မင်္ဂလာနှစ်သစ်ပါနော်.....
အနုပညာရဲ့ ရည်မှန်းချက်ဟာ ခံစားချက်ကို အတွေးအဖြစ် ကြည်လင်အောင် လုပ်ဖို့ ပြီးတော့... အဲဒီအတွေးကို ပုံသဏ္ဌာန်တစ်ခုနဲ့ ဖော်ပြဖို့ ကမ္ဘာလောကကြီးရှိနေသရွေ့ အနုပညာဟာ သေမသွားဘဲ အမြဲရှင်သန်ကြီးထွားနေမှာပါ...
12/31/2008
ဒီဇင်ဘာ ၃၁ ည ရင်ခုန်သံ
(၂၀၀၉ ကို ကြိုဆိုလျက်)
ဘလောဂ့်လောက အစပြုခဲ့
ဘလောဂ့်မောင်နှမတွေသည်
ချစ်ခင်ကြည်ဖြူ
ညီတူလက်တွဲ
တစ်ယောက်အခက်အခဲ
တစ်ယောက်ကူညီ
နှစ်ဟောင်းမှ နှစ်သစ်သို့
တိုင်ခဲ့လေပြီ...
အဆုံးမရှိ နှစ်များစွာတွင်း
ရင်းနှီးစိတ်ရင်း
ဒီစိတ်နဲ့ပင်
လာမည့်နှစ်များ
ဖြတ်သန်းချင်သည်
၂၀၀၈ ဒီဇင်ဘာ ၃၁
ည ၁၂ နာရီမှ တည်စေသော်....
(နှစ်ဟောင်းမှနှစ်သစ်များစွာတိုင် ယမင်းဖြစ်ချင်သည့်အကြောင်းအရာကို ထုတ်ဖော်လိုက်ပါတယ်။ ယမင်းရဲ့စိတ်ရင်းကို ဒီကဗျာနဲ့ တံတားလို ခင်းပေးလိုက်ပါပြီ။ ယမင်းရဲ့စိတ်ရင်းတံတားလေးပေါ်ကနေ ဘလောဂ့်မျှော်စင်များ ဆက်လက် တည်ဆောက်နိုင်ကြပါစေနော်။)
ဒီတစ်လော အရမ်းပျော်ရွှင်ဖို့ ကောင်းခဲ့ပါတယ်။ ပျော်စရာ မောင်နှမတွေနဲ့ ခင်မင်ရင်းနှီးခွင့်ရခဲ့တာဟာ နှစ်ဟောင်းမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုတစ်ခုအဖြစ် လက်ခံမိပါတယ်။

12/27/2008
12/25/2008
My Web My style ကို ရောက်ခဲ့မိခြင်း
ဒီနေ့ မနက် MICT ကို ရောက်ရှိခဲ့ရခြင်းအကြောင်းက မနေ့က ဘလာဂေါက်က အမရေ... မနက်ဖြန် မနက်ကို လာခဲ့ပေးဦးဆိုလို့ My Web My Style ဆိုတဲ့ လူလေးများရဲ့ ဆိုဒ်ပြိုင်ပွဲကို ရောက်ရှိခဲ့ပါတယ်။ ထုံးစံအတိုင်းပေါ့.... ညီမလေးတွေနဲ့ ကားဂိတ်မှာဆုံ ပြီးတော့ သွားကြတော့။
ကားဂိတ်မှာပဲ စိုးဇေယျနဲ့တွေ့တယ်။ အမ လာလေ သွားမယ်...ဆိုလို့ ကြည့်လိုက်မိတော့ လားလား စိုးဇိယျပဲ။ အေး အမလည်း သွားမလို့ အမ ညီမတွေ စောင့်နေတာဆိုပြီး အထဲရောက်တော့ ပြိုင်ပွဲဝင်ဆိုက်ဒ်က ၁၅ ခုပဲ ပြိုင်ပြီး ပြပွဲဆိုပြီး ဆိုက်ဒ်တွေလည်း ပြသထားတာကို တွေ့ရတယ်။ အဲဒီထိ မဆိုးဘူးပေါ့။ စပြလည်း ပြရော... အဲဒီမှာ ဘယ်လိုလဲဆိုတော့ အွန်လိုင်းနဲ့ မဟုတ်ပဲ အော့လိုင်းဖြစ်နေတာကို တွေ့ရတယ်။ အင်း ဒါတော့ မဖြစ်သင့်ဘူးလေ။ ဆိုက်ဒ်ပြိုင်ပွဲပါဆိုမှ အွန်လိုင်းမရတော့ ဘယ်လိုလုပ်မလဲပေါ့။ သူတို့တွေ ဒေါင်းလုတ်ဆွဲလာတဲ့ ပေ့စာမျက်နှာတွေပဲ ပြသရတော့တာပေါ့။ ဒီကြားထဲ လာကြည့်တဲ့သူတွေက ကလစ်နှိပ်ရင် အယ်တာတက်ရော... ပြိုင်ပွဲက မိုက်တယ်။ ပြိုင်ပွဲမှာ မိန်းကလေးတစ်ယောက်ပဲ ပါပြီး ကျန်တာ ယောက်ျားလေးဆိုက်တွေကြီးပဲ။ အကုန်ရေးရရင် အိမ်ပြန်နောက်ကျတော့မယ်။ အဲဒီမှာ သိသလောက်ပေါ့။ ပြိုင်ပွဲဝင် စာရင်းကို ဘန်နာပုံစံနဲ့တင်သင့်တယ်လို့ မြင်တယ်။ ဘယ်ဆိုက်တွေက ပြပွဲလဲ ပြိုင်ပွဲလဲဆိုတာ မရှင်းဘူး။ မဲပေးတဲ့သူတွေကလည်း မပါတဲ့ဆိုက်တွေကော ပေးနေကြတာကို မြင်တွေ့ရတာ တော်တော်တော့ ရယ်စရာကောင်းတယ်။ ကဲ ကိုယ်လည်း မှတ်မိသလောက် နာမည်ပြန်ပြောပြမယ်နော်။
၁။ ဘလာဂေါက်
၂။ ကိုမျက်လုံး
၃။ စိုးဇေယျ
၎။ မင်းယွန်းသစ်
၅။ အရှင်ဦးကောဝိဒ (စစ်ကိုင်း)
၆။ သက်ပိုင်ခ
၇။ နန္ဒ
၈။ သူတို့နှစ်ယောက်ရဲ့ဆိုက်နောက်တစ်ခုဆိုလားပဲ
၉။ မိုင်မက်ထရို
၁၀။ ဂျစ်ပစီ
၁၁။ ညီလင်းဆက်
၁၂။ ကိုမောင်လှ
၁၃။ မောင်လေး ထူးတေဇာ
၁၄။ မောင်လေး မျိုးကျော်ထွန်း
၁၅။ ပင့်ဂိုး
တို့ပဲ ဖြစ်ပါတယ်။ သူတို့ဆိုက်တွေမှာတော့ ပြည့်ပြည့်စုံစုံ တင်လိမ့်မယ်ထင်တယ်။ အဲဒီမှာ မဲအများဆုံးရရှိသွားတဲ့ သူကတော့ ကိုမျက်လုံးပဲဖြစ်ပါတယ်ရှင်။ နောက်ဆုထပ်ရတဲ့သူ သက်ပိုင်ခပေါ့။ ဒါနဲ့ ပွဲပြီးသွားရော ဆိုပါတော့။ အွန်လိုင်းကတော့ ဖြစ်မလာတော့ဘူးလေ။ ပြန်တော့မယ်ဆိုတော့ စက်သိမ်းနေကြတဲ့ ဘလာဂေါက်တို့က အမ မပြန်နဲ့ဦး ကျွန်တော်တို့ ပြီးအောင်စောင့်ဦးတဲ့။ ဒါနဲ့ စက်သိမ်းနေတုန်း ပြန်လစ်လာခဲ့တယ်။ သူတို့က သောက်ကြစားကြမှာလေ... လိုက်သွားလို့ ဘယ်ကောင်းမလဲ..... ဒါနဲ့ အပြန် ညီမလေး ဆုဝေနဲ့ ပြန်လာတော့ နန္ဒတို့က အမတို့ကို မုန့်ကျွေးမယ်တဲ့ လိုက်ခဲ့ဆိုလို့ သက်ပိုင်ခရယ်၊ နန္ဒရယ်၊ ဂိုဏ်းချုပ်ဆိုတဲ့ မျိုးသူရတို့နဲ့ ကော်ဖီဆိုင်ထိုင် ကလေးတွေတိုက်တဲ့ ကော်ဖီသောက်ပြီး ဆုဝေနဲ့ ဘာပွဲလည်းမသိဘူးဆိုပြီး လမ်းမှာ ၀င်ကြည့်သေးတယ်။ ဘာမှလည်း မရှိတာနဲ့ လှည်းတန်းကို ကားစီးပြီး စိန်ဂေဟာကို ၀င်ငမ်း... အဲလေ ၀င်ကြည့်ဖြစ်သေးတယ် ကြည့်တာပါ ၀ယ်နိုင်ဘူး။ တော်တော်တော့ စည်တယ်။ ဒါနဲ့ ကားဂိတ်ဝေးဝေးကြီးကို နှစ်ယောက်သား လမ်းလျှောက်လိုက်ကြတာ ခု ထိုင်ရေးတဲ့ဆိုင်ကို ရောက်ရောဆိုပါတော့။ တော်တော်များကို တွေ့ရလို့လဲ ၀မ်းသာမိပါတယ်။ ညမီးအိမ်တို့၊ ရွာသားလေးတို့၊ ပီကေတို့ကတော့ အရင်ထဲက သိတယ်ဆိုတော့ ခု ထပ်သိရတာပေါ့။ ဘာပဲပြောပြော အချိန်ပိုင်းအလုပ်လေး နည်းနည်းပြစ်ပြီး သွားလိုက်တာ ကိုယ့်ရဲ့မောင်နှမတွေနဲ့ တွေ့ရတဲ့အတွက် အကျိုးရှိပါတယ်။ နောင်လည်း အမြဲဆုံကြတွေ့ကြရင် ပိုကောင်းမယ်လို့ ပြောကြားရင်းနဲ့ လာမယ့်နှစ်ကိုလည်း ဒီလိုပွဲလေး လုပ်ဖြစ်ပါစေလို့ ဆုတောင်းရင်းနဲ့ ဗိုက်ဆာလာပြီ အိမ်ပြန်တော့မယ် နော်.... တာ့တာ....

12/23/2008
ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများ
ကမ္ဘာတစ်ဝှမ်း လူတွေ သေဆုံးရခြင်း၏ အဓိက အကြောင်းများထဲတွင် ဆေးလိပ်သောက်ခြင်းဟာ တစ်ခု အပါအဝင်
ဖြစ်ပါတယ်.. အမေရိကတွင် နေ့စဉ် ပျမ်းမျှ လူ ၁,၀၀၀ ခန့် ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးနေပြီး၊ သေဆုံးသူ ၆ ဦးတွင်
၁ ဦး မှာ ဆေးလိပ်ကြောင့် ဖြစ်ပါတယ်.. ဆေးလိပ်သောက်ခြင်းဟု ဆိုရာတွင် စီးကရက်၊ ဆေးတံ၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်
စတဲ့ ဆေးရွက်ကြီးကို နည်းအမျိုးမျိုးဖြင့် ရှူရှိုက်သောက်သုံးခြင်းများ ပါဝင်ပါတယ်..
ဆေးလိပ်သောက်ခြင်းဟာ ကြီးစွာသော ကျန်းမာရေး ခြိမ်းခြောက်မှုကို ဖြစ်စေရုံသာမက လူမှုဆက်ဆံရေးမှာလည်း
အနှောက်အယှက် တစ်ခုဖြစ်ပါတယ်.. ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းသို့ ဓာတုပစ္စည်း အမျိုး ၄,၀၀၀ ကျော်
ဝင်ရောက်ပြီး ဇီဝကမ္မ လုပ်ငန်းစဉ်ကို ထိခိုက် ပျက်စီးစေပါတယ်.. ၎င်းတို့ထဲတွင် နီကိုတင်းဓါတ် (Nicotine)၊ ကတ္တရာ (Tar)၊
ကာဗွန်မိုနောက်ဆိုဒ် (Carbon Monoxide)၊ နိုက်ထရိုဂျင်အောက်ဆိုဒ်များ (Nitrogen Oxides)၊ ဟိုက်ဒရိုဂျင် ဆိုင်ရာနိုက်
(Hydrogen Cyanide)၊ သတ္တုဓါတ်များ (Metals)၊ အမိုးနီးယား (Ammonia) နဲ့ ရေဒီယိုသတ္တိကြွ ဓါတ်ပေါင်းများ (Radioactive
Compounds) တို့ပါဝင်ပါတယ်.. ဆေးလိပ်ရှိုက်ဖွာလိုက်တာနဲ့ တစ်ပြိုင်နက် လတ်တလော ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများမှာ
- အဆုတ်လေပြွန်ကို ကျဉ်းစေခြင်း
- နှလုံးခုန်နှုန်းကို မြန်စေခြင်း
- သွေးဖိအားကို
တိုးစေခြင်း - သွေးကြောငယ်များကို ကျဉ်းစေခြင်း
- ဆေးလိပ်တွင် ပါဝင်သော ကာဗွန်မိုနောက်ဆိုဒ်က
ခန္ဓာကိုယ် တစ်ရှူးများရဲ့ အောက်ဆီဂျင် လိုအပ်မှုကို အဟန့်အတား ဖြစ်စေခြင်း တို့ဖြစ်ပါတယ်
ဆေးလိပ်သောက်ခြင်းကြောင့် ရေရှည် ဆိုးကျိုးများလည်း ခံစားရမှာ ဖြစ်ပါတယ်.. အဆုတ်ကင်ဆာ (Lung Cancers)၊
အဆုတ်လေပြွန် ကျဉ်းစေသော ရောဂါ (Emphysema)၊ နာတာရှည် အဆုတ်လေပြွန်ရောင် ရောဂါ (Chronic Bronchitis) စတဲ့
အဆုတ်ရောဂါများအပြင် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကိုလည်း ဖြစ်ပွားစေပါတယ်.. နောက်ထပ် ဖြစ်နိုင်တဲ့
ရောဂါများကတော့ ခံတွင်းနှင့် လည်ချောင်းကင်ဆာများ၊ ဆီးအိမ်၊ ကျောက်ကပ်၊ ပန်ကရိယ ရောဂါများ ဖြစ်ပွားစေပါတယ်..
သွား၊ လက်ချောင်း ၊ ဆံပင်တို့ကိုလည်း ဆေးလိပ်ငွေ့ အရောင်းစွန်းထင်းမှု ရှိစေခြင်း၊ ခံတွင်းနှင့် အဝတ်အစားများကိုလည်း
အနံ့အသက်စွဲစေခြင်း တို့ကြောင့် လူမှုဆက်ဆံရေး နယ်ပယ်တွင်လည်း အနှောက်အယှက် ဖြစ်စေပါတယ်..
ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်း (Nicotine) ဟာ အာရုံကြောနဲ့ ကြွက်သားဆုံချက် (Nerve Muscle Junction) တွင်
အကျိုးသက်ရောက်မှုကြောင့် ခြေလက်များ တုန်ခြင်း၊ သွေးကြောငယ်များကို ကျဉ်းစေခြင်းကြောင့် နှလုံးအတွက် ဝန်ပိစေခြင်း၊
သွေးတိုးစေခြင်း၊ ခြေဖျားလက်ဖျားများ အေးစေခြင်း၊ အာရုံကြောစနစ်ကို လှုံဆော်မှုကြောင့် စိတ်လှုပ်ရှားနိုးကြားမှုဖြစ်ခြင်း
(Excitement)၊ စိုးရိမ်ပူပန်ခြင်း (Anxiety) များတဒင်္ဂဖြစ်ပေါ်ပြီး နီကိုတင်း ပြယ်သွားသည်နှင့် စိတ်ကျခြင်း (Depression)
ဖြစ်ပေါ်လာတတ်ပါတယ်.. နီကိုတင်းဟာ စွဲစေတဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်..
ဆေးလိပ်သောက်သူအတွက်တော့ ဗိုက်တာမင်အားဆေးများ သုံးစွဲခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း တို့ထက် ကျန်းမာရေးအတွက်
အကောင်းမွန်ဆုံးနည်းလမ်းမှာ ဆေးလိပ်ဖြတ်ခြင်းပင် ဖြစ်ပါတယ်.. ဆေးလိပ် ဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကိုယ်ခန္ဓာ
ကျန်းမာရေးသည်လည်း အကောင်းဖက်သို့ ဦးတည်လာပါတယ်.. တစ်နေ့လျှင် မိနစ် ၂၀ တစ်ပတ် ၃ ကြိမ်
လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ခန္ဓာကိုယ်မှ ဆေးလိပ်အဆိပ်သင့်မှုများ တဖြည်းဖြည်း လျော့ပါးလာပါတယ်..
လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ချွေးထွက်ခြင်းကြောင့်၎င်း၊ အောက်စီဂျင်ကို လုံလောက်စွာ ရှူရှိုက်ရ၍၎င်း နီကိုတင်းဓါတ်များ
လျော့ပါးလာစေပါတယ်.. ဆေးလိပ်ဖြတ်စတွင် အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ ချောင်းဆိုးခြင်း အစရှိတဲ့
လက္ခဏာများ ခံစားရနိုင်ပြီး ဆေးလိပ် အလွယ်တကူ ရှိသောနေရာ၊ ဆေးလိပ် သောက်သူရှိသော နေရာများကို
ရှောင်ရှားရပါမယ်.. နီကိုတင်း အစားထိုးဆေးများကို ဆရာဝန်ညွှန်ကြားချက်နှင့် သုံးစွဲပြီး ဖြတ်နိုင်ပါတယ်.. အခြား နီကိုတင်း
အစားထိုးစရာများကတော့ နီကိုတင်းပါသော Gum ၊ ရှူဆေးများ (Inhaler)၊ နှာခေါင်းဖျန်းဆေးများ (Nasal Spray)
တို့ဖြစ်ပါတယ်..
References;
http://www.gumauctions.com/article/616/Learn-The-Advantages-And-Disadvantages-Of-Smoking-And-How-
To-Quit/
http://www.knowledgebase-script.com/demo/article-222.html
http://www.nutri.com/smoking/
12/20/2008
12/16/2008
လောကကြီးမှာ ဒီလိုလူမျိုးတွေလည်း ရှိသေးပါလား....
လူမှုဆက်ဆံရေးမှာ ကျင့်သုံးဖို့ စကားလုံးတစ်ခုကတော့ ကြီးသူကို ရိုသေ၊ ရွယ်သူကိုလေးစား၊ ငယ်သူကို သနားတဲ့ ဟုတ်ပါတယ်နော်။ ဒီလိုပဲ နှိမ့်ချတတ်မှုဆိုတာ ပေါင်းသင်းဆက်ဆံတဲ့အခါ ထိပ်တိုက်ဖြစ်အောင် ရင်မဆိုင်ဖို့လည်း လိုပါတယ်။ ဥပမာ ကိုယ့်လောက် စိတ်သဘောထား မပြည့်ဝတဲ့သူနဲ့တွေ့တဲ့အခါမှာ ဖြစ်နိုင်ရင် ရှောင်သွားဖို့၊ မရှောင်နိုင်ရင်လည်း ယဉ်ယဉ်ကျေးကျေးပဲ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး လျှော့ပေးဖို့။ နောင် ဒီလိုလူမျိုးနဲ့ မတွေ့အောင် တတ်နိုင်သရွှေ့ ရှောင်ဖို့ပဲ ဖြစ်ပါတယ်။ ကားမောင်းတဲ့အခါ ကိုယ်က လမ်းမှန်အတိုင်း သွားနေပေမယ့် ကိုယ့်လမ်းကြောင်းထဲမှာပြီး ထိပ်တိုက်မောင်းလာတဲ့ကားကို ရှောင်ပေးဖို့ပဲ ဖြစ်ပါတယ်။ မရှောင်ရင် တိုက်မိပြီး ဒဏ်ရာအနာတရဖြစ်ရမှာပေါ့ ဟုတ်ဘူးလားနော်။ အလားတူပဲ အရက်မူးနေတဲ့လူ၊ ခေါင်းမကောင်းတဲ့လူနဲ့တွေ့ရင် သွားပြီး စကားများရန်ဖြစ်လို့ အလကားပါပဲ။ ကိုယ်က ဦးအောင်ရှောင်သွားမှ တော်မယ် ဒါဟာ ကြောက်စိတ်ရှိလို့ မဟုတ်ဘူးနော်။ဒီလိုပဲ လူမျိုးစုံနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ အရက်မူးသမားလို၊၊ အရူးလို သိသိသာသာကြီး မူမမှန်တဲ့ လူတွေနဲ့ တွေ့ရမှာထက် ပညာဘယ်လောက်တတ်တတ် စိတ်ဓာတ်မပြည့်ဝတဲ့လူမျိုးနဲ့ တွေ့ရမှာက ပိုများပါတယ်။ အဲဒီမှာလည်း ပညာတတ်ဆိုတဲ့နေရာမှာ ကျောင်း၊ တက္ကသိုလ် အောင်တာကို အဓိက ပြောတာ မဟုတ်ပါဘူး။ အတွေ့အကြုံနဲ့ စိတ်ဓာတ်ပြည့်ဝမှု၊ အထက်စီးနဲ့ အမိန့်ပေးပေါင်းသင်း ဆက်ဆံတာမျိုး မလုပ်တာလို့ ကျွန်မ ယူဆမိပါတယ်။ ကိစ္စတစ်ရပ်ကို ကိုယ်က အပြည့်အစုံ မသိဘဲနဲ့ လက်အောက်ငယ်သားတွေကို ဆူပူကြိမ်းမောင်းပြီး ခိုင်းတာမျိုးကိုလည်း ကျွန်မ မကြာခဏ တွေ့မြင်ဖူးပါတယ်။ ဒါကြောင့် နေရာတိုင်းမှာ နှိမ့်ချပေါင်းသင်းလို့ မဖြစ်နိုင်ပါဘူး လို့ ကျွန်မ တွေးကြည့်မိပါတယ်။ ဒီလိုဘဲ ဖြစ်လည်း မဖြစ်သင့်ပါဘူး။ ကိုယ်မှန်ကန်တယ်လို့ ယူဆရမိရင်လည်း ဒါကို လျှော့မပေးသင့်ပါဘူး။ တစ်ခါတစ်ရံ လူတွေဟာ ကိုယ်စီးတဲ့ မြင်း အထီးလား အမလား ခွဲခြားမသိသလိုပါပဲ စကားပြောတဲ့အခါမှာလည်း ပြောသင့်၊ မပြောသင့် မစဉ်းစားဘဲ လူတစ်ဖက်သားကို နင်ပဲငါဆ မပြောသင့် မပြောအပ်ပါဘူးလို့ ကျွန်မရဲ့ စိတ်အတွေးက လက်ခံယူဆနေမိပါတယ်။ ဒါဟာ ပညာတတ်တွေရဲ့ အလုပ် မဟုတ်ပါဘူး။ နည်းနည်းလေး စဉ်းစားတတ်ရင်ပေါ့လေ။
12/13/2008
တစ်နှစ်ပြည့်အလွမ်း
ဒီနေ့ဆို တစ်နှစ်နဲ့ တစ်လပြည့်ခဲ့ပြီနော်....
