7/24/2009

၇ နှစ်နှစ်ကြာ အလွမ်း

သူငယ်ချင်းရေ... ငါ ဒီနေ့ တကယ်ပျော်တာပါဟာ... ငါလေ ခုတစ်လော ၇ နှစ်နှစ်ကြာ သူငယ်ချင်းအားလုံးနဲ့
ပြန်တွေ့ရတဲ့အတွက် တကယ် စိတ်မှာ ကြည်နူးပျော်ရွှင်နေတယ်ဆိုတာ ပြောရင် ယုံမလားဟင်... နင်လည်း
ဝမ်းသာနေတယ်ဆိုတာ နင် ဖွင့်ပြောမှ ငါသိတာမဟုတ်ပါဘူးဟာ... နင်နဲ့ ငါ ခွဲခွာခဲ့တာ ခုဆို ၇ နှစ် နှစ်ရှိခဲ့ပြီနော်။ ငါ နင်တို့ကို မေ့နေတယ်လို့ နင်တို့ ထင်လား... လေးရယ်... ငါတို့ ခွဲခွာခဲ့တာ ခုတော့ ရေစက်မကုန်သေးလို့ ပြန်တွေ့တာဖြစ်မယ်ဟ နော်...
ငါ လေ အမှန်ပြောရမလား နင် ငါ့မေးလ်ထဲကနေ လှမ်းခေါ်နေတာ နင်မှန်း မသိဘူးဟ။ ကလေးမလေးတစ်ယောက်ပဲဆိုပြီး ပြန်ပြောမိတာ။ အံ့သြဖို့တော့ ကောင်းတယ်နော် နင် ငါ့မေးလ်ထဲ ဘယ်လိုရောက်နေလဲ ငါ မသိသလို နင်လည်းမသိဘူး။
ထူးတော့ ထူးဆန်းတယ်။ ငါ့မှာ နင်တို့နဲ့ခွဲခွာခဲ့တည်းက ခင်မင်ရတဲ့ ညီမလေးတွေ များကြီးပဲရှိတယ်ဟ။ နောက်တော့ နင် သိလာမှာပေါ့ဟာ။ လေးရယ်၊ နွယ်လေးရယ်ဆိုတာ ငါရင်ထဲမှာ ဟိုးအရင်ထဲက ခုထိ ရှိနေတုန်းဆိုရင် နင် ငါပြောရင် ယုံမလားလေး။ နင်ကလေ အရင်အတိုင်းပဲနော် ဘာမှ မပြောင်းလဲဘူး။ ငါ့ကို ဂျီတော့ကနေ လှမ်းခေါ်ပြောတော့ ပထမ ငါ နင်လို့ မထင်ဘူး။ ဟီး ဟေမာညိုတို့အဖွဲ့ထဲက တစ်ယောက်အောင်းမေ့လို့ နင်က နင့်နာမည်မှ မဟုတ်တာ။ နောက်တစ်ချက် နင်လည်း ခုထိ တစ်ယောက်ထဲပဲဆိုတော့ ငါတို့ ဂိုဏ်းဖွင့်လို့ရတာပေါ့နော်။ ငါတို့တွေ မတွေ့ခဲ့ကြတာ ရှေ့လဆို ၇ နှစ်နှစ် ပြည့်ပြီနော်။
ငါလေ နင်တို့နဲ့ ဘယ်တော့ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ပြန်တွေ့ရမလဲလို့ အမြဲစဉ်းစားနေတာ။ ခုတော့
လမ်းကြောင်းတစ်ခုပေါ်မှာ ပြန်တွေ့ကြတယ်နော်။ နွယ်လေးလည်း ဘယ်နေရာရောက်နေလဲမသိဘူးနော်။
ခုပြန်တွေ့ရတဲ့သူတွေက ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းတွေရယ်၊ ညီမလေးတွေရယ်ကြောင့် ငါ ပျော်နေတယ်လို့ ပြောတာပါ။ ငယ်လေး၊ ညိုလေး၊ နေခြည်၊ မချော၊ ဇာမွန်၊ ခင်ဖုန်း နောက် လေးဆိုတဲ့ ယုန်လေးကောက်ကွေးရယ် ဟဲ့ နင်ဟာလေ တစ်လက်စတည်း ငါ ပြောဦးမယ် အရင်က အကျင့် ခုထိ မပျောက်သေးဘူးနော်။ နင် မေ့နေပေမယ့် ငါ သတိရပါတယ် အမြဲ စကားပြောရင် ဆံပင် ခဏခဏ သတ်သတ်ပြီး ပြောတတ်တဲ့ နင့်အကျင့်လေ ဟုတ်တယ်ဟုတ်။ နင်က ဂျီတော့မှာ ငါ့ကို မေးတာ ငါ ရယ်ချင်လိုက်တာ အရမ်းပဲ သိလား။ ယမင်းဆိုတာ ငါ့သူငယ်ချင်း အရပ်ပုပုနဲ့ ရုပ်ချောချောတစ်ယောက်လားတဲ့ ပထမ ငါ ဇဝေဇ၀ါ ဖြစ်နေသေးတယ်။ နင်က ထပ်ပြီး နင် အရင်တုန်းကလို အိနြေ္ဒကျော်ဇင်နဲ့တူသေးလားလို့ ထပ်ရိုက်တော့ ငါလေ
မျက်စိထဲ နင့်ကို တမ်းမြင်ယောင်မိတာဟ။ ငါလေ နင်နဲ့တွေ့တဲ့ညက အိပ်လို့မပျော်ဘူးဟ (ဂျပိုးကိုက်လို့) ဟီး ဟီး စတာ။
နောက် ထပ်ပြီး မဆင့်က ပြောတယ်တဲ့ နင် တော်တော်ပြောင်းလဲသွားတယ်လို့ ပြောတော့ ရယ်ချင်သေးတယ်။ ငါနဲ့ မဆင့်နဲ့ တစ်ခါမှ မတွေ့သေးဘူး။ အဲ သင်တန်းတက်ရင်းနဲ့ မ၀ါတို့နဲ့တွေ့တုန်း မလှိုင်မော်နဲ့ တွေ့ဖြစ်တာပဲရှိတယ်။ ငါကတော့

အရင်အတိုင်းပဲ စိတ်ကော လူကော ရုပ်တော့ မပါဘူး။ အသက်ကလေး ၇ နှစ်နှစ်လောက်ကြီးသွားပြီ။ ဘာပဲဖြစ်ဖြစ် ငါ ပျော်တယ်။ ထပ်ပြီး တွေ့ရတော့မယ့် ဦးမိုးမြင့်၊ မခိုင်၊ မခင်ချိုဦး သူတို့ကိုလည်း ငါ အမြဲသတိရပါတယ်။ လူတွေဟာ ဘ၀တစ်ကွေ့မှာ ခဏလာတွေ့ကြပေမယ့် ငါတို့ရဲ့ ခဏတာဆိုတဲ့ ခင်မင်မှု သံယောဇဉ်ဆိုတာ ဘယ်လောက်ပဲ အမျှင်ပါးပေမယ့် ခိုင်မြဲတုတ်နှောင်နေတယ်ဆိုတာ နင်ယုံလား။ နင်လည်း မပြောင်းလဲဘူး။ ငါလည်း ခုထိ နင်တို့အပေါ် ခင်မင်နေတဲ့ စိတ်က ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး လေး။ လေးရေ... ဖြစ်နိုင်ရင် နွယ်လေးနဲ့ ပြန်တွေ့ချင်တယ်။ ငါတို့တွေ ၇ နှစ်နှစ်ဆိုတဲ့ကာလကိုဖြတ်သန်းခဲ့ကြတယ်နော်။ နင် ဘာတွေ တိုးတက်ဖြစ်ထွန်းလာပြီလဲ။ ငါကတော့ အလုပ်ရယ်၊ သင်တန်းရယ်၊ ငါ့ရဲ့ကိုယ်ပွား ရွှေမြန်မာဆိုက်ရယ် ဒါတွေနဲ့ လုံးလည်ချာလည်လိုက်နေတယ်။ ဘ၀မှာ ရှေ့ကို သွားရင် သွား၊ မသွားရင် နောက်ရောက်နေတယ်တဲ့။ နင်တို့ကို အောင်မြင်ဖြစ်ထွန်းနေတဲ့လူအဖြစ် ငါ မြင်ချင်ခဲ့တာ အရင်ထဲကပါ။ ခင်ဖုန်းအတွက်တော့ ပီတိဖြစ်မိပါတယ်။ သူအတွက် လမ်းစဆိုတာထက် လမ်းဆုံးကို ရောက်နေပြီလို့ ငါ ခံစားရတယ်။ လူတိုင်း သူ့နေရာနဲ့ သူ ပျော်နေတာဆိုရင် အရာအားလုံးက ကောင်းနေတာပဲ။ ငါတို့တွေဟာ သူငယ်ချင်းအစစ်အမှန်တွေမို့ ပြန်တွေ့တာလည်း ဖြစ်နိုင်တယ်နော် နင်ကော ဘယ်လိုခံစားမိလဲ။ စိတ်ကို စိတ်နဲ့ ပေါင်းဖော်ခြင်းသည် အရှည်တည်မြဲသည်တဲ့။ လူ့လောကဆိုတာကလည်း ငိုတစ်ခါ ရယ်တစ်လှည့် ဘ၀အဖုံဖုံကြား ကျင်လည်နေရတာကိုးဟ။ ငါ ပြောင်းလဲတာ ဆံပင်တစ်ခုပဲရှိပါတယ်ဟာ။ ဟိုးလွန်ခဲ့တဲ့ ၇နှစ်တာ ကာလအကွာတုန်းက ငါ ယောက်ျားလေးဆံပင်ကေနဲ့ ဂျစ်ကန်ကန် မိုက်ကန်းကန်းပုံစံနဲ့လေ။ ငါ အဲဒီပုံစံကိုပဲ သဘောကျတယ်။ ဟန်ဆောင်မှုဆိုတဲ့ အလွှာမရှိဘူး။ စိတ်ထဲရှိတာ ကောင်းတာရော မကောင်းတာရော ပြောတတ်တဲ့ငါ့အကျင့်လေ။ ခုတော့ အသက်ကြီးလာတော့
ဖြတ်သန်းရတဲ့ ၀န်းကျင်တွေမှာ ပြောသင့် ပြောထိုက် ပြောချိန်ဆိုတာတွေ၊ နောက် အရိပ်သုံးလေးပါးလောက် ကြည့်နေရတာတွေ များလာတော့ လောကကြီးမှာ ငါလေ ပြုံးတတ်လာတယ်ဟ။ စိတ်ညစ်ရင် ပိုပြုံးတယ်လို့ ငါ့ဝန်းကျင်ကပါ ပြောဖန်များလာတယ်။
ဟုတ်တယ် လေး၊ ငါလေ ဖြတ်သန်းခဲ့ရတဲ့ဘ၀အတွေ့အကြုံအရ ကိုယ်ချင်းစာတရားဆိုတာနဲ့ နေကြည့်လာတယ်ဆိုပါတော့။

