2/11/2008

ကိုယ့်နာမည်လေး

ယမင်းရဲ့မောင်လေး ပေးပို့တဲ့ကဗျာလေး ဖြစ်ပါတယ်။
တစ်ဆက်တည်း ပြောချင်တာကတော့ ယမင်းကို လာရောက်အားပေးကြတဲ့ မိတ်ဆွေသူငယ်ချင်း မောင်နှမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဘ၀မှာ ဖြစ်ချင်တာတွေ များပြီး ဘာတစ်ခုမှမဖြစ်လာသေးတဲ့သူအဖြစ် ခံစားနေရတဲ့အချိန်မှာ ရေနှစ်တဲ့သူတစ်ယောက် ၀ါးတစ်ပင်ဟာ တန်ဖိုးရှိသလို ယမင်းအတွက်တော့ မောင်နှမတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေရဲ့ စကားလေးတစ်ခွန်းဟာလည်း ဘာနဲ့မှ မလဲနိုင်အောင် အရမ်းတန်ဖိုးရှိပါတယ်။ ၀မ်းလည်းသာမိသလို ၀မ်းလည်းနည်းမိပါတယ်။ ၀မ်းသာတာကတော့ ယမင်းကို အမြဲအားပေးနေတဲ့မောင်နှမတွေအတွက်ပေါ့။ ၀မ်းနည်းတာကတော့ ယမင်းလေးလေ ခုထိ ဘယ်သူ့ကိုမှ ထိထိရော၇်ရောက် အားမပေးခဲ့ဖူးလို့ပါဘဲ။ အားလုံးကိုလည်း ယမင်း တတ်နိုင်သလောက် ဆက်လက်ကူညီသွားမှာပါ။ ပြောမှားဆိုမှားရှိရင်လည်း ခွင့်လွှတ်ပေးကြပါနော်။
မောင်လေးကိုလည်း မမကြီး ကျေးဇူးတင်မိပါတယ်။ မမကြီးရဲ့ နာမည်ဟာ အဓိပ္ပာယ်တွေနဲ့ ပြည့်စုံနေလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။



ကဗျာကို နောက်နေ့မှ တင်ပြပေးပါမယ်နော်။

2 comments:

Unknown said...

ကဗျာလေးကို ဒီအတိုင်း မမြင်ရလို့ ဒေါင်းလုပ်ချပြီး ဖတ်သွားတယ်ဗျာ။ ဘဝအတွက် တကယ်ကို အားဖြစ်စေမယ့် ကဗျာလေး တစ်ပုဒ်ပါပဲ။ အောင်မြင် ပျော်ရွှင်သော ဘဝလေး အမြဲပိုင်ဆိုင်နေပါစေ ယမင်းရေ...

စိုးထက် - Soe Htet ! said...

ချဲ့ပြီး ဖတ်ကြည့် ရတယ် ဗျ ... တစ်ကယ့်ကို အဓိပ္ပါယ် နဲ့ ပြည့်စုံတဲ့ တစ်ဘ၀စာ ကဗျာ လေး တစ်ပုဒ်ပေါ့ ... အားလုံး အဆင်ပြေ ပျော်ရွှင် ချမ်းမြေ့ပါစေ ... :)