12/31/2007

ဒီဇင်ဘာ ၃၁ ည ရင်ခုန်သံ

ဒီဇင်ဘာ ၃၁ ည ရင်ခုန်သံ
(၂၀၀၈ ကို ကြိုဆိုလျက်)

ဘလောဂ့်လောက အစပြုခဲ့
ဘလောဂ့်မောင်နှမတွေသည်
ချစ်ခင်ကြည်ဖြူ
ညီတူလက်တွဲ
တစ်ယောက်အခက်အခဲ
တစ်ယောက်ကူညီ
နှစ်ဟောင်းမှ နှစ်သစ်သို့
တိုင်ခဲ့လေပြီ...
အဆုံးမရှိ နှဏ်များစွာတွင်း
ရင်းနှီးစိတ်ရင်း
ဒီစိတ်နဲ့ပင်
လာမည့်နှစ်များ
ဖြတ်သန်းချင်သည်
၂၀၀၇ ဒီဇင်ဘာ ၃၁
ည ၁၂ နာရီမှ တည်စေသော်....

(နှစ်ဟောင်းမှနှစ်သစ်များစွာတိုင် ယမင်းဖြစ်ချင်သည့်အကြောင်းအရာကို ထုတ်ဖော်လိုက်ပါတယ်။ ယမင်းရဲ့စိတ်ရင်းကို ဒီကဗျာနဲ့ တံတားလို ခင်းပေးလိုက်ပါပြီ။ ယမင်းရဲ့စိတ်ရင်းတံတားလေးပေါ်ကနေ ဘလောဂ့်မျှော်စင်များ ဆက်လက် တည်ဆောက်နိုင်ကြပါစေနော်။)

ဒီဇင်ဘာ ၃၁ ရက် ည ရဲ့ ဖြတ်သန်းခဲ့ရသောနှစ်များ

အင်း မောင်ရန်က ရေးဖို့ လာ Tag သွားတဲ့အတွက် မရေးရင်လည်း မကောင်း၊ ရေးပြန်ရင်လည်း မရေးတတ် ဘယ်လိုလုပ်ရပါ့။ များများရေးရမလား နည်းနည်းရေးရမလား ဖြတ်သန်းခဲ့ရတဲ့နှစ်တွေက မနည်းတော့ဘူးလေ။ ဒီတော့ နိဒါန်း မစ၊ စာကိုယ်မရေး၊ နိဂုံးဘဲ ရေးလိုက်တော့မယ်နော်။ ကောင်းတယ်မလား။ လူလောကကို စပြီရောက်ပြီးသကာလ လူမှန်းသိတတ်စလို့ဘဲ ပြောရတော့မှာပေါ့။ ဒီလိုနေ့ရက်တွေဆို ပျော်ရွှင်ခဲ့ရဖူးတယ်။ ငယ်တုန်းကတော့ အဲလောက်ကြီး မဟုတ်ပေမဲ့ နည်းနည်းကြီးလာတော့ ယမင်းတို့ ရပ်ကွက်ထဲမှာ လူငယ်တွေစုပြီး လူကြီးတွေကို ဒုတ်ခပေး အဲ အကူအညီတောင်းတာပါ။ အတင်း အေးဓားပြတိုက် ပိုက်ဆံတောင်း၊ ပြီးရင် လမ်းလယ်ကောင်မှာ မီးဖို ဖို အမြဲတစ်ခုမဟုတ် တစ်ခု လုပ်စားကြတယ်။ ငယ်တုန်းက လူကြီးတွေလုပ်တော့ ကိုယ်က ချက်ပြီးရင် စားချင်တာပေါ့။ သူတို့က အခု မစားရသေးဘူး။ New year အော်ပြီးမှ စားရမှာလို့ပြောတာနဲ့ ကလေးတွေစုပြီး happy new year လို့ ကုန်းအော်တော့တာပါပဲ။ ဒါကို လူကြီးတွေက ဟဲ့ ည ၁၂ နာရီထိုးမှ အော်ရမှာ ခု မအော်ရသေးဘူးလို့ပြောတော့ ကိုယ်တွေက အိပ်ချင်နေတာကိုး။ စားပြီးအိပ်မယ်ဆိုပြီး အော်တာပေါ့။ နောက်ပိုင်း အလုပ်ဝင်တော့ ရပ်ကွက်ထဲမှာ မပျော်ရတော့ဘူး။ ရုံးက ပွဲလုပ်တော့ အဲဒီပွဲမှာ တစ်ညလုံး အိပ်ငိုက် အဲ မှားလို့ ပျော်ရတော့တာပေါ့။ ဟိုးအရင် ရုံးတုန်းကတော့ အင်းယားနားက ခြံထဲမှာ လုပ်တယ်။ ပွဲမလုပ်ချင် အင်းယားကန်ဘောင်ပေါ် လျှောက်သွားလိုက်နဲ့ ပျော်ဖို့ကောင်းတယ်။ အဲ ပွဲကို မသွားခင် ရုံးမှာ လူစုပြီး ATT ကစားကွင်းမှာ သွားဆော့ပြီးမှ ပါတီပွဲကို သွားတာ။ ပြီးမှ ပွဲမှာ တစ်ညလုံး မဲနှိုက်၊ သီချင်းဆို၊ မီးပုံပွဲနဲ့ ၁၂ နာရီထိုးခါနီးကျရင် အားလုံး မတ်တတ်ရပ်ပြီး နာရီသံ နားထောင်ပြီး အော်ရတာ အပြင်က ဖြတ်သွားတဲ့သူတွေကလည်း တွေ့တဲ့သူတိုင်း လှမ်းအော်နှုတ်ဆက်ကြသေးတယ်။ အင်း ပြီးခဲ့တဲ့ နှစ်ကတော့ သူငယ်ချင်းတွေနဲ့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ရှိုးပွဲကြည့်ပြီးတော့ ကစားသေးတယ်။ ကစားတာက ဘာမှမဟုတ်ဘုး။ ဟိုဘက်ဒီဘက် အနိမ့်အမြင့်ကို စီးတာလေ။ ပြောရဦးမယ်။ ယမင်းနဲ့ စီးတဲ့သူက ၀တယ်လေ။ သူက ထိုင်လိုက်တော့ ယမင်းဘက်က မိုးပေါ်ထောင်သွားရော ဒါနဲ့ နောက်သူငယ်ချင်းတစ်ယောက်က လာဖိပေးမှ စီးလို့ အဆင်ပြေသွားတယ်။ ဟဲဟဲ ဒါကို သူငယ်ချင်းက ဒီပြင်ဟာ ဆော့တဲ့ သူ မဖိပေးတော့ဘူးတဲ့။ လာဖိပေးတော့ သူက မဆော့ရဘူးတဲ့။ ဒါန်းစီးပါလားတဲ့။ ဒါနဲ့ လွှဲပေးမလား မေးလိုက်တာပေါ့။ လွှဲပေးမှ စီးလို့ကောင်းတာလေနော်။ သူက ဘာမှမလွတ်ပါလားဆိုပြီး လွှဲံပေးရှာပါတယ်။ ဒီလောက်ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းကောင်းရထားတာ နင်တို့ ကံကောင်းတယ်လို့ ပြောလိုက်တယ်။ ဟုတ်တယ်မလား။ ၁၀ နာရီထိုးလည်းကျရော ပိတ်ပါလေရော။ ဒါနဲ့ သူငယ်ချင်းအိမ်မှာစုပြီး စားကြသောက်ကြနဲ့ တစ်ညလုံး မအိပ်ကြေးလုပ်ကြတယ်။ ဒီနှစ်တော့ ဘယ်လိုဖြတ်သန်းရင် ကောင်းမလဲဆိုတာ အကြံပေးပါဦးလို့ တောင်းဆိုရင်း နှစ်ဟောင်းကုန်လို့ နှစ်သစ်ကုးတဲ့နေ့မှစ၍ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး Óဏ်ပညာများ ဒီ့ထက် ဒီ့ထက် တိုးတက်အောင်မြင်ပြီး ယမင်းဆီ အမြဲလာလည်နိုင်ကြပါစေလို့ ဆုတောင်းနေမိပါတော့တယ်။

(မောင်လေး ရန်ရေ... ရင်ထဲရှိတာတွေ အကုန်ချရေးရင် တစ်ထောင့်တစ်ညပုံပြင်ဖြစ်မှာစိုးလို့ အနှစ်တွေဘဲ ရင်ဖွင့်လိုက်ပြီနော်။ ခုလို ဖိတ်ခေါ်တဲ့အတွက် ၀မ်းသာမိပါတယ်။ တို့ ဘလောဂ့်မောင်နှမတွေ ရေစက်ရှိနေဦးမယ်ဆိုတာ ယုံကြည်မိပါတယ်။)

ထပ်ပြီး ဖိတ်ခေါ်ချင်တဲ့သူတွေကတော့ အကိုသင်္ကြန်၊ မောင်လေး နေဘုန်းလတ်၊ မောင်သင်ကာ၊ ကိုဝေ၊ မောင်လေးမျှားပြာ၊ ညီမလေး သိုးမလေး၊ ညီမလေး မိုးချစ်သူတို့ပဲ ဖြစ်ပါတယ်။

12/29/2007

ဒီနေ့ သတင်းကောင်းလေးကို မတိမ်းမစောင်းဘဲ ဘိန်းမောင်းတီးလိုက်ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့မှ စပြီး ဇန်န၀ါရီလ ၆ ရက်နေ့ထိ
မနက် ၈ နာရီမှ ညနေ ၆ နာရီထိ
စာအုပ်ဈေးရောင်းပွဲတော်ကို ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ကျင်းပလျက်ရှိပါကြောင်း
သတင်းကောင်းပါးလိုက်ပါတယ်။

စာချစ်သူများ ပျော်ရွှင်နိုင်ကြပါစေ။

နှစ်ကူး

ဆောင်းဦးအ၀င်
အေးမြခြင်းရဲ့အစ
နှင်းမှုန်လေးတွေကျနေချိန်
ရင်ထဲက အပူမီးကို
မတားဆီးနိုင်ခဲ့ပါဘူး...
ဘ၀အမောတွေနဲ့
ပြည့်သိပ်နေတဲ့ငါ့ဘဝ
ဒီဆောင်းရာသီချိန်မှာ
ဘယ်လောက်ပင် အသည်းခိုက်အောင်
အေးနေပစေ
ရင်မှာ ဖြစ်တည် အပူမီးကို
ဘယ်သူ ကူငြိမ်းပေးမှာပ......

12/26/2007

အိုင်တီနဲ့ ကျွန်မ

လူ့အဖွဲ့အစည်းအပေါ် အိုင်တီရဲ့ရိုက်ခတ်မှုသြဇာအရှိန်အ၀ါက တာသွားလှတယ်။ အိုင်တီရဲ့သြဇာဟာ တစ်ဦးချင်း တစ်ယောက်ချင်းကိုလည်း ရိုက်ခတ်တယ်။ မိသားစုအလိုက်၊လုပ်ငန်းတွေ၊ အလုပ်သမားစွမ်းအားစုတွေ နောက်ပြီးလူ့အဖွဲ့အစည်းကြီးတစ်ရပ်လုံးကိုလည်း ရိုက်ခံတယ်။ ဒါပေမဲ့ အိုင်တီရဲ့ရိုက်ခတ်မှုသြဇာဟာလူတစ်ဦးနှင့် တစ်ဦး အပေါ်ကျတော့ တူညီမှု မရှိပြန်ဘူး။ အင်းပြောရရင် အိုင်တီရဲ့အကျိုးကျေးဇူးရလဒ်က ပညာဥာဏ်အဆင့်မြင့်သူက ပညာဥာဏ်အဆင့်နိမ့်သူထက် ပိုပြီး ခံစားရနိုင်တယ်လေ။ ဒီလိုဘဲ ပညာကွဲခြားသွားတာနဲ့လူတစ်ဦးချင်းစီရဲ့ ၀င်ငွေအနည်းအများက ကွဲပြားခြားနားသွားစေတာကိုတွေ့ရှိရတယ်။ သူများ ပြောလို့သာ အိုင်တီရတယ် အိုင်တီဆိုတာ ဘာလဲ။ ဒါဟာ ပြန်စဉ်းစားရမဲ့အချက်ပဲနော်။ သတင်းအချက်အလက် ဆက်သွယ်ရေးဆိုင်ရာ အဆင့်မြင့်နည်းပညာ(အိုင်တီ) ဆိုသည်မှာ အင်းအလွယ်ဆုံး ပြောရရင် ကွန်ပျူတာစနစ်ကို အသုံးချခြင်းကို ခေါ်ဆိုတာပဲ။ တစ်နည်းပြောရရင် အိုင်တီပေါ်ပေါက်လာတာနဲ့အမျှ လူတွေရဲ့လုပ်ဆောင်ချက်တွေ လုပ်အားတွေကို သက်သာစေပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ တစ်နေရာနဲ့ တစ်နေရာကိုမြန်ဆန်ပြီးစီးအောင် လုပ်ဆောင်ပေးတဲ့အတွက် အောင်မြင်မှုမြန်ဆန်လာတာကို တွေ့ရှိရတယ်။ ဒီလိုဘဲ အိုင်တီပေါ်ပေါက်လာတဲ့အတွက် ကျွန်မတို့လို အမျိုးသမီးများအတွက် အမျိုးသားများနဲ့ တန်းတူ အလုပ်လုပ်ဆောင်လာနိုင်သလို ၀င်ငွေလစာဟာလည်း တန်းတူနည်းပါး ရရှိလာခဲ့ပြီလေ။ တစ်နေ့နဲ့ တစ်နေ့ ပြောင်းလဲလာနေတဲ့ အိုင်တီခေတ်လို့ ဆိုရတော့မှာပေါ့။ ခုခေတ်အမျိုးသမီးများဟာ အမျိုးသားများနဲ့ ရင်ဘောင်တန်းပြီး မျက်စိဖွင့်နားဖွင့် လုပ်ဆောင်လာနိုင်ကြတာကိုကြည့်ခြင်းအားဖြင့် ပြောင်းလဲတိုးတက်နေတဲ့ခေတ်ကြီးကို ကျေးဇူးတင်ရမလိုတောင်ဖြစ်နေရပြီလေ။ ကျွန်မကရော အိုင်တီဆိုတာ နားလည်ပြီလား။ အိုင်တီပိုင်းကိုလေ့လာရင်ကော မတိုးတက်နိုင်ဖူးလား။ ကျွန်မလို နလပိန်းတုံးတစ်ယောက်ရဲ့ခေါင်းထဲ အတွေးတွေ ၀င်လာခဲ့တာ ဘာကြောင့်လဲ ဒါဟာ ရှင်းရှင်းလေးပဲ။ အိုင်တီကြောင့်ပေါ့။ ကျွန်မလည်း ဒီတိုးတက်နေတဲ့ခေတ်ကြီးထဲလူတွေထဲမှာကြိုးစားရင် ပါလာနိုင်တော့မှာပေါ့နော်။ သူများတွေ ရှေ့ရောက်နေတဲ့အချိန်မှာ ကျွန်မက နောက်ချန်နေရစ်ရရမလား။ ငါကော ကြိုးစားရင် မဖြစ်နိုင်ဖူးလား။ ခုမှ စတင်မဲ့လမ်းအတွက် တစ်ခါတလေ အားငယ်မိတာတော့ အမှန်ပါ။ စမ်းတ၀ါးဝါးလျှောက်နေတဲ့လမ်းမှာ ငါဟာ လမ်းဆုံးကို လျှောက်နိုင်ပါ့မလား။ ငါ့လို ဘာပညာဘာအစွမ်းအစမှ မရှိတဲ့ လူတစ်ယောက်အတွက် အိုင်တီနဲ့နီးလာမလား။ ဝေးနေသေးလားဆိုတာကို ဆန်းစစ်ရင်း အိုင်တီလောကကြီး အမြဲတည်တံ့တိုးတက်အောင်မြင်နေပါစေလို့ ဆုတောင်းနေမိပါတော့တယ်။

12/23/2007

အမှတ်တရ နေ့ရက်များ

အတူပျော်ခဲ့ နေ့ရက်များကို
ဘ၀တစ်သက်တာ
အမှတ်တရဖြစ်ခဲ့တယ်....
သွားလာလှုပ်ရှား နေ့ရက်များကို
မေ့ပစ်ဖို့တော့
ခဲယဉ်းနေခဲ့....
တစ်နေ့တစ်ချိန် ပြန်မဆုံခဲ့ရင်
မင်းတို့ရင်ထဲ
မှတ်မှတ်ရရ
ရှိနေခဲ့ရင်
အစ်မ....
ကျေနပ်ပီတိဖြစ်မိမှာပါ ညီမလေးတို့ရယ်....

(ခွဲခွာခဲ့ရသော ညီမလေးတို့အတွက်)

ငါးနှစ်တာအလွမ်း

အတူနေခဲ့ နှစ်ငါးနှစ်အတွင်း
အတူပျော်ခဲ့ အပြစ်မဲ့ပျော်ရွှင်မှုများ
ငါလေ တစ်နေ့မှ မေ့မရခဲ့ပါ
ညီမလေးတို့ရယ်...
ဒီအချိန်မှာ ပြန်တမ်းတလဲ
လွမ်းလို့ ဝေးပြီမို့
ဝေးခဲ့ရတဲ့ လပေါင်း
သုံးလကျော်ခဲ့ပြီပေါ့
ကံကြမ္မာရယ်...
ဆုတောင်းခွင့်သာရှိခဲ့ရင်
ငါနှင့်အတူ
သံယောဇဉ်ရှိတဲ့သူများကို
မခွဲမခွာ အမြဲအတူ
ရှင်သန်ခွင့်ပေးပါ....




Caps Lock, Num Lock, Scroll Lock ကီးများကို မှားယွင်းစွာ သုံးမိပါက အသံ သို့မဟုတ် အရိပ်ပြပြီး အချက်ပေးနည်း ဖြစ်ပါတယ်။

တစ်ခါတစ်ရံ မတော်တဆ Caps Lock ကို ထိမိကာ ပွင့်နေခြင်းမျိုး ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် Num Lock ကီးကို ပိတ်မိရင်လည်း Keypad ကို သုံးလို့ မရတတ်ပါ။ ထိုသို့ အမှားများ ပြုလုပ်မိပါက အရေးကြီးသော အလုပ်လုပ်မည်ဆိုရင် နှောင့်နှေးစေတတ်ပါတယ်။ ဒါကြောင့် အမှားပြုလုပ်မိပါက အသံနှင့် သတိပေးခြင်း သို့မဟုတ် မော်နီတာတွင် အချက်ပြခြင်းများ ပြုရန် တင်ပြပေးလိုက်ပါတယ်။ လိုအပ်မယ်လို့လည်း ထင်ပါတယ်။ ဒါမှမဟုတ် သိပြိးသားလည်း ဖြစ်ချင်ဖြစ်နေမှာပါ။ ယမင်း သိသလောက်ကို ပြောပြခြင်းသာ ဖြစ်ပါတယ်။

၁။ Start ထဲက Control Panel ကို ဖွင့်ပါ။
၂။ အတွင်းမှ Accessibility Options ကို ထပ်မံရွေးချယ်ပါ။
၃။ Accessibility Options(BOX) ပွင့်လာပါမည်။ ကီးဘုတ် tab သို့ပြောင်းပါ။
၎။ အတွင်းမှ Toggle keys အောက်မှ Use Toggle keys မှာ အမှတ်ပေးလိုက်ပါ။
၅။ ပြီးရင် Sound(tab) ကို ပြောင်းပေးပါ။
၆။ SoundSentry အောက်မှ Use SoundSentry ကို ရွေးချယ်လိုက်ပါ။
၇။ ထိုအခါ visual warning အတွက် ရွေးချယ်စရာများကို ပြပေးထားပြီး နှစ်သက်ရာတစ်ခုခုကို ရွေးလိုက်ပါ။ ဥပမာအားဖြင့် Flash the active caption bar, Flash the active window, Flash the desktop ဆိုပြီး ပြပေးထားရာ ယင်းမှ Flash the active window ကို ရွေးချယ်လိုက်ပါ။
၈။ Apply ကို နှိပ်ပြီး ok ကို ထပ်နှိပ်လိုက်ပါ။
ပြီးရင် စမ်းသပ်လို့ရပါပြီ။ Caps Lock ကို ဖွင့်ကြည့်လိုက်ပါ။ ထိုအခါ အသံတစ်သံထွက်လာလိမ့်မည်။ ဒါမှမဟုတ် မော်နီတာတွင် ဖျတ်ခနဲ အရိပ်တစ်ခုပေါ်လာမည်ကို မြင်ရပါလိမ့်မည်။ ကီးတစ်ခုခုကို မှားယွင်းစွာ နှိပ်လိုက်မိရင် သတိပေးမည့် အကြောင်းအရာကို တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

12/21/2007

စိတ်ရင်း

ယ ယမင်ခင် ကကြိုးဆင်
မည်တွင်သညာ၊ အဟံ ငါသည်
အလင်္ကာမှ၊ သိမ်မွေ့လှသည့်
ရသစာပေ၊ ကဗျာများကို
ပေးဝေပြီးခါ၊ ဆက်၍သာလျှင်
ဖြန့်ဝေသွားမည်။
မိတ်ဆွေအပေါင်း စိတ်ချမ်းသာမှု
ဝမ်းနည်းမှုကို မျှဝေသွားမည်
လောကတစ်ခွင် ဘွု ၃၁
နေနေသမျှ ကာလပတ်လုံး
သင်းပျံပန်းကွုး သီကုံးရင်းနဲ့
တတ်စွမ်းသမျှ ကူညီသွားမည့်
လှယမင်းပင် ဖြစ်ပေသည်။


ယ ယမင်းခင် ကြိဲုးဆင်
ရ ကောက် ရထားကြီး ပျြော်ပျော်စီးနေပြီ။

12/19/2007

ရနံ့သင်းတဲ့ ပန်းခရေ

ပန်ပါတဲ့ ပန်ပါ
မြောက်ဘက်အိမ်
ပင်ခြေရင်းက
ပန်းကောက်လို့လာ
အပွင့်မှာ ၀ါနုရယ်နဲ့
ရနံ့က သင်းကြိုင်လို့လာ
သီကုံးကာ ဆင်မြန်းချင်ရဲ့
ကြွေလွှင့်မှာ စိုးသမို့
ကုံးပန်ဝံ့ဘူး....

12/18/2007

ခေတ်တစ်ခေတ်ရဲ့ ခြေလှမ်း

ခေတ်တစ်ခေတ်ရဲ့သမိုင်းကြောင်း
လေ့လာလို့ မပြီးဆုံးသေး
နောက်တစ်ခေတ် ရောက်ရှိလို့လာခဲ့
သြော်.... IT ခေတ်ဆိုပါလား....
တဖြည်းဖြည်းနဲ့ လိုက်မမီတော့တဲ့
ခေတ်ကို ရောက်ရှိနေပါပြီကော
မမီ မီရာနဲ့ လိုက်ဆိုသလို
ရောက်နေတဲ့နေရာက
ဆက်လိုက်ခဲ့ရ
တော်သေးပါရဲ့
ငါ အလှမ်းမဝေးသေးပါလား....
တွေးတုန်းရှိသေး
Internet ခေတ်ကို
ထပ်မံရောက်ရှိလို့လာပြန်
အင်း...
လိုက်လေ ဝေးလေ
ခေတ်ပြောင်းကြီးထဲ
ငါ့ဘဝ
ဘယ်လိုများမှ မီအောင်
ဆက်လိုက်ရပါ့....

မြောက်ပြန်လေနှင့်အတူ

တစ်ခါ ဆောင်းရာသီကို ရောက်လာပြန်ပေါ့
မိုးအကုန် ဆောင်းအကူး
ဆောင်းလေမြူးတဲ့ချိန်ခါ
တစ်နှစ်မှာ တစ်ခါသာ ပွင့်တဲ့
"ဆောင်တော်ကူး" ချိန်ခါမို့
မျှော်ခဲ့မိတာတော့အမှန်
ဖျင်ကြမ်းလေးနှင့် အနွေးထည်ဝတ်လို့
ဆောင်းအကူးကို ငါ ကြိုဆို
နှင်းလေးတွေ ဝေနေရင်
ရင်ထဲမှာ ပြုံးပျော်ရွှင်
မြောက်ပြန်လေတိုက်ပြန်တော့
ဆောင်တော်ကူးတွေ ပွင့်ပါပေါ့....

ပင်ပန်းလိုက်တာ မင်္ဂလာဆောင်ကူညီပေးရတာ

တော်သေးတယ် ပြီးသွားလို့ ဟွန်း...

12/14/2007

ယမင်းကို အကူအညီတောင်းလို့ မင်္ဂလာပွဲတစ်ခု လက်ခံပေးလိုက်ပါတယ်။

















ယမင်းပြောတာ ဟုတ်ဖူးနော်....

ပန်းချစ်သူတို့ တော်ဝင်မြေ

နန်းလယ်မှာ မတင့်ပေမယ့်
ပျိုမေတို့ရဲ့ ခေါင်းမှာ တင့်စေဖို့
သူ ကြွေပေးရရှာ
သူ့ခမျာ ဂုဏ်မ၀င့်ပေမဲ့
ရနံ့သင်းစေခဲ့
ပျိုမေတို့စိတ်မှာ ကြည်နူးစေဖို့
ပွင့်ခဲ့ရရှာ
နွမ်းသွားရင်လည်း
မွေးရနံ့သင်းနေဆဲ
အကြွေပန်းပေမယ့်
ရွှေနန်းတော်ထိုက်ပေတဲ့
ပန်းခရေဘဝ
ကျွန်မဖြစ်ရရင်
ကျေနပ်ပါပြီလေ.....
ယမင်းရဲ့ရွှေမြန်မာကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်..... အ၀သာ စားသွားနော်...





12/11/2007

တစ်လပြည့်အလွမ်း

ဘွားဘွားရယ် မြေးတို့နဲ့ ခွဲခွာသွားခဲ့တာ ၁၁.၁၁.၂၀၀၇ နေ့ ညနေ ၄း၁၀ မိနစ်ကနေ ဒီနေ့ ဆို တစ်လပြည့်ခဲ့ပြီပေါ့။ အချိန်တွေဟာ မြန်ဆန်လိုက်တာနော်။ ဘွားကို ဒီနေ့ထိ မြေးလေ မေ့မရခဲ့သေးပါဘူး။ ဘယ်တော့မှလည်း မေ့မှာ မဟုတ်ပါဘူး။ မြေးတွေကို လိမ်မာအောင်၊ ယဉ်ကျေးအောင်၊ လူတွေကို တတ်နိုင်သရွေ့သည်းခံနိုင်အောင် သွန်သင်ဆုံးမခဲ့လို့ မြေးလေ လူတွေအပေါ် နားလည်ပေါင်းများစွာနဲ့ နေလာခဲ့ရတာ ဘွားရဲ့ကျေးဇူးတရားတွေကြောင့်ပါနော်။ ဘယ်သူတွေ ဘယ်လောက် ကောင်းကောင်း မကောင်းကောင်း ကိုယ်အမြဲတမ်းကောင်းဖို့ လမ်းပြခဲ့တဲ့ကျေးဇူးဟာ ဘာနဲ့မှ မလဲနိုင်ခဲ့ပါဘူး။ ဘွားရဲ့အေးရိပ်ဟာ မြေးတို့အတွက် အလုံခြုံဆုံးဖြစ်ခဲ့ပါတယ်။ လူတိုင်းဟာ ဘွား သွားတဲ့လမ်းကို ဆက်လျှောက်ရမယ်ဆိုတာ နားလည်ထားခဲ့ပေမဲ့ တကယ်တမ်းခွဲခွာခဲ့တဲ့အခါ ရင်ထဲမှာ မဖြေနိုင်ခဲ့ပါဘူး။ ဘွားရယ် ယမင်းလေ ဘာဆက်ပြောရမှန်း မသိတော့ဘူး။ ဘွားအတွက် ရင်ထဲက စကားတွေကို ကဗျာအဖြစ် သွန်းလောင်းခဲ့ပါတယ်။ ဘွား ကောင်းရာဘုံဘ၀မှာ ပျော်ရွှင်နေမယ်ဆိုတာ ယမင်းသိထားပါတယ်။

