11/08/2007

လမ်းမှန်

ငါဟာ...
မသွားတတ်တဲ့ ဂဏန်းတစ်ကောင်ပါ။
ဘယ်အရာမဆို အားလုံးနဲ့ဆန့်ကျင်ဘက်
လုပ်ရမှ ကျေနပ်တတ်တဲ့ ငါ
အမြဲဘုဂလန့်ပြောတတ်တဲ့ ငါ့ရဲ့အကျင့်
ဘေးပတ်ဝန်းကျင်ကတောင်
ပြောယူရတဲ့ ငါ့ရဲ့စရိုက်
ဘယ်လိုပြောပြော ပြုပြင်မယူချင်တဲ့စိတ်
ဒါကိုမှ နှစ်ခြိုက်ကျေနပ်နေတဲ့ ငါ
ဘာလို့ ကန့်လန့်သွားနေတာလဲလို့
ပြောခံရတိုင်း ကျွန်မပြန်ပြောတတ်တဲ့
စကားတစ်ခွန်းရှိတယ်
ဒါဟာ ဘာလဲဆိုတော့
ငါဟာ ကရကဋ်ဖွားဖြစ်နေလို့ပေါ့.
ဟုတ်တယ်လေ ဂဏန်းဆိုတာ
ဘယ်တုန်းကမှ တည့်တည့်သွားတာ မမြင်ဖူးခဲ့ဘူးလေ
ဒါပေမဲ့ ဂဏန်းလည်း
သူသွားချင်တဲ့နေရာကို
ရောက်အောင်သွားမှာပါပဲ။
အဓိကကတော့ ကိုယ်လျှောက်မဲ့လမ်းကို
မှန်မှန်ရွေးပြီး တန်းတန်းမတ်မတ်လျှောက်တတ်ဖို့ပဲ
အရေးကြီးပါတယ်နော်.....


1 comment:

Unknown said...

နောဖြူလေး...
ကန့် လန့်  သွားတာလား...ခေါင်းမာတာ လား...
ဟဲ ဟဲ စတာပါ..ညီမလေးပေါက်စရာ...
စိတ်မဆိုးရဘူးဗျို့ ...