12/31/2007

ဒီဇင်ဘာ ၃၁ ရက် ည ရဲ့ ဖြတ်သန်းခဲ့ရသောနှစ်များ

အင်း မောင်ရန်က ရေးဖို့ လာ Tag သွားတဲ့အတွက် မရေးရင်လည်း မကောင်း၊ ရေးပြန်ရင်လည်း မရေးတတ် ဘယ်လိုလုပ်ရပါ့။ များများရေးရမလား နည်းနည်းရေးရမလား ဖြတ်သန်းခဲ့ရတဲ့နှစ်တွေက မနည်းတော့ဘူးလေ။ ဒီတော့ နိဒါန်း မစ၊ စာကိုယ်မရေး၊ နိဂုံးဘဲ ရေးလိုက်တော့မယ်နော်။ ကောင်းတယ်မလား။ လူလောကကို စပြီရောက်ပြီးသကာလ လူမှန်းသိတတ်စလို့ဘဲ ပြောရတော့မှာပေါ့။ ဒီလိုနေ့ရက်တွေဆို ပျော်ရွှင်ခဲ့ရဖူးတယ်။ ငယ်တုန်းကတော့ အဲလောက်ကြီး မဟုတ်ပေမဲ့ နည်းနည်းကြီးလာတော့ ယမင်းတို့ ရပ်ကွက်ထဲမှာ လူငယ်တွေစုပြီး လူကြီးတွေကို ဒုတ်ခပေး အဲ အကူအညီတောင်းတာပါ။ အတင်း အေးဓားပြတိုက် ပိုက်ဆံတောင်း၊ ပြီးရင် လမ်းလယ်ကောင်မှာ မီးဖို ဖို အမြဲတစ်ခုမဟုတ် တစ်ခု လုပ်စားကြတယ်။ ငယ်တုန်းက လူကြီးတွေလုပ်တော့ ကိုယ်က ချက်ပြီးရင် စားချင်တာပေါ့။ သူတို့က အခု မစားရသေးဘူး။ New year အော်ပြီးမှ စားရမှာလို့ပြောတာနဲ့ ကလေးတွေစုပြီး happy new year လို့ ကုန်းအော်တော့တာပါပဲ။ ဒါကို လူကြီးတွေက ဟဲ့ ည ၁၂ နာရီထိုးမှ အော်ရမှာ ခု မအော်ရသေးဘူးလို့ပြောတော့ ကိုယ်တွေက အိပ်ချင်နေတာကိုး။ စားပြီးအိပ်မယ်ဆိုပြီး အော်တာပေါ့။ နောက်ပိုင်း အလုပ်ဝင်တော့ ရပ်ကွက်ထဲမှာ မပျော်ရတော့ဘူး။ ရုံးက ပွဲလုပ်တော့ အဲဒီပွဲမှာ တစ်ညလုံး အိပ်ငိုက် အဲ မှားလို့ ပျော်ရတော့တာပေါ့။ ဟိုးအရင် ရုံးတုန်းကတော့ အင်းယားနားက ခြံထဲမှာ လုပ်တယ်။ ပွဲမလုပ်ချင် အင်းယားကန်ဘောင်ပေါ် လျှောက်သွားလိုက်နဲ့ ပျော်ဖို့ကောင်းတယ်။ အဲ ပွဲကို မသွားခင် ရုံးမှာ လူစုပြီး ATT ကစားကွင်းမှာ သွားဆော့ပြီးမှ ပါတီပွဲကို သွားတာ။ ပြီးမှ ပွဲမှာ တစ်ညလုံး မဲနှိုက်၊ သီချင်းဆို၊ မီးပုံပွဲနဲ့ ၁၂ နာရီထိုးခါနီးကျရင် အားလုံး မတ်တတ်ရပ်ပြီး နာရီသံ နားထောင်ပြီး အော်ရတာ အပြင်က ဖြတ်သွားတဲ့သူတွေကလည်း တွေ့တဲ့သူတိုင်း လှမ်းအော်နှုတ်ဆက်ကြသေးတယ်။ အင်း ပြီးခဲ့တဲ့ နှစ်ကတော့ သူငယ်ချင်းတွေနဲ့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ရှိုးပွဲကြည့်ပြီးတော့ ကစားသေးတယ်။ ကစားတာက ဘာမှမဟုတ်ဘုး။ ဟိုဘက်ဒီဘက် အနိမ့်အမြင့်ကို စီးတာလေ။ ပြောရဦးမယ်။ ယမင်းနဲ့ စီးတဲ့သူက ၀တယ်လေ။ သူက ထိုင်လိုက်တော့ ယမင်းဘက်က မိုးပေါ်ထောင်သွားရော ဒါနဲ့ နောက်သူငယ်ချင်းတစ်ယောက်က လာဖိပေးမှ စီးလို့ အဆင်ပြေသွားတယ်။ ဟဲဟဲ ဒါကို သူငယ်ချင်းက ဒီပြင်ဟာ ဆော့တဲ့ သူ မဖိပေးတော့ဘူးတဲ့။ လာဖိပေးတော့ သူက မဆော့ရဘူးတဲ့။ ဒါန်းစီးပါလားတဲ့။ ဒါနဲ့ လွှဲပေးမလား မေးလိုက်တာပေါ့။ လွှဲပေးမှ စီးလို့ကောင်းတာလေနော်။ သူက ဘာမှမလွတ်ပါလားဆိုပြီး လွှဲံပေးရှာပါတယ်။ ဒီလောက်ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းကောင်းရထားတာ နင်တို့ ကံကောင်းတယ်လို့ ပြောလိုက်တယ်။ ဟုတ်တယ်မလား။ ၁၀ နာရီထိုးလည်းကျရော ပိတ်ပါလေရော။ ဒါနဲ့ သူငယ်ချင်းအိမ်မှာစုပြီး စားကြသောက်ကြနဲ့ တစ်ညလုံး မအိပ်ကြေးလုပ်ကြတယ်။ ဒီနှစ်တော့ ဘယ်လိုဖြတ်သန်းရင် ကောင်းမလဲဆိုတာ အကြံပေးပါဦးလို့ တောင်းဆိုရင်း နှစ်ဟောင်းကုန်လို့ နှစ်သစ်ကုးတဲ့နေ့မှစ၍ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး Óဏ်ပညာများ ဒီ့ထက် ဒီ့ထက် တိုးတက်အောင်မြင်ပြီး ယမင်းဆီ အမြဲလာလည်နိုင်ကြပါစေလို့ ဆုတောင်းနေမိပါတော့တယ်။

