4/25/2008

ရွက်သစ်ဝေသော နှစ်

နှစ်ဟောင်းကုန်
နှစ်သစ်ကူးပြန်ပေါ့
ရွက်ဟောင်းကြွေ မြေမှာလွင့်
ရွက်သစ်တွေ ဝေချိန်
ပိတောက်တွေ ပြီးပြန်တော့
ငုဝါတွေ ပင်လုံးဝေ
စိန်ပန်းတွေ ရဲပြန်ပေါ့
အချိန်နာရီတွေ
တစ်နှစ်ပြီး တစ်နှစ်
ကုန်ဆုံးခဲ့ပေမယ့်
နေထွက်နေ၀င်ချိန်တွေဟာ
အမြဲလည်ပတ်နေမြဲ
သံသရာစက်ဝန်းတွင်း
လူပ်ရှားနေဆဲ
ပြုံးတစ်ခါ ရယ်တစ်လှည့်
လူ့ဘုံခန်းဝါ
တွေ့ဆုံကြ လူမျိုးစုံ
ကောင်းတစ်ခါ ဆိုးတစ်လှည့်
ဒုက္ခသုက္ခ အဖုံဖုံ
ရင်ဆိုင်ကာ ကျော်လွှားနိုင်ဖို့
တို့အားလုံး
လောကကြီးကို
ဘောင်ခတ်ကြည့်ကြစို့။

မှတ်ချက်။။ ကျွန်မက မျက်မှန်တပ်ထားရလို့ပါ။

No comments: