သူငယ်ချင်း
မင်းတို့ကိုသာ
စိတ်ချစွာ ငါ
မှာချင်ပါတယ်
ငါ သေသွားသော်
ငါ့အိမ်လေးမှာ
အများအကျိုးတွက်
ဆက်လက်လုပ်ဆောင်စေချင်တယ်
သန့်ရှင်းစွာဖြင့်
ငါ တည်ဆောက်ခဲ့
ဒီအိမ်လေးကို
အမြဲလာလည်စေချင်တယ်
ငါ့ကို မေ့ချင်မေ့သွားပစေ
တတ်နိုင်သရွေ့
ငါ့ရဲ့ မတောက်တခေါက်ပညာ
ချွေးနည်းစာနှင့်
စုကာဆောင်းကာ
ငါ ကြိုးစားခဲ့
ငါ့ရဲ့အရိပ်နဲ့
ထပ်တူညိတဲ့
ဒီအိမ်လေးကို
ဝိုင်းဝန်းစောင့်ရှောက်
ရှိစေချင်တယ်
ငါ့ရဲ့ အမှာစကား
ဖြစ်ပါတယ်သူငယ်ချင်း....
2 comments:
သူငယ်ချင်းရယ် ကြေကွဲသံကြီးနဲ့နော်...
မှာတမ်းတဲ့....
မမေ့ပါဘူးဗျာ....
တကယ်ပါ..
သူငယ်ချင်းကောင်းပီသချင်သူပါ....
ဝေနေတုန်းမှာ ဝေးမသွားပါဘူး...
လာလည်နေမှာပါ ဗျာ :D
Post a Comment