1/09/2008

အဖြည့်ခံ....

လှပဝေဆာ ပန်းဘ၀မှာ
သာမွှေးနံ့ထုံ ရနံ့စုံစဉ်
မြင်သူပေါင်းက
တပ်မက်ကြ၏....
ပန်းအလှလေးမို့
တချို့ကလည်း ဘုရားလှူဖို့
တချို့ကျပြန် ခေါင်းထက်ပန်ဆင်
လှချင်သမို့
သူတို့ဆနပြည့်ဝဖို့ကို
အို... ပန်းပွင့်လေးဖြည့်ပေးခဲ့တယ်
မနွမ်းခင်လေး ခဏတာမှာ
သူတကာအတွက်
ဖြည့်စွက်ခဲ့လည်း
နွမ်းလို့ ကြွေစဉ်ချိန်ခါမှာတော့
စွန့်ပစ်ပယ်ခံ ဖြစ်ရပြန်တယ်
သြော်...
အဖြည့်ခံ ပန်းဘ၀ပါတကား....

No comments: