1/23/2008

အိမ့်မက်ရှင်

လပြည့်ညရောက်လာပြန်ပေါ့
လမင်းကြီးကို ငေးကြည့်ရင်း
ကြယ်တွေကို ရေတွက်ခဲ့
ဒီလိုညမှာ
အကြင်နာအရိပ်ပါးပါးတစ်ခု
ငါ့အနားကို ရောက်ရှိလာခဲ့
သူ့ရဲ့ဂရုဏာမျက်ဝန်းလေးနဲ့
ငါ့ကို ခွန်အားတွေပေးမြဲ
ငါလေ ဒီလို ညမျိုး
ဒီလို အိပ်မက်မျိုးကနေ
ပျောက်ကွယ်သွားမှာ
စိုးရွံ့လို့နေမိတယ်...
သူ ဘယ်လိုလူလဲ
ဘယ်မှာလဲ
ရောက်လေရာမှာ ရှာဖွေခဲ့ပေမဲ့
ခုထိ အိပ်မက်ထဲမှ
တစ်ယောက်သော သူ
ဘယ်လိုလူလဲဆိုတာ
ငါ မသိခဲ့
ကံကြမ္မာရယ်
တောင်းခွင့်သာ ရှိရင်
အိပ်မက် မဟုတ်တဲ့ ဘ၀မျိုး
ဖန်တီးပေးပါ
အကြင်နာအရိပ်
ဂရုဏာမျက်ဝန်းရှင်ရယ်
မင်း ဘယ်ဆီမှာလဲ....
မင်းပေးတဲ့ခွန်အားနဲ့အတူ
ငါလေ အသက်ဆက်ရခက်နေလို့
အိပ်မက်မဟုတ်တဲ့ အိပ်မက်ရှင်ရယ်....


No comments: