ခါတစ်လှဲ့ လာခဲ့ပေါ့
ရွှေမြန်မာ
ဝေးမကွာ ပြေးလာလျှင်
တာမထောက်ပါဘူး
connection ကောင်းစဉ်ခါ
ဖွင့်တဲ့ချိန်
ကိုးနက်ရှင် နောက်သမို့
ခဏတော့ ချော့မြူရရှာ
စိတ်ရှည်ကာ သည်းခံစောင့်ပါလို့
တစ်ခေါက်ကယ်
အလည်မရောက်ရင်ဖြင့်
ကြုံခဲ့လျှင် နောက်တစ်ကြိမ်ပေါ့
ကြောက်မက်ဖွယ် ကိုးနက်ရှင်ကို
ကျော်လွှားခါ အရောက်လှမ်းခဲ့ပေါ့
ဖိတ်ခေါ်တဲ့ ဒီဘလောဂ့်မှာဖြင့်
ရေးကူကို တွေးပူရတာကြောင့်
ဆွေးပူရရှာ......
အနုပညာရဲ့ ရည်မှန်းချက်ဟာ ခံစားချက်ကို အတွေးအဖြစ် ကြည်လင်အောင် လုပ်ဖို့ ပြီးတော့... အဲဒီအတွေးကို ပုံသဏ္ဌာန်တစ်ခုနဲ့ ဖော်ပြဖို့ ကမ္ဘာလောကကြီးရှိနေသရွေ့ အနုပညာဟာ သေမသွားဘဲ အမြဲရှင်သန်ကြီးထွားနေမှာပါ...
3/24/2010
3/22/2010
စိတ်အဟာရ
မပြင်ဖြစ်သေးတဲ့ ရွှေမြန်မာဆိုက်ကလေးရဲ့
ခပ်ညံ့ညံ့ နေ့စွဲတွေ
ခပ်ညံ့ညံ့ နေ့စွဲတွေ
အဲဒီဆိုက်မှာ
ကျွန်မကတော့
တစ်နေကုန် တစ်နေ့ခန်း
စကားလုံးတွေ လိုက်ဖမ်းလို့...
မီးပျက်တာရယ်
ကွန်နက်ရှင်မကောင်းတာရယ်
အဲသလို
မရိုးတဲ့ဝါကျတွေ
မလွတ်တမ်းကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်....
မိမိကိုယ်ကို မိမိ ပိုင်တာ သေချာလား....
လူ
ဆိုတဲ့ ဝေါဟာရပညတ်ရင်း
ဘဝ
ရယ်မောလည်း ခဏပေါ့...
ပြင်လို့မဆုံး၊ ရေးလို့မဆုံး
တန်းပလိတ်ချိန်းလိုမဆုံး
မဆုံးအနန္တ
ပုန်းနေလည်း မရဘူး။
ကဲ ရှင့်ကို မေးမယ်
ချည်နှောင်ခံထားရတဲ့ ဘလောဂ်အလျား
အဲဒီထက် ပိုသွားလို့ ရမလား...
နှစ်သစ်ရဲ့ ကိုယ်ပိုင်အမြင်
စာရေးတိုင်းလည်း
စာရေးဆရာတစ်ယောက် မဟုတ်ဘူး...
ကဗျာရေးတိုင်းလည်း
ကဗျာဆရာတစ်ယောက် မဟုတ်ဘူး...
ပန်းချီဆွဲတိုင်းလည်း
ပန်းချီဆရာတစ်ယောက် မဟုတ်ဘူး...
ဆောင်းပါးရေးတိုင်းလည်း
ဝေဖန်ရေးသမားတစ်ယောက် မဟုတ်ဘူး...
နိုင်ငံအကြောင်းရေးတိုင်းလည်း
နိုင်ငံရေးသမားတစ်ယောက် မဟုတ်ဘူး....
လွမ်းတိုင်းလည်း
အလွမ်းသမားတစ်ယောက် မဟုတ်ဘူး...
ဘလောဂ့်ရေးတိုင်းလည်း
ဘလောဂ့်ဂါတစ်ယောက် မဟုတ်ဘူး...
*******
ကဲ မိတ်ဆွေတို့ကော
ဘယ်လိုထင်မြင်မိပါသလဲ...
အကြံပြုတာကို လက်ခံပါတယ်ရှင်...
စာရေးဆရာတစ်ယောက် မဟုတ်ဘူး...
ကဗျာရေးတိုင်းလည်း
ကဗျာဆရာတစ်ယောက် မဟုတ်ဘူး...
ပန်းချီဆွဲတိုင်းလည်း
ပန်းချီဆရာတစ်ယောက် မဟုတ်ဘူး...
ဆောင်းပါးရေးတိုင်းလည်း
ဝေဖန်ရေးသမားတစ်ယောက် မဟုတ်ဘူး...
နိုင်ငံအကြောင်းရေးတိုင်းလည်း
နိုင်ငံရေးသမားတစ်ယောက် မဟုတ်ဘူး....
လွမ်းတိုင်းလည်း
အလွမ်းသမားတစ်ယောက် မဟုတ်ဘူး...
ဘလောဂ့်ရေးတိုင်းလည်း
ဘလောဂ့်ဂါတစ်ယောက် မဟုတ်ဘူး...
*******
ကဲ မိတ်ဆွေတို့ကော
ဘယ်လိုထင်မြင်မိပါသလဲ...
အကြံပြုတာကို လက်ခံပါတယ်ရှင်...
3/15/2010
ဓမ္မတရား
Whoever follows impure thoughts
Suffers in this world and the next.
In both worlds he suffers
And how greatly
When he sees the wrong he has done.
မစင်ကြယ်သော အတွေးအကြံစိတ်ကိုလိုက်သူသည်
ယခုဘ၀ရော နောက်ဘ၀ပါ နှစ်ဘ၀လုံး
ဆင်းရဲဒုက္ခရောက်လိမ့်မည်...
ကိုယ်ပြုသည့် မကောင်းမှုကို မြင်သည်နှင့်အမျှ
ကြီးမားစွာ ဆင်းရဲပူပန်ရမည်သာဖြစ်၏...
But whoever follows the law
Is joyful here and joyful there.
In both worlds he rejoices
And how greatly
When he sees the good he has done.
ဓမ္မတရားကို လိုက်နာသူသည်ကား
ယခုဘ၀ရော နောက်ဘ၀ပါ
ချမ်းမြေ့သုခ ပြည့်စုံရလိမ့်မည်...
ကိုယ်ပြုသည့် ကောင်းမှုကို သိမြင်သည်နှင့်အမျှ ကြီးမားစွာ ချမ်းမြေ့သုခရလိမ့်မည်....
Give up the old ways-
Passion, enmity, folly.
Know the truth and find peace:
share the way.
ရာဂ၊ ဒေါသ၊ မောဟ မက်မောစိတ်၊
ခက်ထန်ကြမ်းကြုတ်စိတ်နှင့် ရူးနှမ်းစိတ်တို့ကို
ပယ်၍ အမှန်တရားကို သိပါ....
ငြိမ်းအေးမှုကို ရှာဖွေပါ....
ဓမ္မအရသာကို ခံစားပါ....
(မူပိုင်မဟုတ်ပါ)
General English မဂ္ဂဇင်းမှ ဖတ်မိသမျှ တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

မိတ်ဆွေစစ်
ကဗျာကိုစပ်တော့ စပ်လိုက်တာပဲ သူငယ်ချင်းရေ.... ဘယ်သူကို စပ်မိမှန်းမသိဘူးဖြစ်သွားတယ်။
ဒီတော့ ငါနဲ့ နေရာမတူတဲ့သူ နင်ဖတ်မိရင် ခုဖတ်သောသူ နင်ကို ငါ ပြောတယ်လို့ မှတ်ပေးပါ သူငယ်ချင်းရာ...
သူငယ်ချင်းရေ...
ကြုံဆုံလာကြ ဒီဘဝ
ရေစက်ဆုံစဉ် တစ်ခဏ
နင်နဲ့ငါဟာ ချိန်ခါရက်ညောင်း
နှစ် လ ဟောင်းက အကြောင်းမလျော်
ကွဲကြသော်မှ မတော်တဆ
ကံပစ်ချ၍ နင်က နိုင်ငံခြားရောက်
ငါက ငါ့မြို့လေးတွင်ရှိခဲ့ရင်လဲ
တစ်ချိန် တစ်ကွေ့
ဘ၀တစ်ကွေ့မှာ
ကံကြမ္မာ အလှည့်အပြောင်းကြောင့်
မတူညီတဲ့ မျဉ်းပြိုင်နှစ်ကြောင်း
လျှောက်ခဲ့ရင်လဲ
ငါနဲ့ ကြုံစဉ် မကြည်မျက်နှာ
ဒေါမာန်နဲ့ကြည့် အထက်စီးဖြင့်
မကြည့်လေဟု
ငါ မျှော်မှန်းသည် သူငယ်ချင်း...
