေဟာ ထိန်းမနိုင် သိမ်းမနိုင်
ကစဉ်ကလျားနဲ့ သေဆုံးခဲ့ရရှာတဲ့အထိပါပဲ
အခုတော့
ဒီကုန်စည်ပြခန်းကြီးဟာ သူ မဟုတ်တော့သလို
အဖြူရောင်အဆောက်အအုံနဲ့ ပြတင်းပေါက်တွေမှာတော့
တိတ်ဆိတ်ငြိမ်သက်
လုံခြုံစွာနဲ့ တည်ရှိနေဆဲပေါ့...
ငါ့ရဲ့ ကံကြမာဟာ
ငါ့ဦးခေါင်းပေါ်ကနေ
လွှဲဖယ်ပေးလိုက်တာ
ငါ့ဘ၀ရဲ့
ကံကောင်းခြင်းလက်ဆောင်တစ်ခုအဖြစ်
တန်ဖိုးထားရင်း
ငါ ရှေ့ဆက် အသက်ရှင်နေပါ့မယ်...

ကဗျာ မဟုတ်ဘူးနော်။ ယမင်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုရဲ့ စကားစုသာ ဖြစ်ပါတယ်။

အတွေးအမြင်များ

လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဆိုတာ အလုပ်လုပ်ခြင်းဘဲ
ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ်တတ်တယ်.....
ကိုယ့်ဘ၀ကိုယ်သိ၊ ကိုယ့်အားကိုယ်ကိုး
လဲရင် ပြန်ထ၊ ဒါဘ၀ဘဲ
အကျင့်စာရိတ္တသည် ထိုသူ၏ ကံကြမ္မာပင် ဖြစ်သည်
နေသလို မဖြစ်တဲ့ဘ၀မှာ ဖြစ်သလို မနေပါနဲ့
လူ့ဘုံဆိုတာ လုံ့လ၀ီရိယဘုံပါ
အစာငတ်ရင် တစ်ခဏ၊ စာငတ်ရင် တစ်ဘ၀ ဆုံးရှုံးပြီလေ
လုပ်ချင်တာထက် လုပ်သင့်တာလုပ်ဖို့ အရေးကြီးတယ်
ရောဂါပြင်းလျှင် ဆေးရှိသည်၊ လူပျင်းလျှင် ဆေးမရှိပါ
ဘ၀ကြိုးဝိုင်းထဲမှာ ဒုက္ခကို ဇွဲနဲ့ အလဲထိုးပါ
အပြောနဲ့ ကဲ့ရဲ့တတ်သူကို အလုပ်နဲ့ အနိုင်ယူပါ
အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု နှစ်ခုရှိတယ်။ အဲဒါက
မိဘနဲ့ အချိန်ဘဲ။
ဟုတ်တယ်နော်။ သူငယ်ချင်းတို့ကော ဘာတွေလုပ်နေလဲဟင်.....
သေမင်း ဆောင်ယူသည်ကို
မည်သူမျှ မတားဆီးနိုင်...........
ကောင်းကင်ဘုံက ချီးမြင့်သည်ကို
မည်သူမျှ အပြစ်မပေးနိုင်.........
အချစ်၏ ပေါင်းစည်းခြင်းကို
မည်သူမျှ မခွဲနိုင်.......
သံသရာ၏ အစီအမံကို
မည်သူ တစ်ဦးတစ်ယောက်မျှ
မပြောင်းလဲနိုင်ပါ........

အချစ်စကားဆိုတာ

အချစ်စကားဆိုတာ
တို့စိတ်တွေကို
အလင်းရောင်နယ်မြေနဲ့
လောင်ကျွမ်းနေတဲ့
မီးတောက်တွေထဲက
မြှင့်တင်ပို့ဆောင်ပေးမဲ့
ကောင်းကင်ဘုံက
တေးတစ်ပုဒ်ဖြစ်တယ်.......

ဆန္ဒ

တို့မေဂျာတူ သတ္တဗေဒ
ဆုံဆည်းခဲ့ရ မောင်နှမတွေသည်
ချစ်ခင်ကြည်ဖြူ ညီတူလက်တွဲ
အသွင်မကွဲ တစေမြဲခဲ့
ရယ်မောရွှင်ပျ အမှတ်တရများစွာ
ရင်မှာဖြစ်တည် ကြွင်းကျန်ရစ်ပြီ
သက်ဆုံးတိုင် မမေ့စေချင်တော့သည်........

10/29/2007

ပန်းပန်လျက်ပဲ

ညိုပြာပြာ၊ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်။ လှိုင်းသက်ရာဆင်း
ဆင်းရလဲ မသက်သာ
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ
မြှုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက ဘဲထွက်လို့လာ
ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ
ပန်းပန်လျက်ပဲ

ဆရာဇော်ဂျီ၊ တက္ကသိုလ် မိုးဝေမဂ္ဂဇင်း၊ ၁၉၆၀ ပြည့်နှစ်

အဲဒီ ကဗျာလေးက စိတ်ကို အားရှိစေတယ်လေနော်။

အပြုံးနှင့် တုံ့ပြန်ပါ

ကျွန်မတို့ ဥယျာဉ်ကြီးတစ်ခုထဲကို ရောက်သွားရင် ကျွန်မတို့ရဲ့အာရုံဟာ ပွင့်နေတဲ့ ပန်းများဆီ ရောက်သွားတယ်။ ဓာတ်ပုံရိုက်နေတဲ့သူများဟာ အမြဲမပြတ်ပြုံးနေတဲ့မျက်နှာရှိသူများရဲ့ ပုံကိုပဲ ရိုက်ယူကြတယ်။ လောကမှာ ပြုံးရွှင်နေတဲ့ လူများကိုပဲ နှစ်သက်ကြတယ်နော်။ မျက်မှောင်ကုတ်ပြီး မျက်နှာထားတင်းမာနေတဲ့လူနဲ့ မျက်နှာ အမူအရာ မရွှင်မပျဖြစ်နေတဲ့လူတွေကို ဘယ်သူမှ မချဉ်းကပ်လိုကြဘူး။ မိမိတို့က ပြုံးရယ်နေရင် ကမ္ဘာလောက ကြီးကလည်း မိမိတို့နဲ့အတူ ပြုံးရယ်နေလိမ့်မယ်။ မိမိတို့က ငိုနေရင်တော့ မိမိတို့နဲ့အတူ ဘယ်သူကမှ လိုက်ငိုမှာမဟုတ်ဘူး။ မိတ်ဆွေအနေနဲ့လည်း ပြုံးပြုံးရွှင်ရွှင်နေတတ်အောင် ကြိုးစားပါ။ မိမိရဲ့ မျက်နှာပြုံးပြုံးရွှင်ရွှင် ဖြစ်နေရင် တခြားသူများက မိမိကို မိတ်လာမဖွဲ့ဘဲနေမှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်နော်။ အမြဲ ပြုံးပျော်ရွှင်ပြီး မိတ်ဆွေအပေါင်း တိုးပွားနိုင်ကြပါစေလို့ ယမင်း ဆုတောင်းပေးလိုက်ပါတယ်။

အချစ်ဆိုတာ........

အချစ်ဆိုတာ........
ဒုက္ခရဲ့ နိဒါန်း
သောကရဲ့ မြစ်ဖျား
အလွမ်းရဲ့ ဗဟို
အပြိုပြို အလဲလဲ
ငိုလို့မဆုံးတဲ့
ပွဲတစ်ပွဲပေါ့.......

Love is.....
preferce of trouble
beginer of river of care
centre of sentimentality
topple down a care
that never end of crying......

ကိုယ်အလိုချင်ဆုံးအရာ

ကိုယ်အလိုချင်ဆုံးအရာ
ရနံ့သင်းတဲ့ ပင်ထက်မြင့်တဲ့
တစ်နှစ်တစ်ခါ ပွင့်လန်းလာတဲ့
သဇင်ပန်းလဲ မလိုချင်ဘူး
ကင်းမဲ့နံ့ဆင်း ရောင်ဝါစုံသန်း
စက္ကူပန်းလဲ မလိုချင်ဘူး
နံ့သာထုံသင်း အဆင်းတွေဖြာ
တင့်တယ်သာသော တစ်ပွင့်ထဲသော
မေတ္တာပန်းဘဲ လိုချင်တယ်....

MY HOBBY

My hobby is reading. I am in the B.Sc.(Zool)Q(Credit). I have read some of them again and again. Reading has become a habit. Reading maketh a full man, conference a ready man, and writing an exact man. Reading is thicking with some one else's head instead of one's own.
Writing is like religion. Every man who feels the call must work out his own salvation. I usually read Myanmar novels, short stories. They are interesting and enjoy able. Magazine, Article, Play and Journal. The characters are flesh and blood. They are just like you or me pr anybody else. They love and theyhate; they laugh and they weep; they dream and they scheme; they live and they die. Novels and short stories give both knowledge and pleasure. I also read books written in simple English. They are mostly from the refold series. I understand them well. They hep me improve my English. I also read myanmar poem in magazines. I like all of them. I have a home library. My work Bagan Publishing House. I am in the Computer Operator. I have inherited a lot of books from my boss. We have also very good dictionaries. I love books. They are our friends. They are our companions. They are ourguides. They are our guards. They are our refuge.
There are two kinds of reading. One is study. Rewading such as reading books on various subjects. The other is pleasure reading such as reading novels and short shories. We read them rapidly. Both kinds of reading are beneficial to us. A good book is the best of friens, the same today and forever. Some books are to be tasted, others to be swallowed, and some few to be chewed, and digest.

All Friend " Always read and think aloud....."

For ALL Friend

သူငယ်ချင်းအားလုံးအတွက်
သင့်ရဲ့လုပ်ရပ်တွေရဲ့ စွမ်းအားကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့
ကိုယ့်ရဲ့အပြုအမူ အနည်းငယ်နဲ့ လူတစ်ယောက်ရဲ့ဘ၀ကို ပြောင်းလဲပစ်နိုက်ပါတယ်။ပိုကောင်းဖို့ဖြစ်စေ၊ ပိုဆိုးဖို့ဖြစ်စေပေါ့။ကျွန်မတို့အားလုံးရဲ့ဘ၀တွေဟာ တစ်နည်းတစ်ဖုံ သက်ရောက်မှုရှိနေကြပါတယ်။သူငယ်ချင်းတွေက နတ်တမန်တော်တွေပါပဲ။ကျွန်မတို့ရဲ့ အတောင်ပံတွေက ဘယ်လိုပျံသန်းရမယ်ဆိုတာကို မေ့လျော့သွားချိန်မှာ သူတို့က ကျွန်မတို့ကို အထက်ကို မြင့်တက်သွားနိုင်အောင် မြှင့်တင်ပေးနိုင်ပါတယ်။ဒီမှာ အဆုံးအစတွေရယ်လို့ ရှိမှာ မဟုတ်ပါဘူးသူငယ်ချင်ကောင်းဆိုတာ ကိုယ့်ဘ၀အတွက် အမြဲတမ်း အဖော်မွန်ပါ။ ကောက်းတူဆိုးဖကင် ဝေမျှခံစားတတ်ကြပါတယ်။မနေ့ဆိုတာက သမိုင်းတစ်ခု ဖြစ်သွားခဲ့ပါပြီ။မနက်ဖြန်ဆိုတာက လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေပါတယ်။ဒီနေ့ကသာ အကောင်းဆုံး လက်ဆောင်တစ်ခုလို့ ကျွန်မ ယူဆမိပါတယ်။သူငယ်ချင်းအားလုံးကို သတိရမိလျှက်

အင်တာနက်ဆိုတာ

အခုခေတ်တွင် လူတော်တော်များများ အင်တာနက်ကို အသုံးပြုလာကြသည်။ ကျွန်မတို့အပါအ၀င်ပေါ့။အင်တာနက် ဆိုတာကလည်း မြန်မာပြည်တွင်သာမဟုတ် ကမ္ဘာတစ်ဝှမ်းမှာ ရှိရှိသမျှ လူပေါင်းသိန်းသန်းမက အသုံးပြုနေသော စိတ်ဝင်စားစရာ အကောင်းဆုံးနှင့် အမြန်ဆုံးလုပ်ငန်းသုံး ပရိုဂရမ်တစ်ခုဖြစ်နေပြီလေ။ အင်တာနက်ဆိုတာကလည်း ကွန်ပျူတာချည်းမဟုတ် ကမ္ဘာကုန်ကျယ်သရွေ့ကွန်ရက်ဖြစ်တယ်။ ဒါကို တိုနီဘလဲက ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်လို့ သုံးနှုန်းသေးတယ်။ ဒါဟာလည်း အများကြီး မှန်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဟိုနေရာလည်း အင်တာနက် ဒီနေရာလည်း အင်တာနက်ဖြစ်နေပြီလေ။ကျွန်မ အခုပြောနေတာတွေဟာလည်း ကျွန်မတတ်လို့ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်မှာ အသိလေးနည်းနည်းပါးပါးရှိနေလို့ပါ။ ကျွန်မရဲ့အမြင်ကို တင်ပြရခြင်း ဖြစ်ပါတယ်။ အင်တာနက်ဆိုတာကလည်း အသိရှိရင် အသုံးပြုလို့ရပါတယ်။ ဥပမာ ကျွန်မလိုပေါ့။ အွန်လိုင်းမှာ အသုံးပြုတဲ့ သူတွေဟာ ပညာရှိ ပညာတတ်မှ ဒါမှမဟုတ် ပိုက်ဆံချမ်းသားမှပြီးတော့ လုပ်ငန်းရှင်တွေ အလုပ်လုပ်တဲ့သူတွေမှ အသုံးပြုရမယ်လို့ ကန့်သတ်ချက်မရှိပါဘူး။ ဒါဟာ လူတိုင်းအတွက် အခွင့်အရေးတစ်ရပ်ပဲ။ ကျွန်မဒါကို အရမ်းသဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက အင်္ဂလိပ်စာ အားနည်းပါတယ်။ မလေ့လာတာလဲ ပါတာပေါ့လေ။ ကျွန်မအရင်တုန်းက အင်တာနက်ကို ကြောက်ခဲ့ပါတယ်။ ကျွန်မမှ အင်္ဂလိပ်စာမရတာ ပြီးတော့ ကျွန်မဟာ သင်တန်းတွေတက်ဖို့ အချိန်လည်း မရခဲ့ဘူးလေ။ ဘ၀ပေးအခြေအနေပေါ့။ အင်တာနက်ကို ကြောက်လို့ မသုံးခဲ့ရင် ကျွန်မဟာ ယခုအချိန်မှာ လူတွေအများကြီးနဲ့ ကင်းကွာနေခဲ့ပြီပေါ့။ ဒီတော့ ကျွန်မ စဉ်းစားတယ်။ ငါ အခုလည်း သိအောင် လုပ်မယ် တစ်ခုသိလည်း ဒီတစ်ခုဟာ ငါ့အတွက် ပညာပဲဆိုပြီး ကျွန်မ လေ့လာခဲ့မိတာပါ။ အခုဆိုရင်တော့ ကျွန်မအတွက် ဗဟုသုတများစွာ ရခဲ့ပါပြီ။ ကျွန်မကို ကူညီကြတဲ့ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေကိုလည်း ကျွန်မဘ၀မှာ အမြဲကျေးဇူးတင်နေမိပါတယ်။ သူတို့ဟာ သူတို့ လေ့လာမိသလောက် ပညာဗဟုသုတတွေကို ကျွန်မကို ဖြန့်ဝေပေးခဲ့တယ်လေ။ ကျွန်မရဲ့မျက်စိကို ဖွင့်ပေးခဲ့တာဟာလည်း ကျွန်မရဲ့ ပတ်ဝန်းကျင် အနီးအဝေးမှာရှိကြတဲ့ လူသားအားလုံးပဲ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ သူများ အားနည်းချက်ကို ငဲ့ညှာပြီး တိုးတက်အောင် ကြံဆောင် ပေးကြပါတယ်။ အားလုံးပဲ ကျွန်မရင်ထဲက ဆန္ဒအမှန်ကို ပြောရရင် ပညာတွေကိုးတက်အောင်မြင်ပြီး ကျန်းမာချမ်းသာ လိုအင်ဆန္ဒတွေ ပြည့်စုံနိုင်ကြပါစေလို့ ဒီနေရာကနေ ကျွန်မ မေတ္တာပို့လိုက်ပါတယ်။ အင်တာနက်ဆိုတာ သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေးလို့ ပြောရမှာပေါ့လေ......

Life of flower

အဖြည့်ခံလှပဝေဆာ ပန်းဘ၀မှာသာမွှေးနံ့ထုံ ရနံ့စုံစဉ်မြင်သူအပေါင်းကတပ်မက်ကြ၏ပန်းအလှလေးမို့တချို့ကလည်း ဘုရားလှူဖို့တချို့ကျပြန် ခေါင်းထက်ပန်ဆင်လှချင်သမို့သူတို့ဆန္ဒပြည့်ဝဖို့ကိုအို.... ပန်းပွင့်လေးဖြည့်ပေးခဲ့တယ်မနွမ်းခင်လေး ခဏတာမှာသူတကာအတွက်ဖြည့်စွက်ခဲ့လည်းနွမ်းလို့ ကြွေစဉ်ချိန်ခါမှာညတော့စွန့်ပစ်ပယ်ခံ ဖြစ်ရပြန်တယ်သြော်....အဖြည့်ခံ ပန်းဘ၀လေးပါတကား....

Life is a Struggle

Life is a struggle. Nothing in life comes easily. Every living thing (creature) has to do same work to do. But, food does not come to them easily. Animals often fight one another for food. Big animals kil yonger and weaker animals for food. so even animals have to struggle for their living.
With the help of science, life is every wonderfel today. So many new things are invented everyday. But they are not cheap. Every new things are invented everday. But they are not cheap. Every new thing, like the television and MP# player, video, is expensive. Man has to work harder to be able to buy them.
Prices of essential things, food and clothes are rising almost daily. One income is not enough for the family. Every one in the family, must work. A woman's place is no longer in the kitchen only. And many men are doing kitchen work. There are many working wives and working mothers today. I can't kitchen and cooking.
This is the age of work, the age of struggle. I am work busy. he he. but mother is already in the kitchen.
Isn't it the Buddha who gives you blessings. It's our wholesome minds that bear great benefit. The mind is most powerful in the world. We think, speak and act as directed by our minds. Good minds with good intentions perform good actions. These good actions bring good benefits to all. Remember the Newton's Law in physice. To every action there is an equal and opposite reaction. So good actions will bring good reactions and good benefits. That is a beautiful natural Law.
So we must think, speak and act with good intentions. You see. Right. That is the essence of the Buddha's teachings.
We avoid to harm others. We try to help others.
Well, there are ups and downs in life. Don't forget to do meritorious deeds. Perseverance will bring success.
***A woman who is dignified in her ways is respected even by the irreverent.
Philippine Proverb


***A good woman is worth more than rubies.

***A plain woman with moral beauty is more than a beautiful woman.

*** Love looks not with the eyes, but with the mind.

***Lovers don't finally meet somewhere.
They're in each other all along.
လူမှုဆက်ဆံရေးမှာ ကျင့်သုံးဖို့ စကားလုံးတစ်ခုကတော့ ကြီးသူုကို ရိုသေ၊ ရွယ်သူကိုလေးစား၊ ငယ်သူကို သနားတဲ့ ဟုတ်ပါတယ်နော်။ ဒီလိုပဲ နှိမ့်ချတတ်မှုဆိုတာ ပေါင်းသင်းဆက်ဆံတဲ့အခါ ထိပ်တိုက်ဖြစ်အောင် ရင်မဆိုင်ဖို့လည်း လိုပါတယ်။ ဥပမာ ကိုယ့်လောက် စိတ်သဘောထား မပြည့်ဝတဲ့သူနဲ့တွေ့တဲ့အခါမှာ ဖြစ်နိုင်ရင် ရှောင်သွားဖို့၊ မရှောင်နိုင်ရင်လည်း ယဉ်ယဉ်ကျေးကျေးပဲ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး လျှော့ပေးဖို့။ နောင် ဒီလိုလူမျိုးနဲ့ မတွေ့အောင် တတ်နိုင်သရွှေ့ ရှောင်ဖို့ပဲ ဖြစ်ပါတယ်။ ကားမောင်းတဲ့အခါ ကိုယ်က လမ်းမှန်အတိုင်း သွားနေပေမယ့် ကိုယ့်လမ်းကြောင်းထဲမှာပြီး ထိပ်တိုက်မောင်းလာတဲ့ကားကို ရှောင်ပေးဖို့ပဲ ဖြစ်ပါတယ်။ မရှောင်ရင် တိုက်မိပြီး ဒဏ်ရာအနာတရဖြစ်ရမှာပေါ့ ဟုတ်ဘူးလားနော်။ အလားတူပဲ အရက်မူးနေတဲ့လု၊ ခေါင်းမကောင်းတဲ့လူနဲ့တွေ့ရင် သွားပြီး စကားများရန်ဖြစ်လို့ အလကားပါပဲ။ ကိုယ်က ဦးအောင်ရှောင်သွားမှ တော်မယ် ဒါဟာ ကြောက်စိတ်ရှိလို့ မဟုတ်ဘူးနော်။
ဒီလိုပဲ လူမျိုးစုံနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ အရက်မူးသမားလို၊၊ အရူးလို သိသိသာသာကြီး မူမမှန်တဲ့ လူတွေနဲ့ တွေ့ရမှာထက် ပညာဘယ်လောက်တတ်တတ် စိတ်ဓာတ်မပြည့်ဝတဲ့လူမျိုးနဲ့ တွေ့ရမှာက ပိုများပါတယ်။ အဲဒီမှာလည်း ပညာတတ်ဆိုတဲ့နေရာမှာ ကျောင်း၊ တက္ကသိုလ် အောင်တာကို အဓိက ပြောတာ မဟုတ်ပါဘူး။ အတွေ့အကြုံနဲ့ စိတ်ဓာတ်ပြည့်ဝမှု၊ အထက်စီးနဲ့ အမိန့်ပေးပေါင်းသင်း ဆက်ဆံတာမျိုး မလုပ်တာလို့ ကျွန်မ ယူဆမိပါတယ်။ ကိစ္စတစ်ရပ်ကို ကိုယ်က အပြည့်အစုံ မသိဘဲနဲ့ လက်အောက်ငယ်သားတွေကို ဆူပူကြိမ်းမောင်းပြီး ခိုင်းတာမျိုးကိုလည်း ကျွန်မ မကြာခဏ တွေ့မြင်ဖူးပါတယ်။ ဒါကြောင့် နေရာတိုင်းမှာ နှိမ့်ချပေါင်းသင်းလို့ မဖြစ်နိုင်ပါဘူး လို့ ကျွန်မ တွေးကြည့်မိပါတယ်။ ဒီလိုဘဲ ဖြစ်လည်း မဖြစ်သင့်ပါဘူး။ ကိုယ်မှန်ကန်တယ်လို့ ယူဆရမိရင်လည်း ဒါကို လျှော့မပေးသင့်ပါဘူး။ တစ်ခါတစ်ရံ လူတွေဟာ ကိုယ်စီးတဲ့ မြင်း အထီးလား အမလား ခွဲခြားမသိသလိုပါပဲ စကားပြောတဲ့အခါမှာလည်း ပြောသင့်၊ မပြောသင့် မစဉ်းစားဘဲ လူတစ်ဖက်သားကို နင်ပဲငါဆ မပြောသင့် မပြောအပ်ပါဘူးလို့ ကျွန်မရဲ့ စိတ်အတွေးက လက်ခံယူဆနေမိပါတယ်။ ဒါဟာ ပညာတတ်တွေရဲ့ အလုပ် မဟုတ်ပါဘူး။ နည်းနည်းလေး စဉ်းစားတတ်ရင်ပေါ့လေ။

မော်လမြိုင် ကျိုက္ခမီ- စက်စဲ ခရီးစဉ်သွားအမှတ်တရ နေ့ရက်များ

သူငယ်ချင်းတွေကို အမြဲသတိရနေပါတယ်ဆိုတာ ယုံလား
မယုံရင် ဒီပုံကို ကြည့်နော်
၎ နှစ်တာအတွင်း ဆိုးတူကောင်းဖက် သူငယ်ချင်းများ သို့ မမေ့နိုင်စရာ နေ့ရက်များ ဖြတ်သန်းခြင်း


ဘ၀ရဲ့ အောင်မြင်မှုမှတ်တိုင်များနှင့်
ဘ၀တစ်သက်တာ
အပျော်ရွှင်ဆုံးနေ့ရက်များ ကုန်ဆုံးပြီး
တစ်သက်တာ အမှတ်တရနေ့ရက်များ၊
ဘ၀မှာ မမေ့နိုင်စရာ အချိန်များကို
ပြန်လည်အောင်းမေ့တမ်းတ
အမြဲသတိရစရာနေ့ရက်များကို အမြဲအမှတ်ရနေမိမှာပါ သူငယ်ချင်းတို့ရယ်။
တစ်သက်တာမှာ ပုဂံ-ညောင်ဦး၊ ပုပ္ပား ခရီးစဉ်ကိုလည်း ဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူးနော်။
ဘ၀ကို ယုံကြည်စွာနဲ့ လျှောက်လှမ်းရတော့မယ်
သူငယ်ချင်းများနှင့် အစ်ကိုဝင့်နဲ့ ကိုကြောင် ပြီးတော့ မ၀ါတို့ကို သတိရလွမ်းဆွတ်ခြင်း



အိပ်မက်အိမ်

ချစ်သူ မုန်းသူ လာတယ်
မိတ်ဆွေ ၇န်သူ လာတယ်
လူရင် သူစိမ်း လာတယ်
လူကောင်း လူဆိုး လာတယ်
ကြွယ်ဝသူ ဆင်းရဲသူ လာတယ်
ပညာရှင် ပညာမဲ့ လာတယ်
အမျိုးသား အမျိုးသမီး လာတယ်
..... လာတယ် ...... လာတယ်
ခြံဝင်းမဲ့ သော့ခလောက်မဲ့
အစောင့်အရှောက်မဲ့ အိမ်နဲ့ မတူတဲ့
အမိုးအကာမဲ့ အိပ်မက်အိမ်ကြီးထဲကို
ဘယ်လို လူမျိုး လာပါ
ဘယ်လို လူမျိုး မလာရ
သမ္မာဒေ၀နတ်များ လာပါ
ပြိတ္တာ ငရဲသားများ မလာရ
စည်းဘောင်ချဖို့
ငါ့မှာ ရွေးချယ်ကန့်သတ် ပိုင်ခွင့်မှ မရှိဘဲကွယ်

အဝေးရောက် မောင်လေးအတွက်

အဝေးကြီးတော့ မဟုတ်ဘူးလေ တောင်စွယ်တွေ ခြားကန့် ငုံ့လျှိုးတာပဲ ရှိတယ်။
လေတွေ တိုက်တယ် နှင်းတွေ ကျတယ် နေခြည် ဖြာတယ် မိုး ရွာတယ် လ သာတယ်
နာရီ(ဒေသစံတော်ချိန်) ကွာတယ် ဘာသာစကား ခြားတယ် ဒါဟာ အဟန့်အတား မဟုတ်ခဲ့
မဟာ သံယောဇဉ်ကို ပဲ့ကြွေစေမယ့် ဥပေက္ခာဘွဲ့ အပ်နှင်းပွဲမှ မဟုတ်တာဘဲ
တစ်ခါတစ်ရံ ကြံကြံဖန်ဖန် အမှတ်ရ
စိတ်က ဘာလိုလိုနဲ့ (သြော်.... သူ့ခမျာ)
မော်စကို မြို့သားကြီး တစ်ဖြစ်လဲ
မိဘတွေနဲ့ကွဲ အပေါင်းအသင်းတွေနဲ့ ခွဲ
လူစိမ်း သူစိမ် စရိုက်စိမ်း သံယောဇဉ်စိမ်း ယဉ်ကျေးမှုစိမ်း
ဓလေ့စရိုက်စိမ်း ပတ်ဝန်းကျင် စိမ်းစိမ်းကြားထဲမှာ
ဘာသာစကား ကွဲပြားမှု နေထိုင်မှု လွဲမှားမှု စားမှု သောက်မှု
လူမှုကိစ္စ ပြဿနာ ကမောက်ကမတွေကြားထဲံမှာ
အားငယ်နေမလား နိုးကြားနေမလား တက်ကြွနေမလား ကြိုးစားနေမလား
စဉ်းစားမိ အခါခါ....။

