• ငါအိုသွားသောအခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
• ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အက်ႌေပၚဖိတ္စဥ္သြားတဲ့အခါ အက်ႌ၊ လုံချည်၊ ဖိုသီဖတ်သီဖြစ်နေတဲ့အခါ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသုတ်သင် ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
• အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး
နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့် တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ်
နိပါတ်တော်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို မရိုးအောင်ပြောရင်း ချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
• မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်လှည့်၊ ခြောက်တစ်လှည့်
ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
• ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။
ငယ်ငယ်တုန်းက ]ဘာကြောင့်ဆိုတဲ့} မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
• စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့
ငါ့ကို ကူတွဲပေးကြပါ။ လမ်းလျှောက်သင်စအရွယ်တုန်းက တစ်လှမ်း ချင်း လှမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို
သတိရပေးပါ။
• တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနှင့် နားလည်ပေး ပါ။ အားပေးပါ။
အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။
ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီ အပြုံးတွေထဲမှာ မဆုံးတဲ့
သူငယ်ချင်းတို့ရေ ......... ထာဝရ ပျော်ရွှင်ချမ်းမြေ့ကြပါစေကွယ်.................။
(ကွယ်လွန်သွားပြီဖြစ်သော ဘွားဘွားနှင့် အမေကြီးကို သတိရအောင်းမေ့တမ်းတလျက်ပါ။ ခုဆို ယမင်းတို့နဲ့ ခွဲခွာသွားကြတာ ၁
နှစ်နဲ့ လေးလပြည့်မြောက်ခဲ့ပြီနော်... တစ်နေ့တစ်၇က်မှ မေ့လို့မရသေးတာ မြေးတို့ အပြစ်မဟုတ်ပါဘူးနော်။ ရောက်ရာဘုံဘ၀မှ
သာဓုခေါ်နိုင်ကြပါစေလို့ ယမင်း ဆုတောင်းလျက်)
No comments:
Post a Comment