6/24/2008

အကြံပေးစေချင်ပါတယ်

ကျွန်မရဲ့ စက်မှာ Anti-Virus အတွက် Kaspersky Anti-Virus 6 ကို တင်ထားပါတယ်။ ဒါပေမယ့် ၄ လပိုင်းမှာတင် update ကုန်နေပါပြီ။ ဒီတော့ ကျွန်မ အသစ်ထပ်တင်ဖို့ ကြိုးစားကြည့်မိပါတယ်။ ဒီတော့ ဘာလုပ်လဲဆိုတော့ အင်တာနက်ကနေ ကျွန်မ av-i386-daily.zip, av-i386-weekly.zip နှင့် av-i386-cumul.zip ဖိုင် ၃ ဖိုင်ကို download ချလိုက်ပါတယ်။ ဒီဖိုင်တွေက အမြဲနာရီမလပ် update လုပ်တယ်လို့ သိရပါတယ်။
ပြီးတော့ offline တင်ဖို့အတွက် ကြိုးစားကြည့်ပါတယ်။ အဲဒီမှာ ဘာဖြစ်လာသလဲဆိုတော့ ကျွန်မ ယူသွားတဲ့ဟာတွေက version 7 ဖြစ်နေပါတယ်။ အရင် version 6 ကို ဖျက်ချလိုက်ပြီး kaspersky 7 ကို တင်လိုက်ပါတယ်။
ကျွန်မ download လုပ်လာတဲ့ ဖိုင်တွေကို ဖိုလ်ဒါတစ်ခုနဲ့ တစ်နေရာမှာ သိမ်းပြီး Toolbar ရဲ့ အောက်လေးမှာ Kaspersky Anti-Virus icon လေးကို ကလစ်နှိပ်လိုက်ပါတယ်။ ပြီးတော့ box ပေါ်က setting ကို ဖွင့်လိုက်တဲ့အခါ Update Setting (box) ပေါ်က add ကို ထပ်နှိပ်လိုက်ပါတယ်။ ခုန ကျွန်မသိမ်းထားတဲ့ ဖိုင်တွေကို ပြန်ပြီး ညွှန်လိုက်ပါတယ်။ အဲ အဲဒီမှာ ဖိုင်သုံးဖိုင်ပဲ အမှန်ခြစ်ကလေး ခြစ်ပြီး Kaspersky Lab's update servers အမှန်လေး ဖြုတ်ထားလိုက်ပါတယ်။ သုံးခုစလုံးကို ရွေးပြီး အိုကေနှိပ်ပြီး ပြန်ထွက်လိုက်ပါတယ်။ update settings မှာ daily, weekly, cumul ဖိုလ်ဒါ သုံးခုကို တွေ့ရပါတယ်။ ပြီး ရင် apply လုပ်ပြီး ok လုပ်ပြီး ပြန်ထွက်လိုက်ပါတယ်။
ပြီးတော့ Kaspersky  ကို ပြန်ဖွင့်ပြီး Update databases ကိုကလစ် လုပ်လိုက်တဲ့အခါ update running (%) အလုပ်လုပ်တာကို တွေ့ရတယ်။ ပြီးတော့ update :complete ဆိုပြီး ပြီးသွားပါတယ်။
ကျွန်မလည်း အဆင့်ဆင့်လုပ်ကြည့်ပါတယ်။ အဲဒီမှာ အားလုံးလုပ်ပြီးတဲ့အခါမှာ error ပြပါတော့တယ်။ အားလုံးပြီးတော့ စမ်းကြည့်တဲ့အခါ run ပါတယ်။ ဒါပေမယ့် ခဏကြာတဲ့အခါ box တစ်ခု တက်လာပါတော့တယ်။ kaspersky Internet Security key notification ဆိုတဲ့ box က ခဏခဏ သတိပေးပါတော့တယ်။  ပထမ ကျွန်မလည်း မသိဘူး ရမ်းသမ်းလုပ်ကြည့်တာ။ ကျွန်မ စဉ်းစားတာက အရင် version နဲ့ ဆိုင်သလား version 7 မို့လို့လားဆိုတာ ကျွန်မလည်း မသိတော့ပါဘူး။ အလုပ်လုပ်နေရင်း တက်တက်လာတော့ ကျွန်မလည်း စိတ်မရှည်တာနဲ့ uninstall ပြန်လုပ်လိုက်ပါတယ်။ ခုလောလောဆယ်တော့ ဘာမှ ပြန်မတင်ရသေးပါဘူး။ သူများတွေ မေးကြည့်တော့ offline သုံးရင် အဆင်မပြေဘူးလို့ ပြောပါတယ်။ ဒါမှ မဟုတ် AVG ပဲ သုံးရင်လည်း ရပါတယ်လို့ပြောပါတယ်။  ဒီဟာလည်း အမြဲ update လုပ်ရတယ်လို့ ဆိုတဲ့အတွက် အမြဲ မလုပ်ရင်ကော မရဘူးလားဆိုတာပါ တွေးစရာ ဖြစ်လာပါတယ်။ အဲဒါ ကျွန်မ ဘယ် anti-Virus software ကို install လုပ်ရမယ်ဆိုတာကို ပြောပြစေချင်ပါတယ်။

No comments: