Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

8/08/2010

Information Security ဟောပြောပွဲအကြောင်း

၇ ရက် ၈ လ ၂၀၁၀ ခု စနေနေ့ နေ့လည် ဟောပြောပွဲကို ၂ နာရီမှ စတင်ခဲ့ပါတယ်။ အရင်ဆုံး ပြောကြားတဲ့သူကတော့ ဦးရဲကျော်သိန်းဖြစ်ပါတယ်။
Security တွေ ဘယ်လိုလုပ်ရမယ်ဆိုတာတွေ ပြောပါတယ်။ ဒါပေမယ့် မှတ်မိသလောက်ပဲ တင်ပြပါမယ်။
Range of Security
-Generate
-General Security Concept
အီးမေလ်းတို့ ဆာဗာတို့မှာလည်း လုံခြုံမှုလိုအပ်ကြောင်း နောက် Security ဆိုတာ နေရာတိုင်းမှာ လိုအပ်ပါတယ်။
Commuation
Authentication

Web based Service
- Secure Sockets layer/Transport layer Security (SSL/TLS)
- Secure Hypertext Transfer Protocol (S- HTTP)
- Directory Services
- Linghtweight Directory Access Protocol(LDAP)
- Files Transfer
- File Transfer Protocol(FTP)

Devices
- Remod Access Service (RAS)
- Hardware base Virtual Private Network (VPN)
-
Security Topologies
DMZ, VLAN, NAT, Proxy
-Intrusion Detection
- IDS Plan (network bases/ host base)
- Active/Passive/Pro active Protection
- Security Baselines
- Secure OS/NOS
- ACL (important Security)

Basics of Cryptography
- Algorithms are the underlying foundation of cryptography
 နောက် စတဲ့ ဒေတာတွေနဲ့ပတ်သက်ပြီး တကယ်လို ဒေတာတွေကို backup လုပ်ထားသင့်ကြောင်း တကယ်လို့ ပျက်ခဲ့ရင် ဒေတာတွေ Recovery ပြန်လုပ်ဖို့ plan တွေလုပ်ထားသင့်ကြောင်း စတဲ့ information Security နည်းပညာအကြောင်းများ ဟောပြောပါတယ်။ နောက်တစ်ယောက်ကတော့ ဦးဇော်ဝင်းထွန်း ဖြစ်ပါတယ်။
ပြောတာတွေကတော့ အများကြီးပါပဲ။ နားထောင်နေတာနဲ့ မမှတ်လိုက်မိတာလည်း ပါပါတယ်။ မှတ်မိသလောက်ကို ပြန်ပြောရခြင်းသာဖြစ်ပါတယ်။

ဦးဇော်ဝင်းထွန်းကတော့ Security Solutions? ဘာတွေလုပ်သလဲတဲ့
အချက်အလက်တွေ၊ လုံခြုံရေးကို ဘယ်လိုလုပ်မလဲဆိုတာတွေ ပြောကြားပါတယ်။
နောက် Bank account တွေ ခိုးခြင်းခံရတဲ့ နိုင်ငံတွေမှာဆို ဘယ်လို လုံခြုံအောင် လုပ်သင့်တယ် လုပ်ထားတယ်ဆိုတာကို ပုံများနဲ့တကွ ရှင်းပြပါတယ်။ သူကတော့ ခုလက်ရှိ အဖြစ်များနေတဲ့ အကြောင်းအရာတွေကို အဓိကထားပြောပါတယ်။ Personal/ Dentity Theft လို့ ပြောပါတယ်။


SQL Injection to Bank Sites
Bank တွေရဲ့ ဆိုက်တွေကို နောက်ဆုံး Database ထဲ ၀င်မယ်ဆိုတဲ့ပုံစံ၊ Bank Sites တွေကိုလည်း ၀င်ဖို့လွယ်ကြောင်း နောက် အကောင့်တွေ ဘယ်လို ခိုးယူကြသလဲ နောက် အီးမေးလ် နမူနာပို့ပြီး အတုအယောင်ဖန်ဆင်းဖြည့်ခံရတာတွေ စတဲ့ ဟက်ကာတွေ ဘယ်လိုလုပ်ကြသလဲ ဒါတွေကို ဘယ်လိုလုံခြုံအောင် လုပ်မလဲဆိုတဲ့ အကြောင်းအရာတွေ အပြင်

Wireless Technology
ဒီ Wireless မှာ Security လုပ်ထားပေမယ့် ၀င်ဖို့နည်းလမ်းတွေ အများကြီး ရှိတဲ့ဆိုတဲ့အကြောင်း ဘယ်လိုအားနည်းချက်ဘက်က လှည့်ဝင်မလဲဆိုတာ ခဏလေးနဲ့ တွေ့ရှိတယ်လို့ ပြောပါတယ်။

Applications & Platforms
Types of Attack
- Computer Virues         - Network worms-
- Trojan Horses        - Logic Bombs
- Address Book Theft    - Hijacked Home Pages
- DNS Poisoning        - Zombies, IP Spoofing
- Password Grabbers    - Denial of Service Attacks
- Buffer Overruns        - Password Crackers

နောက်
- Technical
- Physical

Linux Devices Using
- Personal Steps to Protect Your Cyber Information

Steps to Protect
- Keep your password secret
- Backup important files
- Know who to Protect your family
- Consider setting parental controls
- Tech your children never to give out personal


Technical Safeguards in work
- Unique-in access        - Remote access security
- Passwords        - Safe e-mail use
- Workstation Security    - safe internet use
- Portable device Security   
- Data management
e.g back-up and archive
- Report security incidents and stolen devices
- Clean data off computers berfore reycling

Understanding & Addressing Security Threats
-
- Application
- System
- Networking
ISO 17799/ 27001/27002
- Business Continuity Planning        - Personal Security

Conclusions
- Security is a Process
- Security is Physical, Social and Technical
- Education
- Standard based Qulity focus
- Trends
- Preventipn +, Detection+, Response
- Applications and particularly Client
- Targeted
- Lability
စတဲ့ အကြောင်းအရာများကို ဟောပြောပြီးနောက် နောက်ဆုံးကျန်တဲ့ ဦးအောင်ဇော်မြင့်က ဆက်လက်ဟောပြောပါတယ်။
သူကတော့ ဘာတွေလဲဆိုတာ ကြည့်ရအောင်
Overview
- What is security?
- Why do we need security?
- Who is - nerable?
- Common security attacks and counter measures

ဆက်လက်ပြီး Security Penetration
- Firewalls & Intrusion Defetion System
- Denial of Service Attacks
- TCP Attacks
- Packet sniffing
- Social Problems

Common security attacks and their counter measures

- Finding a way into the network
- Firewall
- Exploiting software bugs, buffer overflows
- Intrussion Detection Systems
- Denial of Service
- Ingress fillering, IDS
- TCP hijacking
- IP
- Packet snifing
- Encryption (SSH, SSI, TTPS)
- Social problems
- Education


နောက်ဆုံး သမိုင်းကြောင်းလေးတွေပါ ဗဟုသုတရဖွယ် ပြောပြပါတယ်။
History Records
- 1960 US DoD(ARPA)
- Kleinrock 1964
- 200 hosts in ARPA (1970) (conference)
- E-mail 1972
- Telenet (late 1972)
- IBM SNA (1974)
- EThernet (1973 - 76)
- 1983 (NCP- TCY/IP)
- 1990 (www)
- 200 Web Server (1992)
- 1996 browser war
- 1995- 2001 (Interent in financial market)

စတဲ့ ဖြစ်ပေါ်လာပုံ နှစ်များကိုပါ ရှင်းလင်းပြောကြားပါတယ်။

နောက် Integrated Security Architecture မှာ ဆိုရင်
- ဘာတွေဘယ်လို ကြိုတင်ပြင်ဆင်ရမယ်
- ဒေတာတွေ ထပ်သိမ်းမယ်/ ပြုပြင်မယ်
- တကယ်လို့ တစ်ခုခုဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေ အပြင် policies ကို အဓိက လေ့လာသင့်ကြောင်း၊ ဘယ်လောက်အရေးကြီးသလဲဆိုတာ သိထားဖို့ လိုအပ်တယ်ဆိုတဲ့အပိုင်းတွေအပြင်
System Security
Application Security
Network Security as a Continuous Process
တွေ Step by Step ဘယ်လိုလုပ်သင့်တယ်ဆိုတာ
Step 1 - Securire
Step 2 - Monitor
Step 3 - Test
Step 4 - Improve


yahoo ဘယ်ချိန်က ဘယ်လို ဟက်ခံရကြောင်း ဘယ်နှစ်ကဆိုတာပါ ထည့်သွင်းပြောပါတယ်။ ကြားထဲမှာ ပြောသေးတယ် မရေးတော့ဘူးနော်။

နောက်ဆုံးကတော့ အဓိက လုပ်ဆောင်သင့်၊ လေ့လာသင့်တဲ့အကြောင်းအရာ ဖြစ်တဲ့
Information Security Policies
- login policies
- Password policies
- Mail policies
- Web policies
- Storage policies
- Wireless policies,..... etc
စတဲ့ အကြောင်းအရာများကို ဟောပြောပြီးနောက် ၃ နာရီခွဲတွင် သိချင်သောအကြောင်းအရာများ မေးမြန်းနိုင်သည်ဆိုပြီး နိဂုံးချုပ်သွားပါတယ်။ မေးချင်တဲ့သူတွေ ကျန်ခဲ့ပြီး ကျွန်မလည်း ထပြန်လာခဲ့ပါတော့တယ်။ အမှန်က ကျွန်မက အသံသွင်းပြီး ရီကောဒင်းပါ တင်ပေးချင်တာပါ ညဘက် အားသွင်းထားရင်းနဲ့ မနက် ကျောင်းအသွား အိမ်မှာ မေ့ကျန်ခဲ့လို့ ဒီတိုင်းပဲ ပြောသမျှ မှတ်ထားခဲ့ရခြင်းသာ ဖြစ်ပါတယ်။

8/02/2010

Information Security ဟောပြောပွဲကျင်းပမည်

    သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း မှ ကြီးမှူး၍ မျက်မှောက်ခေတ် ICT/ Internet နည်းပညာရပ်များ၏ နောက်ကွယ်ရှိ သတင်းအချက်အလက်ပိုင်းဆိုင်ရာ  လုံခြုံရေးစနစ်များ၊ Cyber Threats များ၊ ကွန်ပျူတာ၊ အင်တာနက်အသုံးပြုသူတိုင်း သိသင့်သိထိုက်သော Fundamental Security Concepts များအကြောင်း၊
နည်းပညာရပ်များကို အခြေခံသော မတူညီသော Cyber နှောင့်ယှက်မှုများ၊ ကာကွယ်ရေး စနစ်များအကြောင်းတို့ကို အပြန်အလှန် ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ သြဂုတ်လ (၇)ရက် (စနေနေ့) နေ့လည် (၂း၀၀) နာရီ မှ (၅း၀၀)နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင်ရှိ အခန်း(၂၀၅) တွင်  မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း မှ အလုပ်အမှုဆောင်များဖြစ်သည့် ဦးဇော်ဝင်းထွန်း၊ ဦးအောင်ဇော်မြင့်နှင့် ဦးရဲကျော်သိန်း တို့မှ "Information Security" ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောမည်ဖြစ်ပါသည်။

            ဆွေးနွေးဟောပြောပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသင်းဝင်များ၊ ကွန်ပျူတာ ပညာရပ်အထူးပြု ကျောင်းသား၊ ကျောင်းသူများ၊ ရုံးလုပ်ငန်းများတွင် သတင်းအချက်အလက်နှင့်
ကွန်ယက်လုံခြုံရေးလုပ်ဆောင်နေရသော Network Admin များ၊ Network နှင့် Information Security ကိုစိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေး နိုင်သည်။ အသေးစိတ်သိရှိလိုပါက
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်-၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

source: မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

5/27/2010

မိမိ၏ ကီးဘုတ် shortcuts များကို customize လုပ်ခြင်း

မိမိ၏ကီးဘုတ် shortcuts များကို customize လုပ်ရန် အတွက် Tools မှတစ်ဆင့် Customize သို့ သွားပြီး Command tab ကို နှိပ်ကာ Keyboard ခလုတ်ကို click လုပ်ပေး လိုက်ရသည်။ Customize keyboard dialog box ထဲရှိ drop-down list အတွင်းက "Save Change in" တွင် ဆီလျော်သည့် template သို့မဟုတ် document ကို အသေအချာ ရွေးချယ်ပေးရ သည်။ ဥပမာအားဖြင့် မိမိက Normal template နှင့် document အားလုံးအပေါ် အခြေပြုထားစေလိုပါက Normal.dot ကို ရွေးချယ်ပေးရသည်။
Keyboard shortcut တစ်ခုကို ထည့်ရန်အတွက် Category Listbox အတွင်းက ဆီလျော်သည့် category (ဥပမာ File ) ကို click လုပ်ပြီး Command List အတွင်းမှ Command ကို ရွေးချယ်ရသည်။ "Press new keyboard shortcut" box အတွင်း click လုပ်ကာ မိမိအသုံးလိုသည့် shortcut ကို နှိပ်ပေးရသည်။ အကယ်၍ မိမိ assigned လုပ်ထားပြီးဖြစ်သော command ကို မြင်တွေ့လိုသည့်အခါ '' Current assigned to'' ကို check လုပ်ပေးရသည်။ အကယ်၍များ overwrite လုပ်ရန်ဖြစ်စေ၊ တခြား shortcut ကို လုပ်ယူရန် လိုအပ်လျှင်ဖြစ်စေ ဆုံးဖြတ်ခဲ့ပါက shortcut အသစ်တစ်ခုအနေဖြင့် assign လုပ်ရန်အတွက် Assign ခလုတ်ကို click လုပ်ပေးရသည်။
ကီးဘုတ် shortcut တစ်ခုကို ဖယ်ထုတ်ပစ်ရန်အတွက်မူ category ကို click လုပ်ပြီး command ကို ရွေးရသည်။ "Current keys" ဆိုသည့် list အတွင်းမှ မိမိဖယ်ထုတ်လိုသည့် shortcut ကို ရွေးကာ Remove ခလုတ်ကို နှိပ်ပေးလိုက်ရုံသာ ရှိသည်။
Shortcuts များ customizing လုပ်ငန်းပြီးမြောက်သွားသောအခါ Customize keyboard dialog box ကို ပိတ်ယူပြီး တစ်ဖန် Customize dialog box ကိုလည်း ထပ်မံ ပိတ်ယူရသည်။ File menu ကို shift နဲ့ တွဲနှိပ်ပြီး "Save All" ကို ရွေးပေးရသည်။ ထိုသို့လုပ်ပေးရန်အတွက် Word မှလည်း prompts လုပ်ကာ မိမိ၏ document သို့မဟုတ် template ကို ပြောင်းလဲ save လုပ်ရန် တောင်းဆိုလာမည် ဖြစ်သည်။

5/19/2010

Tool များအကြောင်း

Retangle tool
Square, Rectangle ပုံများကို ရေးဆွဲတဲ့အခါမှာ အသုံးပြုတယ်။ Short Cut Key အနေနဲ့ Function Key F6 ကို နှိပ်လိုက်တဲ့အခါမှာ ရွေးချယ်ပြီးသား ဖြစ်သွားတာကို တွေ့ရမယ်။ Retangle tool ကို ရွေးချယ်လိုက်တဲ့အခါမှာ Cursor position ဟာ Cross hairs သို့ ပြောင်းလဲသွားလိမ့်မယ်။ အဲဒါဆိုရင် အလိုရှိတဲ့ Rectangle များကို ရေးဆွဲနိုင်ပြီပေါ့။ Rectangle ကို ဆွဲနည်း နှစ်မျိုးရှိတယ်။
(၁) Corner point ဆွဲနည်းနဲ့
(၂) Center Point ဆွဲနည်းတွေပဲ ဖြစ်တယ်။
Corner Point ဆွဲနည်းမှာ Cross hairs ပေါ်လာပြီး မိမိတို့ အလိုရှိတဲ့နေရာမှာ Click တစ်ချက် (Left mouse button) လုပ်လိုက်ပါ။ ပြီးရင် mouse button ကို မလွှတ်ဘဲ diagonal အတိုင်း drag လုပ်ချလိုက်ပါ။ Corner point Rectangle တစ်ခု ရရှိလာပါလိမ့်မယ်။ center point ဆွဲနည်းမှာ Shift Key ကို ဖိပြီး မိမိတို့အလိုရှိတဲ့နေရာမှာ Click လုပ်ပါ။ ပြီးရင် mouse button ကို မလွှတ်ပဲ Center Point (မိမိတို့ ကလစ်လုပ်တဲ့နေရာ)မှ ဝေးရာဘက်သို့ drag လုပ်ချလိုက်ပါ။ Center Point နဲ့ ရေးဆွဲတဲ့ Retangle တစ်ခုရရှိလာပါလိမ့်မယ်။ Square တစ်ခုကို အတိအကျ ရေးဆွဲလိုချင်ရင်တော့ Ctrl Key ကို ဖိပြီး အထက်က ဖော်ပြပါနည်းအတိုင်း ရေးဆွဲလိုက်ပါက တိကျမှန်ကန်တဲ့ Square တစ်ခုရရှိလာပါလိမ့်မယ်။

Ellipse tool
Ellipse နဲ့ Circle များကို ရေးဆွဲနိုင်တယ်။ Short Cut Key ကတော့ Function Key (F7) ကို နှိပ်လိုက်တဲ့အခါမှာ ရွေးချယ်ပြီးသား ဖြစ်သွားလိမ့်မယ်။ Cursor position ဟာလည်း Rectangle tool ကဲ့သို့ Cross hairs ပေါ်လာပြီး မိမိအလိုရှိရာ နေရာမှာ click လုပ်ပြီး (Left mouse button) drag လုပ်ချလိုက်ပါ။ corner Point Ellipse တစ်ခု ရလာပါလိမ့်မယ်။ ဒုတိယနည်း Center point ဆွဲနည်းမှာ Shift Key ကိုဖိရင် Rectangle tool မှာကဲ့သို့ ရေးဆွဲနိုင်တယ်။ မိမိကြိုက်နှစ်သက်တဲ့ အချင်းရှိတဲ့ Circle များကိုလည်း Ctrl Key သုံးပြီး ရေးဆွဲနိုင်ပါသေးတယ်။


Text Tool
Text tool ပေါ်မှာ mouse နဲ့ click လုပ်ပြီး ကိုင်ဆွဲချလိုက်တဲ့အခါမှ Text flyout menu ထွက်ကျလာလိမ့်မယ်။ အဲဒီ Text tool ထဲမှာ two icon ပါတာကို တွေ့ရမယ်။ Corel DRAW version 5.0 မှာ ပါလာတာ ဖြစ်ပါတယ်။ ဗားရှင်း ၄ မှာဆို three icon ပါတယ်။ version 5.0 မှာတော့ (1) Artistic text နဲ့ (2) Paragraph text တို့ပဲ ဖြစ်တယ်။ version 4.0 မှာကတော့ တစ်ခုပိုလာတယ်။ အဲဒါဟာ symbols roll-up ပဲ ဖြစ်တယ်။
Artistic Text
အင်္ဂလိပ်အက္ခရာ A ပုံစံနဲ့ဖော်ပြထားတဲ့ icon ကလေးပဲ ဖြစ်တယ်။ Artistic text ကတော့ Corel DRAW မှာ ပန်းချီစာလုံးဒီဇိုင်းတွေကို ဖန်တီးလို့ရတယ်။ Special effects တွေကို သုံးပြီးတော့ပေါ့။ စိတ်ကူးရှိမယ်ဆိုရင် ရှိသလောက် ဖန်တီးနိုင်တယ်။ Artistic text မှာ ရိုက်ထည့်နိုင်တဲ့ string limited ကတော့ 250 characters ပဲ ဖြစ်တယ်။ Artistic text တစ်ခုစီကို ဆိုလိုတာဖြစ်တယ်။ Short Cut Key အနေနဲ့ကတော့ Function Key F8 ကို နှိပ်လိုက်တဲ့အခါ Text tool (Artistic text) ကို ရွေးချယ်ထားတာကို တွေ့ရလိမ့်မယ်။

Paragraph Text
Paragraph Text ကတော့ စာရွက်ပုံစံလေးနဲ့ ဖော်ပြထားတာဖြစ်တယ်။ စာပိုဒ်တွေကို တစုတစည်းတည်း ဒီဇိုင်းအမျိုးမျိုးပြောင်းတဲ့အခါမှာ လွယ်ကူစေတယ်။ Paragraph Text ကို ရွေးချယ်လိုက်မယ်ဆိုရင်တော့ စာရွက်ပေါ်မှာ text block (rectangular frame ပေါ်လာတာကို တွေ့ရမယ်။ အဲဒီ frame ထဲမှာ စာတွေရိုက်ပြီး Format အမျိုးမျိုး လုပ်နိုင်တယ်။ အဲဒီ frame ထဲမှာ Characters 9000 ထိ ရိုက်ထည့်ထားနိုင်တယ်။ Paragraph တစ်ခုအတွက် ဆိုလိုတာ ဖြစ်တယ်။) Short Cut Key အနေနဲ့ကတော့ Shift+F8 ကို နှိပ်ကြည့်လိုက်ပါ။ Paragraph Text icon ကို ရွေးချယ်ထားတာ တွေ့ရလိမ့်မယ်။
Symbol roll -up ကတော့ အသင့်ဆွဲထားတဲ့ပုံတွေကို အကြောင်းအရာလိုက်ပြီး စုထည့်ထားတာဖြစ်လို့ အသုံးလည်းဝင်တယ်။ အလွယ်တကူလည်း ခေါ်သုံးလို့ရပါတယ်။ Symbol roll-up ထဲမှာပါတဲ့ မိမိတို့ နှစ်သက်တဲ့ပုံပေါ်မှာ Click (left mouse button) လုပ်ပြီး မိမိရေးဆွဲနေတဲ့ စာရွက်ပေါ်ကို mouse button ကို မလွှတ်ဘဲ drag လုပ်ချလိုက်ပါ။ မိမိအလိုရှိတဲ့ပုံ page ပေါ်ကို ခေါ်တင်ပြီးပြီဆိုရင် မိမိတို့ ကြိုက်နှစ်သက်သလို ပြင်နိုင်တာပေါ့။

Outline tool
မိမိတို့ ရေးဆွဲလိုက်တဲ့ Object ရဲ့ Outline တွေ thicknesses, Colour တွေကို ပြောင်းလို့ရတယ်။ On-Screen Palette သို့မဟုတ် Pen roll-up window တွေကလည်း Outline တွေကို ရွေးချယ်အသုံးပြုနိုင်တယ်။ Status line မှာလည်း မိမိတို့ ရွေးချယ်ထားတဲ့ object ရဲ့ outline thickness နဲ့ Color ကို ဖော်ပြနေတာကို တွေ့ရမယ်။ ဒါဆိုရင် Outline tool မှာ ပါတဲ့ တခြား icon ပုံကလေးတွေက ဘာတွေလုပ်ပေးနိုင်တယ်ဆိုတာကို ကြည့်ရအောင်။ (မှတ်ရန် - on-screen palette မှသုံးရင် Right mouse button ကို သုံးပါ။)


Custom Outline
မိမိတို့ ရေးဆွဲလိုက်တဲ့ Object တွေကို select မလုပ်ဘဲနဲ့ ဒီ icon ကို ရွေးလိုက်မယ်ဆိုရင်တော့ Outline Pen dialog box (သို့) Outline pen for new object dialog box တွေကို ဖော်ပြတာ တွေ့ရမယ်။ ဆိုလိုတာက အခုလုပ်မယ့် object တွေအတွက် အမြဲသုံးမယ့် Outline style တွေကို default လုပ်ခိုင်းတာ ဖြစ်တယ်။ ပထမဦးဆုံး ပေါ်ထွက်လာတဲ့ outline dialog box မှာ ပါတဲ့ Graphic, Artistic Text နဲ့ paragraph text တွေကို mouse ဖြင့် click လုပ်ပြီး ရွေးချယ်လိုက်ပါ။ Cross အမှတ်အသားများနဲ့ ရွေးချယ်ပြီးသွားတာ တွေ့ရလိမ့်မယ်။ ပြီးရင်တော့ OK Key ကို နှိပ်လိုက်တဲ့အခါမှာတော့ ဒုတိယ Outline dialog box တစ်ခုပေါ်ထွက်လာတာ တွေ့ရလိမ့်မယ်။ အဲဒီ box ထဲမှာ Color, Width, Corners, Line Caps, Arrows head, Line Style, Colligraphy, Streten, Angle, Nib Shape စတဲ့ Outline နဲ့ ပတ်သက်တာတွေ ပါတယ်။ အဲဒီတစ်ခုစီထဲက မိမိကြိုက်နှစ်သက်ရာများကို ရွေးချယ်ပြီးရင်တော့ default key ကို နှိပ်လိုက်ပါ။ ပြီးရင်တော့ OK Key ကို နှိပ်လိုက်ပါ။ ဒါဆိုရင် မိမိတို့ ကြိုက်နှစ်သက်တဲ့ setting ကို ချလိုက်တဲ့သဘောပဲ။ setting ကို ချလိုက်တဲ့သဘောပဲ။ setting ချ ရွေးချယ်ပုံတွေကို လေ့ကျင့်ခန်းများလုပ်တဲ့အခါမှာ ပြောပြသွားတာပေါ့။ Short Cut Key အနေနဲ့ကတော့ F12 ကို နှိပ်ပြီး ရွေးချယ်ပါ။

Pen Roll-up
ဒီ icon ပေါ်ကို Click (Left mouse button) လုပ်လိုက်တဲ့အခါ မိမိတို့ရဲ့ Screen ပေါ်ကို Roll-up window လေးတစ်ခု တက်လာမှာဖြစ်တယ်။ ဒီ window လေးရောက်လာပြီဆိုရင်တော့ Object တွေရဲ့ Outline attributes (Line, thickness, Style, Color, and arrowheads) တွေကို လျင်လျင်မြန်မြန် ရွေးချယ်အသုံးပြုနိုင်တာပေါ့။ window ထဲမှာပါတဲ့ item တွေကို ရွေးချယ်ပြီးရင်တော့ Apply button ကို click လုပ်ပေးရတယ်။ အဲဒီအထဲက iten တွေကိုတော့ လေ့ကျင့်ခန်းပုံတွေ ဆွဲတဲ့အခါမှာ ရွေးချယ်ရှင်းလင်းပြောပြသွားမယ်။ တခြား button တွေဖြစ်တဲ့ update from Edit တွေကိုတော့ လိုအပ်တဲ့အခါတွေမှာ click လုပ်ပြီး သုံးနိုင်တယ်။ (Object တွေကို အရင်ဦးဆုံး Select လုပ်ဖို့တော့ မမေ့စေနဲ့)

None
ရွေးချယ်ထားတဲ့ object တွေမှာ outlines တွေ မရှိစေချင်ဘူး။ ဖျောက်ဖျက်ထားချင်ရင်တော့ ဒီ icon ပေါ်မှာ click သာ လုပ်လိုက်ပါ။ နောက်တစ်နည်းကတော့ Screen ရဲ့ အောက်ခြေမှာ ဖော်ပြထားတဲ့ Color Palette ကို တွေ့ပါလိမ့်မယ်။ Color Palette ကို တွေ့ပါလိမ့်မယ်။ Color palette ရဲ့ ဘယ်ဘက်ထောင့်စွန်မှာရှိတဲ့ Cross အမှတ်အသားပါတဲ့ Icon ကို right mouse button နဲ့ click တစ်ချက်လုပ်ရင်လည်း Outline Color ကို ဖယ်ရှားပေးမှာ ဖြစ်တယ်။

Line Widths
ဒီ icon အများစုလေးတွေကတော့ line widths တွေဖြစ်တယ်။ သူတို့ရဲ့ Points တွေကတော့ 1/4 (hair line) 2,8,16 နဲ့ 24 တို့ပဲ ဖြစ်တယ်။ မိမိတို့ရဲ့ Object နဲ့ သင့်လျော်မယ်ဆိုရင် တိုက်ရိုက်ရွေးချယ် အသုံးပြုနိုင်တယ်။ ဒီ icon မှာပါတဲ့ point တွေနဲ့ မသင့်လျော်ဘူးဆိုရင်တော့ Pen Roll-up မှာပါတဲ့ Point တွေကို မိမိတို့ကြိုက်နှစ်သစ်သလို အသုံးပြုနိုင်တယ်။ အားလုံးတူတူပဲ ဖြစ်တယ်။

Custom Outline Color
ဒီ icon ဟာလည်း Custom Outline ကဲ့သို့ Object ကို ရွေးချယ်မခံဘူးဆိုရင် ဒီ icon ပေါ် ကလစ်လုပ်လိုက်တဲ့အခါမှာ Outline color dialog box (သို့) Outline Color for new object dialog box ထွက်ကျလာတာ တွေ့ရမယ်။ ဒီ ပထမ dialog box မှာပါတဲ့ Graphic, Artistic Text နဲ့ paragraph Text ကို ရွေးချယ်လိုက်ပါ။ (Cross အမှတ်အသားနဲ့ ဖော်ပြမှာဖြစ်ပါတယ်။) ပြီးရင်တော့ OK Key ကို နှိပ်ပါ။ ဒုတိယ dialog box တစ်ခု ထက်မံထွက်ကျလာလိမ့်မယ်။ အဲဒီမှာ Color Model တွေကို တွေ့ရလိမ့်မယ်။ မိမိကြိုက်နှစ်သက်တဲ့ Model တွေကို ပြောင်းလိုက်တဲ့အခါ အောက်က Color တွေဟာလည်း အမျိုးမျိုးလိုက်ပြောင်းသွားတာ တွေ့ရမယ်။ color မြင်ကွင်းက Square လေးတွေကို ရွှေ့ပေးပြီး မိမိတို့ လိုချင်တဲ့အရောင်ကို စပ်လို့ရတယ်။ ပါဝင်တဲ့အရောင်တွေကိုလည်း ဘေးမှာ ဖော်ပြနေလိမ့်မယ်။ အဲဒါတွေမှ မကြိုက်သေးဘူးဆိုရင်တော့ Custom Palette ကို ထပ်မံအသုံးပြုလို့ရသေးတယ်။ မိမိရဲ့ Color Name လည်း ပေးလို့ရတယ်။ ပြီးရင်တော့ ထုံးစံအတိုင်း OK Key ကို နှိပ်လိုက်ရမှာပဲ။ Short Cut Key အနေနဲ့ကတော့ Shift+F12 ကို နှိပ်ကြည့်လိုက်ပါ။
Black, White, Gray White, black နဲ့ five shades of gray တွေကို နှစ်သက်သလို ရွေးချယ်အသုံးပြုနိုင်တယ်။ Gray Scale ရဲ့ PerSantage တွေကတော့ (10,30,50,70 နဲ့ 90) တွေပဲ ဖြစ်တယ်။ ဖော်ပြထားတဲ့ gray Color တွေကို မကြိုက်ဘူးဆိုရင်တော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ Custom Outline Color မှာ ရွေးချယ်အသုံးပြုနိုင်ပါတယ်။

4/21/2010

သီချင်းလေးဆိုပြီး သင့်ကို နှိုးပေးမယ့် နာရီ

Speaking Clock Deluxe
နှိုးစက်နာရီတွေ အများကြီးပါ။ လက်တံကို လက်နဲ့လှည့်ပေးပြီး နှိုးစက်ကို ချိန်မလား၊ ဒစ်ဂျစ်တယ်နည်းနဲ့ အချိန်ကို ရွှေ့ပြီး နှိုးစက်ချိန်မလား။ ဒီလို နှိုးစက်တွေနဲ့ မတူဘဲ ကွန်ပျူတာထဲကနေ သင်လိုအပ်တဲ့အချိန်မှာ အတိအကျ နှိုးပေးမယ့် နာရီက ပိုပြီး ကောင်းမယ်ထင်လို့ ပြောပြလိုက်ပါတယ်နော်။ Lux Aeterna Software (www. lux-aeterna.com) က ထုတ်လုပ်ပေးတဲ့ Speaking Clock Deluxe သည် ကွန်ပျူတာ desktop ပေါ်က နာရီဆိုတာထက် နှိုးစက်ကို အသားပေးထားပုံက နှစ်သက်စရာပါ။ ကျွန်တော့်ကို နှိုးဖို့ အချိန်သတ်မှတ်ပေးပြီး နှိုးရမယ့် တေးက Endless Love.wav နဲ့ဖြစ်ပါတယ်။ လက်တွေ့လည်း အတိအကျ နှိုးပေးတာကို တွေ့ရပါတယ်။
Speaking Clock Deluxe သည် တကယ်ပဲ အံ့သြဖွယ် ရေးဆွဲထားတဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး ဘာသာရပ် ၃၀ ကျော်နဲ့ အသုံးပြုနိုင်ပါတယ်။ ကိုယ်ပိုင် အသံသွင်းထားပြီး alarm အဖြစ် သုံးနိုင်ပါတယ်။ ဖိုင်အရွယ်အစား 3.607MB နဲ့ တန်ဖိုး ၈.၉၉ ဒေါ်လာ ဆို ပေမယ့် ရက် ၃၀ အခမဲ့ စမ်းသပ် သုံးခွင့်ပြုပေးထားပါတယ်။

2/03/2010

ညအမှောင်မှာ ကီးဘုတ်ကို အလင်းပေးဖို့ရာ

အရင်ဆုံး အဖြူရောင် အလင်းအားကောင်းတဲ့ LEDs မီးသီး ၂ လုံးဝယ်ပါ။ နောက် ၀ါယာကြိုးနည်းနည်းရှာပါ။ ပစ္စည်းတွေအနေနဲ့ အပေါက်ဖောက်ဖို့ drill machine အငယ်စား၊
ခဲဂေါက်နဲ့ ခဲဂွေတွေ ရှာခဲ့ပါ။ နောက် ကီးဘုတ်အဟောင်းတစ်ခုရှာပါ။ ကီးဘုတ်ရှိပြီးသားနဲ့ ဘာဖြစ်လို့ ကီးဘုတ်အဟောင်းထက်ရှာရလဲလို့ သိလိုကြပါမယ်။ လက်ရှိသုံးနေတဲ့
ကီးဘုတ်က အသစ် အကောင်းကြီးမလား။ ပျက်ရင် အာမခံသက်တမ်းလည်းရှိနေသေးတယ်။ ဒါကြောင့် အဟောင်းသုံးတော့ ပျက်လည်းကိစ္စမရှိတော့ဘူးပေါ့။ ဒါနဲ့
ကီးဘုတ်အဟောင်းကို ကျောဘက်က ဝက်အူတွေ ဖြုတ်ပြီး အသာဖွင့်ပါ။ သတိတော့ထားရပါမယ်။ ကီးဘုတ်ကို ခပ်ကြမ်းကြမ်း ခွာလိုက်ရင် အထဲက ကီးခလုတ်မှာ
စပရင်အစားခံတဲ့ ပလတ်စတစ်လို အ၀ိုင်းပြားလေးတွေ လွင့်ထွက်ကုန်မှာစိုးလို့ပါ။ အဲဒီ ပလတ်စတစ်ပြားလေးတွေကို သူ့ကီးခလုတ်ခွက်မှာ အသာရှိနေအောင်
ဖြည်းဖြည်းခွာထုတ်ရပါမယ်။
ဒီတော့ ဘာလုပ်မယ်ဆိုတာ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ကီးဘုတ်ညာဘက်ထိပ်မှာ မီးသီး ၂ လုံးကို ထွန်းထားမလို့ပါ။ အပြင်က လျှပ်စစ်အား မလိုဘဲ ကီးဘုတ်က
ပါဝါကိုပဲ သုံးမှာပါ။ ကီးဘုတ်တွေမှာ Scroll Lock ကီးခလုတ်ကို နှိပ်ရင် မီးလေးလင်းနေတာ တွေ့မှာပါ။ နောက်တစ်ချက်ပြန်နှိပ်ရင် မီးပိတ်သွားပါမယ်။ အဲဒီ Scroll lock ကီးကို ယနေ့အချိနျများမှာ မသုံးသလောက်ပါ။ အပိုလိုဖြစ်နေပါတယ်။ ဒါကြောင့် Scroll Lock ကီးကို ရွေးချယ်တာပါ။ ကဲ ကီးဘုတ်ကို ခွာပြီးပါပြီ။ အဲဒီမှာ ဆားကစ်ဘုတ်ပြားလေး တစ်ချပ်သာ တွေ့ရပါတယ်။ ကီးဘုတ်ရဲ့ထောင့်မှာ ၀ါယာကြိုးတွေနဲ့ပါ။ ဒါနဲ့ Scroll Lock LED မီးသီးကို ရှာပြီး ဂဟေဂေါက်နဲ့ အသာအပူပေးတို့ပြီး ၀ါယာကြိုးနှစ်ကြိုးကို ဖြုတ်ပါတယ်။ ဆားကစ်ဘုတ်ပြားမှာ ဆက်ထားတဲ့ ၀ါယာကြိုးက နှစ်ချောင်းဆိုတော့ စုစုပေါင်း  ၀ါယာလေးချောင်းကို ဖြုတ်ပါတယ်။ ၀ါယာကြိုး အနေအထားတွေက ကီးဘုတ်ဆားကစ်ပေါ် မူတည်တပ်ထားတာဖြစ်လို့ ပုံသေပြောလို့မရပါ။ မျက်စိနဲ့အမြင်ပေါ်မှာ ကြည့်လုပ်ရတာပါ။
နောက် ကီးဘုတ်ညာဘက်ထိပ်ဆုံးထောင့်မှာ အပေါက်နှစ်ပေါက်ကို drill နဲ့ ဖောက်ပါတယ်။ ၀ါယာကြိုးအရှည်ကိုလည်း ကြည့်ရပါတယ်။ ၀ါယာကြိုးနှစ်ကြိုးစီ
ထွက်နိုင်လောက်တဲ့နေရာမှာပါ။ ပြီးတာနဲ့ ၀ါယာကြိုးအစတွေကို အပေါက်မှာ ထုတ်ထားပြီး မီးသီးတစ်လုံးစီမှာ ခဲဂဟေတို့ပါတယ်။ LEDs မီးသီးအပေါင်းအနုတ်ကိုတော့
သတိထားရပါတယ်။ LEDs မီးသီးနှစ်လုံး ဝါယာကြိုး ချိတ်ဆက်မှုကို စိတ်ချရပြီဆိုတာနဲ့ ကီးဘုတ်ကို ပြန်ပိတ်ပါတယ်။ အထဲက ပလတ်စတစ်တွေ သူ့ကီးခွက်နဲ့ သူ
အပြည့်ရှိသလားဆိုတာလည်း ပြန်စစ်ရပါတယ်။ ဝက်အူတွေနဲ့ ပိတ်ပြီး ကီးဘုတ်ကို ကွန်ပျူတာမှာ ပြောင်းတပ်ပါတယ်။ ကွန်ပျူတာကို ဖွင့်ပါ။ Scroll Lock ကီးခလုတ်ကို
တစ်ချက်နှိပ်လိုက်ပါ။ မီးသီးတွေ လင်းသွားပါပြီ။ မလိုချင်ရင် Scroll Lock ကီးကို တစ်ချက်ပြန်နှိပ်ရုံပါပဲ။
ဟဲဟဲ ကီးဘုတ်ကတော့ နည်းနည်း အကြည့်ရဆိုးသွားပါလိမ့်မယ်။ ကိစ္စမရှိပါဘူး။ ကိုယ့်အိမ်နဲ့ကိုယ့်ကီးဘုတ်ပဲ။ ညဘက်မှာ တခြားမီးအလင်းရောင် မသုံးဘဲ ကီးဘုတ်ကို
လင်းလင်းထင်းထင်းနဲ့ အသုံးပြုနိုင်ပါပြီ။
ref: computer journal ဖေဖော်ဝါရီ ၂၀၁၀

2/01/2010

အောင်မြင်သော အိုင်တီပရော်ဖက်ရှင်နယ် တစ်ယောက်ဖြစ်လာဖို့ နည်းလမ်းများ

ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော အိုင်တီပညာရှင်တစ်ယောက်အဖြစ်
တက်လှမ်းနိုင်ဖို့ ပထမဦးဆုံးမှန်ကန်တဲ့ အိုင်တီခေတ်အလုပ်အကိုင်
အခွင့်အလမ်းတွေအနေနဲ့ လမ်းကြောင်းတွေ ရွေးချယ်ဖို့ လိုပါတယ်။
အိုင်တီအလုပ်အကိုင်တွေအနေနဲ့ Professional Level, Mangement Level နဲ့
Executive Level ဆိုပြီး အဆင့် ၃ ဆင့် ရှိပါတယ်။ အများစုကတော့
အခြေခံအဆင့်ဖြစ်တဲ့ Professional Level အဆင့် အလုပ်အတွေ့အကြုံ
အရည်အချင်းနဲ့ ကျွမ်းကျင်မှု လက်မှတ်တွေ အဆင့်ဆင့်ရရှိလာပြီဆိုမှ
အထက်အဆင့်တွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
Technical Level မှာ
Programmer/Software Developer
Systems Analyst/Analyst Programmer
Web Developer/Multimedia Specialist
Database Administrator
Network Technician/Network Administrator
Systems Technician/System Administrator
Instructor/Lecture
စသဖြင့် သက်ဆိုင်ရာ ကျွမ်းကျင်မှုအလိုက် လုပ်ငန်းတာဝန်တွေ
ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီလိုပဲ Management Level မှာ ကြည့်ရင်လည်း
IS Manager
IT Manager
EDP Manager
Project Manager
Systems Manager
Network System Manager
Training Manager
ဆိုတဲ့ လုပ်ငန်းရပ်အသီးသီးမှာ တာဝန်ခံမန်နေဂျာများအဖြစ်
တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

Executive Level လို့ ခေါ်တဲ့ အမှုဆောင်အရာရှိအဆင့်များမှာတော့
Vice Persident (IT)
Vice Persident(Information Service)
Chief Information Officer-CIO
Chief Technical Officer-CTO
Chief Security Officer-CSO
Technical Director
IT/IS Director
IT Project Director
စတဲ့ ရာထူးတာဝန်တွေကို ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
အဆင့်မြင့်ရာထူးများဖြစ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာနှင့် အမှုဆောင်အရာရှိ
အဆင့်ရာထူးများကို မထမ်းဆောင်မီ Technical အဆင့်မှာ သက်ဆိုင်ရာ
ကျွမ်းကျင်မှု လမ်းကြောင်းတစ်ခုခုကို ရွေးချယ်ပြီးမှ
အဆင့်မြင့်ရာထူးတာဝန်များကို ထမ်းဆောင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် Software Development Line မှာ Junior programmer, Senior
Programmer, System Analyst, Project Manager စသဖြင့် တစ်ဆင့်ပြီး
တစ်ဆင့် တက်လှမ်းရမှာ ဖြစ်ပါတယ်။ Network Professional Line အနေနဲ့ဆိုရင်
Network Technician, Network Engineer, Network System Manager, CTO
(Network and Security) စသဖြင့် ရာထူးအဆင့်ဆင့်ကို တက်လှမ်းနိုင်မှာ
ဖြစ်ပါတယ်။
ဘယ်ကျွမ်းကျင်မှု လမ်းကြောင်းကိုပဲ ရွေးချယ်ရွေးချယ် Industry ready လို့
ခေါ်တဲ့ လုပ်ငန်းခွင်အသင့် ၀င်ရောက်နိုင်ဖို့ကိုတော့ ဦးစားပေးစဉ်းစားရမှာ
ဖြစ်ပြီး အလုပ်အတွေ့အကြုံ ကျွမ်းကျင်မှုများအပြင် အိုင်တီနဲ့သက်ဆိုင်တဲ့
အရည်အချင်း အသိအမှတ်ပြု လက်မှတ်တွေကို ရရှိနိုင်ဖို့
ကြိုးစားဖို့လိုပါတယ်။ ဒါမှ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊
လုပ်ငန်းအဖွဲ့အစည်းကြီးတွေမှာ ထိုက်တန်တဲ့ ရာထူးတွေကို ရရှိနိုင်မှာ
ဖြစ်ပါတယ်။
အိုင်တီဆိုင်ရာ အရည်အချင်းအသိအမှတ်ပြု လက်မှတ်တွေကတော့ သက်ဆိုင်ရာ Level
အသီးသီးအလိုက် မိမိရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ရယူလေ့လာရမှာ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ လက်မှတ်တွေထဲမှာ ဒီပလိုမာနဲ့ ဒီဂရီလက်မှတ်တွေကတော့ Academic
Oriented ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့
အဲဒီလက်မှတ်တွေရဖို့ ပြည်တွင်းပြည်ပ ပညာရေးအဖွဲ့အစည်းတစ်ခုခုမှာ
အနည်းဆုံး (၁) နှစ်ခန့် လေ့လာသင်ယူရမှာ ဖြစ်ပြီး Certificate Level ကတော့
၃ လ ဒါမှမဟုတ် ၆ လ စသဖြင့်ပေါ့လေ လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။
အဲဒီအပြင် Academic Orienrted မဖြစ်တဲ့ အိုင်တီစာမေးပွဲတွေကိုလည်း
ဖြေဆိုနိုင်ပါတယ်။ ဘာတွေလည်းဆိုတာတော့ သိကြမယ်ထင်ပါတယ်။
မပြောတော့ဘူးနော်။
အခုပြည်တွင်းမှာဆိုရင် National Exam တွေဖြစ်တဲ့ MCPA နဲ့ ITPEC တွေကို
ဖြေဆိုနိုင်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲတွေအနေနဲ့ဆိုရင် On
Line ကနေ တိုက်ရိုက်ဖြေဆိုနိုင်တဲ့ Microsoft, CISCO နဲ့ Sun Java Exam
တွေကိုလည်း အသိအမှတ်ပြု စာစစ်ဌာနတွေမှာ ဖြေဆိုနိုင်ကြပြီ ဖြစ်ပါတယ်။
လုပ်ခလစာမြင့်မားတဲ့ အဖွဲ့အစည်းကြီးတွေမှာ အိုင်တီပညာရှင်အဆင့်နဲ့
ဝင်ရောက်လုပ်ကိုင်ဖို့အတွက်ဆိုရင်တော့ ခုနပြောထားတဲ့ အချက်တွေနဲ့
ကိုက်ညီပြီး ပြီးပြည့်စုံမှုရှိနေရပါမယ်။
အခြားအရေးကြီးတဲ့အချက်တွေကတော့…
(1) Membership of Professional Bodies
ကွန်ပျူတာပညာရှင်အသင်းကဲ့သို့ အဖွဲ့အစည်းတွေမှာ အသင်းဝင်လျှောက်ထားခြင်း
(2) Office Procedure/HR Regulations
ရုံးလုပ်ငန်းအဖွဲ့အစည်းအသီးသီးရဲ့ လုပ်ထုံးလုပ်နည်းတွေကို နားလည်အောင်
လေ့လာထားခြင်း
(3) Knowledge of Business
စီးပွားရေးလုပ်ငန်းအသီးသီး၏ သဘောတရားများကို နားလည်အောင် လေ့လာထားခြင်း
(4) Communication Skill
လူမှုဆက်ဆံရေး ကောင်းမွန်ခြင်းနှင့် ဘာသာစကားကျွမ်းကျင်စွာ တတ်မြောက်ထားခြင်း
(5) Social Networking
မိမိဘ၀တိုးတက်ရာကို လမ်းညွှန်ပေးနိုင်မည့် မိတ်ဆွေအပေါင်းအသင်းများ
ရှာဖွေဆက်သွယ်ထားခြင်း
(6) Global Outlook
မိမိဒေသတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံတကာဗဟုသုတများ သိသင့်သည်များ ကြိုတင်လေ့လာထားခြင်း
(7) Role Model
မိမိဘ၀တိုးတက်ရာ တိုးတက်ကြောင်းကို ဦးဆောင်လမ်းပြပေးနိုင်မည့်
စံပြုထိုက်သူတစ်ဦးဦး သတ်မှတ်ထားခြင်း (ဥပမာ – ဘီဂိတ်လ်၊ အိုဘားမား)
(8) Efforts
ကြီးမားသော ဇွဲလုံ့လ၀ိရိယဖြင့် ကြိုးစားအားထုတ်ခြင်း
(9) Ethic
ပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နိုင်မယ့် ကောင်းမွန်သော
ကျင့်ဝတ်သိက္ခာများရှိခြင်းတို့ကို ပိုင်နိုင်ရရှိနေမယ်ဆိုရင်
အောင်မြင်တဲ့ အိုင်တီပရော်ဖက်ရှင်တစ်ယောက် ဖြစ်လာမှာ အမှန်အကန်လို့
ပြောကြားခဲ့သူကတော့ MCF ရဲ့ ၁၀ နှစ်မြောက်ပွဲမှာ
ဦးငြိမ်းဦး(အတွင်းရေးမှူး-မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း) က
ပြောကြားတာ ဖြစ်ပြီး လူသားတိုင်း အိုင်တီပညာရှင်များ ဖြေစေဖို့
ပြန်လည်ကောက်နုတ်တင်ပြရခြင်း ဖြစ်ပါတယ်။

နောက် ကျွန်မရဲ့အမြင်ကတော့ ကျွမ်းကျင်ပြီး
အရည်အချင်းပြည့်ဝတဲ့အိုင်တီပညာရှင်တစ်ဦး ဖြစ်လာနိုင်ဖို့က
မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ နောက်တစ်ချက်က
အရည်အချင်းအသိအမှတ်ပြုလက်မှတ်တွေ၊ အလုပ်အတွေ့အကြုံတွေအပြင် အဓိက တစ်ချက်က
ငွေကြေးတတ်နိုင်ထောက်ပံ့မှု၊ နောက် အချိန်ပေးနိုင်မှု ဒါတွေ ပြည့်စုံနေမှသာ
ပညာရှင်တစ်ယောက် ဖြစ်လာနိုင်မယ်လို့ ကျွန်မ ထင်မြင်မိပါတယ်။
ဒီလိုမျိုး ဟောပြောချက်တွေကို ကျွန်မ သွားရောက်နားထောင်ဖြစ်ခဲ့ပေမယ့်
ခုချိန်ထိ ဘာမှဖြစ်မလာသေးတာကို စိတ်မကောင်းဖြစ်မိပါတယ်။ ဒါတောင်
ဟောပြောတဲ့ပွဲတိုင်း မတက်ရောက်နိုင်တာကိုလည်း အားမလိုအားမရ ဖြစ်မိပါတယ်။
နောက်တစ်ချက်က ဟောပြောပွဲတွေမှာ ၀င်ကြေးဆိုတာ မကောက်ခံတဲ့အတွက်လည်း
ကျွန်မတို့လို ငွေကြေးမပြည့်စုံတဲ့သူတွေအတွက် ကျေးဇူးအထူးတင်ထိုက်ကြောင်း
ပြောပါရစေရှင်……

1/24/2010

အင်တာနက်ကို E-mail ပို့ရုံ၊ Chat လုပ်ရုံပဲလို့သာ သင်ထင်နေသလား

အင်တာနက်ဆိုတာ ..........
အသုံးဝင်မှု အပိုင်းကပြောရင် ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်း (၁၃၀၀)ကျော်ပါဝင်နေတဲ့ မြို့တော်ကြီးတစ်ခုလို့လည်း ပြောနိုင်ပါတယ်။ ကမ္ဘာပေါ်က လူသန်းပေါင်း (၇၅၀၀) ကျော်ရဲ့ ၆ပုံ ၁ပုံ က ဒီနေ့ခေတ်မှာ အင်တာနက်ပေါ်က တစ်ဆင့် အချင်းချင်းချိတ်ဆက်၊ ရောင်းဝယ်ဖောက်ကားနေကြပါတယ်။ စာမတက်တဲ့သူ၊ ကိုယ်အင်္ဂါချို့တဲ့သူ ၊ နားမျက်စိအလင်းမရသူများတောင်မှ အင်တာနက်နဲ့ ချိတ်ဆက် အသုံးပြုလာနိုင်ပြီလို့ ဆိုရမှာဖြစ်ပါတယ်။
လူသန်းပေါင်းများစွာ အသုံးပြုတဲ့ အင်တာနက်ရဲ့ အသုံးပြုခကလည်း သာမန်ဆင်းရဲသူများပါ သုံးလာနိုင်အောင် ဈေးနှုန်းသက်သာလာတဲ့အတွက် ကမ္ဘာဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အင်တာနက်အသုံးပြုမှုဟာလည်း တစ်နေ့တစ်ခြားတိုးတက်များပြားလာခဲ့ပါတယ်။ လူကြီးလူငယ်မရွေး အင်တာနက်ကြိးကို ပါးစပ်ဖျားက မချ ၊ လက်ကကိုင်လာနိုင်တဲ့ အင်တာနက်ရဲ့ တန်ခိုးအရှိန်ဟာ ကြီးမားလာနေပါပြိ။ အင်တာနက်ကို ကမ္ဘာတစ်ဝှမ်းက ချိတ်ဆက်အသုံးပြုနေတဲ့ နှုန်းထားဟာ ဆိုရင်ဖြင့် တစ်နာရီထက် တစ်နာရီ ပိုပြီး တိုးတက်လျက်ရှိပါတယ်။ အင်တာနက်ဟာ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အကြောင်းအရာပေါင်းစုံကို တစ်ထိုင်တည်း၊ တစ်ချက်တည်းနဲ့ ရှာဖွေပေးနိုင်ပြီး လွယ်ကူလျင်မြန်စွာ ကမ္ဘာတစ်ဝှမ်းနဲ့ ဆက်သွယ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒီတော့ အင်တာနက်သုံးတဲ့အခါ ဘာတွေသိထားရမလဲဆိုတာ အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်။

အချက်အလက်ရှာဖွေခြင်းနှင့် အချက်အလက်ရှာဖွေပေးသူများ

အင်တာနက်အသုံးပြုတဲ့အခါ သိထားရမှာက ဘယ်လိုအကြောင်းအရာ အချက်အလက်တွေ ဘယ်နေရာကနေ ရှာလို့ရမလဲ ဆိုတာပါပဲ။ အင်တာနက်ပေါ်ကို အစိုးရတွေက အစပြုလို့ နိုင်ငံတကာကော်ပိုရေးရှင်းတွေ ပညာရေးအဖွဲ့အစည်းတွေ လုပ်ငန်းရှင်စီးပွားရေးသမားတွေ အလယ် သာမန်ကျောင်းသားကျောင်းသူများတွေအဆုံး အချိန်နဲ့ အမျှ အမျိုးမျိုးသော အကြောင်းအရာတွေကို တင်လေ့ရှိပါတယ်။ အင်တာနက်အပေါ်ကို သူတို့ရဲ့အကြောင်းအရာတွေ ၊ သူတို့သိတဲ့အချက်တွေကို တင်ခြင်းအားဖြင့် အဲဒီအချက်တွေကို အခြားသူတွေသိမယ်၊ သူ့အလုပ်ကို နိုင်ငံတစ်ဝန်းက လူတွေ ပိုသိလာမယ်။ ဒီလိုနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးကို ကမ္ဘာအရပ်ရပ်က သိပြိး ပိုမိုအောင်မြင်လာနိုင်ပါတယ်။ ဒီနည်းအားဖြင့် မိမိသိတဲ့အချက်ဖြစ်စေ၊ မိမိရဲ့ကဗျာဖြစ်စေ၊ မိမိရဲ့ဆောင်းပါးဖြစ်စေ၊ မိမိရဲ့အတွေ့အကြုံတွေဖြစ်စေ၊ မိမိရဲ့မှတ်ချက်တွေကိုပဲ ဖြစ်စေ လူတွေ အဖွဲ့အစည်းတွေဟာ အင်တာနက်ပေါ်မှာ တင်လာကြပါတယ်။ ဒီလိုအချက်တွေ တင်လာကြတဲ့အတွက် အင်တာနက်ပေါ်မှာ အချက်အလက်တွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုပြီး များပြားလာပါတယ်။ ဒီလိုနဲ့ပဲ ယနေ့လူတွေဟာ လိုအပ်တဲ့အချက်မှန်သမျှကို အင်တာနက်ကနေ ရှာကြတဲ့ ဓလေ့တစ်ခုကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံလာရတော့တာပါပဲ။
ယနေ့ထက်ထိ အင်တာနက်လောက် ကမ္ဘာအရပ်ရပ်က လူသားတွေအတွက် လိုအပ်တဲ့အချက်တွေကို တစ်ထိုင်တည်း၊ တစ်နေရာတည်းကနေ ရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်တဲ့အရာ လူ့သမိုင်းမှာ မပေါ်ဖူးသေးပါဘူး။ တစ်ဖက်က ကြည့်ရင်လည်း အချက်အလက်တွေ စုံလာသလို၊ မလိုအပ်တဲ့ အချက်အလက်တွေလည်း အင်တာနက်ပေါ်မှာ အများကြီး ရှိလာပါတယ်။ လူတွေဟာ ကောင်းတာတွေကို တင်ကြသလို၊ မလိုအပ်တာတွေကိုလည်း တင်ချင်တင်မိကြပါတယ်။ ဘယ်သူမဆို ကောင်းတာ ဆိုးတာတွေကိုလည်း တင်လို့ရလို့ပါပဲ။ တကယ်တော့ အင်တာနက်ပေါ်က အချက်တွေရဲ့ ကောင်းတာဆိုးတာဟာ လူတွေရဲ့ ကောင်းတာဆိုးတာနဲ့ပဲ တိုက်ရိုက်သက်ဆိုင်ပါတယ်။ အခုဆိုရင် အင်တာနက်သုံးမယ့်သူတစ်ဦးအတွက် အရေးကြီးတဲ့အချက်ကို ခန့်မှန်းလို့ ရပြီလို့ ထင်ပါတယ်။ သန်းနဲ့ချီပြီး တန်ဖိုးရှိတဲ့အချက်တွေလည်း ရှိသလို သန်းနဲ့ချီပြီး အသုံးမ၀င်တဲ့ အမှိုက်တွေလည်း ရှိတဲ့ အင်တာနက်ကို သုံးတဲ့အခါ ကိုယ်လိုတဲ့အချက်ကို ဒက်ထိရှာဖွေနိုင်ဖို့ အရေးကြီးသွားပါပြီ။ ဒါဟာ အင်တာနက်နဲ့ ပတ်သက်လို့ လူတိုင်းသိရှိနားလည်ရမယ့် ကိစ္စဖြစ်ပါတယ်။ အင်း ပြောရရင် ဒီလိုကိစ္စဟာ အင်တာနက်မှာမှ မဟုတ်ပါဘူး။ ရပ်ကွက်ထဲက ဗီဒီယိုခွေဆိုင်မှာ သွားငှားရင်တောင်မှ ခွေတွေကို ကိုယ့်ဟာကိုယ် ရှာတာထက် ခွေဆိုင်က ငှားပေးတဲ့သူကို မေးလိုက်တာက ပိုပြီး မြန်ဆန်ထိရောက်မှုရှိတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲ ? အဖြေက ရှင်းရှင်းလေးပဲ။ ခွေဆိုင်က လူက လာသမျှ လူတွေရဲ့ ဇာတ်လမ်းအပေါ် အမြင်တွေကို မေးမြန်းမယ် ငှားသူတွေမရှိရင် ဆိုင်ထဲက ခွေတွေကို ကြည့်နေ၊ စီနေမယ်။ ကြာတော့ သူ့ဝန်းကျင်မှာ ကျွမ်းကျင်လာပြီပေါ့။ ဒီတော့ ခွေငှားတဲ့သူလာတော့ သူ့အနေနဲ့ အလွယ်တကူ ထုတ်ပေးလာနိုင်တာပေါ့။ ဒီလိုပဲ အင်တာနက်ထဲမှာ သန်းနဲ့ချီတဲ့ အချက်တွေထဲက ကိုယ်လိုချင်တာကို ကိုယ့်ဟာကိုယ် လိုက်ရှာတဲ့အခါ ဘယ်အကြောင်းအရာက ဘယ် website မှာရှိတယ်ဆိုတာ သိဖို့ရာ မလွယ်ကူလှပါဘူး။ အသစ် အသစ်တိုးလာတဲ့ Website တွေကလည်း တစ်နေ့ထက် တစ်နေ့ တိုးတက်များပြားလာနေပါတယ်။ ကိုယ်ကတော့ ကိုယ်ရှာချင်တာကို သိနေတယ်။ ဥပမာ အင်္ဂလန်မှာရှိတဲ့ တက္ကသိုလ်တွေသိချင်တယ်ဆိုပါတော့။ ဒီအခါ အင်တာနက်ထဲမှာ ရှာပေးတဲ့အဖွဲ့တွေ၊ Website တွေ အများကြီးရှိတယ်။ သူတို့ကို Search Engine တွေလို့ ခေါ်တယ်။ ယခုလောလောဆယ် Search Engine တွေထဲမှာ နာမည်ရနေတာက Google နဲ့ Yahoo တို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးမယ့်သူတွေဟာ Search Engine တွေဖြစ်တဲ့ www.google.com နဲ့ www.yahoo.com တို့ကို သုံးတတ်ဖို့ လိုပါတယ်။ ဒီတော့ အရင်ဆုံး အင်္ဂလိပ်စာတစ်ခုကိုတော့ အနည်းအကျဉ်း၊ အဓိပ္ပာယ်သိထားရင် အဆင်ပြေပါတယ်။ အာဖရိကတိုက်၊ အာရှတိုက်က အင်တာနက်သုံးတဲ့သူတွေအားလုံး အင်္ဂလိပ်စာအများကြီး မတတ်ပေမယ့် အင်တာနက်ပေါ်မှာ လိုချင်တဲ့အချက်တွေကို ရှာနေကြတယ် မဟုတ်လား? တဖြည်းဖြည်း အင်တာနက်သုံးရင်းနဲ့ပဲ အင်္ဂလိပ်စာကိုလည်း တစ်ဖက်တစ်လမ်းကနေ ပိုတိုးတက်လာဖို့ အခွင့်အလမ်းတွေ ရှိလာနေပါတယ်။

1/23/2010

Welcome to Myanmar Yangon Barcamp!!

Pre-Barcamp Yangon is now holding at room 201 Main Building (Myanmar Info Tech).




ဒီနေ့ ကျောင်းမသွားခင် အတန်းကို ခွင့်တိုင်ပြီး Barcamp ပွဲကို ချီတက်ခဲ့ပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ မောင်နှမတွေကို အရင်အတိုင်းပဲ ပြန်လည်တွေ့ရတော့ အရင် ဘလောက်ဂါဒေးသွားတုန်းက အကြောင်းလေးတွေ ပြန်လည်သတိရ လွမ်းဆွတ်မိသလို ခံစားရတယ်။
အမြဲတမ်းသာ ဒီလို နေသွားကြရင် ပိုကောင်းမယ်နော်။ ဒီနေ့ လူတော်တော်လာတာလည်း တွေ့ရတဲ့အတွက် တော်တော်ဝမ်းသာစရာကောင်းတယ်။ ပြောချင်တဲ့သူတွေကလည်း များသလို နားထောင်ချင်တဲ့သူတွေကလည်း အရမ်းများတယ်။ ဒါပေမယ့် ကျောင်းရှိလို့ ပြန်လစ်ရတော့ နားမထောင်လိုက်ရတဲ့အတွက် တော်တော်စိတ်ညစ်သွားတယ်။ ဘာဖြစ်ဖြစ် ဒီနေ့ မောင်နှမတွေ စုံစုံညီညီတွေ့ရတဲ့အတွက် အလွန်ပဲ ၀မ်းမြောက်မိပါတယ်။ အမြဲတမ်းလည်း မြန်မာပြည်မှာ Barcamp ကို နှစ်စဉ်နှစ်တိုင်း ကျင်းပနိုင်ရင် အရမ်းကောင်းမှာပဲနော်။ ခုပြန်လာတော့ သတင်းကြားရတယ် သိပ်ပြီး တစ်ဦးနဲ့ တစ်ဦး နှုတ်ဆက်ဖို့ မ၀ံ့ရဲကြဘူးတဲ့။ ကိုညီလင်းဆက်ပြောတာက နွေးထွေးစွာ နှုတ်ဆက်ကြဖို့ပြောတာ ကြားရတယ်တဲ့။ တချို့က စိမ်းနေလို့နေမှာပေါ့လို့ ပြန်ပြောလိုက်ရတယ်။ အမတို့ကျတော့ ရယ်ရယ်မောမောပဲတဲ့။ လူတော်တော်များများက မသိရင် မိတ်ဆက်ချင်ကြတာမဟုတ်ဘူးတဲ့။ ပြီးတော့ သူ သိချင်တာက ဒီဇိုင်းပိုင်းတွေကို သိချင်တာတဲ့ ပြောတဲ့သူ မရှိဘူးဆိုလားပဲ လာပြောတယ်။ မနက်ဖြန်တော့ ရှိချင်ရှိမှာပေါ့လို့ ပြောမယ့်သူမရှိရင် ၀င်ရောက်ဆွေးနွေးလို့ရပါတယ်လို့ ပြန်ပြောလိုက်တယ်။ တစ်ဦးနဲ့တစ်ဦး လက်တွဲပြီးသိတာတွေ မျှမယ်ဆိုရင် မြန်မာပြည်မှာ ပထမဆုံးလုပ်တဲ့ Barcamp ဆိုတာ ဘာလဲလို့ သဘောပေါက်သွားကြလိမ့်မယ်ထင်ပါတယ်။ စပွန်ဆာတွေလည်း နောင်လာမယ့်နှစ်တိုင်းနှစ်တိုင်း အမြဲပေါ်ပေါက်နိုင်ပါစေလို့ ပြောရင်းနဲ့ ဒီနေ့ Barcamp ကို ကြိုဆိုလိုက်မိပါတော့တယ်။

ကဲ ဘယ်သူတွေ ဘာတွေပြောကြလဲ......


နော့ဘက်ဒ် ကမ္ဘောဒီးယားမှာ လုပ်ခဲ့တဲ့ အစိုးရ၀က်ဒ် လိပ်စာနှင့် ယူနီကုဒ်အကြောင်းပြောနေစဉ်

1/10/2010

ကိုယ်ပိုင် website တစ်ခုကို နိုင်ငံတကာအဆင့်မီ တစ်ရက်အတွင်း လွှင့်တင်လိုပါသလား?

အအောင်မြင်ဆုံး ပြည်ပ၀က်ဘ်ဒီဇိုင်နာများ၏ ဒီဇိုင်း ၁၀၀၀ ကျော်၊ ကိုယ်တိုင်အွန်လိုင်းမှ ပြင်ဆင်နိုင်ခြင်း၊ စာမျက်နှာကန့်သတ်ချက် မရှိခြင်း၊ ကမ္ဘာ့အကောင်းဆုံး email ၊ မြန်မာ့နံပါတ်တစ် hosting* ကျွမ်းကျင်ပညာရှင်များ၏ အထိရောက်ဆုံး ၀န်ဆောင်မှုတွေလည်း ရရှိမှာ ဖြစ်ပါတယ်။

ကဲ ဘာတွေ လုပ်လို့ရသလဲ ကြည့်ရအောင်နော်။

သင်ကြိုက်နှစ်သက်ရာ ဒီဇိုင်းကို ရွေးချယ်ပါ
တရားဝယ်ဝယ်ယူထားသော ပြည်ပမှ အအောင်မြင်ဆုံး ၀က်ဘ်ဒီဇိုင်းပေါင်း ၁၀၀၀ ကျော်တွင် သင် ကြိုက်နှစ်သက်ရာ ဒီဇိုင်းကို ရွေးချယ်နိုင်ပါသည်။ ဒီဇိုင်းတစ်ခုခြင်းစီသည် agency class ရှိပြီး ပြည်တွင်းဒီဇိုင်းအများစုထက် ပိုမိုသေသပ်လှပရုံသာမက ကုန်ကျစရိတ်လည်း သက်သာပါသည်။


ပါဝင်မည့် စာမျက်နှာများကို သင်ကိုယ်တိုင်ရေးသားပါ
သင့်ဝက်ဘ်ဆိုက်တွင် ပါဝင်လိုသော အချက်အလက်များကို ရေးသားရမည် ဖြစ်ပါသည်။ iHost တွင် အခြားဝန်ဆောင်မှုများနှင့် ကွာခြားသည်မှာ စာမျက်နှာအရေအတွက် ကန့်သတ်ချက်မရှိခြင်း ဖြစ်ပါသည်။ သင် လိုအပ်သလောက် စာမျက်နှာများကို ရေးသားပြီး လွှင့်တင်နိုင်ပါသည်။ လွှင့်တင်ပြီးလျှင်လည်း သင်ကိုယ်တိုင် အွန်လိုင်းမှ အချိန်မရွေး ၀င်ရောက်ပြင်ဆင်နိုင်ပါသည်။

ကိုက်နှစ်သက်ရာ လိပ်စာကို ရွေးချယ်ပြီး လွှင့်တင်နိုင်ပါပြီ
Domain Name (၀က်ဘ်ဆိုက်လိပ်စာ) ကို ရွေးချယ်ပြီး စတင်လွှင့်တင်နိုင်မည် ဖြစ်ပါသည်။ အချက်အလက်နှင့် ဒီဇိုင်းရွေးချယ်ပြီးသည်နှင့် သင်၏ ၀က်ဘ်ဆိုက်ကို ၂၄ နာရီအတွင်း အင်တာနက်တွင် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များ
Hosting Package:
iHost Premium Package
100Mb Space
20Mb ~= စာမျက်နှာတစ်ရာ
20Gb Bandwidth


free 7Gb+Google mail intergration
Gmail ကို သင့်ကိုယ်ပိုင်လိပ်စာ (domain) ဖြင့် သုံးနိုင်ပါမည်
ဥပမာ hlayamin@domainname.com

free one hour training
ဝက်ဘ်ဆိုက်ကို သင်ကိုယ်တိုင်ပြင်ဆင်နိုင်ရန် သင်ကြားပေးပါမည်

Additional Software
photogallery, contact form, guestbook, blog


free Website Statistics
ဝက်ဘ်ဆိုက်ဖွင့်ကြည့်သူများ၏ အသေးစိတ်အချက်အလက်

Domain တင်မကပါဘူး Hosting ပါ နှစ်ခုပေါင်းကို တစ်နှစ်ကို $100 နဲ့ ကိုယ်ပိုင်ဒိုမိန်းနဲ့ လွတ်လပ်စွာ သုံးစွဲနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်။

စိတ်ဝင်စားသောသူများ ဆက်သွယ်ချင်ရင်
မေးလ် hlayamin11@gmail.com ကို contant လို့ရသလို http://www.ihost-mm.net ကို တိုက်ရိုက်လည်း လေ့လာဝယ်ယူနိုင်ပါတယ်။
တိုက်ရိုက်ဝယ်သောသူများလည်း ယမင်းရဲ့ဆိုက်လေးကသတင်းရတယ်ဆိုတာ ပြောပေးကြပါနော်

1/08/2010

သင့်ရဲ့ Web page ထဲမှာ ဘောင်တွေခတ်တာ လုပ်ကြည့်ကြရအောင်

Table တစ်ခုကို row တွေ၊ cell တွေကို ဘောင်ခတ်ပြီး
ဘယ်လိုတည်ဆောက်ရမလဲဆိုတာ လုပ်ကြည့်ရအောင်ပါ။
ဒီအတွက် <table>tags border attribute ကို သုံးရပါမယ်။ Table တစ်ခု
တည်ဆောက်တဲ့အခါ ဘေးဘောင်တွေရဲ့ အထူအပါး ပမာဏကို ဘယ်လောက်ထားမယ်ဆိုတဲ့
တန်ဖိုးကိုတော့ ထည့်ပေးရပါလိမ့်မယ်။ default value ကို သုည (0) ပဲ
ထားမယ်ဆိုရင်တော့ ဘေးဘောင်တွေ ပါလာမှာ မဟုတ်ပါဘူး။
Border attribute ကို မသုံးဘဲနဲ့ table တစ်ခုတည်ဆောက်ပြီး
ထည့်သွင်းမယ်ဆိုရင်တော့ CSS ကို သုံးရပါလိမ့်မယ်။ အောက်မှာ table
တစ်ခုကို Border attribute အသုံးပြုပြီး ဘယ်လိုရေးလို့ရတယ်ဆိုတာ
ပြောပြပါမယ်။
ကော်လံ ၃ ခုယူမယ်ဆိုရင်
<html>
<head>
<title> Welcome to Goldenmyanmar</title>
</head>
<body>
<table border = "4">
<tr>
<td>January</td>
<td>February</td>
<td>March</td>
</tr>
<tr>
<td>April</td>
<td>May</td>
<td>June</td>
</tr>

<tr>
<td>July</td>
<td>August</td>
<td>September</td>
</tr>
<tr>
<td>October</td>
<td>November</td>
<td>December</td>
</tr>
</table>
</body>
</html>
ဒါဆိုရင်တော့ ကိုယ်လိုချင်တဲ့ ဘောင်ခတ်ထားတဲ့ ကော်လံ သုံးခုပုံစံနဲ့
လအလိုက်ကို မြင်ရမှာ ဖြစ်ပါတယ်။ ဒီပြင် ဇယားကွက်ကလေးတွေကိုလည်း အလွယ်တကူ
တည်ဆောက်ကြည့်လို့ရပါလိမ့်မယ်။ အားလုံးအဆင်ပြေကြပါစေ။

1/07/2010

BarCamp Yangon 2010

23.01.2010 - 24.01.2010 09:00 - 17:00

Conference Hall, Myanmar Info-Tech ပင်မဆောင် -

Workshop

1/06/2010

Welcome to Barcamp

What is BarCamp?

BarCamp ဆိုတာ သီးသန့်နာမည် တစ်ခုဖြစ်ပြီးတော့ ad-hoc gathering, open
environment, intense event လို့ သိကြပါတယ်။ BarCamp ကို နိုင်ငံတကာမှာ
ပြုလုပ်ကြပြီးတော့ မြို့နာမည်နဲ့တွဲပြီးသာ ပြုလုပ်လေ့ရှိပါတယ်။ BarCamp
ရဲ့ သိသာထင်ရှားတဲ့ အချက်တွေ ရှိပါတယ် အဲဒါတွေကတော့ -

1. ~ Open And Free
2. ~ No Spectators, Only Participants
3. ~ No pre-scheduled presentations
4. ~ Free to choose which presentations to see
5. ~ Live update

This is BarCamp!! =D

This is BarCamp!! =D

BarCamp တွေ အောင်မြင်ရခြင်း အကြောင်းအရင်းကတော့ ပုံမှန် conference
သဘောမျိုးမဟုတ်ပဲ လွတ်လွတ်လပ်လပ် ကိုယ် ၀ါသနာပါရာ အစုအဖွဲ့တွေလိုက်
ဆွေးနွေးနိုင်ကြပြီး speakers, listeners ရယ်လို့ ခွဲခြားထားတာမျိုး
မရှိတာဖြစ်ပါတယ်။
What can People do at the BarCamp?

BarCamp မှာ ဘာတွေလုပ်လို့ ရနိုင်သလဲဆိုရင် camping ထွက်သလို
သဘောမျိုးပါပဲ အားလုံးက မသိတာတွေကို သိတာတွေကို share လုပ်ကြမယ်။
အချင်းချင်းဆီကနေ မသိတာတွေ သင်ယူကြမယ်၊ ဆွေးနွေးကြမယ်။ Demonstration
တွေလုပ်ပြကြမယ်။ တစ်ယောက်နဲ့ တစ်ယောက် tools တွေ ဖလှယ်ကြပါမယ်။ နောက်
အားလုံးစုပြီး ပျော်ပျော်ပါးပါး အားလက်ရက်မှာ အပန်းဖြေခရီးထွက်သလို
အပန်းဖြေကြပါမယ်။
What do I need to join?

BarCamp မှာ ပါဝင်ဖို့ ဘာတွေလိုမလဲဆိုရင် ပထမဆုံး လိုအပ်တာက အားလုံးနဲ့
အတူ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်၊ BarCampers တွေ အချင်းချင်း
ချစ်ခင်ရင်းနှီးမှုတွေ ရှိလာဖို့ လိုအပ်ပါတယ်။ Optional အနေနဲ့ online ကနေ
register လုပ်ဖို့လဲ လိုအပ်ပါတယ်။ Register မလုပ်လဲ လာလို့ရပါတယ်၊
ပူးပေါင်းပြီး ပျော်ပျော်ပါးပါး ဆွေးနွေးလို့ ရပါတယ်.. register လုပ်ရတဲ့
ရည်ရွယ်ချက်က ပွဲနေ့တွေမှာ လက်ဆောင်ပစ္စည်းတွေ ပေးဖို့အစီအစဉ်တွက်သာ
ဖြစ်ပါတယ်။

BarCampers တစ်ယောက် ဖြစ်ဖို့အတွက် ပွင့်ပွင့်လင်းလင်းနဲ့
အပေါင်းအသင်းတွေ တိုးလာဖို့ရည်ရွယ်ထားရပါမယ်။ နောက်ထပ်လိုအပ်တာတွေကတော့
twitter လို microblogging, instant texting အကောင့်ရှိဖို့ လိုအပ်ပါမယ်။
ဘာလို့လဲဆိုရင် ပွဲနေ့မှာ BarCampers တွေ အကျီမှာ ကိုယ့်ရဲ့ twitter
account ကို sticker နဲ့ ကပ်ပေးမှာဖြစ်ပြီး BarCamper အချင်းချင်း
မြင်ရုံနဲ့ အွန်လိုင်းကနေ ချိတ်ဆက်နိုင်ဖို့ ဖြစ်ပါတယ်။ နောက် ပွဲနေ့မှာ
BarCampers တွေ အားလုံး update လုပ်သမျှ twitter messages တွေ အားလုံးကို
Projector နဲ့ BarCamp Yangon web site မှာ live တင်ပေးနေမှာ မို့ပါပဲ။

BarCamper အနေနဲ့ ပွဲနေမှာ laptop, PDA, SmartPhone, HandPhone, External
Hard Disk, Memory Stick တွေ ရှိရင်ယူခဲ့ဖို့ကိုလဲ တိုက်တွန်းပါတယ်။
ပွဲနေ့တွေမှာ Campus Area တစ်ခုလုံးကို Wifi free ပေးထားမှာ ဖြစ်ပြီး
BarCampers တွေ အချင်းချင်း Softwares, SDK, IDE, eBook တွေ share
လုပ်ကြမယ့် file server တွေလဲ ထားပေးထားမှာ ဖြစ်ပါတယ်။ နောက်ဖြစ်နိုင်ရင်
power source အတွက် extension cable မျိုးတွေ ပါလာရင်တော့
ပိုကောင်းပါလိမ့်မယ်။
BarCamp Around The World

BarCamp ကို အခုလက်ရှိ အချိန်ထိ နိုင်ငံတကာက မြို့တွေ အသီးသီးမှာ
အကြိမ်ပေါင်း ၅၀၀ ကျော်ပြုလုပ်ခဲ့ကြပြီးပါပြီ။ ပြုလုပ်ခဲ့တဲ့
မြို့ပေါင်းက ၃၅၀ ကျော်ရှိခဲ့ပါပြီ အခု အဲဒီ မြို့တွေထဲမှာ တစ်ခု အပါအ၀င်
ဖြစ်လာမယ့် BarCamp Yangon ကို 2010 ခုနှစ် အစောပိုင်းမှာ ပြုလုပ်တော့မှာ
ဖြစ်လို့ အားလုံးကို ပါဝင်ကြဖို့ တိုက်တွန်းပါရစေ။ အခြား BarCamp နဲ့
ပက်သက်ပြီး သိချင်တဲ့ အကြောင်းအရာတွေ၊ အကြံပြုလိုတာတွေ ရှိခဲ့ရင်
ကျွန်တော်ဆီကို email ပေးပို့နိုင်ပါတယ်။

နောက်ဆုံး အနေနဲ့ကတော့ BarCamp ရဲ့ လက်သုံးစကားလေးနဲ့ အားလုံးကို
ဖိတ်ခေါ်ရင်း BarCamp Yangon ကို ကြိုဆိုပါရစေ။

When you come, be prepared to share with barcampers.
When you leave, be prepared to share it with the world.

More About BarCamp

Official BarCamp
BarCamp History on Wikipedia
Official BarCamp Yangon .org (Under Construction)
BarCamp Yangon on Twitter


Related Posts

* MPT Need To Respect Users
* Keynotes from Apple WWDC 09
* Microsoft Zune New Video Ad
* Myamar ICT Exhibition May 2009
* Myanmar Weather and Natural Disaster Information
* The App Store is about to hit 1 Billion Download
* Storm in Bay Of Bangle

Source: HtooTayZar

11/29/2009

အိုင်တီနဲ့ ကျွန်မ

လူ့အဖွဲ့အစည်းအပေါ် အိုင်တီရဲ့ရိုက်ခတ်မှုသြဇာအရှိန်အ၀ါက တာသွားလှတယ်။ အိုင်တီရဲ့သြဇာဟာ တစ်ဦးချင်း တစ်ယောက်ချင်းကိုလည်း ရိုက်ခတ်တယ်။ မိသားစုအလိုက်၊လုပ်ငန်းတွေ၊ အလုပ်သမားစွမ်းအားစုတွေ နောက်ပြီးလူ့အဖွဲ့အစည်းကြီးတစ်ရပ်လုံးကိုလည်း ရိုက်ခံတယ်။ ဒါပေမဲ့ အိုင်တီရဲ့ရိုက်ခတ်မှုသြဇာဟာလူတစ်ဦးနှင့် တစ်ဦး အပေါ်ကျတော့ တူညီမှု မရှိပြန်ဘူး။ အင်းပြောရရင် အိုင်တီရဲ့အကျိုးကျေးဇူးရလဒ်က ပညာဥာဏ်အဆင့်မြင့်သူက ပညာဥာဏ်အဆင့်နိမ့်သူထက် ပိုပြီး ခံစားရနိုင်တယ်လေ။ ဒီလိုဘဲ ပညာကွဲခြားသွားတာနဲ့လူတစ်ဦးချင်းစီရဲ့ ၀င်ငွေအနည်းအများက ကွဲပြားခြားနားသွားစေတာကိုတွေ့ရှိရတယ်။ သူများ ပြောလို့သာ အိုင်တီရတယ် အိုင်တီဆိုတာ ဘာလဲ။ ဒါဟာ ပြန်စဉ်းစားရမဲ့အချက်ပဲနော်။ သတင်းအချက်အလက် ဆက်သွယ်ရေးဆိုင်ရာ အဆင့်မြင့်နည်းပညာ(အိုင်တီ) ဆိုသည်မှာ အင်းအလွယ်ဆုံး ပြောရရင် ကွန်ပျူတာစနစ်ကို အသုံးချခြင်းကို ခေါ်ဆိုတာပဲ။ တစ်နည်းပြောရရင် အိုင်တီပေါ်ပေါက်လာတာနဲ့အမျှ လူတွေရဲ့လုပ်ဆောင်ချက်တွေ လုပ်အားတွေကို သက်သာစေပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ တစ်နေရာနဲ့ တစ်နေရာကိုမြန်ဆန်ပြီးစီးအောင် လုပ်ဆောင်ပေးတဲ့အတွက် အောင်မြင်မှုမြန်ဆန်လာတာကို တွေ့ရှိရတယ်။ ဒီလိုဘဲ အိုင်တီပေါ်ပေါက်လာတဲ့အတွက် ကျွန်မတို့လို အမျိုးသမီးများအတွက် အမျိုးသားများနဲ့ တန်းတူ အလုပ်လုပ်ဆောင်လာနိုင်သလို ၀င်ငွေလစာဟာလည်း တန်းတူနည်းပါး ရရှိလာခဲ့ပြီလေ။ တစ်နေ့နဲ့ တစ်နေ့ ပြောင်းလဲလာနေတဲ့ အိုင်တီခေတ်လို့ ဆိုရတော့မှာပေါ့။ ခုခေတ်အမျိုးသမီးများဟာ အမျိုးသားများနဲ့ ရင်ဘောင်တန်းပြီး မျက်စိဖွင့်နားဖွင့် လုပ်ဆောင်လာနိုင်ကြတာကိုကြည့်ခြင်းအားဖြင့် ပြောင်းလဲတိုးတက်နေတဲ့ခေတ်ကြီးကို ကျေးဇူးတင်ရမလိုတောင်ဖြစ်နေရပြီလေ။ ကျွန်မကရော အိုင်တီဆိုတာ နားလည်ပြီလား။ အိုင်တီပိုင်းကိုလေ့လာရင်ကော မတိုးတက်နိုင်ဖူးလား။ ကျွန်မလို နလပိန်းတုံးတစ်ယောက်ရဲ့ခေါင်းထဲ အတွေးတွေ ၀င်လာခဲ့တာ ဘာကြောင့်လဲ ဒါဟာ ရှင်းရှင်းလေးပဲ။ အိုင်တီကြောင့်ပေါ့။ ကျွန်မလည်း ဒီတိုးတက်နေတဲ့ခေတ်ကြီးထဲ လူတွေထဲမှာ ကြိုးစားရင် ပါလာနိုင်တော့မှာပေါ့နော်။ သူများတွေ ရှေ့ရောက်နေတဲ့အချိန်မှာ ကျွန်မက နောက်ချန်နေရစ်ရရမလား။ ငါကော ကြိုးစားရင် မဖြစ်နိုင်ဖူးလား။ ခုမှ စတင်မဲ့လမ်းအတွက် တစ်ခါတလေ အားငယ်မိတာတော့ အမှန်ပါ။ စမ်းတ၀ါးဝါးလျှောက်နေတဲ့လမ်းမှာ ငါဟာ လမ်းဆုံးကို လျှောက်နိုင်ပါ့မလား။ ငါ့လို ဘာပညာဘာအစွမ်းအစမှ မရှိတဲ့ လူတစ်ယောက်အတွက် အိုင်တီနဲ့နီးလာမလား။ ဝေးနေသေးလားဆိုတာကို ဆန်းစစ်ရင်း အိုင်တီလောကကြီး အမြဲတည်တံ့ တိုးတက်အောင်မြင်နေပါစေလို့ ဆုတောင်းနေမိပါတော့တယ်။

11/10/2009

MCPA Exam @ December 20th MCPA မှ အသိအမှတ်ပြုစာမေးပွဲများကျင်းပမည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြုစာမေးပွဲများကို ၂၀၀၉
ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် (၉း၀၀) နာရီမှ နေ့လည် (၁၂း၀၀) အထိ
ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေ မြန်မာအင်ဖိုတက်ခ်တွင်
ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသင်းခွဲများရှိရာ
မန္တလေး နှင့် တောင်ကြီးမြို့များတွင် တပြိုင်နက်
ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း၏
စာမေးပွဲများမှာ အိုင်တီပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းပြုလို သော
ကျောင်းသူကျောင်းသား များ၊ အသင်းဝင်များအတွက် အရည်အချင်းကို
မှတ်ကျောက်တင်အသိအမှတ်ပြုခံနိုင်ရေး အတွက် ဦးတည်စစ်ဆေးသော
စာမေးပွဲများဖြစ်သည်။

စာမေးပွဲများကို MCPA Certified Fundamental Software
Engineer နှင့် MCPA Certified Network Associate ဟူ၍ Software Engineer
များအတွက်နှင့် Network Engineer ဖြစ်လိုသူများအတွက် ခွဲခြားထားသည်။
၎င်းစာမေးပွဲများမှာ Professional နယ်ပါယ်သို့ စတင်ဝင်ရောက်ရန်အတွက်
အဓိကလိုအပ်သော အသိပညာများနှင့် ကျွမ်းကျင်မှုများကို ဦးတည် စစ်ဆေးသော
စာမေးပွဲများဖြစ်သည်နှင့်အညီ စာမေးပွဲအောင်မြင်သူများသည်
ပညာရှင်နယ်ပါယ်တွင် စတင်လုပ်ကိုင်သည့် အခြေအနေသို့ရောက်မည်ဖြစ်သည်။

အဆိုပါစာမေးပွဲကို မည်သူမဆိုဝင်ရောက်ဖြေဆိုနိုင်ပြီး
စာမေးပွဲဝင်ကြေးမှာ (၅၀၀၀) ကျပ်ဖြစ်ပြီး အသင်းဝင်များအား ၁၀
ရာခိုင်နှုန်းလျော့ပေးမည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုလိုသူများသည် နိုဝင်ဘာလ
(၁၆) ရက်နေ့မှစ၍ ကြိုတင်စာရင်း ပေးသွင်း နိုင်ပြီး ဒီဇင်ဘာလ (၁၅) ရက်နေ့
နောက်ဆုံးထားပြီး စာရင်းပေးသွင်းရမည်ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊
မြန်မာအင်ဖို တက်ခ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်းနံပါတ် ၆၅၂၂၇၆ သို့
ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။
source : mcpamyanmar

10/29/2009

MCPA မှ IP Telephony ခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်မည်

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံ ကွန်ပျူတာပပညာရှင်အသင်း (MCPA) မှ ကြီးမှူး၍ “ IP Telephony” ခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ရပ်ကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဟောပြောပွဲကို အောက်တိုဘာလ ၃၁ရက် (စနေနေ့) နေ့လယ် ၁းဝဝ နာရီမှ ၃းဝဝ နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ Myanmar Info-Tech ရှိအခန်း ၂ဝ၅ တွင်ပြုလုပ်သွားမည်ဖြစ်ပြီး ရတနာပုံ တယ်လီပို့(တ်) မှ ဦးကျော်နိုင်က Networking, Telecommunication စသည်တို့နှင့် ပတ်သက်၍ ဟောပြော ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းဟောပြောပွဲကို IP Network အပေါ်၌ Voice Service အလုပ်လုပ်ပုံကို ကောင်းမွန်စွာနားလည်စေ ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး Networking, Telecommunication အစရှိသည်တို့နှင့် ပတ်သက်၍ လုပ်ငန်း ဝင်နေသူများအပါအဝင် စိတ်ဝင်စားသူမည်သူမဆို တက်ရောက်နိုင်ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင် ၄၊ အခန်း ၄၊ မြန်မာအင်ဖိုတတ်ခ်။ ဖုန်း - ၆၅၂၂၇၆ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။

(27-10-2009)
Source : Internet Journal

Taylor’s University College Seminar

Jenko Group of Educare Services
Invites you
To
TAYLOR'S UNIVERSITY COLLEGE SEMINAR
Which would be held as follows:

Yangon Mandalay
Date : 31st October 2009 (Saturaday) 1st November 2009 (Sunday)
Time : 10 am 2 pm
Venue : Park Royal Hotel Ballroom, Yangon Hotel Mandalay, Sabai Phyu Hall

JENKO
Proudly representing TAYLOR’S since the yerar 2000
# 18-4(A) THABYAY NYO(2), U HTUN LIN CHAN STREET, HLEDAN, KAMARYUT, YANGON.
PH : 09 – 5062891
# 145, btw 31 × 32 and 58 × 59 , SHWE YI MON QRT, CHAN AYE THA ZAN, MANDALAY
PH : 09 – 2225342, 09 – 6810318
www.jenkomyanmar.com

10/14/2009

MyWeb Design


သင့်အတွက် မနက်ဖြန်

မဖြေရှင်းနိုင်တဲ့
ပြသာနာတွေကြားထဲ
ရောက်နေတဲ့အခါ
တအုံနွေးနွေးနဲ့
ရင်လေးမနေပါနဲ့....
သေချာစဉ်းစား
အနာခံထိုးဖောက်
လွတ်မြောက်အောင် ရုန်းကန်လိုက်ပါ....
မိတ်ဆွေတို့အတွက်
မျှော်လင့်ချက် မနက်ဖြန်
ရှင်သန်ပျိုမျစ်
ပျော်စရာနေ့သစ်တွေ
မလွဲမသွေရောက်လာမှာပါ....
ကဲ.... ဒီတော့ မိတ်ဆွေ
ပြသာနာအခက်အခဲတွေကို
ရဲရဲတင်းတင်းနဲ့
ဖောက်ထွင်းကျော်ဖြတ်လိုက်ပါ....

9/27/2009

ကမ္ဘာ့အကြီးဆုံးဆော့ဖ်ဝဲ Sources

Software(programming)စိတ်ဝင်စားသူများအတွက်

http://www.sourceforge.net
ကမ္ဘာ့အကြီးဆုံးဆော့ဖ်ဝဲ Sources တစ်ခုလို့ဝင့်ကြွားထားတဲ့နေရာပါ။ ပြည့်စုံပေါများတဲ့ codding တွေနှင့် ရှိနေတဲ့နေရာပါ။ ကိုယ်ကိုယ်တိုင် သင်ကြားလေ့လာနိုင်တဲ့ code တွေ၊ program အသစ်တွေ၊ တစ်ပိုင်းတစ်စ လုပ်ထားတဲ့ project တွေနှင့် တော်တော်လေးအဆင်ပြေပါတယ်။ Programmers, designers, webmaster တွေအတွက် အကောင်းဆုံးနှင့် တန်ဖိုးအရှိဆုံး website ကောင်းလည်းတစ်ခုဆိုလည်း မမှားဘူးထင်ပါတယ်။ စမ်းသုံးကြည့်ပါလား။ ဖရီးရတယ်ဆို စမ်းသာ စမ်းကြည့် မမှားဘူး ဟီး...

9/26/2009

Myanmar ICT Exhibition, Oct-2009

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) မှ ကြီးမှူးပြီး မြန်မာနိုင်ငံ
ကွန်ပျူတာပညာရှင်အသင်း (MCPA) နှင့် မြန်မာနိုင်ငံ
ကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) တို့မှ ပူးပေါင်းကျင်းပမည့် Myanmar
ICT Exhibition Oct-2009 ကို ၂ဝဝ၉ ခုနစ် အောက်တိုဘာလ ၁၅ ရက်နေ့ မှ ၁၈ ရက်
နေ့ အထိ ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပပြုလုပ်ရန်
စီစဉ်လျှက်ရှိပါသည်။
မြန်မာနိုင်ငံ၏ အိုင်တီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အိုင်တီကဏ္ဍကို
အထူးစိတ်ဝင်စားသော ကုန်ထုတ်လုပ်ငန်းရှင်များ၊
စီးပွားရေးလုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ကျောင်းသား ကျောင်းသူများ ၊
လူငယ်များနှင့် ပြည်သူ လူထုတို့အား ကွန်ပျူတာပစ္စည်းများ၊ ကွန်ပျူတာဆက်စပ်
အပိုပစ္စည်းများ၊ နောက်ဆုံးပေါ် အီလက်ထရောနစ် ပစ္စည်းများ၊ ဆက်သွယ်ရေး
ကိရိယာများနှင့် ကွန်ပျူတာအသုံးချ ဆောဖ့်ဝဲ နည်းပညာများကို
တစ်နေရာတည်းတွင် ကြည့်ရှု လေ့လာနိုင်ရန် ရည်ရွယ်၍ Myanmar ICT Exhibition
Oct-2009 ကို စီစဉ်ပေးခြင်း ဖြစ်ပါသည်။
Ref: mcpamyanmar