ဆောင်းဦးအ၀င်
မြူတွေဆိုင်းစ ကာလမှာ
ပွင့်ကာစ ဆောင်တော်ကူးတွေရဲ့
ပန်းချီကားချပ်နှင့်အတူ
မြက်ပင်ရှည်ရှည်တွေ
လေယူရာယိမ်း ဖွေးလှုပ်နေတာ
ငေးကြည့်ရင်း ကျွန်မ ပျော်မိတယ်…
မမြင်နိုင်တဲ့ တစ်နေရာဆီက
သခင့်ရဲ့သတင်းကို ဆောင်ယူလာခဲ့
လေပြည်တွေဟာ
ကျွန်မကို နှုတ်ဆက်ပြီး
ကျောခိုင်းသွားကြတယ်လေ…
ကျွန်မရင်ထဲက
လှုပ်ရှားပျော်မွေ့ရင်း
ငှက်ကလေးတွေရဲ့ တေးဆိုသံဟာလည်း
နားထဲမှာ ချိုမြနေတယ်…
အရုဏ်ဦးကနေ
ကြယ်ကလေးတွေ မြင်ရသည်အထိ
သဘာဝရဲ့ အလှတရားတွေကို
ကျွန်မ ခံစားနေမိတယ်….
ကျွန်မ သိခွင့်မရှိတဲ့ တစ်ချိန်ချိန်မှာ
ကျွန်မအတွက်
တောက်ပတဲ့နေ့ရက်တွေ
ရောက်လာတော့မယ်ဆိုတာ
ကျွန်မ သိနေခဲ့ပါတယ်…
သည်အခါမှာ
ကျွန်မတစ်ယောက်ထဲပဲ
ကျေနပ်စွာ ပြုံးနေလိုက်တယ်…
သည်အချိန်မှာ
နှင်းငွေ့တွေဟာ
ချစ်ခြင်းရနံ့တွေနှင့်
သင်းပျံ့စွာ
လှလို့ နေပါတော့တယ် သခင်ရယ်…
3 comments:
မမ ရယ်
မမရယ်. တောက်ပလာမယ်.နေရက်တွေမှာ
သခင် မဟုတ်ရင်တောင် ကျွှန်တယောက်အနေနဲ.
မမဘေးမှာခစားနေချင်တယ်
ယမင်းလေးရေ
ကဗျာလေးက ဆောင်းတွင်းနဲ့တော်တော်လိုက်ဖက်ပါပေတယ်ဗျာ
နောက်လည်း ဆက်ရေးပါဗျ
လာအားပေးနေမယ်နော်
ဆောင်းကဗျာတွေ ရေးကျတဲ့အချိန်ရောက်ပြီး ကျွန်တော်လဲရေးထားတယ်။ မယုံရင်လာကြည့်။ ယုံရင်လဲ လာကြည့်ပါနော်။ ဆောင်းဆိုတာ သဇင်တို့ မင်းမူကြတာပါ။ ဒီကအစ်မအတွက်တော့ သခင်က မင်းမူနေတယ်ထင်ပါနော်။ ကျွန်တော့်ဘလော့လေးကိုလဲ အသိအမှတ်ပြုပေးပါ။ အစ်မဘလော့ကိုတော့ သိမှတ်ပြုထားပါတယ်။ ခံစားချက်တွေ များလာလေလေ ဖော်ထုတ်ပြရမယ် ကုန်ကြမ်းတွေများလေးပေါ့နော်။ ကျွန်တော်ကတော့ အငှားခံစားချက်နဲ့ ကုန်ကြမ်းယူပါတယ်။ အခုကဗျာက ခံစားချက်တွေ တချိန်တချိန်မှာ ငှားသုံးခွင့်ပြုပါ။ ကျေးဇူးတင်ပါတယ်
Post a Comment