11/08/2007

ဆီဗုံးသို့ မိုက်ရိုင်းညစ်ညမ်းစွာ လာရောက်ဆဲရေးသွားသူအတွက် မှာတမ်း

ငါတို့သည် ငါတို့ တွေးကြံသည့်အတိုင်းသာ ဖြစ်ရသည်။
ငါတို့၏စိတ်ကပင် ငါတို့ကို ဦးဆောင်လေသည်။
ငါတို့၏စိတ်ဖြင့်ပင် လောကကို ပြုပြင်စီရင်၏။
မစင်ကြယ်သောစိတ်ဖြင့် ပြုမူပြောဆိုခဲ့မိလျှင်
ဒုက္ခသည် သင်၏နောက်သို့ လိုက်လာလိမ့်မည်။
လှည်းကိုဆွဲသော နွား၏နောက် လှည်းဘီးက
အစဉ်အမြဲ လိုက်လံသည့်ပမာတည်း။
မကောင်းတာ လုပ်လျှင် မကောင်းတာဖြစ်မည်။

မစင်ကြယ်သော အတွေးအကြံစိတ်ကို လိုက်သူသည်
ယခုဘ၀ရော နောက်ဘ၀ပါ နှစ်ဘ၀လုံး
ဆင်းရဲဒုက္ခရောက်လိမ့်မည်။
ကိုယ်ပြုသည့် မကောင်းမှုကို မြင်သည်နှင့်အမျှ
ကြီးမားစွာ ဆင်းရဲပူပန်ရမည်သာ ဖြစ်ပေတော့မည်။

အကယ်လို့ လူတစ်ဦးသည် စိတ်ဓာတ်ညစ်ညမ်းသူ ဖြစ်လျှင် မိုက်ရိုင်းစော်ကားသူဖြစ်နေလျှင်
ဘယ်လိုလူမျိုး ဖြစ်မည်နည်း။

သင် သတိပြုပြီး ဆင်ခြင်လော့
မွေးမိခင်ကို ရိုသေပါ...

2 comments:

မျှားပြာ said...

သင် သတိပြုပြီး ဆင်ခြင်လော့
မွေးမိခင်ကို ရိုသေပါ...

အများကြီးတွေးလို့ရတယ် ... အဲစာကြောင်းလေး
စိတ်လျှော့ပါ အစ်မရေ ...
အဆင်ပြေါပါစေ။

Shweyamin said...

စိတ်ကတော့ တော်တော်ကို လျှော့ထားတာ နို့မို့ဆို မလွယ်ဘူး ဟွန်း