မပြင်ဖြစ်သေးတဲ့ ရွှေမြန်မာဆိုက်ကလေးရဲ့
ခပ်ညံ့ညံ့ နေ့စွဲတွေ

အဲဒီဆိုက်မှာ
ကျွန်မကတော့
တစ်နေကုန် တစ်နေ့ခန်း
စကားလုံးတွေ လိုက်ဖမ်းလို့...

မီးပျက်တာရယ်
ကွန်နက်ရှင်မကောင်းတာရယ်
အဲသလို
မရိုးတဲ့ဝါကျတွေ
မလွတ်တမ်းကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်....
မိမိကိုယ်ကို မိမိ ပိုင်တာ သေချာလား....

လူ
ဆိုတဲ့ ဝေါဟာရပညတ်ရင်း
ဘဝ
ရယ်မောလည်း ခဏပေါ့...

ပြင်လို့မဆုံး၊ ရေးလို့မဆုံး
တန်းပလိတ်ချိန်းလိုမဆုံး
မဆုံးအနန္တ
ပုန်းနေလည်း မရဘူး။
ကဲ ရှင့်ကို မေးမယ်
ချည်နှောင်ခံထားရတဲ့ ဘလောဂ်အလျား
အဲဒီထက် ပိုသွားလို့ ရမလား...