ယိုင်နဲ့နဲ့ ခြေလှမ်းနဲ့
စည်းချက်မမှန်တဲ့ နှလုံးခုန်သံတွေနဲ့အတူ
ဘ၀တွေထဲလျှောက်မိတဲ့အခါ
ပတ်ထားတဲ့ လက်ပတ်နာရီတောင်
ရပ်တန့်နေပါပေါ့....
သက်ပြင်းတွေအခါခါချ
ပတ်ဝန်းကျင်ကို ဝေ့၀ိုက်ကြည့်မိတဲ့အခါ
ပြုံးပြနေတဲ့ ၀န်းကျင်တစ်ခုလုံးက
ငါ့ကို လှောင်ပြုံး ပြုံးနေတာလား...
အားပေးနှစ်သိမ့်ပြုံးတွေလား...
မရေရာ ဝေခွဲခက်စွာနဲ့
အပြုံးတု အပြုံးစစ်ဆိုတာ
ဘာတွေနဲ့တိုင်းတာမိပါလိမ့်
ကြမ်းတမ်းခက်ထန်
ဘ၀လှိုင်းဒဏ်ကြား
အလူးအလဲခံရင်း
ချော်လဲပြန်ထ အခါခါပြုခဲ့
ငါ့ရခဲ့တဲ့ ဒဏ်ရာ
အမာရွတ်များတောင် ဖြစ်နေခဲ့ပေါ့.....
မသက်သာ ဒီဘ၀မှာဖြင့်
ဟန်ဆောင် မချိပြုံး အခါခါပြုံးရင်း
လောကကြီးထဲ လမ်းဆက်လျှောက်ဆဲ
တစ်ခါတလေ စဉ်းစားမိခဲ့
လေဒဏ်မိုးဒဏ်ခံနိုင်တဲ့
ဝါးပင်ဖြစ်ရရင် ကောင်းမလား
ဒါမှမဟုတ်
ထုသားပေသားကျနေတဲ့
ကျောက်ငရုတ်ဆုံဖြစ်ရရင်ကော
သြော် ဘာပဲဖြစ်ဖြစ်
လူဟာ လူပဲ
သဘာဝတရားက သူ့အလိုလိုဖန်တီးခဲ့
ဘယ်အရာမဆို ကြံ့ကြံ့ခံ ခုခံရင်း
ခံစားချက်နဲ့ ရှေ့ကိုဆက်မယ်
ငါဟာ......
လူသားတစ်ယောက်ဖြစ်တယ်
အနုပညာရဲ့ ရည်မှန်းချက်ဟာ ခံစားချက်ကို အတွေးအဖြစ် ကြည်လင်အောင် လုပ်ဖို့ ပြီးတော့... အဲဒီအတွေးကို ပုံသဏ္ဌာန်တစ်ခုနဲ့ ဖော်ပြဖို့ ကမ္ဘာလောကကြီးရှိနေသရွေ့ အနုပညာဟာ သေမသွားဘဲ အမြဲရှင်သန်ကြီးထွားနေမှာပါ...
10/23/2008
ခြေလှမ်းတစ်စုံ
Subscribe to:
Post Comments (Atom)
1 comment:
ဘ၀ကို ရုန်းကန်ခြင်းလို့နားလည်ထားတဲ့သူက အရာရာကိုအောင်မြင်စွာနဲ့
ကျော်လွှားနိုင်မှာပါ အမ ဘ၀ကဗျာလေးရေးတာကောင်းတယ်ဗျာ
ကြိုက်တယ် နောက်တစ်ခါရေးရင် အမကဗျာကိုအတုခိုးရမယ်
အဟီးး ရတယ်နော်
Post a Comment