2/13/2008

Happy Birthday ပြည်သူများရဲ့ တို့ဖခင်

သူ့အကြောင်းကို ကြားဖူးတယ်။ ဒါပေမဲ့ ကိုယ်တိုင်မတွေ့ခဲ့ရဘူး။ သူ့ရဲ့အသံကို အမြဲကြားနေတယ်။ ဒါပေမဲ့ ခုတော့ မတွေ့နိုင်တော့ဘူးလေ။ သူ့အပြုံးကို မြင်ဖူးတယ်။ ဆုံးမစကားကိုတော့ ကြားဖို့ အခွင့်မရှိတော့ပါဘူးလေ။ သူဟာ လူတိုင်းရဲ့ ရင်ထဲမှာ အမြဲရှိနေမယ့် ကျွန်မတို့ ကြည်ညိုလေးစားရတဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။
သူ့အဘိုး ဗိုလ်လရောင်ဟာ နယ်ချဲ့ကို အံတု၊ မြန်မာ့သွေးကို ရဲရဲတောက်ပြခဲ့သူ အာဇာနည်တစ်ဦးပဲ ဖြစ်ပါတယ်။ သူဟာ ဖခင်ရှေ့နေ ဦးဖာရဲ့ Óဏ်ရည်Óဏ်သွေးနှင့် မိခင် ဒေါ်စုရဲ့ ထက်မြက်တဲ့စိတ်ထားတို့ကို ပိုင်ဆိုင်ထားတာဆိုရင်လည်း မမှားပါဘူး။ ပြောရရင် အဲ မှားလို့ ရေးရရင် ရေးစရာတွေ မကုန်မခမ်းနိုင်ပါဘူး။ ကျွန်မလည်း မအားတဲ့ကြားက ကျွန်မ ကြည်ညိုလေးစားတဲ့သူရဲ့ မွေးနေ့ကို ဂုဏ်ပြုချင်လွန်းလို့သာ မနည်းအားခဲ့ပြီး ရေးဖြစ်ခဲ့တာပါ။ အရင်နှစ်ကဆိုရင် နေ့ထူးနေ့မြတ်တိုင်း ကျွန်မရဲ့ရင်ထဲက ဖြစ်ပေါ်လာတဲ့ အကြောင်းအရာကို ရေးဖြစ်ခဲ့ပါတယ်။ အခုတော့ ကျွန်မရဲ့အချိန်နဲ့ အလုပ်တွေအားလုံးက ကွက်တိဖြစ်နေခဲ့ပါပြီ။ စာဖတ်ချိန်တောင် အိပ်ချိန်ထဲကဖဲ့ပြီး မနည်းယူထားရတဲ့အခြေအနေဖြစ်နေလို့ပါ။ အခု ကျွန်မရဲ့ လက်တစ်ဖက်က တော်တော်ကိုက်နေလို့ စာတိုတိုပဲ ရေးမိတာ တောင်းပန်ပါတယ်နော်။ ဗိုလ်ချုပ်ဟာ ၁၉၁၅ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။
ဖေဖော်ဝါရီလ ဆယ်သုံးရက်နေ့ ဒီကနေ့ဟာဖြင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်ပါတယ်။ ခုချိန်ထိရှိဦးမယ်ဆိုရင် ကိုးဆယ့်သုံးနှစ်တင်းတင်းပြည့်ဖြစ်ပါတယ်။
သူဟာ ငယ်ငယ်ကတည်းက မဟုတ်မခံစိတ်ဓာတ်နဲ့ အများအကျိုးသယ်ပိုးပြီး ကိုယ်ကျိုးမဖက်တဲ့သူတစ်ဦးဖြစ်လို့ အောင်ဆန်းဇာနည်ရယ်လို့ အများက ခေါ်ဝေါ်ခဲ့ကြတာပေါ့။ ဒါပေမဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ ပြည်သူပြည်သားအပေါင်း မျက်ရည်ဖြိုင်ဖြိုင်ကျပြီး စိတ်ညှိုးနွမ်းကြပါတော့တယ်။ ဒီကနေ့ဟာဖြင့် အခုရှိဦးမယ်ဆိုရင် ပြည်ထောင်စုကြီး လွတ်လပ်ရေးရအောင်
 
