12/04/2008

ဧည့်သည်


လာတုန်းကလည်း တစ်ယောက်ထဲနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း
ပြန်သွားတော့လည်း တစ်ယောက်ထဲနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း
လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်းမှ ၀န်းကျင်ယှက်နွယ်
နှောင်ကြိုးတွယ်ကြ ပြုံးရယ်မဲ့ငို
ချစ်မုန်းပိုကြ မလိုဒေါသ
လိုလောဘနှင့် ဘ၀ရိပ်မြုံ
ကကြိုးစုံခဲ့ ကံကုန်မိုးချုပ်
လက်တွဲဖြုတ်ကာ သုတ်သုတ်ဆောလျှင်
ခရီးနှင်သည် တို့လည်း ဧည့်သည်ပါတကား

ဒီကဗျာလေးကို အရမ်းသဘောကျ နှစ်ခြိုက်မိလို့ နာရေးယပ်တောင်ကနေ

ပြန်လည်ကူးယူဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ ကဗျာရေးစပ်သူကတော့ ဆရာ

ဗန်းမော်ညိုနွဲ့ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

2 comments:

Anonymous said...

အစ်မရေ ဧည့်သည်ကဗျာလေးကိုဖတ်သွားပါပီ

ပြန်လည်ကူးယူဖော်ပြပေးလို့ 

ကျေးဇူးပါနော်

ငယ်ငယ်က နာရေးယပ်တောင်တွေမှာ

အမြဲလို ပါနေကြလေးနော်

တကယ်ကောင်းတဲ့ကဗျာလေးပါ

ဝေမျှာလို့ ကျေးဇူးအစ်မရေ

နေကောင်းသွားပီလား

ကျန်းမာရေးသေချာဂရုစိုက်အုံးဗျာ

ခင်လျက်

Anonymous said...

ကဗျာလေးကြိုက်လို့ ကူးထားလိုက်ပြီ မယမင်းရေ....
ပျော်ရွှင်ပါစေခင်ဗျာ....