တစ်လပြည့်အလွမ်း

လင်းပြီး မမှောင်၊ အေးမြမြစ်တာ
နေရောင်ဖျော့ဆင်း၊ ညနေခင်းသို့
မာန်ကင်းချိုသာ၊ ဘွား မျက်နှာသည်
ကြည်သာဘိခြင်း၊ ရင့်ကျက်ခြင်းဖြင့်
အလှမာန၊ ဒေါသမောဟ
တဏှာဆန်န၊ ကင်းစင်ပလျက်
လက်က ပုတီး၊ ပွားစည်းရွတ်ကြား
နှုတ်တရားနှင့်၊ အဘွား မပြတ်
နေပျော်တတ်၏။
ကွမ်းမြုံ့ငုံဝါး၊ ရေနွေးသောက်လျက်
တရားပွေ့ပိုက်၊ အခါးကြိုက်ကာ
ဘွားမျက်နှာသည်၊ ဇရာရိပ်တိုး
အရွယ်မျိုးမို့၊ နိုးကြားမှုကင်း
နုမျစ်ခြင်းတို့၊ ပကင်းရင့်နွမ်း
ပါးရေတွန့်လျက်၊ ပပ်ကြားအက်နှင့်။
နုခြင်း လှခြင်း စိုပြေခြင်းတို့
အလျဉ်းကွယ်ပျောက်၊ ပင်အိုခြောက်ဟု
တွေးထောက်ဆင်ခြင်၊ ဘွားကိုမြင်စဉ်
ယမင်းရဲ့ရင်ထဲ ကြည်နူးရိပ်ထင်
ပြုံးပျော်ရွှင်မြဲ
အိမ်အပြန် ယမင်းရဲ့အရိပ်
မြစ်တာနဲ့ ကြိုဆိုလက်ကမ်း
ဘွားအိုဘ၀၊ နေညိုစလည်း
အလှဝေစု၊ အနုလက်ကျန်
ရှင်သန်နေမြဲ၊ ဘွားရဲ့အပြုံး
အလျှံဖိတ်ဖိတ်၊ ယမင်း အရိပ်ထင့်
အမြဲ မြင်ယောင်နေဆဲပါတကား။ ။

ဘွားရဲ့ဆုံးမမှုတွေကို အသက်ရှင်နေသရွေ့ကာလပတ်လုံး မြေးလေ အမြဲလိုက်နာသွားမှာပါ။
ပြုပြုသမျှ ကောင်းမှုတွေကို ရောက်ရာဘုံဘ၀မှ သာဓုခေါ်နိုင်ပါစေဘွားဘွားရယ်....

ဘွားဘွား...
နှုတ်ဆက်ခွဲခွာအပြီးတိုင်သွားခဲ့ပေမယ့်
ယမင်းရဲ့အိပ်မက်ထဲမှာ ခဏခဏတွေ့နေရတာ
ယမင်းရဲ့အတွေးထဲမှာ ခဏခဏ တွေ့နေရတာ
ဘာကြောင့်ပါလဲ ဘွားရယ်။
ဟောဒီ ကဘာမြေက
ဘာကိုမှ သယ်ဆောင်မသွားတဲ့အပြင်
ဘွားရဲ့ ချစ်မြစ်တာကို
ယမင်း သွားလေရာ ရောက်လေရာမှာ
ဝန်းရံနေပါစေသားရယ်လို့များ
ဆုတောင်းပေးခဲ့လေသလား
ယမင်းမှာတော့ မမေ့သာ
တမ်းတမှုတွေနဲ့အတူ
တကယ်လို့များ ဘ၀တစ်ခုခုမှာ
ဘွားနဲ့ပြန်ဆုံတွေ့ရရင်တောင်
ဘွားရဲ့မြစ်တာက ယမင်းအပေါ်မှာ ကြီးမားခဲ့လေတော့
ဘွားက ယမင်းကို နားလည်ပြုံးလေးပြုံးလို့
ခုတော့ ဘွားဘွား
ယမင်းတို့နဲ့ ခွဲခွာခဲ့တာ
တစ်လတည်းတည်း ပြည့်ခဲ့ပါပေါ့
ကံမကုန်သေးရင်
ဘ၀များစွာ ပြန်ဆုံချင်ပါသေးတယ်
ဘွားဘွားရယ်....။

12/10/2007

When wealth is lost,
Nothing is lost.
When health is lost,
Something is lost.
When character is lost,
All is lost.
1. If you've any task to do,
Let me whisper, friend, to you,
Do it.

2. If you've anything to say,
True and needed, yea or nay,
Say it.


3. If you've anything to love,
As a blessing from above,
Love it.

4. If you've anything to give,
That anothers' joy may live,
Give it.

12/07/2007

ပျော်ရွှင် အေးချမ်းပြီး လိုတာ မှန်သမျှ ရရှိနိုင်ကြပါစေနော်....

လှလားဟင်... လျှောက်လုပ်ကြည့်ထားတာ သိလား။ ဘာမှလည်း ဟုတ်ဝူး။

12/02/2007

ဖြစ်ချင်ရာ

အကွေ့အကောက်၊ ဖြောင့်တန်း
လျှောပြေ မတ်စောက်
ကြမ်းတမ်း ချောမွတ်
ဘယ်လိုပင် ဖြစ်စေ
လမ်းဟာ လမ်းပါပဲ။
ဝန်တွေ ဘယ်လောက်ပိပိ
ဘယ်သူတွေ ဘယ်လိုသုံးသုံး
သူကတော့ ခံနိုင်ရည်အပြည့်နဲ့လေ
အဲဒီဘ၀ ငါ ရချင်တယ်။

နှစ်တွေကြာ အသက်တွေရ
အိုမင်းလာတဲ့ ဓာတ်တိုင်အို
သူ့တာဝန်သူထမ်း
ပခုံးထက် အမာရွတ်တွေနဲ့ပေါ့
အဲဒီဘ၀ ငါ ရချင်တယ်။

ပြိုလဲတော့မယ့်အိမ်
အထောက်လိုနေပေါ့
အဲဒီအချိန်မှာ
ငါ ၀ါးတစ်လုံးဖြစ်ချင်တယ်။

ဒါပေမဲ့...
ငါဟာ လမ်းတစ်ခုဖြစ်ခဲ့ရင်
ဘယ်သူမှ မသုံးတဲ့ လမ်းပဲ ဖြစ်လိမ့်မယ်။

ဓာတ်တိုင်တစ်ခုဖြစ်ခဲ့ရင်
ယိုင်နဲ့နဲ့ ခါကြိုးနေတဲ့
သစ်သားချောင်းတစ်ချောင်းပဲ ဖြစ်မယ်

ငါဟာ ၀ါးတစ်လုံးဖြစ်ခဲ့ရင်
ဆွေးနေတဲ့ ၀ါးပဲ ဖြစ်မယ်။

ဘ၀ရဲ့ လှိုင်းကြား
ခိုင်မြဲတဲ့ ငါ ဖြစ်ချင်တယ်....



12/01/2007

ဘ၀ခရီးကြမ်း ငါ ဖြတ်သန်း

ယမင်းတို့အားလုံးဟာ သံသရာ ခရီးသည်ပါနော်။ မွေးလာပြီးကတည်းက အချိန်တွေနဲ့ ကြီးပြင်းခဲ့ကြရတယ်။ ဒုက သုက တွေအားလုံးကို ရင်ဆိုင်ဖြတ်သန်းကြရတယ်။ ပျော်ရွှင်မှု ၀မ်းနည်းမှုတွေ ကြုံလာခဲ့ရတယ်။ ခုချိန်မှာ ကလေးဘ၀ဆိုတာကိုလည်း ပြန်မရရှိတော့ဘူး။ ဟန်ဆောင်မှု လောကကြီးကို ဖြတ်သန်းနေရပြီ။ ခရီးကို ဘယ်ထိသွားရမယ်။ ဘယ်လောက်သွားရမယ်ဆိုတာ အချိန်က တန်ဖိုးဖြတ်ပေးနေသလိုပဲ ခံစားနေရတယ်။ ယမင်းဆို ခု ဘ၀ရဲ့သုံးပုံတစ်ပုံကို ရောက်ရှိလဲ့ပြီပေါ့။ ခုချိန်ထိ ဘာမှ ဖြစ်မလာသေးဘူးလေ။ ခုတော့ တော်တော်ကို စိတ်ဓာတ်ကျနေတယ်။ ဒီလိုပုံစံနဲ့ သေမသွားချင်သေးဘူး။ ကိုယ်သွားချင်တဲ့နေရာ ကိုယ်ရောက်ချင်တဲ့နေရာကို ရောက်အောင်သွားချင်သေးတယ်။ မိတ်ဆွေတို့ရေ.... ဖြစ်နိုင်ရင် ခရီးလမ်းပြပါဦး...