မင်းနဲ့တွေ့တိုင်း
ဒိန်းခနဲမြည်တတ်တဲ့
ရင်ခုန်သံ
ဖျတ်ခနဲ ပွင့်သွားတတ်တဲ့
ငါ့ရဲ့အသည်းတံခါး
မင်းမသိအောင်
တိတ်တိတ်ပြန်ပိတ်
ငါ့နှလုံးသားကို
အတင်းပြန်အိပ်ခိုင်းလိုတယ်
ချစ်ခြင်းကို ၀န်ခံဖို့
ငါ့ရဲ့သတိတွေက
ဘာကြောင့်မှန်းမသိအောင်
ထိတ်လန့်မှုနှင့်အတူ
ပျောက်ဆုံးနေပါရဲ့ကွယ်....