မိတ်ဆွေတု မိတ်ဆွေယောင်တွေဟာ ကျွန်မတို့ရဲ့အရိပ်နဲ့ တူပါတယ်။ နေရောင်မှာ ကျွန်မတို့ သွားလာတုန်းမှာ ကျွန်မတို့နဲ့အနီးကပ်ရှိကြပါတယ်။ ဒါပေမဲ့ အရိပ်ထဲဝင်သွားတာနဲ့တစ်ပြိုက်နက် ကျွန်မတို့ကို ထားခဲ့ပါလေရော။
လူသားအချင်းချင်း ခင်မင်ရင်းနှီးပေါင်းဖော်ခြင်းဟာ ထာဝရ တည်မြဲပြီး အဆုံးမရှိ တည်တံ့ပါတယ်နော်။ မိတ်ဆွေစစ်ဆိုတာ အတော်ရှားပါတယ်။ ငယ်တဲ့အရွယ်မှာ မိတ်ဆွေတွေရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ မိတ်ဆွေတွေဟာ ဘယ်အချိန်မှာ အစစ်ကို
ရှာဖွေတွေ့ရှိမှာလဲ။ လူတွေက အပေါ်ယံပဲကောင်းပြီး အတွင်းစိတ်က မပါတဲ့ မိတ်ဆွေတွေတော့ မလိုချင်ပါဘူးလေ။
အကောင်းဆုံး ကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲတဲ့။ တစ်ဦးနဲ့ တစ်ဦး ခင်မင်လေးစားတဲ့စိတ်ဟာ အဆင့်အတန်းမြင့်မားတဲ့ စိတ်ထားဖြစ်တယ်လေ။
မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ ဘယ်သူတွေကိုခေါ်တာလဲ။ ဘယ်လိုကြောင့် မိတ်ဆွေစစ်တွေလို့ ပြောနိုင်တာလဲ။
မိတ်ဆွေဆိုတာ များလေကောင်းလေလို့ ဆိုပေမဲ့ မိတ်ဆွေစစ်ဟာ အင်မတန်ရှားပါတယ်လေ။ တစ်ခါတလေကျတော့လည်း မိတ်ဆွေဆိုတာ မရှိမဖြစ်လိုအပ်သလို တစ်ခါတလေကျတော့လည်း မိတ်ဆွေတွေဟာ ကိုယ်ကို နာကြည်းမှုကို ပေးတတ်ကြပါတယ်။ ကိုယ်အဆင်ပြေနေတဲ့အချိန်မှာ မသိသာပေမဲ့ ကိုယ်အခက်အခဲနဲ့ ကြုံလာတဲ့အခါမှာတော့ တော်တော်ကို သဲသဲကွဲကွဲ သိမြင်လာရပါတယ်။ ၀မ်းလည်း သာသလို ၀မ်းလည်းနည်းမိပါတယ်။ တချို့က ရင်ထဲမှာ မပါပဲနဲ့ ဟန်ဆောင်ပြီး ဆက်ဆံတတ်ကြလို့ပါပဲ။ လူတိုင်းလူတိုင်း မိတ်ဆွေစစ်ကို လိုလားမိကြမှာပါ။ အဲဒီထဲမှာ ကျွန်မလည်း အပါအ၀င်ပေါ့။ တောင်းတတိုင်းသာ ရမယ်ဆိုရင် အစစ်ပဲ လိုချင်တာပေါ့လေ။ ဟုတ်ဘူးလား။ မိတ်ဆွေတို့ကော စဉ်းစားမိရဲ့လား။ ငါဟာ မိတ်ဆွေဘယ်နေရာမှာ ရှိနေသလဲလို့ပေါ့။ ကျွန်မကတော့ အားလုံးအတွက် မိတ်ဆွေကောင်းပဲ ဖြစ်ချင်ပါတယ်။

3/09/2010
လောကကြီးမှာ နေတတ်ကြဖို့ ကြိုးစားကြပါစို့...
လူ့ဘ၀သက်တမ်းဆိုတာ သံသရာသက်တမ်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အရမ်းကို တိုတောင်းတဲ့ဘ၀ပါ။ ဒီလိုတိုတောင်းတဲ့ လူ့ဘ၀မှာ ကျွန်မတို့တစ်တွေဟာ ရေစက်ရှိလို့ ကံဆုံကြတာလို့ သတ်မှတ်လို့ရပါတယ်။ ဒီလိုဘ၀ရတဲ့အချိန်ခဏလေးမှာ လူတိုင်း စိတ်နှလုံးချမ်းမြေ့ကပျော်ရွှင်စွာ နေထိုင်သွားကြမယ်ဆိုရင် အလွန်တန်ဖိုးရှိတဲ့လူ့ဘ၀မှာ အဓိပ္ပာယ်တွေနဲ့ ပြည့်စုံနေမယ်လို့ ကျွန်မ ယူဆမိပါတယ်။ လူတိုင်းပေါ့လေ ကျွန်မ စဉ်းစားကြည့်မိတာပါ။ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀ကို ဖြတ်သန်းကြမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။ ပညာရှင်တစ်ဦးပြောတဲ့ စကားကိုလည်း ကျွန်မ
လေးလေးနက်နက်ျခံစားကြိုက်နှစ်သက်မိပါတယ်။ ဘ၀ဟာ သိပ်တိုတောင်းလွန်းလို့ သေးသိမ်ဖို့ အချိန်မရှိပါဘူးတဲ့။ ဘယ်လောက်ကောင်းတဲ့ စကားလေးလဲ။ နောက်ပြီး ကျွန်မရဲ့ ဆရာက ပြောဖူးတယ်။ လူတိုင်းအပေါ် မေတ္တာထားပါတဲ့။ မိုးလင်းလို့ အိပ်ရာက နိုးတာနဲ့ စိတ်ကို ကြည်လင်အောင် ထားရမယ်တဲ့။
အမှန်တော့ လူတွေဟာ လောကရဲ့ ဧည့်သည်တွေဖြစ်ပါတယ်။ လောကရဲ့ဧည့်သည်အဖြစ် အချင်းချင်း တွေ့ဆုံကြုံကွဲဖြစ်မြဲ ဓမ္မတာလောကမှာ ဆုံစည်းကြစဉ်အခိုက်မှာ မိတ်ဆွေအပေါင်းအသင်း၊ ဆွေမျိုးတွေနဲ့ ညီညွတ်ချစ်ခင်စွာ နေထိုင်သွားသင့်ပါတယ်။ ကျွန်မရဲ့ တက္ကသိုလ်တက်တုန်းက ၄ နှစ်တူတူ တွေ့ဆုံခဲ့ကြတဲ့သူငယ်ချင်းတွေထဲက တစ်ယောက်က ပြောတယ်။
သူငယ်ချင်းမိတ်ဆွေဆိုတာ ဝေးနေတဲ့မောင်နှမတွေထက် ပိုပြီး သံယောဇဉ်ရှိပါတယ်တဲ့။ ကျွန်မမှာ သူငယ်ချင်းကောင်းတွေ၊ မိတ်ဆွေကောင်းတွေ အများကြီး တွေ့ဆုံခဲ့ရတာဟာ
ကံကောင်းတဲ့သူတစ်ယောက်ဖြစ်နေလို့နေမှာပေါ့နော်။ လူတိုင်းမှာ စိတ်ညစ်စရာ ကိုယ်စီရှိကြမှာပါ။ တစ်နည်းမဟုတ် တစ်နည်းလေနော်။ စိတ်ညစ်လိုက်တာလို့ ထိုင်ပြီး ညည်းနေမယ့်အစား ဒါဟာ ဘာကြောင့်လည်း အဖြေရှာကြည့်မယ်ဆိုရင် ကိုယ့်အတွက် ထွက်ပေါက်တစ်ခု ဖြစ်လာမှာပါ။ ကျွန်မကို ညီမလေးတစ်ယောက်က ပြောဖူးတယ်။ သူ စိတ်ညစ်လို့တဲ့။ အစ်မကော စိတ်ညစ်စရာ မရှိဘူးလားတဲ့ မေးတယ်။ ဘယ်နှယ် ပြောပါလိမ့်။ ညီမလေး စိတ်ညစ်တာဟာ အစ်မ စိတ်ညစ်သလောက် သုံးပုံပုံရင်တောင် တစ်ပုံရှိမယ် မထင်ပါဘူးလို့ ပြန်ပြောလိုက်ပြီး ကျွန်မ
မေးလိုက်ပါတယ်။ ဘာကို စိတ်ညစ်တာလဲ။ အားလုံးပဲလို့ ကျွန်မကို ပြောတော့ တစ်ခုချင်းစီ အဖြေရှာပါလို့ အစ်မမှာ စိတ်ညစ်စရာများလွန်းလို့ ဘယ်ကနေစပြီးညစ်ရမှန်းတောင် မသိတော့ဘူးလို့ ကျွန်မ ပြန်နောက်လိုက်မိပါတယ်။ သူက အစ်မကြည့်ရတာ ပျော်နေသလိုပဲနော်တဲ့။ စိတ်ညစ်စရာကို အကန့်ခွဲထားလို့ ဖြစ်ပါလိမ့်မယ်လို့ ကျွန်မ ပြန်ပြောမိပါတယ်။ သူ ပြောတော့လည်း
ပြောချင်စရာပါပဲလေ။ ကျွန်မ မျက်နှာကိုက အဲလိုပဲ ဆု မတောင်းပဲနဲ့ ပြည့်တာ ကျွန်မမှာ ပြည့်တာဆိုလို့ တစ်ခုရှိတယ် အဲဒါဘာလဲဆိုတော့ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုတစ်ခုလေ။ ပြီးတော့ ကျွန်မ ပြန်နောက်လိုက်မိသေးတယ်။ အခုဆို အစ်မ ဆူးလေဘုရားနားကတောင် ဖြတ်လျှောက်လို့မရဘူးလို့ပြောလိုက်တော့ ဘာဖြစ်လို့လဲတဲ့ ပြန်မေးတယ်။ ဘုရားနားက အစာစားနေတဲ့ ခိုတွေက အစ်မကို
မြင်ရင် အကုန်ပြေးကြတယ်လို့အောကျပါအတိုငျး ဖွဈပါပြောတော့ ဘာဖြစ်လို့လဲမေးတော့ အမ ငြီးတာ မခံနိုင်လို့ပြေးတာလို့ ပြောလိုက်မိတယ်။
လောကမှ နေတတ်ရင် ကျေနပ်စရာကြီးပါပဲ။ လက်ရှိမှာတော့ သေတတ်ဖို့ထက် နေတတ်ဖို့က အရေးကြီးပါပဲလို့ သဘောပေါက်မိပါတယ်။ အားလုံးပဲ စိတ်ချမ်းသာကိုယ်ကျန်းမာပြီးလောကကြီးမှာ အနေတတ်ကြပါစေလို့ ဆုတောင်းလျက်....

အကြောင်းအရာက:
ဗဟုသုတ,
မျှဝေခြင်း
3/08/2010
တစ်ခါတစ်ခေါက် အရောက်လှူကြရအောင်
သူငယ်ချင်းများရဲ့ ကုသိုလ်အစုစုအတွက် အားလုံး သာဓုခေါ်လိုက်ကြရအောင်နော်။
ကျွန်မတို့သူငယ်ချင်းတွေ စကားပြောကြရင်းနဲ့ သူငယ်ချင်းတစ်ယောက်က ရွာသာကြီးစီးပွားရေးတက္ကသိုလ်မှာ ကျောင်းတက်ခဲ့တာဆိုတော့ သူကအရင်စပြောခဲ့တယ်...
စိတ်ကျန်းမာရေးဆေးရုံကိုသွားလှူချင်တယ်တဲ့.. ဒါနဲပဲ သူငယ်ချင်းတွေ ကိုယ်တတ်နိုင်သလောက်လေးစုပီးတော့သွားလှူကြမယ်ပေါ့.. ကျွန်မကတော့ အွန်လိုင်းကသူငယ်ချင်းတွေရော ကိုယ့်လိုပဲ ဒါနလေးလုပ်ဖြစ်အောင်ဆိုတဲ့စေတနာနဲ့ သူငယ်ချင်းတစ်ချို့ကိုအလှူခံခဲ့ပါတယ်... ဒါနဲ့ပဲကျမအပါအ၀င်သူငယ်ချင်း (10)ယောက် 7-3-2010(sunday) မှာ
စိတ်ကျန်းမာရေးဆေးရုံကိုချီတက်ခဲ့ပါတယ်.. ဆေးရုံရောက်တော့ ရုံးခန်းမှာ စစ်စတာဒေါ်လဲ့လဲ့ဝင်းက အလှူငွေကိုလက်ခံယူပါတယ်.. ဂုဏ်ပြု မှတ်တမ်းပြန်လည်ပေးပါတယ်.. အရမ်းကို ၀မ်းသာကြည်နူးမိပါတယ်.. ဆေးရုံလာတက်တဲ့လူနာပေါင်း (800) ကျော်ရှိတယ်လို့ပြောပါတယ်.. အမျိုးသားဦးရေ (500)ကျော် နဲ့ အမျိုးသမီးဦးရေ (200)ကျော် တက်ရောက်ကုသနေတယ်လို့ စစ်စတာဒေါ်လဲ့လဲ့ဝင်းက ပြောပါတယ်... လာရောက်တက်ကြတဲ့လူနာတွေထဲမှာ အမျိုးသားများက အရက်ကြောင့်လာတက်ကြတာလဲများတယ်ပြောပါတယ်... စစ်စတာဒေါ်လဲ့လဲ့ဝင်းက လူနာများနေတဲ့ အဆောင်များကိုလိုက်ပြပေးပါတယ်.. အမျိုးသားဆောင် ရောက်တော့ သူတို့ကို တံခါးပိတ်ထားတာတွေ့ရတော့ စိတ်ထဲကမှာ တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်.. ဒါနဲ့ ဆရာမကိုမေးတော့ မနက်လင်းတာနဲ့ သူတို့ လမ်းလျှောက်ဖို့အတွက် တံခါးဖွင့်ပေးထားပါတယ်တဲ့၊ ပီးတော့ရေချိုးပေး၊ အ၀တ်လဲပေးပါတယ်၊ ကိုယ်တိုင်မချိုးနိုင်၊အ၀တ်မလဲနိုင်တဲ့သူတွေကိုတော့ ဆေးရုံမှာရှိတဲ့ဝန်ထမ်း (100)ကျော်က ကူညီလုပ်ကိုင်ပေးပါတယ်တဲ့... အ၀တ်ကိုကိုယ်တိုင်လျှော်ဝတ်ကြတဲ့သူတွေလဲရှိသလို ကိုယ်တိုင်မလျှော်နိုင်တဲ့သူတွေကိုတော့ ၀န်ထမ်းများက
အလှည့်ကျတာဝန်ထမ်းဆောင်ရပါတယ်.. အဲဒီလိုလျှောက်ကြည့်နေစဉ်မှာပဲ လူနာတစ်ယောက်က ` ဆရာမ အဖေ့ကိုပြောပေးပါတဲ့´.... ဆရာမကလဲပြန်ပြောတယ် `အေးအေးပြောပေးမယ်´တဲ့...
ဆရာမက ကျမတို့ကရှင်းပြတယ်.. သူ့အဖေကဘယ်သူလဲတော့ မသိဘူးပေါ့တဲ့... သူတို့လေးတွေစိတ်ချမ်းသာအောင် `အေးအေး´ လို့ပဲပြောလိုက်ရတာပေါ့တဲ့.. နောက်တစ်ယောက်ကလဲ `ဆရာမဘယ်သူတွေလဲတဲ့´ ဆရာမက အလှူရှင်တွေလို့ပြောလိုက်တော့ `အမေလောင်း၊မိခင်လောင်းလေးတွေပေါ့တဲ့ ´.. သူတို့ကပြန်ပြောတယ် ကျွန်မရီလဲရီချင်၊ သနားလဲသနားရပါတယ်..
နောက်တစ်ယောက်က ဆရာမချစ်တယ်နော်တဲ့ ဆရာမက အင်း ချစ်တယ် ချစ်တယ်လို့ပြန်ပြောလိုက်ရတယ် ကျမတို့လျှောက်ကြည့်နေစဉ်အတွင်းမှာပဲ အမျိုးသမီးတွေ
ထမင်းချိုင့်တွေအများကြီးနဲ့ဝင်လာပါတယ်.. မေးလိုက်တော့ တစ်ချို့က ဆေးရုံကကျွေးတာကိုမစားနိုင်တဲ့သူတွေကတော့ သူတို့အိမ်က ဆိုင်မှာ လပေးနဲ့ မှာထားတာလို့ပြောပါတယ်...
အမျိုးသမီးအဆောင်ရောက်တော့ အမျိုးသမီးတွေ အခန်းရှေ့ကလျှောက်လမ်းပေါ်မှာ တန်းစီပီးထိုင်နေတာတွေ့ရပါတယ်.. အလှူရှင်တွေလာမယ်ဆိုတာနဲ့ဆုတောင်းပေးဖို့
တန်းစီပီးစောင့်နေတာလို့ပြောပါတယ်... သူတို့တွေထဲက အသက်နဲနဲကြီးတဲ့ အမေတစ်ယောက်ကနေပီး ရှေ့ကနေ ဆုတောင်းစကားလေးကိုတိုင်တည်ပေးပြီး
နောက်ကလိုက်ဆိုဆုတောင်းပေးပါတယ်.. အလှူရှင်တွေစိတ်ချမ်းသာပါစေ သိန်းဆုကြီးတွေပေါက်ပါစေနဲ့ သူတို့ဆုတောင်းပေးတာအများကြီးပါပဲရှင်... ကျမစိတ်ထဲမှာ ဖေါ်မပြနိုင်လောက်အောင်ကို ၀မ်းသာဝမ်းနဲဖြစ်ပီး မျက်ရည်များတောင်လည်မိပါတယ်.. သူတို့တွေကို ကြည့်ရတာ ကလေးလေးတွေလိုပါပဲ... သနပ်ခါးပါးကွက်လေးတွေလိမ်းလို့.. နှုတ်ခမ်းနီးဆိုးထားတာလဲ ဟုတ်နေတာပဲ..
ဆရာမက နှုတ်ခန်းနီးကိုအလှူရှင်တွေကပေးခဲ့တယ် မရှိတော့တဲ့အခါကျတော့လဲ ဆရာမတွေက၀ယ်ပေးရတာပေါ့တဲ့ ... ကျမတို့ကိုရီပြနေတာလေ ကျမစိတ်ထဲမှာ
ကလေးလေးတွေလို့ပဲထင်မိပါတယ်.. တစ်ယောက်က မှာတယ် ရွှေပြည်နန်းသနပ်ခါးယူလာနော်တဲ့..... ကျမတို့လဲ အင်းအင်းယူခဲ့မယ်ပေါ့ ... နောက်တစ်ယောက်က ဂျိုင်းလိမ်းတဲ့ဟာလဲလိုချင်တယ်တဲ့ ... အမျိုးမျိုးပါပဲရှင် ... ပြန်တော့မယ်လို့ပြောတော့ လက်ပြနှုတ်ဆက်ကြတယ်.. တစ်ယောက်က လက်ဘက်သုတ်စားချင်တယ်တဲ့ ယူလာနော် တဲ့... ကျမစိတ်မကောင်းလိုက်တာရှင်.. ကျမတို့ရောက်သွားတဲ့နေ့က အလှူရှင်က ဒန်ပေါက်ကျွေးတာရှင့်.. အလှူရှင်တွေကတော့လာလှူကြပါတယ်တဲ့.. တစ်ချို့ကလဲ မွေးနေ့မှာ စိတ်ကျန်းမာရေးဆေးရုံကိုလာရောက်လှူဒါန်းခြင်းဖြင့် ကုသိုလ်ယူကြပါတယ်တဲ့.. အလှူရှင်ရှိတဲ့နေ့တော့ သူတို့လေးတွေအလှူ ရှင်လှူတာကိုစားကြရပါတယ်တဲ့.. အလှူရှင်မရှိတဲ့ နေ့တွေမှာတော့ သီးစုံဟင်းပေါ့တဲ့.. လူနာ အများစုက ဆေးကို နေ့တိုင်းတိုက်ရတယ်ဆိုတော့ ဆေးပဒေသာပင်လဲ လှူလို့ရတာပေါ့ရှင်.. အလှူရှင်နဲ့ပြည့်နေတာတွေရှိလို့ လွတ်တဲ့ နေ့ (10-3-2010) နေ့လည်စာ(ပုံမှန်ဟင်းလျာ) အတွက် ကိုယ်တတ်နိုင်သလောက်လေးနဲ့ ကုသိုလ်ယူခဲ့ပါတယ်.. အလှူရှင်များကိုလဲ အသိပေးအပ်ပါတယ်.. ကိုယ့်မွေးနေ့ မှာပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ နေ့ ကိုရအောင် ကြိုတင်ပီးစာရင်းပေးလှူလို့ရပါတယ်..
ကျွန်မတို့အဖွဲ့လဲ နောက်အခါအခွင့်သင့်ရင် သွားရောက်လှူဦးမယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်..
စိတ်ကျန်းမာရေးဆေးရုံကြီး ကျန်းမာရေးကော်မတီဆုံးဖြတ်ချက်အရ စိတ်ကျန်းမာရေးလူနာများအတွက် ပျမ်းမျှလူနာ (၈၀၀) များအတွက် တစ်နေ့စာ လှူဒါန်းငွေများကို အောက်ပါအတိုင်း လှူဒါန်းကုသိုလ်ပွားများနိုင်ပါတယ်။
နံနက်စာ
၁။ ပုံမှန် နံနက်စာ ၃၀၀၀၀/-
၂။ အထူး နံနက်စာ ၄၀၀၀၀/-
နေ့လည်စာ/ညနေစာ (ဟင်းလျာတစ်နပ်စာ)
၁။ အသားဟင်း (ကြက်/၀က်/အမဲ) ၂၀၀၀၀၀/-
၂။ အသားရောဟင်း (အသား/အာလူး (သို့) အခြား) ၁၅၀၀၀၀/-
၃။ ငါးဟင်း/ငါးခြောက်ဟင်း/ဘဲဥဟင်း ၁၂၀၀၀၀/-
၎။ ပုံမှန်ဟင်းလျာ ၉၀၀၀၀/-
ဆန်အိတ် လှူဒါန်းခြင်း
၁။ နံနက်စာဆန်ပြုတ် ဆန်တစ်အိတ်
၂။ နေ့လည်စာ/ ညနေစာ(တစ်နပ်) ဆန် (၄) အိတ်
(ဆန်တစ်အိတ်လျှင် ကျသင့်ငွေ) ၁၅၀၀၀/-
အထူးလှူဒါန်းခြင်း
၁။ လူနာတစ်ဦး တစ်နေ့တာ အာဟာရ ၅၀၀ိ/-
၂။ လူနာတစ်ဦး တစ်နေ့တာ ဆေးဝါးဒါန ၅၀၀ိ/-
ဆက်သွယ်လှူဒါန်းနိုင်သော ဖုန်းနံပါတ်များ
ဆေးရုံအုပ်ကြီး (ရုံး) 728814, 585116, 585197, 585115

3/02/2010
အဖြူရောင် နှင်းဆီ
3/01/2010
တောင်သူလယ်သမားနေ့ သမိုင်းကြောင်း
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် နှစ်စဉ် ဇန်န၀ါရီလ ၁ ရက်နေ့ကို `တောင်သူလယ်သမားနေ့´ လို့ သတ်မှတ်ခဲ့ရာ ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ လက်ထက်တိုင် ရောက်ရှိခဲ့ပါတယ်။
တော်လှန်ရေးကောင်စီလက်ထက်မှာ မြေရှင်စနစ် ဖျက်သိမ်းရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြရာ တောင်သူလယ်သမားများနှင့် ပတ်သက်ပြီး ဆောင်ရွက်ခဲ့တာတွေကတော့
၃၀- ၁၂- ၆၂ မှ ၁ - ၁ - ၆၃ ရက်နေ့အထိ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာမှာ ပထမဆုံးအကြိမ် ဆောင်ရွက်ခဲ့ကြပါတယ်။
၃၀ - ၁- ၆၃ နေ့မှ ၁ - ၂ - ၆၃ ရက်နေ့အထိ ဟင်္သာတမြို့နယ်၊ ဒူးယားကျေးရွာမှာ ဒုတိယအကြိမ် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကြီးကို ကျင်းပခဲ့ကြပါတယ်။
၃၀ - ၁၂- ၆၃ နေ့မှ ၂ - ၁ - ၆၄ ရက်နေ့အထိ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပါးကျေးရွာတွင် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ပါတယ်။
၂- ၃ - ၆၄ နေ့မှ ၆ - ၃- ၆၄ ရက်နေ့အထိ တောင်ငူမြို့နယ်၊ ခပေါင်းကျေးရွာတွင် တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့တယ်။ ထိုနှီးနှောဖလှယ်ပွဲတွင် လာမည့်နှစ်မှစပြီး မတ်လ 2 ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲသတ်မှတ်ရန် အများသဘောတူ ဆုံးဖြတ်ခဲ့ကြလို့ မတ်လ 2 ရက်နေ့ရောက်တိုင်း တောင်သူလယ်သမားနေ့ ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။
တောင်သူဦးကြီးတွေအတွက် ဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်တဲ့ နေ့ထူးနေ့မြတ်လည်း ဖြစ်ပါတယ်။ လယ်သမားများမရှိခဲ့ရင် တို့ပြည်တွင်းမှာ ထမင်းအစား ပေါင်မုန့်ကိုပဲ စားကြရလိမ့်မယ်နဲ့တူပါတယ်။ ခုတော့ ဆန်ရေစပါး ပေါကြွယ်ဝအောင် လုပ်ပေးကြတဲ့ တောင်သူဦးကြီးတွေကို အလွန်ပဲ ကျေးဇူးတင်ပြီး တောင်သူလယ်သမားနေ့ကို ကြိုဆိုလိုက်ပါတယ်။

Subscribe to:
Posts (Atom)