10/31/2007

ယမင်းလေ.....

ဘ၀မှာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်တယ်။
သူတစ်ပါး နှာခေါင်းပေါက်နဲ့ အသက်မရှူချင်ဘူး။ အသက်ရှူရမှာကိုလည်း အမုန်းဆုံးပဲ။
ကြမ်းတမ်းတဲ့ ဘ၀ခရီးလမ်းမှာ စမ်းရေကြည်တစ်ပေါက်တိုက်မယ့်ငု တွေ့ခဲ့ရင် ယမင်းရဲ့
ကုသိုလ်ကံပါပဲ။ အရိပ်မဲ့ နေပူလမ်းမှာ ထီးကမ်းပေးတဲ့သူရှိခဲ့ရင်ဆိုတဲ့ အတွေး မတွေးခဲ့မိပါဘူး။
ဒါပေမဲ့ ဒါတွေကို မျှော်လင့်အားကိုးပြီး ခရီးသွားမယ့်သူတော့ မဟုတ်ပါဘူး။ ကိုယ့်ခရီးကို
ကိုယ့်နည်းကိုယ့်ဟန်နဲ့ အညံ့မခံ ရှေးခရီးကို ချိတက်သွားရမယ်ဆိုတာ ယုံကြည်နေမိပါတယ်။
လောကမှာ ကိုယ်ဖြစ်ချင်တိုင်းလည်း ဖြစ်လာချင်မှ ဖြစ်လာတတ်သလို မဖြစ်ချင်တဲ့အရာတွေလည်း
ဖြစ်လာတတ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိဖြစ်နေတဲ့၊ ကိုယ်ရောက်နေတဲ့နေရာကနေ
ရှေ့ကို ကောင်းသထက်ကောင်းအောင် ဆက်လျှောက်ရမှာပါဘဲ။ ယမင်းရဲ့ဘ၀က အမှန်ပြောရရင် ကြမ်းတမ်းတယ်လို့ ခေါ်ရမလား ဒါမှမဟုတ် နည်းနည်းခက်ခဲတယ်လို့ ဆိုရမလား.... ၁၀ တန်းအောင်ပြီးကတည်းက ကိုယ်လမ်းကိုယ်လျှောက်ခဲ့ရတယ်... ရပ်တည်မှု ကတော့ မိဘရဲ့ အရိပ်အာဝါသပါဘဲ။ မိဘနဲ့ နေရတာဟာ
ယမင်းရဲ့ဘ၀မှာ ကံကောင်းခြင်းရဲ့ လက်ဆောင်တစ်ခုပေါ့။ ဒီလို လက်ဆောင်မျိုးဟာ ဘာနဲ့မှ မလဲနိုင်ဘူး။ ပြီးတော့
မိသားစုဆိုတဲ့ အရာ ယမင်းရဲ့ဘ၀မှာ ကံကောင်းခြင်းတွေ အများကြီး ဖြစ်ပေါ်ခဲ့တယ်။ ဒါဟာ
ဘာကြောင့်လည်းလို့ သုံးသပ်ကြည့်တော့ ဘုရား၊ တံရား၊ သံဃာ၊ မိဘ၊ ဆရာ ဆိုတဲ့ ရတနာ ငါးပါဒကြောင့်ပဲ။ ဒီတော့ မိတ်ဆွေတို့ကို မှာချင်ပါတယ်။ ကိုယ့်ရဲ့ လက်ရှိအခြေအနေတွေကို ဒီထက် တိုးတက်အောင်မြင်အောင် လုပ်ကြပါ။
ပြီးတော့ ရတနာငါးပါးကို ဘယ်တော့မှ မမေ့ပါနဲ့။ အမြဲကျင့်ကြံ အားထုတ်ကြစေချင်ပါတယ်။ နောင်အချိန်ရရင်လည်း ယမင်းရဲ့ ကံကောင်းခြင်းတွေဟာ ဘာတွေလည်း ဆိုတာ ပြောပြချင်ပါတယ်။

သိချင်တယ်ဆိုရင်ပေါ့လေ..........

1 comment:

နေလင်း said...

ကံကောင်းခြင်းတွေက ဘာလဲ...ခုချက်ချင်းပြောပြ :D