အဝေးကြီးတော့ မဟုတ်ဘူးလေ တောင်စွယ်တွေ ခြားကန့် ငုံ့လျှိုးတာပဲ ရှိတယ်။
လေတွေ တိုက်တယ် နှင်းတွေ ကျတယ် နေခြည် ဖြာတယ် မိုး ရွာတယ် လ သာတယ်
နာရီ(ဒေသစံတော်ချိန်) ကွာတယ် ဘာသာစကား ခြားတယ် ဒါဟာ အဟန့်အတား မဟုတ်ခဲ့
မဟာ သံယောဇဉ်ကို ပဲ့ကြွေစေမယ့် ဥပေက္ခာဘွဲ့ အပ်နှင်းပွဲမှ မဟုတ်တာဘဲ
တစ်ခါတစ်ရံ ကြံကြံဖန်ဖန် အမှတ်ရ
စိတ်က ဘာလိုလိုနဲ့ (သြော်.... သူ့ခမျာ)
မော်စကို မြို့သားကြီး တစ်ဖြစ်လဲ
မိဘတွေနဲ့ကွဲ အပေါင်းအသင်းတွေနဲ့ ခွဲ
လူစိမ်း သူစိမ် စရိုက်စိမ်း သံယောဇဉ်စိမ်း ယဉ်ကျေးမှုစိမ်း
ဓလေ့စရိုက်စိမ်း ပတ်ဝန်းကျင် စိမ်းစိမ်းကြားထဲမှာ
ဘာသာစကား ကွဲပြားမှု နေထိုင်မှု လွဲမှားမှု စားမှု သောက်မှု
လူမှုကိစ္စ ပြဿနာ ကမောက်ကမတွေကြားထဲံမှာ
အားငယ်နေမလား နိုးကြားနေမလား တက်ကြွနေမလား ကြိုးစားနေမလား
စဉ်းစားမိ အခါခါ....။