Showing posts with label မျှဝေခြင်း. Show all posts
Showing posts with label မျှဝေခြင်း. Show all posts

8/08/2010

Information Security ဟောပြောပွဲအကြောင်း

၇ ရက် ၈ လ ၂၀၁၀ ခု စနေနေ့ နေ့လည် ဟောပြောပွဲကို ၂ နာရီမှ စတင်ခဲ့ပါတယ်။ အရင်ဆုံး ပြောကြားတဲ့သူကတော့ ဦးရဲကျော်သိန်းဖြစ်ပါတယ်။
Security တွေ ဘယ်လိုလုပ်ရမယ်ဆိုတာတွေ ပြောပါတယ်။ ဒါပေမယ့် မှတ်မိသလောက်ပဲ တင်ပြပါမယ်။
Range of Security
-Generate
-General Security Concept
အီးမေလ်းတို့ ဆာဗာတို့မှာလည်း လုံခြုံမှုလိုအပ်ကြောင်း နောက် Security ဆိုတာ နေရာတိုင်းမှာ လိုအပ်ပါတယ်။
Commuation
Authentication

Web based Service
- Secure Sockets layer/Transport layer Security (SSL/TLS)
- Secure Hypertext Transfer Protocol (S- HTTP)
- Directory Services
- Linghtweight Directory Access Protocol(LDAP)
- Files Transfer
- File Transfer Protocol(FTP)

Devices
- Remod Access Service (RAS)
- Hardware base Virtual Private Network (VPN)
-
Security Topologies
DMZ, VLAN, NAT, Proxy
-Intrusion Detection
- IDS Plan (network bases/ host base)
- Active/Passive/Pro active Protection
- Security Baselines
- Secure OS/NOS
- ACL (important Security)

Basics of Cryptography
- Algorithms are the underlying foundation of cryptography
 နောက် စတဲ့ ဒေတာတွေနဲ့ပတ်သက်ပြီး တကယ်လို ဒေတာတွေကို backup လုပ်ထားသင့်ကြောင်း တကယ်လို့ ပျက်ခဲ့ရင် ဒေတာတွေ Recovery ပြန်လုပ်ဖို့ plan တွေလုပ်ထားသင့်ကြောင်း စတဲ့ information Security နည်းပညာအကြောင်းများ ဟောပြောပါတယ်။ နောက်တစ်ယောက်ကတော့ ဦးဇော်ဝင်းထွန်း ဖြစ်ပါတယ်။
ပြောတာတွေကတော့ အများကြီးပါပဲ။ နားထောင်နေတာနဲ့ မမှတ်လိုက်မိတာလည်း ပါပါတယ်။ မှတ်မိသလောက်ကို ပြန်ပြောရခြင်းသာဖြစ်ပါတယ်။

ဦးဇော်ဝင်းထွန်းကတော့ Security Solutions? ဘာတွေလုပ်သလဲတဲ့
အချက်အလက်တွေ၊ လုံခြုံရေးကို ဘယ်လိုလုပ်မလဲဆိုတာတွေ ပြောကြားပါတယ်။
နောက် Bank account တွေ ခိုးခြင်းခံရတဲ့ နိုင်ငံတွေမှာဆို ဘယ်လို လုံခြုံအောင် လုပ်သင့်တယ် လုပ်ထားတယ်ဆိုတာကို ပုံများနဲ့တကွ ရှင်းပြပါတယ်။ သူကတော့ ခုလက်ရှိ အဖြစ်များနေတဲ့ အကြောင်းအရာတွေကို အဓိကထားပြောပါတယ်။ Personal/ Dentity Theft လို့ ပြောပါတယ်။


SQL Injection to Bank Sites
Bank တွေရဲ့ ဆိုက်တွေကို နောက်ဆုံး Database ထဲ ၀င်မယ်ဆိုတဲ့ပုံစံ၊ Bank Sites တွေကိုလည်း ၀င်ဖို့လွယ်ကြောင်း နောက် အကောင့်တွေ ဘယ်လို ခိုးယူကြသလဲ နောက် အီးမေးလ် နမူနာပို့ပြီး အတုအယောင်ဖန်ဆင်းဖြည့်ခံရတာတွေ စတဲ့ ဟက်ကာတွေ ဘယ်လိုလုပ်ကြသလဲ ဒါတွေကို ဘယ်လိုလုံခြုံအောင် လုပ်မလဲဆိုတဲ့ အကြောင်းအရာတွေ အပြင်

Wireless Technology
ဒီ Wireless မှာ Security လုပ်ထားပေမယ့် ၀င်ဖို့နည်းလမ်းတွေ အများကြီး ရှိတဲ့ဆိုတဲ့အကြောင်း ဘယ်လိုအားနည်းချက်ဘက်က လှည့်ဝင်မလဲဆိုတာ ခဏလေးနဲ့ တွေ့ရှိတယ်လို့ ပြောပါတယ်။

Applications & Platforms
Types of Attack
- Computer Virues         - Network worms-
- Trojan Horses        - Logic Bombs
- Address Book Theft    - Hijacked Home Pages
- DNS Poisoning        - Zombies, IP Spoofing
- Password Grabbers    - Denial of Service Attacks
- Buffer Overruns        - Password Crackers

နောက်
- Technical
- Physical

Linux Devices Using
- Personal Steps to Protect Your Cyber Information

Steps to Protect
- Keep your password secret
- Backup important files
- Know who to Protect your family
- Consider setting parental controls
- Tech your children never to give out personal


Technical Safeguards in work
- Unique-in access        - Remote access security
- Passwords        - Safe e-mail use
- Workstation Security    - safe internet use
- Portable device Security   
- Data management
e.g back-up and archive
- Report security incidents and stolen devices
- Clean data off computers berfore reycling

Understanding & Addressing Security Threats
-
- Application
- System
- Networking
ISO 17799/ 27001/27002
- Business Continuity Planning        - Personal Security

Conclusions
- Security is a Process
- Security is Physical, Social and Technical
- Education
- Standard based Qulity focus
- Trends
- Preventipn +, Detection+, Response
- Applications and particularly Client
- Targeted
- Lability
စတဲ့ အကြောင်းအရာများကို ဟောပြောပြီးနောက် နောက်ဆုံးကျန်တဲ့ ဦးအောင်ဇော်မြင့်က ဆက်လက်ဟောပြောပါတယ်။
သူကတော့ ဘာတွေလဲဆိုတာ ကြည့်ရအောင်
Overview
- What is security?
- Why do we need security?
- Who is - nerable?
- Common security attacks and counter measures

ဆက်လက်ပြီး Security Penetration
- Firewalls & Intrusion Defetion System
- Denial of Service Attacks
- TCP Attacks
- Packet sniffing
- Social Problems

Common security attacks and their counter measures

- Finding a way into the network
- Firewall
- Exploiting software bugs, buffer overflows
- Intrussion Detection Systems
- Denial of Service
- Ingress fillering, IDS
- TCP hijacking
- IP
- Packet snifing
- Encryption (SSH, SSI, TTPS)
- Social problems
- Education


နောက်ဆုံး သမိုင်းကြောင်းလေးတွေပါ ဗဟုသုတရဖွယ် ပြောပြပါတယ်။
History Records
- 1960 US DoD(ARPA)
- Kleinrock 1964
- 200 hosts in ARPA (1970) (conference)
- E-mail 1972
- Telenet (late 1972)
- IBM SNA (1974)
- EThernet (1973 - 76)
- 1983 (NCP- TCY/IP)
- 1990 (www)
- 200 Web Server (1992)
- 1996 browser war
- 1995- 2001 (Interent in financial market)

စတဲ့ ဖြစ်ပေါ်လာပုံ နှစ်များကိုပါ ရှင်းလင်းပြောကြားပါတယ်။

နောက် Integrated Security Architecture မှာ ဆိုရင်
- ဘာတွေဘယ်လို ကြိုတင်ပြင်ဆင်ရမယ်
- ဒေတာတွေ ထပ်သိမ်းမယ်/ ပြုပြင်မယ်
- တကယ်လို့ တစ်ခုခုဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေ အပြင် policies ကို အဓိက လေ့လာသင့်ကြောင်း၊ ဘယ်လောက်အရေးကြီးသလဲဆိုတာ သိထားဖို့ လိုအပ်တယ်ဆိုတဲ့အပိုင်းတွေအပြင်
System Security
Application Security
Network Security as a Continuous Process
တွေ Step by Step ဘယ်လိုလုပ်သင့်တယ်ဆိုတာ
Step 1 - Securire
Step 2 - Monitor
Step 3 - Test
Step 4 - Improve


yahoo ဘယ်ချိန်က ဘယ်လို ဟက်ခံရကြောင်း ဘယ်နှစ်ကဆိုတာပါ ထည့်သွင်းပြောပါတယ်။ ကြားထဲမှာ ပြောသေးတယ် မရေးတော့ဘူးနော်။

နောက်ဆုံးကတော့ အဓိက လုပ်ဆောင်သင့်၊ လေ့လာသင့်တဲ့အကြောင်းအရာ ဖြစ်တဲ့
Information Security Policies
- login policies
- Password policies
- Mail policies
- Web policies
- Storage policies
- Wireless policies,..... etc
စတဲ့ အကြောင်းအရာများကို ဟောပြောပြီးနောက် ၃ နာရီခွဲတွင် သိချင်သောအကြောင်းအရာများ မေးမြန်းနိုင်သည်ဆိုပြီး နိဂုံးချုပ်သွားပါတယ်။ မေးချင်တဲ့သူတွေ ကျန်ခဲ့ပြီး ကျွန်မလည်း ထပြန်လာခဲ့ပါတော့တယ်။ အမှန်က ကျွန်မက အသံသွင်းပြီး ရီကောဒင်းပါ တင်ပေးချင်တာပါ ညဘက် အားသွင်းထားရင်းနဲ့ မနက် ကျောင်းအသွား အိမ်မှာ မေ့ကျန်ခဲ့လို့ ဒီတိုင်းပဲ ပြောသမျှ မှတ်ထားခဲ့ရခြင်းသာ ဖြစ်ပါတယ်။

3/09/2010

လောကကြီးမှာ နေတတ်ကြဖို့ ကြိုးစားကြပါစို့...

လူ့ဘ၀သက်တမ်းဆိုတာ သံသရာသက်တမ်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အရမ်းကို တိုတောင်းတဲ့ဘ၀ပါ။ ဒီလိုတိုတောင်းတဲ့ လူ့ဘ၀မှာ ကျွန်မတို့တစ်တွေဟာ ရေစက်ရှိလို့ ကံဆုံကြတာလို့ သတ်မှတ်လို့ရပါတယ်။ ဒီလိုဘ၀ရတဲ့အချိန်ခဏလေးမှာ လူတိုင်း စိတ်နှလုံးချမ်းမြေ့ကပျော်ရွှင်စွာ နေထိုင်သွားကြမယ်ဆိုရင် အလွန်တန်ဖိုးရှိတဲ့လူ့ဘ၀မှာ အဓိပ္ပာယ်တွေနဲ့ ပြည့်စုံနေမယ်လို့ ကျွန်မ ယူဆမိပါတယ်။ လူတိုင်းပေါ့လေ ကျွန်မ စဉ်းစားကြည့်မိတာပါ။ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀ကို ဖြတ်သန်းကြမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။ ပညာရှင်တစ်ဦးပြောတဲ့ စကားကိုလည်း ကျွန်မ
လေးလေးနက်နက်ျခံစားကြိုက်နှစ်သက်မိပါတယ်။ ဘ၀ဟာ သိပ်တိုတောင်းလွန်းလို့ သေးသိမ်ဖို့ အချိန်မရှိပါဘူးတဲ့။ ဘယ်လောက်ကောင်းတဲ့ စကားလေးလဲ။ နောက်ပြီး ကျွန်မရဲ့ ဆရာက ပြောဖူးတယ်။ လူတိုင်းအပေါ် မေတ္တာထားပါတဲ့။ မိုးလင်းလို့ အိပ်ရာက နိုးတာနဲ့ စိတ်ကို ကြည်လင်အောင် ထားရမယ်တဲ့။
အမှန်တော့ လူတွေဟာ လောကရဲ့ ဧည့်သည်တွေဖြစ်ပါတယ်။ လောကရဲ့ဧည့်သည်အဖြစ် အချင်းချင်း တွေ့ဆုံကြုံကွဲဖြစ်မြဲ ဓမ္မတာလောကမှာ ဆုံစည်းကြစဉ်အခိုက်မှာ မိတ်ဆွေအပေါင်းအသင်း၊ ဆွေမျိုးတွေနဲ့ ညီညွတ်ချစ်ခင်စွာ နေထိုင်သွားသင့်ပါတယ်။ ကျွန်မရဲ့ တက္ကသိုလ်တက်တုန်းက ၄ နှစ်တူတူ တွေ့ဆုံခဲ့ကြတဲ့သူငယ်ချင်းတွေထဲက တစ်ယောက်က ပြောတယ်။
သူငယ်ချင်းမိတ်ဆွေဆိုတာ ဝေးနေတဲ့မောင်နှမတွေထက် ပိုပြီး သံယောဇဉ်ရှိပါတယ်တဲ့။ ကျွန်မမှာ သူငယ်ချင်းကောင်းတွေ၊ မိတ်ဆွေကောင်းတွေ အများကြီး တွေ့ဆုံခဲ့ရတာဟာ
ကံကောင်းတဲ့သူတစ်ယောက်ဖြစ်နေလို့နေမှာပေါ့နော်။ လူတိုင်းမှာ စိတ်ညစ်စရာ ကိုယ်စီရှိကြမှာပါ။ တစ်နည်းမဟုတ် တစ်နည်းလေနော်။ စိတ်ညစ်လိုက်တာလို့ ထိုင်ပြီး ညည်းနေမယ့်အစား ဒါဟာ ဘာကြောင့်လည်း အဖြေရှာကြည့်မယ်ဆိုရင် ကိုယ့်အတွက် ထွက်ပေါက်တစ်ခု ဖြစ်လာမှာပါ။ ကျွန်မကို ညီမလေးတစ်ယောက်က ပြောဖူးတယ်။ သူ စိတ်ညစ်လို့တဲ့။ အစ်မကော စိတ်ညစ်စရာ မရှိဘူးလားတဲ့ မေးတယ်။ ဘယ်နှယ် ပြောပါလိမ့်။ ညီမလေး စိတ်ညစ်တာဟာ အစ်မ စိတ်ညစ်သလောက် သုံးပုံပုံရင်တောင် တစ်ပုံရှိမယ် မထင်ပါဘူးလို့ ပြန်ပြောလိုက်ပြီး ကျွန်မ
မေးလိုက်ပါတယ်။ ဘာကို စိတ်ညစ်တာလဲ။ အားလုံးပဲလို့ ကျွန်မကို ပြောတော့ တစ်ခုချင်းစီ အဖြေရှာပါလို့ အစ်မမှာ စိတ်ညစ်စရာများလွန်းလို့ ဘယ်ကနေစပြီးညစ်ရမှန်းတောင် မသိတော့ဘူးလို့ ကျွန်မ ပြန်နောက်လိုက်မိပါတယ်။ သူက အစ်မကြည့်ရတာ ပျော်နေသလိုပဲနော်တဲ့။ စိတ်ညစ်စရာကို အကန့်ခွဲထားလို့ ဖြစ်ပါလိမ့်မယ်လို့ ကျွန်မ ပြန်ပြောမိပါတယ်။ သူ ပြောတော့လည်း
ပြောချင်စရာပါပဲလေ။ ကျွန်မ မျက်နှာကိုက အဲလိုပဲ ဆု မတောင်းပဲနဲ့ ပြည့်တာ ကျွန်မမှာ ပြည့်တာဆိုလို့ တစ်ခုရှိတယ် အဲဒါဘာလဲဆိုတော့ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုတစ်ခုလေ။ ပြီးတော့ ကျွန်မ ပြန်နောက်လိုက်မိသေးတယ်။ အခုဆို အစ်မ ဆူးလေဘုရားနားကတောင် ဖြတ်လျှောက်လို့မရဘူးလို့ပြောလိုက်တော့ ဘာဖြစ်လို့လဲတဲ့ ပြန်မေးတယ်။ ဘုရားနားက အစာစားနေတဲ့ ခိုတွေက အစ်မကို
မြင်ရင် အကုန်ပြေးကြတယ်လို့အောကျ​ပါ​အ​တိုင်း​ ဖြစ်​ပါပြောတော့ ဘာဖြစ်လို့လဲမေးတော့ အမ ငြီးတာ မခံနိုင်လို့ပြေးတာလို့ ပြောလိုက်မိတယ်။
လောကမှ နေတတ်ရင် ကျေနပ်စရာကြီးပါပဲ။ လက်ရှိမှာတော့ သေတတ်ဖို့ထက် နေတတ်ဖို့က အရေးကြီးပါပဲလို့ သဘောပေါက်မိပါတယ်။ အားလုံးပဲ စိတ်ချမ်းသာကိုယ်ကျန်းမာပြီးလောကကြီးမှာ အနေတတ်ကြပါစေလို့ ဆုတောင်းလျက်....

3/08/2010

တစ်ခါတစ်ခေါက် အရောက်လှူကြရအောင်

သူငယ်ချင်းများရဲ့ ကုသိုလ်အစုစုအတွက် အားလုံး သာဓုခေါ်လိုက်ကြရအောင်နော်။

ကျွန်မတို့သူငယ်ချင်းတွေ စကားပြောကြရင်းနဲ့ သူငယ်ချင်းတစ်ယောက်က ရွာသာကြီးစီးပွားရေးတက္ကသိုလ်မှာ ကျောင်းတက်ခဲ့တာဆိုတော့ သူကအရင်စပြောခဲ့တယ်...
စိတ်ကျန်းမာရေးဆေးရုံကိုသွားလှူချင်တယ်တဲ့.. ဒါနဲပဲ သူငယ်ချင်းတွေ ကိုယ်တတ်နိုင်သလောက်လေးစုပီးတော့သွားလှူကြမယ်ပေါ့.. ကျွန်မကတော့ အွန်လိုင်းကသူငယ်ချင်းတွေရော ကိုယ့်လိုပဲ ဒါနလေးလုပ်ဖြစ်အောင်ဆိုတဲ့စေတနာနဲ့ သူငယ်ချင်းတစ်ချို့ကိုအလှူခံခဲ့ပါတယ်... ဒါနဲ့ပဲကျမအပါအ၀င်သူငယ်ချင်း (10)ယောက် 7-3-2010(sunday) မှာ
စိတ်ကျန်းမာရေးဆေးရုံကိုချီတက်ခဲ့ပါတယ်..  ဆေးရုံရောက်တော့ ရုံးခန်းမှာ စစ်စတာဒေါ်လဲ့လဲ့ဝင်းက အလှူငွေကိုလက်ခံယူပါတယ်.. ဂုဏ်ပြု မှတ်တမ်းပြန်လည်ပေးပါတယ်.. အရမ်းကို ၀မ်းသာကြည်နူးမိပါတယ်.. ဆေးရုံလာတက်တဲ့လူနာပေါင်း (800) ကျော်ရှိတယ်လို့ပြောပါတယ်.. အမျိုးသားဦးရေ (500)ကျော် နဲ့ အမျိုးသမီးဦးရေ (200)ကျော် တက်ရောက်ကုသနေတယ်လို့ စစ်စတာဒေါ်လဲ့လဲ့ဝင်းက ပြောပါတယ်... လာရောက်တက်ကြတဲ့လူနာတွေထဲမှာ အမျိုးသားများက အရ​က်ကြောင့်လာတက်ကြတာလဲများတယ်ပြောပါတယ်... စစ်စတာဒေါ်လဲ့လဲ့ဝင်းက လူနာများနေတဲ့ အဆောင်များကိုလိုက်ပြပေးပါတယ်.. အမျိုးသားဆောင် ရောက်တော့ သူတို့ကို တံခါးပိတ်ထားတာတွေ့ရတော့ စိတ်ထဲကမှာ တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်.. ဒါနဲ့ ဆရာမကိုမေးတော့ မနက်လင်းတာနဲ့ သူတို့ လမ်းလျှောက်ဖို့အတွက် တံခါးဖွင့်ပေးထားပါတယ်တဲ့၊ ပီးတော့ရေချိုးပေး၊ အ၀တ်လဲပေးပါတယ်၊ ကိုယ်တိုင်မချိုးနိုင်၊အ၀တ်မလဲနိုင်တဲ့သူတွေကိုတော့  ဆေးရုံမှာရှိတဲ့ဝန်ထမ်း (100)ကျော်က ကူညီလုပ်ကိုင်ပေးပါတယ်တဲ့... အ၀တ်ကိုကိုယ်တိုင်လျှော်ဝတ်ကြတဲ့သူတွေလဲရှိသလို ကိုယ်တိုင်မလျှော်နိုင်တဲ့သူတွေကိုတော့ ၀န်ထမ်းများက
အလှည့်ကျတာဝန်ထမ်းဆောင်ရပါတယ်.. အဲဒီလိုလျှောက်ကြည့်နေစဉ်မှာပဲ လူနာတစ်ယောက်က ` ဆရာမ အဖေ့ကိုပြောပေးပါတဲ့´.... ဆရာမကလဲပြန်ပြောတယ် `အေးအေးပြောပေးမယ်´တဲ့...
ဆရာမက ကျမတို့ကရှင်းပြတယ်.. သူ့အဖေကဘယ်သူလဲတော့ မသိဘူးပေါ့တဲ့... သူတို့လေးတွေစိတ်ချမ်းသာအောင် `အေးအေး´ လို့ပဲပြောလိုက်ရတာပေါ့တဲ့.. နောက်တစ်ယောက်ကလဲ `ဆရာမဘယ်သူတွေလဲတဲ့´ ဆရာမက အလှူရှင်တွေလို့ပြောလိုက်တော့  `အမေလောင်း၊မိခင်လောင်းလေးတွေပေါ့တဲ့ ´.. သူတို့ကပြန်ပြောတယ် ကျွန်မရီလဲရီချင်၊ သနားလဲသနားရပါတယ်..
နောက်တစ်ယောက်က ဆရာမချစ်တယ်နော်တဲ့ ဆရာမက အင်း ချစ်တယ် ချစ်တယ်လို့ပြန်ပြောလိုက်ရတယ်  ကျမတို့လျှောက်ကြည့်နေစဉ်အတွင်းမှာပဲ အမျိုးသမီးတွေ
