ညိုပြာပြာ၊ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်။ လှိုင်းသက်ရာဆင်း
ဆင်းရလဲ မသက်သာ
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ
မြှုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက ဘဲထွက်လို့လာ
ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ
ပန်းပန်လျက်ပဲ
ဆရာဇော်ဂျီ၊ တက္ကသိုလ် မိုးဝေမဂ္ဂဇင်း၊ ၁၉၆၀ ပြည့်နှစ်
အဲဒီ ကဗျာလေးက စိတ်ကို အားရှိစေတယ်လေနော်။
1 comment:
ဟာ အဲဒီကဗျာလေးက ကျွန်တော်အရမ်းကြိုက်တဲ့ ကဗျာလေးလေ...
ဒီနေ့ အားနေလို့ ၀င်ပြီးဖတ်လိုက်မိတာ ကဗျာတွေကော တခြားပို့စ်တွေပါ
တော်တော်လေးကို ကောင်းပါတယ်
Post a Comment