သူများကို ပြောတော့မယ်ဆိုရင် ငါ အရင်ဆုံး သူများနေရာမှာ ၀င်ခံစားကြည့်မိတတ်လာတယ်။ သူ့နေရာမှာ ငါသာဆိုရင်....

ဆိုတဲ့အတွေးပေါ့။ အဲဒါလည်း မကောင်းဘူးဟ။ တစ်ခါတလေ တစ်ယောက်ထဲ ခံစားရတယ်။ နင်လေ အရင်က အတိုင်းပဲ ငါ့အတွက် အမြဲကြည့်တတ်ပေးတဲ့အကျင့်လေးက ခုထိ မပျောက်သေးဘူး။ တူတူပြန်တာတောင် ငါ အဆင်ပြေတဲ့နေရာက ပြန်၊ မပြေရင် ကားငှားဦးမယ် ပြောနေသေးတယ်။ ဘ၀မှာ မေ့လို့မရတဲ့ မသင့်တဲ့အရာတွေက ဘာလဲနင်သိလား ငါကတော့ သူငယ်ချင်းကောင်းတွေလို့ ငါ ထင်တယ်။ နင်လည်း နင်ဖြတ်သန်းခဲ့တဲ့ ၀န်းကျင်တွေမှာငါ့ထက် ကောင်းတာတွေလည်း တွေ့ခဲ့ရင် တွေ့ခဲ့မှာပါ။့ ငါတို့တွေ လမ်းဆုံးကို မရောက်သေးပေမယ့် တစ်နေ့ ရောက်မယ်ဆိုတဲ့စိတ်နဲ့ လျှောက်နေကြတဲ့ ဒီလမ်းပေါ်မှာ ပြန်ဆုံတွေ့ခွင့် ပြန်ရရှိခဲ့တာ အလွန်ပဲ ၀မ်းသာမိတယ်။ နင်လည်း ငါ့လို စိတ်နဲ့ ရှိနေမယ်ဆိုတာ ငါ ယုံကြည်တယ်သူငယ်ချင်း....
နင်က ကဗျာ မခံစားတတ်ဘူးလို့ ငါ့ကို ပြောထားပေမယ့် နင့်အတွက် လက်ဆောင်တစ်ခု ငါ ပေးမယ်နော်။ အဲဒါကတော့
အနီးအဝေးဆိုတာပါပဲ။

အနီးအဝေး

လောကမှ
မတူမျှတာတွေ
မျှခြေညှိနေလို့ကော
အားလုံးဟာ
တူမျှလာမယ်လို့ နင် ထင်နေသလား။
လူတိုင်းကိုသာ ကိုယ့်စိတ်နဲ့နှိုင်းနေရင်
တစ်သမတ်တည်း ဖြစ်ပေါ်လာရင်တော့
ဖြစ်ပေါ်လာမဲ့ ၀န်းကျင်မှာ
အောင်မြင်မယ်လို့
ယူဆမိပါတယ်။
ဒါပေမဲ့...
ဒါတွေဟာ
ဖြစ်ပေါ်လာဖို့
တော်တော်ခဲယဉ်းပါတယ်။
မိသားစုတစ်ခုမှာတောင်
တစ်ဝမ်းတည်းဆိုပေမဲ့
စိတ်ချင်းမတူတဲ့သူတွေရယ်လို့
ဖြစ်လာကြသေးတာပဲ။
ဒီတော့
မဖြစ်လာနိုင်တဲ့အရာတစ်ခုကို
ကြိုးစားနေမယ့်အစား
ကိုယ့်စိတ်ကိုယ် ကိုယ့်ဝန်းကျင်မှာ
အလိုက်သင့်ကလေးနေတတ်အောင်
ကြိုးစာရမှာတော့
သေချာပါတယ်။
အများအားဖြင့်
လောကမှာ
ကိုယ်ဖြစ်ချင်တာထက်
ဖြစ်သင့်တာကိုပဲ
ကြိုးစားတည်ဆောက်နိုင်ရင်
အောင်မြင်မှုဟာ
ငါတို့ရဲ့အနားမှာ
အနီးလေးရှိနေမှာပါ လေးရယ်.....

3 comments:

NgeLay said...

ma ma , I really really feel a lot. I know your feeling very well. I am deeply happy also. :D . Sorry for I couldn't chat with u last days coz I was busy a lot. I always remember u , sis.

Nge Lay

NgeLay said...

Ma MA

U r also a good writer. I am amazing u coz u can write poems and blogs. When did u started ur writing? u has talent. Try sis.


Nge Lay

NgeLay said...

Ma Ma,
U mean ' Ma Lay' ? I also know her. rite? Pls give me her gamil also. :D