11/29/2007

ဘသရဲ့ ခါးသီးမှုပမာ ငါတို့ ဝေးခဲ့ကြပြီဆိုပါတော့
မင်းကို နှုတ်ဆက်ဖို့ရာ
စကားလုံးတစ်လုံးတောင် ရှာမရခဲ့ဘူးဆိုပါတော့
ဝဋ်ရှိရင်လည်း ပြေပါစေ
ငါလေ လူခြေတိတ်တဲ့ ထောင့်လေး တစ်နေရာမှာ
ငါ တစ်ယောက်ထဲ ကြေကွဲနေပါ့မယ်
လောကမာယာ မင်းဖြတ်သန်း
လရောင်ဆန်းတဲ့အချိန်မှာ
ငါ့ကို မေ့ထားလိုက်ပါလေ...
အဆင်မပြေမှုတွေ များနေတဲ့အချိန်
ငါ့နာမည်ကို
သတိရပါလေ....

1 comment:

hnin said...

အစ်မ... နေကောင်းအောင်နေပါ။ ဒါမှ .... ... ...
ဒါလေးဖတ်ရတာ အရမ်းခံစားရတယ်။