ခွဲံခွာခဲ့ရသော သူငယ်ချင်းများသို့ လွမ်းဆွတ်ခြင်း


ဘ၀ရဲ့ ခါးသီးမှုပမာ ငါတို့ဝေးကွာကြပြီဆိုပါတော့အားလုံးကို နှုတ်ဆက်ဖို့ရာငါ့မှာ စကားလုံးတစ်လုံးတောင် ရှာလို့ မရခဲ့ဘူးပေါ့။ဝဋ်ရှိရင်လည်း ပြေပါစေလူခြေတိတ်တဲ့ ထောင့်ကလေးတစ်နေရာမှာငါတစ်ယောက်ထဲ ကြေကွဲနေပါမယ်....လောကမာယာ မင်းတို့ ဖြတ်သန်းလရောင်ဆမ်းချိန် ကြုံတဲ့အခါငါ့နာမည်ကို မေ့ထားလိုက်ပါလေ....အခက်အခဲတစ်ခုအဆင်မပြေမှုတွေ ကြုံတဲ့အခါငါ့နာမည်ကို သတိရပါစေ.....
ကိုယ်ကြိုးမကြည့်စေတနာထားကြိုးစားလုပ်ကိုင်အားလုံးအတွက် အမြဲရှေ့တန်းတင်ခဲ့အခက်အခဲဟူသမျှ ဖြေရှင်းပေးပြီးနောက်ဆုံးတော့....ကိုယ့်ရဲ့အကျိုးကျေးဇူးရလဒ်ကားအဘယ်မှာနည်း.....
ဘယ်လိုမှ မဆုံဆည်းနိုင်တဲ့ဘ၀မှာအတိတ်က အရိပ်တွေ တရေးရေးတွေးပျော်ရွှင်မှုတွေ စဉ်းစားကာယူငါ၏ဘ၀ ဖြေသိမ့်ခဲ့ရကိုယ့်အပေါ် ကောင်းသူတွေ့ခဲ့သလိုမကောင်းသူလည်း တွေ့ခဲ့ရဘယ်သူဘယ်ဝါဆိုတာ မစဉ်းစားချင်ရင်ထဲမွန်းကြပ် အခံရခက်စွာလက်တုံ့ပြန်စိတ် ရင်ထဲမရှိခဲ့ကျွန်မဘ၀အတွက်သင်ခန်းစာလို့ မှတ်ယူဒါဟာ ကျွန်မ ရင်ထဲကအမှန်တရားသာ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို လေးစားတဲ့သူ၊ လူအများကိုလည်း လေးစားတဲ့သူရဲ့ မျက်နှာဟာ အင်မတန် ကျက်သရေ ရှိတယ်။ခင်မင်စရာ လေးစားစရာ ကောင်းတယ်။ ဒီလိုလူဟာ စိတ်လည်း ပိုအေးချမ်းတယ်။နူုံးညံတယ်။ ဒီလိုလူဟာ လူ့အသိုင်းအ၀ိုင်းရဲ့ ကျက်သရေဆောင်ဖြစ်တယ်။.
ကိုယ့်ကိုယ်ကို လေးစားတဲ့သူ၊ လူအများကိုလည်း လေးစားတဲ့သူရဲ့ မျက်နှာဟာ အင်မတန် ကျက်သရေ ရှိတယ်။ခင်မင်စရာ လေးစားစရာ ကောင်းတယ်။ ဒီလိုလူဟာ စိတ်လည်း ပိုအေးချမ်းတယ်။နူုံးညံတယ်။ ဒီလိုလူဟာ လူ့အသိုင်းအ၀ိုင်းရဲ့ ကျက်သရေဆောင်ဖြစ်တယ်။
သို့အမေဝေးတစ်မြေကနေသားအကြောင်း တွေးနေပြီလားဖွေးနေတဲ့ဆံပင်ဖြူနဲ့သားအတွက် အရင်လိုပူနေဆဲလားသားအတွက် အန္တရာယ်ဖြစ်မလာဖို့မေတ္တာပို့နေဆဲလားတရားသံနာပျော်ရင်းနဲ့သားစာအပြန် မျှော်နေဆဲလားအခုဆိုရင် အမေ့ရင်ခွင်ထဲက ခွဲလာတာခြောက်နှစ်တာပြည့်ပြီပေါ့အမေစာမရေးတာ နှစ်ချို့လို့အဖြစ်ဖို့လို့နေပြီလား အမေမနှစ်မြို့စရာလူတွေနဲ့ အတူနေခဲ့ပြီးမှပကာသနဆိုတာတွေသိလာပြီအမေလောကဘ၀နဲ့သားအတွက်အားတက်စရာ အမေ့အေးရိပ်ချွေးသိပ်ခွင့်ပြန်ရချင်တယ်အမေ။
ဝေးကွာနေသော အမေများသို လရိပ်ချစ်သူ ကဗျာမှ

Murphy's law by Arthur Bloch

ပြဿနာတိုင်းရဲ့ အဖြေဆိုတာ အဖြေရှာသူတွေအပေါ်မှာ တည်ပါတယ်။
ဗန်ဟာဖဲန်ရဲ့နိယာမ

သင့်စီမံကိန်း မအောင်မြင်ခဲ့ရင် သင်မတွေးတော မစဉ်းစားမိတဲ့ အရေးတကြီး ကဏ္ဍတစ်ရပ်ကို တွေ့အောင် ရှာဖွေပါ။
ဘိုင်အွန်ဒီနိယာမ

ကိစ္စတစ်ခုကို ကိုယ်တိုင်လုပ်မကြည့်တဲ့လူအဖို့တော့ မဖြစ်နိုင်တာ မရှိပါဘူး။
ဝေးလာနိယာမ

