3/01/2010

တောင်သူလယ်သမားနေ့ သမိုင်းကြောင်း

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် နှစ်စဉ် ဇန်န၀ါရီလ ၁ ရက်နေ့ကို `တောင်သူလယ်သမားနေ့´ လို့ သတ်မှတ်ခဲ့ရာ ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ လက်ထက်တိုင် ရောက်ရှိခဲ့ပါတယ်။
       တော်လှန်ရေးကောင်စီလက်ထက်မှာ မြေရှင်စနစ် ဖျက်သိမ်းရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြရာ တောင်သူလယ်သမားများနှင့် ပတ်သက်ပြီး ဆောင်ရွက်ခဲ့တာတွေကတော့
၃၀- ၁၂- ၆၂ မှ ၁ - ၁ - ၆၃ ရက်နေ့အထိ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာမှာ ပထမဆုံးအကြိမ် ဆောင်ရွက်ခဲ့ကြပါတယ်။
၃၀ - ၁- ၆၃ နေ့မှ ၁ - ၂ - ၆၃ ရက်နေ့အထိ ဟင်္သာတမြို့နယ်၊ ဒူးယားကျေးရွာမှာ ဒုတိယအကြိမ် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကြီးကို ကျင်းပခဲ့ကြပါတယ်။
၃၀ - ၁၂- ၆၃ နေ့မှ ၂ - ၁ - ၆၄ ရက်နေ့အထိ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပါးကျေးရွာတွင် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ပါတယ်။
၂- ၃ - ၆၄ နေ့မှ ၆ - ၃- ၆၄ ရက်နေ့အထိ တောင်ငူမြို့နယ်၊ ခပေါင်းကျေးရွာတွင် တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့တယ်။ ထိုနှီးနှောဖလှယ်ပွဲတွင် လာမည့်နှစ်မှစပြီး မတ်လ 2 ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲသတ်မှတ်ရန် အများသဘောတူ ဆုံးဖြတ်ခဲ့ကြလို့ မတ်လ 2 ရက်နေ့ရောက်တိုင်း တောင်သူလယ်သမားနေ့ ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။
တောင်သူဦးကြီးတွေအတွက် ဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်တဲ့ နေ့ထူးနေ့မြတ်လည်း ဖြစ်ပါတယ်။ လယ်သမားများမရှိခဲ့ရင် တို့ပြည်တွင်းမှာ ထမင်းအစား ပေါင်မုန့်ကိုပဲ စားကြရလိမ့်မယ်နဲ့တူပါတယ်။ ခုတော့ ဆန်ရေစပါး ပေါကြွယ်ဝအောင် လုပ်ပေးကြတဲ့ တောင်သူဦးကြီးတွေကို အလွန်ပဲ ကျေးဇူးတင်ပြီး တောင်သူလယ်သမားနေ့ကို ကြိုဆိုလိုက်ပါတယ်။

2 comments:

Bravo said...

ဟုတ်တာ ပေါ့ဗျာ.....
တယ်မှန်တာ..
ကျနော်က ငယ်ငယ်တုန်းက လယ်ကောင်းကောင်း
ထွန်ဖူးတယ်
အခုတော့ ရန်ကုန်မှာ ဘာထွန်ရမှန်းမတိဘူး

Anonymous said...

တောင်သူဦးကြီးများ
သက်ရှည်ကျန်းမာစွာနဲ့
တိုင်းပြည်အကျိုး
ဆက်လက် သယ်ပိုးနိုင်ပါစေ။

ချစ်ခင်လျှက်
မိစံ