10/31/2007

လသာမဲ့ ညကို တမ်းတခြင်း


လသာမဲ့ ညကို တမ်းတခြင်း

ဒီညဟာ ကျွန်မ အိပ်မပျော်တဲ့ ညတစ်ည
ဒီညဟာ လမင်းအနားယူနေတဲ့ ညတစ်ည
ဒါပေမဲ့ မကြာမီ လပြည့်တော့မယ်
ပြတင်းပေါက်ပေါ် လရောင်က ဖြာအကျ
ဟော လမင်း ထွက်လာပြီ
ကျွန်မပြောပြရင် ပြေးကြည့်ပြီးမှ ယုံပါ
တစ်စိတ်မဟုတ် တစ်ခြမ်းမဟုတ်
ပြည့်ပြည့်၀၀ တစ်ကိုယ်တည်းလည်း မဟုတ်
လမင်းတစ်ရာ သာနေသည်သာ...

ကမ္ဘာပေါ်မှာ ငြိမ်းချမ်းခြင်း ရှိစေချင်ပါတယ်။ ငြိမ်းချမ်းရေးရှိသော အရပ်မှာ လရောင်လည်း ရှိပေလိမ့်မယ်။ လရောင်ထွန်းလင်းတဲ့ အရပ်၌ လူတိုင်းနေချင်ကြမှာ အမှန်ပါ။ လရောင် အောက်မှာဆိုရင် ဘာမဆို လှပငြိမ်းချမ်းနေမှာပေါ့။ အမှောင်ထဲမှာနေရတာထက် စာရင်တော့ လရောင်အောက်မှာ အသက်ရှင်ရတာ ပိုကောင်းမယ်လို့ ထင်မိပါတယ်။ ကျွန်မသည် တစ်ခဏတာ သာသော လရဲ့အရိပ်ကို တပ်မက်မိတယ်။ လရောင်ကို မြင်ရင် ကျွန်မ ကြည်နူးတယ်၊ ပျော်ရွှင်တယ်။ မအိပ်ဘဲလည်း နေလို့ရတယ်။ လပြည့်ညဆိုအရမ်းပျော်တယ်။ မိုးကောင်းကင်ကို ခဏခဏ မော့်ကြည့်ရတာ အမောပါဘဲ။ ဟုတ်တယ်လေ။ လူတိုင်း အမှောင်ထဲမှာ ဘယ်သူမှ မနေချင်ကြဘူးလေ။ ကျွန်မ အပါအ၀င်ပေါ့။ မိတ်ဆွေတို့ကော အမှောင်နဲ့ အလင်း ဘယ်ဟာကို ပိုနှစ်သက်လဲဟင်...

1 comment:

hnin said...

လေလူတိုင်းက အလင်းရောင်ကို နှစ်သက်ကြတာပဲလေ။ ဒါပေမဲ့ တစ်ခါတလေ အမှောင်ထဲမှာ ထိုင်ပြီး တွေးချင်ရာတွေး၊ ငေးချင်ရာ ငေးရတာလည်း အရသာတစ်မျိုးပဲ။ အမြဲတမ်းလည်း မလင်းနေချင်သလို အမြဲတမ်းလည်း မမှောင်စေချင်ဘူး။ မမရယ်... လသာညကို တမ်းတမယ့်အစား နေ့စဉ်အလုပ်တွေလုပ်နေရင်းနဲ့ လသာညကို အလိုလို ရောက်လာမှာပါ။
အေးခ်ျး