1/29/2010

ရှမ်းပြည်နယ်ရဲ့ ဝေးလံသီခေါင် တစ်နေရာမှ ပေးစာ

လေပြေအဝှေ့မှ
ချယ်ရီငွေ့က တစ်တောင်လုံးသင်း
နှင်းက တဖွဲဖွဲ
လေက တသည်းသည်းနဲ့
အလွမ်းရဲတဲ့နေ့
အလွမ်းကဲတဲ့ည
ကြည့်
ဟိုတောင်ခြေမှာ
မြူခိုးတွေရစ်ဆိုင်း
လေလှိုင်းတွေပုတ်ခတ်
ရင်ဘတ်ကို ဖြတ်တိုင်း
ရင်ဘတ်ကို ဟတ်တိုင်း
အလွမ်းရိုင်းတွေထန်
အလွမ်းမာန်တွေထ
သတိရတဲ့စိတ်က
ဒီတောင်တက်လမ်းကလေးလို
ကွေ့လိုက်ကောက်လိုက်
မှောက်လိုက်လှန်လိုက်နဲ့
မောဟိုက်လို့ပန်း
နွမ်းလျလို့ခွေ
လွမ်းရင်းငါ
သေသွားနိုင်တယ်ယမင်းရယ်။
ဒီဇင်ဘာ ၃၀၊ ၂၀၀၉

3 comments:

ဇာဏီ(ဘရာဗို) said...

ပေးစာလေးကို ဖောက်ဖတ်သွားပါတယ်
ရမ်သမ်တွေနဲ့ လန်း၏

ချိုကျ said...

ယမင်းရေ...အဝေးကနေလွမ်းနေရတဲ့ကဗျာလေးကို ကျွန်တော်ပါရောလွမ်းသွားပါတယ်။

soe khine said...

လွမ်းရင်းနဲ့တော့မသေပါနဲ့ တော်ကြာ၉၆ပါးရောဂါထဲမှာလွမ်းပြီးသေတယ်ဆိုတဲ့ရောဂါတိုးလာအုံးမယ်