ထမင်းချိုင့်တွေအများကြီးနဲ့ဝင်လာပါတယ်.. မေးလိုက်တော့ တစ်ချို့က ဆေးရုံကကျွေးတာကိုမစားနိုင်တဲ့သူတွေကတော့  သူတို့အိမ်က ဆိုင်မှာ လပေးနဲ့ မှာထားတာလို့ပြောပါတယ်...
အမျိုးသမီးအဆောင်ရောက်တော့ အမျိုးသမီးတွေ အခန်းရှေ့ကလျှောက်လမ်းပေါ်မှာ တန်းစီပီးထိုင်နေတာတွေ့ရပါတယ်.. အလှူရှင်တွေလာမယ်ဆိုတာနဲ့ဆုတောင်းပေးဖို့
တန်းစီပီးစောင့်နေတာလို့ပြောပါတယ်... သူတို့တွေထဲက အသက်နဲနဲကြီးတဲ့ အမေတစ်ယောက်ကနေပီး ရှေ့ကနေ ဆုတောင်းစကားလေးကိုတိုင်တည်ပေးပြီး
နောက်ကလိုက်ဆိုဆုတောင်းပေးပါတယ်.. အလှူရှင်တွေစိတ်ချမ်းသာပါစေ သိန်းဆုကြီးတွေပေါက်ပါစေနဲ့ သူတို့ဆုတောင်းပေးတာအများကြီးပါပဲရှင်... ကျမစိတ်ထဲမှာ ဖေါ်မပြနိုင်လောက်အောင်ကို ၀မ်းသာဝမ်းနဲဖြစ်ပီး မျက်ရည်များတောင်လည်မိပါတယ်.. သူတို့တွေကို ကြည့်ရတာ ကလေးလေးတွေလိုပါပဲ... သနပ်ခါးပါးကွက်လေးတွေလိမ်းလို့.. နှုတ်ခမ်းနီးဆိုးထားတာလဲ ဟုတ်နေတာပဲ..
ဆရာမက နှုတ်ခန်းနီးကိုအလှူရှင်တွေကပေးခဲ့တယ် မရှိတော့တဲ့အခါကျတော့လဲ ဆရာမတွေက၀ယ်ပေးရတာပေါ့တဲ့ ... ကျမတို့ကိုရီပြနေတာလေ ကျမစိတ်ထဲမှာ
ကလေးလေးတွေလို့ပဲထင်မိပါတယ်.. တစ်ယောက်က မှာတယ် ရွှေပြည်နန်းသနပ်ခါးယူလာနော်တဲ့..... ကျမတို့လဲ အင်းအင်းယူခဲ့မယ်ပေါ့ ... နောက်တစ်ယောက်က ဂျိုင်းလိမ်းတဲ့ဟာလဲလိုချင်တယ်တဲ့ ... အမျိုးမျိုးပါပဲရှင် ... ပြန်တော့မယ်လို့ပြောတော့ လက်ပြနှုတ်ဆက်ကြတယ်.. တစ်ယောက်က လက်ဘက်သုတ်စားချင်တယ်တဲ့ ယူလာနော် တဲ့...  ကျမစိတ်မကောင်းလိုက်တာရှင်.. ကျမတို့ရောက်သွားတဲ့နေ့က အလှူရှင်က ဒန်ပေါက်ကျွေးတာရှင့်.. အလှူရှင်တွေကတော့လာလှူကြပါတယ်တဲ့.. တစ်ချို့ကလဲ မွေးနေ့မှာ စိတ်ကျန်းမာရေးဆေးရုံကိုလာရောက်လှူဒါန်းခြင်းဖြင့် ကုသိုလ်ယူကြပါတယ်တဲ့.. အလှူရှင်ရှိတဲ့နေ့တော့ သူတို့လေးတွေအလှူ ရှင်လှူတာကိုစားကြရပါတယ်တဲ့.. အလှူရှင်မရှိတဲ့ နေ့တွေမှာတော့ သီးစုံဟင်းပေါ့တဲ့.. လူနာ အများစုက ဆေးကို နေ့တိုင်းတိုက်ရတယ်ဆိုတော့ ဆေးပဒေသာပင်လဲ လှူလို့ရတာပေါ့ရှင်..  အလှူရှင်နဲ့ပြည့်နေတာတွေရှိလို့ လွတ်တဲ့ နေ့ (10-3-2010) နေ့လည်စာ(ပုံမှန်ဟင်းလျာ) အတွက် ကိုယ်တတ်နိုင်သလောက်လေးနဲ့ ကုသိုလ်ယူခဲ့ပါတယ်.. အလှူရှင်များကိုလဲ အသိပေးအပ်ပါတယ်.. ကိုယ့်မွေးနေ့ မှာပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ နေ့ ကိုရအောင် ကြိုတင်ပီးစာရင်းပေးလှူလို့ရပါတယ်..
ကျွန်မတို့အဖွဲ့လဲ နောက်အခါအခွင့်သင့်ရင် သွားရောက်လှူဦးမယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်..
စိတ်ကျန်းမာရေးဆေးရုံကြီး ကျန်းမာရေးကော်မတီဆုံးဖြတ်ချက်အရ စိတ်ကျန်းမာရေးလူနာများအတွက် ပျမ်းမျှလူနာ (၈၀၀) များအတွက် တစ်နေ့စာ လှူဒါန်းငွေများကို အောက်ပါအတိုင်း လှူဒါန်းကုသိုလ်ပွားများနိုင်ပါတယ်။

နံနက်စာ
၁။ ပုံမှန် နံနက်စာ         ၃၀၀၀၀/-
၂။ အထူး နံနက်စာ        ၄၀၀၀၀/-


နေ့လည်စာ/ညနေစာ (ဟင်းလျာတစ်နပ်စာ)
၁။ အသားဟင်း (ကြက်/၀က်/အမဲ)        ၂၀၀၀၀၀/-
၂။ အသားရောဟင်း (အသား/အာလူး (သို့) အခြား)    ၁၅၀၀၀၀/-
၃။ ငါးဟင်း/ငါးခြောက်ဟင်း/ဘဲဥဟင်း        ၁၂၀၀၀၀/-
၎။ ပုံမှန်ဟင်းလျာ                 ၉၀၀၀၀/-

ဆန်အိတ် လှူဒါန်းခြင်း

၁။ နံနက်စာဆန်ပြုတ်            ဆန်တစ်အိတ်
၂။ နေ့လည်စာ/ ညနေစာ(တစ်နပ်)    ဆန် (၄) အိတ်
  (ဆန်တစ်အိတ်လျှင် ကျသင့်ငွေ)    ၁၅၀၀၀/-


အထူးလှူဒါန်းခြင်း
၁။ လူနာတစ်ဦး တစ်နေ့တာ အာဟာရ        ၅၀၀ိ/-
၂။ လူနာတစ်ဦး တစ်နေ့တာ ဆေးဝါးဒါန        ၅၀၀ိ/-

ဆက်သွယ်လှူဒါန်းနိုင်သော ဖုန်းနံပါတ်များ
ဆေးရုံအုပ်ကြီး (ရုံး)  728814,  585116, 585197, 585115