10/26/2007

ဝန်းကျင်သစ်

နေရာတစ်နေရာကို ငါ ရောက်နေတယ်...
မြို့ငယ်လေးတစ်မြို့ပါ။
ငါ ဖြတ်သန်းမယ့် နေရာလေးတစ်ခုပေါ့....
တစ်ခါတစ်ရံ
အားငယ်တဲ့စိတ်က
အလိုလိုဖြစ်ပေါ်နေခဲ့
ခန်းဆောင်တွေထဲမှာက
စိတ်ရင်းနဲ့အားပေးခဲ့သူလည်း တွေ့ခဲ့ရ
အားပြိုင်မယ့်သူလည်း တွေ့ကြုံရ
အားလုံးပြည့်စုံပါပေ့...
အဲဒီလို အတုမရှိ လူ့အဖွဲ့အစည်းမျိုးထဲ
ငါ.... နေနိုင်ပါတယ်။

ကံ၊ ဥာဏ်၊ ၀ီရိယ

ကံ၊ ဥာဏ်၊ ၀ီရိယ
သိပ္ပံပညာရှင်ကြီး အေဒီဆင်သည် သူ၏ စမ်းသပ်ရှာဖွေမှု အောင်မြင်သည့်အတွက် အထိမ်းအမှတ်ပွဲ ကင်းပပြုလုပ်နေသည်။ ပါတီ တက်ရောက်လာသော သတင်းစာဆရာ တစ်ဦးက သိပ္ပံပညာရှင်ကြီး အေဒီဆင်ကို
ဆရာ အောင်မြင်မှုဟာ ဆရာရဲ့ကံကြောင့်လား
ဟု မေးလိုက်သည်။
သတင်းစာဆရာတစ်ဦးမေးသော မေးခွန်းကို အေဒီဆင်က ပြုံးပြီး အဖြေပြန်ပေးသည်။
ကံ မလို့ ကျုပ် အောင်မြင်တာ မဟုတ်ဘူး။ ကျုပ်အောင်မြင်မှုရဲ့ အကြောင်းတရားကို ရှာကြည့်မယ်ဆိုရင် ဥာဏ်က တစ်အောင်စလောက်ပါပြီး ၀ီရိယက တစ်တန်လောက်ပါတယ်
အေဒီဆင်၏စကားကို အသေအချာ စဉ်းစားကြည့်သင့်သည်။ မိမိတို့၏ လုပ်ငန်းကိစ္စတစ်ခုခု အောင်မြင်မှုမရှိလျှင် ကံကို ရိုးမယ်ဖွဲ့ပြီး
ငါ ကံဆိုးလှချည်လား
ဟု မြည်တမ်းနေကြသည်။ မိမိတို့၏ လုပ်ငန်းကိစ္စထမြောက်အောင်မှု မရှိခြင်း၌ ၀ီရိယ၏ အပိုင်းအစ ဘယ်လောက်ပါသနည်းဆိုသည်ကိုမူ ထည့်တွက်ရမှန်းမသိ ဖြစ်နေကြသည်။ ကံကိုသာ အကြောင်းတရားအဖြစ် ပုံချနေကြသည်ဖြစ်၍ ၀ီရိယကို မေ့နေကြသည်။


ပါရဂူစာအုပ်မှ ကောက်နုတ်ချက်

Cascade






** Love me with thine hand stretched out freely open minded.


*** Only Three things are infinite:
the sky in its stars,
the sea in its drops of water,
and the heart in its tears.


တောင့်တမှု
တွေ့ခွင့်မကြုံ ဆုံခွင့်မရ
ဘ၀ခြင်းတွေ ဘယ်လိုပင် ခြားစေတော့
သူ ရှိနေသည့် အသိလေးနှင့်သာ
ရင်မှာ မျှော်လင့် တောင့်တနေပေမယ့်
အရင်ကလည်း နေတတ်ခဲ့သည်မို့
နောင်လည်း....
နေတတ်နေဦးမှာပါကွယ်.....

မေတ္တာတရားရဲ့ တကယ့်ပန်းတိုင်ဟာ စိတ်ဓာတ်မြင့်မြတ်မှုနဲ့ အသိÓဏ်ဖြစ်ပေါ်ရေးပါ။

လူနဲ့ ပတ်ဝန်းကျင်

လောကသဘာဝ
လောကကြီးမှာ လူတွေဟာ
ရယ်ရယ်မောမော
ခင်ကာနှောတော့
လူပေါကြီးလို့ ဆိုကြပြန်တယ်....
ရောနှောမ၀င်
တည်ပြန်ရင်လည်း
မာနကြီးဘိဆိုလေ၏....
တည်တည်မှန်မှန်
နေပြန်ရင်လည်း
ဆိုလေအတင်း
ကုတ်ကမြင်းတဲ့
ကဲ.... ခင်မင်ရတဲ့
စာဖတ်သူရော

ဘယ်လိုလဲဟင်..........။