ဒီကနေ့သည် မြန်မာများရဲ့ နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးအခါသမယဖြစ်ပါတယ်။
ဘုရားမှာတော့ တော်တော်စည်ပါတယ်။ ညနေ ၃ ရက်မှာ ကျွန်မတို့ရဲ့
စေတနာရှင်အသင်းက အရင်ဆုံး မြောက်ဘက်မုခ်မှာ လူစုပြီး
အင်္ဂါထောင့်အသင်းတည်ရှိရာကိုသွားပါတယ်။ နောက် လွှတ်မယ့်ငါးတွေကို
ညောင်ရေအိုးလေးတွေထဲကို သပြေခတ်တွေနဲ့အတူထည့်ပြီး သွားလွှတ်ကြပါတယ်။ နောက်
ငှက်တွေလည်း လွှတ်ကြပေါ့။ အလွန်ပျော်ရွှင်ကြည်နူုးစရာကောင်းပါတယ်။
နောက်အရှေ့ဘက်မုခ်စောင်းတန်းမှာ ဘုရားဖူးဧည့်သည်များကို အအေးတိုက်
လှူဒါန်းကြပြန်ပါတယ်။ နောက်ပြီး အားလုံးအတွက် အမျှအတန်းဝေ ပြီး ဘုရားမှာ
အပတ်စဉ်ပြုသမျှ ကုသိုလ်တံမြက်စည်းလှည်းတာကတော့ ဒီကနေ့
ပြုလုပ်လို့ရမှာမဟုတ်ပါဘူး။ ဘုရားဖူးဧည့်သည်များ အလွန်တရာမှ
များပြားလှတဲ့အတွက် အမှိုက်တွေပဲ လိုက်ကောက်မှရမှာဆိုတော့
ယောက်ျားလေးတွေလုပ်ဆိုပြီး ကျွန်မ ပြန်လာခဲ့ပါတယ်။
ပါလာတဲ့သူငယ်ချင်းတွေနဲ့အတူ ကားကလည်း တော်တော်ကျပ်ပိတ်သိပ်နေလို့
ကားပေါ်မှာ ချွေးတွေကြားထဲ စဉ်းစားမိတာတစ်ခုရှိတယ်။ အဲဒါဘာလဲဆိုတော့
မကောင်းမှုလုပ်လို့ ငရဲခံနေရတဲ့သူတွေ ဘယ်လောက်ဒုက္ခရောက်နေသလဲလို့
သူတို့ကိုယ်စား ကိုယ်ချင်းစာမိသလို မကောင်းမှုမလုပ်မိဖို့ ကိုယ့်ဘာသာ
ပြန်လည်သုံးသပ်မိပါတော့တယ်ရှင်။ နှစ်သစ်မှာ စိတ်ကောင်းထားပြီး
သာသနာပြုနိုင်ကြပါစေနော်။
3 comments:
သာဓု သာဓု သာဓုပါရှင်...
အလှူဒါနများကို သာဓုခေါ်သွားပါတယ်ရှင်။
sister.... .. ငှက်ကလေးတွေ ငါးလေးတွေလွှတ်တာဟာ ကိုယ်ချင်းစာတတ်တဲ့ စာနာစိတ်ရှိသူဖြစ်စေပါတယ်။
ဝမ်းသာကြည်နူးစွာပုံတွေကြည့်ရင်းဖတ်သွားပါတယ်။
သာဓုပါ သာဓုပါ သာဓုပါ အမရေ
Post a Comment