(မောင်လေး ရန်ရေ... ရင်ထဲရှိတာတွေ အကုန်ချရေးရင် တစ်ထောင့်တစ်ညပုံပြင်ဖြစ်မှာစိုးလို့ အနှစ်တွေဘဲ ရင်ဖွင့်လိုက်ပြီနော်။ ခုလို ဖိတ်ခေါ်တဲ့အတွက် ၀မ်းသာမိပါတယ်။ တို့ ဘလောဂ့်မောင်နှမတွေ ရေစက်ရှိနေဦးမယ်ဆိုတာ ယုံကြည်မိပါတယ်။)

ထပ်ပြီး ဖိတ်ခေါ်ချင်တဲ့သူတွေကတော့ အကိုသင်္ကြန်၊ မောင်လေး နေဘုန်းလတ်၊ မောင်သင်ကာ၊ ကိုဝေ၊ မောင်လေးမျှားပြာ၊ ညီမလေး သိုးမလေး၊ ညီမလေး မိုးချစ်သူတို့ပဲ ဖြစ်ပါတယ်။

2 comments:

hnin said...

ချစ်မမကြီး... ညီမလေး ရေးပြီးပြီနော်။ အားလုံးအတွက် တစ်ပေါင်းတည်း။ သတိတရနဲ့ ခေါ်ဖို့ရလို့ ပျော်လို့မဆုံး... နေကောင်းတယ်ဟုတ်။ ဘွား...

Yan said...

ဟိုက်ရှားပါး. အစ်မလည်း မခေဘူးပဲ. ဇာတ်လမ်းလေးတွေ ရှိတယ်ထင်ပါ့. ဟတ်ဟတ်. ရေးနေရင်းတန်းလန်းကနေ တစ်ထောင့်တစ်ည ဇာတ်လမ်းလေးတွေကို လာခလုတ်တိုက်သွားသေးတယ်. မယမင်းကတော့ဗျာ. လုပ်ပါဗျ. အဲဒါလေးတွေကမှ ပိုစိတ်ဝင်စားဖို့ကောင်းတာ. :) မျှော်နေမယ်ဗျာ. မယမင်း ပြောသလိုပါပဲ. ကျွန်တော်တို့ ဘလော့ဂါမောင်နှမတွေ ရေစက်ရှိနေကြဦးမှာပါ. နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ...