12/13/2009

သုံးရာသီ အလွမ်း


သခင်ရေ....
နွေဦးရွက်ကြွေ၊ လေရူးဝေ့သော်
ရင်မှာလေ နွမ်း၊ မင်းကိုလွမ်း၏။
မိုးစက်လည်းကျ၊ မုတ်သုံစသော်
ရင်မှာလေ တမ်း၊ မင်းကိုလွမ်း၏။
ဆောင်းနှင်းစက်ကြွေ၊ နှင်းပန်းဝေသော်
ရင်မှာလေ ချမ်း၊ မင်းကိုလွမ်း၏။
နှစ်ဟောင်းလည်းကုန်၊ နှစ်သစ်ဆုံသော်
ငါ့မှာလေ လန်း၊ မင်းကိုလွမ်း၏။
သခင်ရေ....................
ရာသီချိန်ပြောင်း၊ နှစ်တွေလည်း ဟောင်း
သတိရစိတ် တမ်းတမိလျက်
ချိန်ခါပြောင်းလည်း
မျှော်လင့်လျှက်ပါ သခင်ရယ်....

5 comments:

Anonymous said...

ကဗျာလေး ကြိုက်တယ် ယမင်းရေ..

Anonymous said...

ကဗျာက ကာရန်လေးမိုက်တယ်...

လွမ်းသွားတယ်...

ညရဲ့ကောင်းကင်

Unknown said...

အလွမ်းကဗျာလေး က တော်တော်ဖတ်လို့ ကောင်းပါတယ်။ ခံစားချက်လေးကို လေးစားပါတယ်။ ဒီလိုဆိုတော့ တစ်ခုတဂ်ပါမယ်။ အိမ်လွမ်းသူ ဆိုတဲ့ ခေါင်းစဉ်ပါ။ ရေးပေးပါဦး။

Anonymous said...

ကဗျာလေးကိုဖတ်ရတာ ခံစားချက် အစစ်ထင်ပါ့....။ ကောင်း၏

soe khine said...

ကြည့်ရတာအသဲကွဲနေတယ်ထင်တယ်