11/21/2007

ပုံရိပ်စစ်ကို တွေ့ရှိပြီးနောက် အလှစစ်ကို ထပ်မံတွေ့ရှိခဲ့ပြန်ပါတယ်။


အလှစစ်

ဘ၀ဆိုတာ
အကောင်းအဆိုးပါသည်
အကြောင်းအကျိုးမှာကား
ခံယူသူအပေါ် မူတည်သည်
အလှဆိုတာ
ခဏတာတည်း
ချိန်ခါအရ
တာရှည်ရသည်၊ တာရှည်သည်။
ဘ၀ကို အပြစ်မကျူးနှင့်
အလှကိုလည်း မယစ်မူးနှင့်
မာနဆိုတာ
ဆူးခက်ပမာ
စူးရှမှသည်
မိမိသာတည်း၊ မိမိတည်း
မေတ္တာဟူသည် အေးမြကြည်
စမ်းရေပမာ လန်းပေရှာ
သူလည်း ရရှိ၊ ကိုယ်လည်းသိ
နှစ်ဦးနှစ်ဖက် အကျိုးတည့်
သြော်....
သမုဒ္ဒရာ ရေပွက်ပမာ
အလှတရား မတည်ငြားပါတကား
အလှတရား မတည်မြဲပါတကား
မေတ္တာသည်သာ
ထာဝစဉ်မှာ အေးမြစိတ်ဝမ်း
ပျော်စရာလွှမ်းသည့်
ရင်တွင်းပီတိ
ခံစားမိသည်၊ ခံစားသည်.....