11/15/2008

မိဘကျေးဇူး အကျေဆပ်နည်း



စိတ်ထားမတတ်သေးတဲ့ မိဘ စိတ်ထားတတ်အောင်
စိတ်ထားတတ်ပြီးသား မိဘ ပိုပြီး ပိုပြီး စိတ်ထားတတ်အောင်
လမ်းညွှန်ဖေးမပေးရင် မိဘကျေးဇူးကျေပါတယ်။

ကုသိုလ်မလုပ်သေးတဲ့ မိဘ ကုသိုလ်လုပ်အောင်
ကုသိုလ်လုပ်နေတဲ့ မိဘ ကုသိုလ် ပိုပြီး ပိုပြီး
တိုးလုပ်နိုင်အောင် ကူညီပံ့ပိုးပေးရင် မိဘကျေးဇူးကျေပါတယ်။

တရားမရှိသေးတဲ့မိဘ တရားရှိအောင်
တရားရှိပြီးသား မိဘ ပိုပြီး ပိုပြီး
တရားရှိအောင် စွမ်းဆောင်ဖြည့်ဆည်းပေးရင်
မိဘကျေးဇူးကျေပါတယ်။

ပိုပြီး ပြည့်ပြည့်စုံစုံသိချင်ရင် အရှင်ဆန္ဒာဓိကရဲ့ နို့နှစ်လုံးဖိုးကျေပါတယ် (၂၀၀၄ ခုနှစ်) ထုတ်
စာအုပ်ကို ဖတ်ကြည့်စေချင်ပါတယ်။

ပြီးတော့ သတင်းကောင်းပါးပါရစေ။ တရားခွေနားထောင်ချင်တဲ့ မိတ်ဆွေတွေအတွက်ပေါ့။
အခု ယမင်းအိမ်မှာ နားထောင်နေတဲ့တရားခွေတွေရှိပါတယ်။ ခုတစ်လော နားထောင်ဖြစ်တဲ့ တရားခွေ တွေကတော့ အရှင်ဒေါက်တာ ကောဝိဒ ဟောတဲ့ အမွေခံထိုက်သူ ဖြစ်ပါစေ နှင့် အမေအိုရဲ့ ဓမ္မအောင်လံဆိုတဲ့ တရားခွေဖြစ်ပါတယ်။ အမေအိုဟာ သားသမီး ၁၄ ယောက်ရဲ့ မိခင်ဖြစ်ပါတယ်။ သူဟာ သားသမီးတွေက မကျွေးနိုင်လို့ ဓမ္မရိပ်ကို ရောက်သွားပြီး ရဟန်းန္တာမ ဖြစ်သွားတဲ့အကြောင်းကို ဟောပါတယ်။ တော်တော်ကို
တရားရဖို့ ကောင်းပါတယ်။ မိတ်ဆွေတို့လည်း အားရင် နားထောင်ကြည့်စေချင်ပါတယ်။

4 comments:

Anonymous said...

ညီမလေး ယမင်း
အလည်လာ ဖတ်သွားပါတယ်.. အရင်ရက်တွေက ကိုးနတ်ရှင် ဆိုးလို့ မရောက်ဖြစ်ဘူး.. အရှင် ကောဝိဒ တရားတွေ နာဖူးပါတယ်.. အရမ်းကောင်းတယ်.. အခုလို တင်ပေးတာ ကျေးဇူးပါ ညီမလေးရေ..

Anonymous said...

အစ်မရေ.. ဦးကောတရားတွေကျွန်တော်လည်း နားဖူးတယ်ဗျ။ ကျွန်တော်လည်း သဘောကျတယ်။ ကျွန်တော့်ရဲ့ ဥပဇ္စာယ်(မှန်လားမသိ)ဆရာကလည်း ဦးကောဝိဒပဲအစ်မရ။ ဘွဲ့ချင်းတူတယ်။ ဒါပေမယ့် ဓမ္မာစရိယမှာလား၊တိပိလုပ်တဲ့အချိန်လားမသိဘူး၊
စာကြည့်တာများပြီး ဦးနှောက်ချောင်သွားတယ်။ :D ကျွန်တော့်ဆရာကို ဦးကောလို့ခေါ်တာဆိုတော့ ဒီကိုယ်တော် တရားတွေနာဖြစ်တဲ့အခါ သူလည်း ဦးကောဖြစ်သွားရော။ :D
ကျွန်တော့်ဘွဲ့ကိုရော အစ်မသိချင်သေးလား။
ဦးပညာလောကပါ။ ဒါပေမယ့် အစ်မရာ၊ ကိုရင်ကြီးနဲ့
ဒုလ္လဘ ၄ ခါဝတ်ဖူးတော့ ရဟန်းခံတဲ့အခါ ဘွဲ့အရင်း
ပျောက်ပြီး ဒုံကြီးဆိုတဲ့ ဘွဲ့တော်အတိုင်းရှေ့ဆက်ခဲ့
ရတာ။ :D အံ့မင်းညိုကို ဘုန်းကြီးလို့အစ်မထင်နေ
ပြီလား။ ဟဲဟဲ.. လုံးဝဟုတ်ဘူး။ ငယ်ငယ်တုန်းက
သင်္ကြတွင်းတိုင်းကိုရင်ဝတ်တာပြောပြတာ။ :P
ရဟန်းခံတာတော့ စတုတ္ထနှစ်ပြီးမှပါ။ :)

thihanyein said...

ခုဆရာတော်ဦးကောဝိဒ ဆေးရုံတက်နေရပြီ ...
ဆုတောင်းပေးကြဦးပေါ့အမရယ်...
ရွှင်လန်းချမ်းမြေ့ပါစေ...

Anonymous said...

ကျွန်တော်လဲ အရမ်းကြိုက်တယ် အသံကိုက ဂရုဏာ အသံနဲ့ တော်တော် ကောင်းပါ တရား တစ်ခါ နာခွင့်ရတယ်ဆိုရင်ပဲ တော်တော် ကံထူးပါတယ် အစ်ကို တို့ အစ်မတို့လဲ ဘုရား တရား အလုပ်တွေ များများလုပ်နိုင်ပါစေလို့ ဆန္ဒြိပုလိုက်ပါတယ်