အောင်ဆန်းဇာနည် တို့မမေ့သည်
 
ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်း<ကတမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်။
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဆောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။
လိုက်နာရမှာ တို့တာဝန်
ကြိုးစားရမှာပင်
ခုချိန်ခါ ဗိုလ်ချုပ်ရှိ
ကိုးဆယ့်သုံးနှစ်တိ
လူသေသော်ငြား
နာမည်ကျန်ဆဲ
ဒါ တို့ဗိုလ်ချုပ်ပဲ။
တို့နိုင်ငံတွင်း
ဗိုလ်ချုပ်ကိုယ်ပွားထားရှိခဲ့လျှင်
ဘယ်လောက်ကောင်းမည်လဲ။
နိုင်ငံ့အကျိုးပြု
သားဗိုလ်ချုပ်ကို
မွေးဖွားခဲ့သော မိခင် ဖခင်
ကျွန်မ ကျေးဇူးတင်
'ဒီလို မိဘများ
တို့ပြည်တွင်းဝယ်
အများအပြား ပေါ်ပေါက်ပါစေသား။
ကျွန်မအတွက် အကြည်ညိုဆုံး၊ အလေးစားဆုံး၊ အမြတ်နိုးရဆုံး ပုဂ္ဂိုလ်မှာလည်း သူမှတစ်ပါး တခြားမရှိတော့ပါတကား။

ကဲ... မိတ်ဆွေတို မေးခွန်းလေးနှစ်ခုကို ဖြေခဲ့ပေးကြပါနော်။
၁။ ဗိုလ်ချုပ်ရဲ့ ရဲရဲတောက် မိန့်ခွန်းများထဲက သမိုင်းဝင်မိန့်ခွန်းတစ်ခုကို ဖြေခဲ့ပေးပါ။
၂။ ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ဇနီး ဒေါ်ခင်ကြည်ထံ ရေးခဲ့သည့် စာထဲက စာကြောင်းလေးတစ်ကြောင်းကို ပြောပြပါ။
 

3 comments:

Gu Gu said...

အကြည်ရေ.. ငါ ပဲပြုတ်နဲ့ နံပြားလေး စားချင်တယ်ကွာ...

Emily said...

အကြည်ရေ .. ငါ ပဲပြုတ်နဲ့ နံပြားလေး ( ရရင် ) စားချင်တယ်ကွာ။ လို့ ပြောခဲ့တာ ထင်တယ်ဗျ။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်က တဘက်သားကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်တဲ့ ဆန္ဒ အမြဲရှိတယ်လို့ ပြောပါတယ်။ ရရင် သို့မဟုတ် ရနိုင်ရင် လို့ ပြောခဲ့တယ် ထင်ပါတယ်။ အတိအကျတော့ မမှတ်မိဘူး။ မိန့်ခွန်းကတော့ အနီးကပ်ဆုံး ရန်သူကို ချေမှုန်းကြဆိုတာကို မေးထားတာလား မသိဘူး။ ဒါမှမဟုတ် ..ဟိုဟာတိုင်းပြည် ဖြစ်မယ်ဆိုတဲ့ မိန့်ခွန်းများလား။ ဟိဟိ မသိတော့ဘူး။ ဘယ်ဟာမှ အတိအကျ မသိဘူး။ ၀ိုးတိုးဝါးတားပဲ သိတယ်။

Lay Nhyot Shin said...

အကြည်ရေ ငါ ပဲပြုတ်နဲ့နံပြားလေး စားချင်တယ်ကွာ...

----------

ရဲဘော်တို့ အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး.. အခု စစ်မြေပြင်ကို ထွက်ရမယ် ဆင်းရဲမယ် ငတ်မယ် အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ် မြန်မာပီပီ မြန်မာ့သွေးကို ပြကြ၊ အနီးကပ်ဆုံး ရန်သူကို ချေမှုန်းကြ ဒါပဲ...။

:)