10/13/2009

ရွှေတိဂုံဘုရားရင်ပြင်ပေါ်မှာ Fan Club Member များ နှင့် သူငယ်ချင်းများ ကုသိုလ်ယူကြမည် ~

Mysubo Fan Club Member နှင့် သူငယ်ချင်းများခင်ဗျာ …
 

ကျွန်တော်တို့ Mysuboo Donation Group အနေဖြင့် ယခင်စီစဉ်ထားသောေ၇ွှတိဂုံဘုရားပေါ်တွင် တံမြက်လှည်း (သို့) ဘုရားရင်ပြင် သန့်ရှင်းခြင်း အမှုတို့ကိုဆောင်ရွက်ပြီး ကုသိုလ် ယူမည့်အစီအစဉ်အား အကြောင်းအမျိုးမျိုးကြောင့် အချိန်တော်တော်ကြာကြာရွှေ့ဆိုင်းထားခဲ့ပါသည်။


ယခု member နှင့် သူငယ်ချင်းများအား အသိပေးလိုသည်မှာ၊ လာမည့် စနေနေ့ (17.10.09) မှစ၍ အပတ်စဉ် စနေနေ့တိုင်း ညနေ (၅) နာရီအချိန်မှာစ၍် ကျွန်တော်တို့ သွားရောက် ကုသိုလ်ပြုနိုင်တော့မည်ဖြစ်သည်။ သို့ပါ၍ member များနှင့် သူငယ်ချင်းများအား အတူတကွာ ပူးပေါင်းကုသိုလ် ယူစေချင်သည်။ ဘုရားပေါ်တွင် ကျွန်တော်တို့ စုရပ်ကို အမြဲ အရှေ့ဘက်မုဒ် ရှိ ဆောင်းတန်းတွင် ထားရှိမည်ဖြစ်ပြီး ညနေ (၅) နာရီမှစ၍ ကုသိုလ်ယူမည်ဖြစ်သည်။ သို့ပေမယ့် ပထမဦးဆုံး လိုက်ပါသူများ အဆင်ပြေစေရန် စုရပ်အနေဖြင့် အောက်ဖော်ပြပါနေရာအား လာပေးကြပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။

 

စုရပ်။    ။ မြေနီကုန်းရှီ ၊ ice berry café

 

အချိန် ။    ။ ညနေ ၄ နာရီ။

 

မှတ်ချက်။    ။ အသင်းတွက် တံမြက်စည်းလှူဒါန်းချင်သူများ ရှိပါက တစ်ချောင်းကို (၅၀၀) ကျပ်နှုန်းဖြင့်   

       လှူဒါန်းနိုင်ပါသည်။

 

လေးစားစွာဖြင့်
 

Mysuboo Fan Club (Admin)


--
ကိုလိန် @ စိုင်းနောင်

http://luulane.myanmarbloggers.info/

Mysuboo Fan Club





--
yamin
www.hlayamin.com
http://yamin.iblogger.org


1 comment:

ကိုလိန် said...

အားလုံးပူးပေါင်းပါဝင်စေချင်ပါတယ်ဗျို့ ။မယမင်းရေ ကျေးဇူးပါ ဘလော့မှာ ထပ်ကြေငြာပေးတဲ့အတွက် :)