လင်းပြီး မမှောင်၊ အေးမြမြစ်တာ
နေရောင်ဖျော့ဆင်း၊ ညနေခင်းသို့
မာန်ကင်းချိုသာ၊ ဘွား မျက်နှာသည်
ကြည်သာဘိခြင်း၊ ရင့်ကျက်ခြင်းဖြင့်
အလှမာန၊ ဒေါသမောဟ
တဏှာဆန်န၊ ကင်းစင်ပလျက်
လက်က ပုတီး၊ ပွားစည်းရွတ်ကြား
နှုတ်တရားနှင့်၊ အဘွား မပြတ်
နေပျော်တတ်၏။
ကွမ်းမြုံ့ငုံဝါး၊ ရေနွေးသောက်လျက်
တရားပွေ့ပိုက်၊ အခါးကြိုက်ကာ
ဘွားမျက်နှာသည်၊ ဇရာရိပ်တိုး
အရွယ်မျိုးမို့၊ နိုးကြားမှုကင်း
နုမျစ်ခြင်းတို့၊ ပကင်းရင့်နွမ်း
ပါးရေတွန့်လျက်၊ ပပ်ကြားအက်နှင့်။
နုခြင်း လှခြင်း စိုပြေခြင်းတို့
အလျဉ်းကွယ်ပျောက်၊ ပင်အိုခြောက်ဟု
တွေးထောက်ဆင်ခြင်၊ ဘွားကိုမြင်စဉ်
ယမင်းရဲ့ရင်ထဲ ကြည်နူးရိပ်ထင်
ပြုံးပျော်ရွှင်မြဲ
အိမ်အပြန် ယမင်းရဲ့အရိပ်
မေတ္တာနဲ့ ကြိုဆိုလက်ကမ်း
ဘွားအိုဘ၀၊ နေညိုစလည်း
အလှဝေစု၊ အနုလက်ကျန်
ရှင်သန်နေမြဲ၊ ဘွားရဲ့အပြုံး
အလျှံဖိတ်ဖိတ်၊ ယမင်း အရိပ်ထင့်
အမြဲ မြင်ယောင်နေဆဲပါတကား။ ။
ဘွားရဲ့ဆုံးမမှုတွေကို အသက်ရှင်နေသရွေ့ကာလပတ်လုံး မြေးလေ အမြဲလိုက်နာသွားမှာပါ။
ပြုပြုသမျှ ကောင်းမှုတွေကို ရောက်ရာဘုံဘ၀မှ သာဓုခေါ်နိုင်ပါစေဘွားဘွားရယ်....

12/11/2008
12/08/2008
စိတ်ကူးအတွေး
လူတစ်ယောက်သည် ကောင်းမြတ်ဖို့ရန် လေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့် တွေးရပေမည်။ သူတစ်ပါး၏နေရာ၊ လူအများ၏နေရာမှာ မိမိကိုယ်ကိုထားကြည့်ရမည်။ လူသားတို့၏ ဒုက္ခ သုက္ခတို့သည် မိမိ၏ဒုက္ခသုက္ခတို့သည် မိမိ၏ ဒုက္ခသုက္ခများ ဖြစ်လာစေရမည်။ စိတ်ထား ကောင်းမွန်ရေး၏ အကြီးမားဆုံး ကိရိယာသည် စိတ်ကူးအတွေးအခေါ်ပင် ဖြစ်သည်။
သူများအပေါ်ကောင်းဖို့ အမြဲကြိုးစားပါ။
ကိုယ့်အပေါ်" သူများမကောင်းခဲ့ရင်လည်း
နားလည်ခွင့်လွှတ်ပေးပါ။
အဲဒါ စိတ်ထားမြင့်မြတ်သူတို့ရဲ့
ကျင့်စဉ်တစ်ခုပဲပေါ့....
ဘ၀မှာ ပျော်ရွှင်မှုလည်း ရရှိခဲ့ပြီ
စိတ်ညစ်စရာလည်း တွေ့ကြုံခဲ့ရပြီ
ဘယ်လိုပဲ ခံစားခဲ့ရ
ဘ၀တစ်လျှောက်လုံးမှာ နေတတ်ရင်
ကျေနပ်စရာကြီးပါ....
ကိုယ့်အပေါ်" သူများမကောင်းခဲ့ရင်လည်း
နားလည်ခွင့်လွှတ်ပေးပါ။
အဲဒါ စိတ်ထားမြင့်မြတ်သူတို့ရဲ့
ကျင့်စဉ်တစ်ခုပဲပေါ့....
ဘ၀မှာ ပျော်ရွှင်မှုလည်း ရရှိခဲ့ပြီ
စိတ်ညစ်စရာလည်း တွေ့ကြုံခဲ့ရပြီ
ဘယ်လိုပဲ ခံစားခဲ့ရ
ဘ၀တစ်လျှောက်လုံးမှာ နေတတ်ရင်
ကျေနပ်စရာကြီးပါ....
> သူငယ်ချင်းတို့ရေ...
>> ဒီစာလေး ဖတ်ပေးပါဦး.... သိပ်ကောင်းတဲ့ စာလေးပါ.... သူငယ်ချင်းတစ်ယောက်ဆီကရတာပါ... ဒီစာလေးဖတ်ပြီ: ဒဏ်ရာတွေများရှိနေလို့ ပျောက်ခဲ့မယ်ဆိုရင်..............
>> ဒီစာလေးကို ကျေးဇူးပြုပြီ ဆုံးအောင်ဖတ်ပေးပါ..........
>>
>> ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။
>>
>> အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။
>>
>> အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေ့ကို ရောက်လာရော။ ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်
".. အဖေရေ.. သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျ.."
>>
>> အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်းနိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။
>>
>> သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။ အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။
>> အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။ သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့ မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။
>> တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။ ဒါကြောင့်တစ်ခုခုဆို စိတ်လိုက်မာန်ပါ မလုပ်နဲ့။ သူတို့ကိုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ် မရောက်ပါစေနဲ့။
>> ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်း ပြောကြားပေးပါ။ ဒါကြောင့် ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။
>>
>> ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။ ရေးတဲ့သူက ဆရာအတ္တကျော်ပါ။
>> အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်.....

12/04/2008
ဧည့်သည်
လာတုန်းကလည်း တစ်ယောက်ထဲနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း
ပြန်သွားတော့လည်း တစ်ယောက်ထဲနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း
လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်းမှ ၀န်းကျင်ယှက်နွယ်
နှောင်ကြိုးတွယ်ကြ ပြုံးရယ်မဲ့ငို
ချစ်မုန်းပိုကြ မလိုဒေါသ
လိုလောဘနှင့် ဘ၀ရိပ်မြုံ
ကကြိုးစုံခဲ့ ကံကုန်မိုးချုပ်
လက်တွဲဖြုတ်ကာ သုတ်သုတ်ဆောလျှင်
ခရီးနှင်သည် တို့လည်း ဧည့်သည်ပါတကား
ဒီကဗျာလေးကို အရမ်းသဘောကျ နှစ်ခြိုက်မိလို့ နာရေးယပ်တောင်ကနေ
ပြန်လည်ကူးယူဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ ကဗျာရေးစပ်သူကတော့ ဆရာ
ဗန်းမော်ညိုနွဲ့ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

12/03/2008
12/02/2008
လတ်တလောဖြစ်စဉ်
ကျွန်မလည်း ခုတစ်လော ဘာစာမှလည်း မရေးဖြစ်၊ ရေးချင်စိတ်လည်း မရှိ၊
အလုပ်ကများ လူက ကျန်းမာရေးက ဟိုဟာ ဖြစ်လိုက် ဒီဟာဖြစ်လိုက်နဲ့
ချူချာနေလေတော့ ရေးမယ့်အကြောင်းအရာတွေက ခေါင်းထဲကနေ အလိုလို
အငွေ့ပျံသွားလောက်ပြီလေ။ ကျွန်မရဲ့ ကံကောင်းလိုက်ပုံများ
မပြောချင်တော့ပါဘူးလေ။ မပြောချင်ဘူးဆိုတာ ပြောမလို့ နိဒါန်းပျိုးတာပါ။ ဟိဟိ
ဘာတွေဖြစ်နေသလဲဆိုတာ မြင်တဲ့အတိုင်းပဲလေ။ ကျန်းမာရေးက မကောင်း၊
ကျန်းမာရေးကောင်းပြန်တော့ ကွန်ပျူတာက ပျက်၊ ကွန်ပျူတာ ပြန်ပြင်ပြီးပြန်တော့
မီးကမလာ၊ မီးလာပြန်တော့ အလုပ်က မအား၊ အလုပ်က နည်းနည်းအားပြန်တော့
ကျန်းမာရေးက မကောင်း ဟင်း.... မပြောချင်တော့ပါဘူး။ ဒီကြားထဲ နားကပ်က
ပျောက်၊ ဖိနပ်က ပျက်၊ ထီးက ကျိုး ကံကောင်းတာလား၊ ကံနိမ့်တာလားလည်း
မပြောတတ်တော့ပါဘူး။ ခုတော့ ဘာမှမလုပ်တာ ကောင်းလိမ့်မယ် ထင်တာပါပဲ။
ဒီဇာတာတော့ ခုထိ မပါလာသေးဘူး။ ဒီတော့ ဘာလုပ်ရရင် ကောင်းမလဲ
အကြံလေးဘာလေး ပေးခဲ့ပါဦး။

Subscribe to:
Posts (Atom)