6/05/2012

ယုံလိုက်ရမလား

ခေတ်တစ်ခေတ်ရဲ့ခြေလှမ်း
လှမ်းအ၀င်မှာ
ပြောင်းလဲခြင်းတွေ စနေပြီတဲ့
လူအများ ပြောတဲ့စကား
ယုံလိုက်ရမလား...
ဘတ်စ်ကားစီးရင်း စဉ်းစား
ကားလမ်းကြောကလည်း ပိတ်လိုက်တာ
ဟိုနားဒီနား စီးတာတောင်
နှစ်ညအိပ်သုံးရက် အဝေးခရီးသွားနေသလို
ရောက်တဲ့ခရီး ၀မ်းသာအားရ ဆင်းနေစဉ်
အမှောင်ကမ္ဘာထဲ စလျှောက်လှမ်းမိ
ဟိုက်...
ငါတို့ရပ်ကွက် မီးပျက်နေပါလား....
ဒါကြောင့် ပြောင်းလဲခြင်းသဘောတရားပေလား....
ဘတ်စ်ကားခရီးစဉ်ကအစ
i Pay card နဲ့ ပြောင်းလဲကျင့်သုံးလာ
i Pay Card နဲ့ စီးပြန်တော့ စက်ပျက်နေသတဲ့
စပယ့်ယာအသံ ကြားယောင်ပြန်
ဖြည်းဖြည်းလျှောက်ရင် ဝေးဝေးရောက်မယ်
စကားများများကိုလည်း
မနက်ဖြန်မှ ပြောတော့မယ်.....

No comments: