
အဝေးတစ်နေရာဆီမှာ ရှိချိန်ပေါ့
အနောက်တောင် ကောင်းကင်ထဲက
ကြယ်စင်လေးဆီ
နှစ်ယောက်သား အချိန်မှန်ကြည့်ရင်း
ပြန်လင်းတန်း မျက်ဝန်းအရိပ်တွေကို
တိတ်ဆိတ်စွာ ဖမ်းယူခဲ့ကြတယ်
ဘယ်သူပြောမလဲကွယ်
တို့နှစ်ယောက်ဝေးနေတယ်လို့
ဝေးရက်တစ်ရာထဲက
နှစ်ယောက်အတူဆုံရတဲ့
ခဏတာ အချိန်ကလေးမှာ
တိတ်ဆိတ်သော ရင်တွင်းစကားတွေ
အရာအားလုံးအတွက်
ခံစားနားလည်ခဲ့ကြတယ်နော်
ဘယ်သူကြားမလဲကွယ်
တို့နှစ်ယောက်ရဲ့ရင်ထဲစကားတွေလေ
အဝေးက သခင်ရယ်
သိပ်လှတဲ့ ဆောင်းညလေးမှာ
တို့တွေရဲ့ ကြယ်စင်လေးဆီ
ပျော်ဝင်ခံစားကြည့်စမ်းပါ
စစ်မှန်စွာ လင်းလက်နိုင်တဲ့
တို့နှစ်ယောက်ရဲ့ အနာဂတ်ဟာ
သိမ်မွေ့လှပတဲ့
စစ်မှန်တဲ့ ချစ်ခြင်းပြည့် မေတ္တာတရားတွေပေါ့ကွယ်…
2 comments:
သခင်ဆိုတာဘယ်သူလဲဟင် လျှိထားတာလား
သခင်ဆိုတာ သခင်ပဲပေါ့ကွယ်...ဟဲဟဲ
Post a Comment