8/19/2010

ယူကေ ပညာရေး ဆွေးနွေးပွဲ - International College Wales Swansea (ICWS) နှင့် Plymouth Devon International College (PDIC)

Time : *10:00 am ~ 11:45 am*

Date : *24 August 2010 (Tuesday)*

Venue : *Taung-Ngu Room, Level 3, Traders Hotel, Yangon*

Speaker : *Mr. Karl Abbey, Plymouth, UK*

*Register NOW @ AT&S Co., Ltd. - Tel (Ygn) : 521125, 652288, 09-5062171*

အင်္ဂလန်သို့ သွားရောက်ပညာသင်ကြားလိုသော မြန်မာနိုင်ငံမှကျောင်းသား/သူများအတွက်
အင်္ဂလန်နိုင်ငံရှိ International College Wales Swansea (ICWS) နှင့် Plymouth
Devon International College (PDIC) တို့မှတဆင့် အင်္ဂလန်နိုင်ငံ၏ Highly
Trusted တက္ကသိုလ်များဖြစ်သည့် Swansea University နှင့် University
of Plymouth တို့သို့ တိုက်ရိုက် တက်ရောက်နိုင်မည့် ယူကေ ပညာရေးဆွေးနွေးပွဲ
တစ်ရပ်အား ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ
တရားဝင်အသိအမှတ်ပြု ပညာရေး အတိုင်ပင်ခံ AT&S Co., Ltd. ထံမှ သိရှိရသည်။

အဆိုပါ ပညာရေးဆွေးနွေးပွဲအား (၂၀၁၀) ပြည့်နှစ် ၊ သြဂုတ်လ (၂၄)ရက် ၊
အင်္ဂါနေ့တွင် ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ် ၊ တောင်ငူ ခန်းမ၌ နံနက်
(၁၀) နာရီ မှ (၁၁း၄၅) နာရီ အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ဆွေးနွေးပွဲသို့
ICWS နှင့် PDIC တို့မှ တာဝန်ခံအရာရှိတစ်ဦးဖြစ်သူ Mr. Karl Abbey
ကိုယ်တိုင်လာရောက်၍ International College Wales Swansea (ICWS) နှင့်
Plymouth Devon International College (PDIC) တို့တွင်
တက်ရောက်သင်ကြားနိုင်မည့် ဘာသာရပ်
များအကြောင်း ၊ Swansea University နှင့် University of Plymouth တို့သို့
တိုက်ရိုက် ဆက်လက် တက်ရောက်ခွင့်ရမည့် ဘာသာရပ်များ အကြောင်းကို
အသေးစိတ်ရှင်းလင်းဆွေးနွေးပေးမည်ဖြစ်ပါသည်။

ICWS (UK) နှင့် PDIC (UK) တို့တွင် First Year တက်ရောက်ပြီး Swansea
University နှင့် University of Plymouth တို့ရှိ စီးပွားရေးဘာသာရပ်များ၊
အင်ဂျင်နီယာဆိုင်ရာဘာသာရပ်များ၊ ဆေးပညာဆိုင်ရာ ဘာသာရပ်များ၊
အိုင်တီဘာသာရပ်များ၊ ဇီဝဆေးသိပံ္ပဘာသာရပ်၊ ဥပဒေဘာသာရပ် နှင့် နိုင်ငံတကာ
လူမှုဆက်ဆံရေး ဘာသာရပ်များကို ဒီဂရီတန်း နှင့် ဘွဲ့လွန်သင်တန်းများတွင်
ဆက်လက်တက်ရောက် သင်ကြားနိုင်မည်ဖြစ်ကြောင်း AT&S Co., Ltd. ထံမှ
သိရှိရသည်။

Mr. Karl Abbey နှင့် ကျောင်းသားတစ်ဦးချင်း တွေ့ဆုံဆွေးနွေးပြီး
ကျောင်းလျောက်ထားလိုပါက မိမိတို့၏ ပညာအထောက်အထားစာရွက်စာတမ်းများကို
အပြည့်အစုံယူဆောင်လာရမည်ဖြစ်သည်။

ယူကေ ပညာရေးဆွေးနွေးပွဲကို တက်ရောက်လိုသော ကျောင်းသားများ ၊ မိဘများအနေဖြင့်
ဆွေးနွေးပွဲ တက်ရောက်ရန်အတွက် AT&S Co., Ltd. သို့
ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ပြီး အသေးစိတ် စုံစမ်းသိရှိလိုပါက အဆောင်(၅) ၊
အခန်း(၄) ၊ မြန်မာအင်ဖိုတက်ခ် ၊ လှိုင်တက္ကသိုလ် နယ်မြေ ၊ ရန်ကုန်မြို့။
(ဖုန်း) ၅၂၁၁၂၅ ၊ ၆၅၂၂၈၈ ၊ ၆၅၂၃၂၀ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း
သတင်းရရှိပါသည်။

အားလုံးပညာတတ်များ ဖြစ်နိုင်ကြပါစေ......

No comments: