12/25/2010

မဂၤလာပါ ဘေလာဂ္ဂါ

တစ်ကမ္ဘာလုံးဆိုင်ရာ ဘလောဂ်ဂါတွေရဲ့ ကိုယ်စား
ကိုယ်တို့မြေရဲ့ ဘလောဂ်ဂါများကို
လေးစားစွာ နှုတ်ခွန်းဆက်လိုက်ပါရဲ့။
ယနေ့ကမ္ဘာမှာ
မရေရာမသေချာတာတွေဖယ်ထား
မှုန်မွှားမွှားေ၀၀ါးဝါးတွေမရှိ
ပကတိအတိုင်း ထိတွေ့ရသလို
တိုးလျှိုပေါက်ကို တွေ့မြင်ပတ်သက်ခွင့်ရခဲ့။
ပညာခေတ်ရဲ့ အိုင်တီနယ်ပယ်
ကျယ်ဝန်းသလောက်  နက်ရှိုင်း
လှိုင်းတွေ အဆင့်ဆင့်ပွား
ကမ္ဘာမခြား တစ်သားတည်းဖြစ်။
ဒီကာလ ပညာရှာ
မသိနိုင်တာ ဘာမှမရှိ
သိချင်တက်ချင်စိတ်သာ အရင်းခံထား
ဘာများသိချင်ပါသလဲ။
ဘလောဂ်တွေဖွင့် အသင့်တင်ပေးထားရဲ့
လိုချင်တာလား၊ သိချင်တာလား
လျှို့ဝှက်ခေတ်များ လွန်မြောက်
ဝေပေးတဲ့ခေတ်ရောက်နေပြီ
တစ်ယောက်သိအကုန်မျှ
တစ်ယောက်ရအကုန်ယူ
သာလည်းအတူ နာလည်းအတူ
ဝါသနာတူ စေတနာတူ
ဝေဒနာပါတူတဲ့ ဘလောဂ်ဂါတွေကိုယ်စား
ကိုယ်တို့မြေရဲ့ တာဝန်ကျေ ဘလောဂ်ဂါများကို
လေးစားစွာနှုတ်ခွန်းဆက်
ကမ္ဘာကြီးအတွက် ရှင်သန်စေ။

12/23/2010

Happy New Year!

ဆောင်းဦးအ၀င်
အေးမြခြင်းရဲ့အစ
နှင်းမှုန်လေးတွေကျနေချိန်
ရင်ထဲက အပူမီးကို
မတားဆီးနိုင်ခဲ့ပါဘူး…
ဘ၀အမောတွေနဲ့
ပြည့်သိပ်နေတဲ့ငါ့ဘဝ
ဒီဆောင်းရာသီချိန်မှာ
ဘယ်လောက်ပင် အသည်းခိုက်အောင်
အေးနေပစေ
ရင်မှာ ဖြစ်တည် အပူမီးကို
ဘယ်သူ ကူငြိမ်းပေးမှာပ……

12/18/2010

ဂျိမ်းလှကျော်၏ အတ္ထုပ္ပတ္တိ (၁၈၆၆ - ၁၉၂၀)

ဂျိမ်းလှကျော်သည် "ဂျိမ်း"ဟူသော ခရစ်ယာန်တို့၏ မျိုးရိုးစဉ်လာအမည်ကို
ခံယူထားစေကာမူ ဗုဒ္ဓဘာသာ မိဘများဖြစ်သော ဦးစွပ်၊ ဒေါ်ဆိုင်းတို့၏
သားဖြစ်သည်။ အမည်ရင်း မောင်လှကျော်ဖြစ်၏။ ဇာတိမှာ ရွှေကျင်မြို့ဖြစ်လေသည်။
ငယ်စဉ်တွင် အမိအဖများ ဆုံးသဖြင့် အဒေါ်ဖြစ်သူ ဒေါ်မျှင်က မွေးစားခဲ့သည်။
မွေးစားမိဘများဖြစ်သော ဦးညိုနှင့် ဒေါ်မျှင်တို့သည်လည်း မူလက
ဗုဒ္ဓဘာသာများဖြစ်၏။ နောက် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့ရာ
ဦးလှကျော်သည် "ဂျိမ်းလှကျော်"ဖြစ်ခဲ့၏။ (နောင်တွင်ကား ဗုဒ္ဓဘာသာသို့
ပြန်လည်ကူးပြောင်းသည်။) ရွှေကျင်အင်္ဂလိပ်မြန်မာ အစိုးရကျောင်း၊
ရန်ကုန်မြို့ ဆရာမှတ်ကျောင်း၊ ရန်ကုန်ဟိုက်စကူးကျောင်းတို့တွင်
ပညာသင်သည်။ ယခုခေတ် ဥပစာကောလိပ် ပညာအဆင့်ကို သင်ယူအောင်မြင်သည်။
အင်္ဂလိပ်စစ်တပ်တွင် စကားပြန်လုပ်သည်။ နောက် စာတော်ပြန်ဌာန၌ အမှုထမ်းသည်။
မြို့အုပ်စာမေးပွဲ၊ ရှေ့နေစာမေးပွဲများလည်း ဖြေဆိုအောင်မြင်သည်။
မြို့အုပ်၊ ငွေတိုက်ဝန်ထောက်၊ နယ်ပိုင်ဝန်ထောက် အလုပ်များလည်း
လုပ်ခဲ့သည်။ ရှေ့နေအဖြစ်လည်း ထင်ရှားသည်။ ဂီတအနုပညာ၌လည်း ၀ါသနာပါသည်။
ဆေးပညာ၌လည်း ၀ါသနာပါသည်။
"မောင်ရင်မောင် မမယ်မ" ၀တ္ထုအပြင် ၀တ္ထုတိုများ၊ ဆောင်းပါးများ၊
ဥပဒေကျမ်းများကိုလည်း ရေးခဲ့သည်။ ၀တ္ထုတစ်ပိုင်းတစတို့မှာ ရေးသားခဲ့ပြီး
ပုံမနှိပ်မီ ပျက်စီးသွားသော ၀တ္ထုများဖြစ်သည်ဟု သိရပေသည်။

12/14/2010

BarCamp Yangon 2011 ကျင်းပရေးအတွက်

၂၀၁၁ ခုနှစ်တွင် ပြုလုပ်မည့် BarCamp Yangon အတွက် 12 ရက်နေ့ တွင် BAK
Centre တွင် ရှင်းလင်းပြောကြားသွားပါသည်။
ရန်ကုန်ပွဲကို ဖေဖော်ဝါရီ ၁၉ - ၂၀ တွင် Myanmar Info-Tech အဆောက်အဦတွင်
နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

12/04/2010

ချစ်ခြင်းရနံ့တွေနှင့်အတူ

ဒီဇင်ဘာ ဆောင်းဦးအ၀င်
မြူတွေဆိုင်းစ ကာလမှာ
ပွင့်ကာစ ဆောင်တော်ကူးတွေရဲ့
ပန်းချီကားချပ်နှင့်အတူ
မြက်ပင်ရှည်ရှည်တွေ
လေယူရာယိမ်း ဖွေးလှုပ်နေတာ
ငေးကြည့်ရင်း ကျွန်မ ပျော်မိတယ်...
မမြင်နိုင်တဲ့ တစ်နေရာဆီက
သခင့်ရဲ့သတင်းကို ဆောင်ယူလာခဲ့
လေပြည်တွေဟာ
ကျွန်မကို နှုတ်ဆက်ပြီး
ကျောခိုင်းသွားကြတယ်လေ...
ကျွန်မရင်ထဲက
လှုပ်ရှားပျော်မွေ့ရင်း
ငှက်ကလေးတွေရဲ့ တေးဆိုသံဟာလည်း
နားထဲမှာ ချိုမြနေတယ်...
အရုဏ်ဦးကနေ
ကြယ်ကလေးတွေ မြင်ရသည်အထိ
သဘာဝရဲ့ အလှတရားတွေကို
ကျွန်မ ခံစားနေမိတယ်....
ကျွန်မ သိခွင့်မရှိတဲ့ တစ်ချိန်ချိန်မှာ
ကျွန်မအတွက်
တောက်ပတဲ့နေ့ရက်တွေ
ရောက်လာတော့မယ်ဆိုတာ
ကျွန်မ သိနေခဲ့ပါတယ်...
သည်အခါမှာ
ကျွန်မတစ်ယောက်ထဲပဲ
ကျေနပ်စွာ ပြုံးနေလိုက်တယ်...
သည်အချိန်မှာ
နှင်းငွေ့တွေဟာ
ချစ်ခြင်းရနံ့တွေနှင့်
သင်းပျံ့စွာ
လှလို့ နေပါတော့တယ် သခင်ရယ်...

12/01/2010

မြောက်ပြန်လေနှင့်အတူ

တစ်ခါ ဆောင်းရာသီကို ရောက်လာပြန်ပေါ့
မိုးအကုန် ဆောင်းအကူး
ဆောင်းလေမြူးတဲ့ချိန်ခါ
တစ်နှစ်မှာ တစ်ခါသာ ပွင့်တဲ့
"ဆောင်တော်ကူး" ချိန်ခါမို့
မျှော်ခဲ့မိတာတော့အမှန်
ဖျင်ကြမ်းလေးနှင့် အနွေးထည်ဝတ်လို့
ဆောင်းအကူးကို ငါ ကြိုဆို
နှင်းလေးတွေ ဝေနေရင်
ရင်ထဲမှာ ပြုံးပျော်ရွှင်
မြောက်ပြန်လေတိုက်ပြန်တော့
ဆောင်တော်ကူးတွေ ပွင့်ပါပေါ့....

11/26/2010

The Teaching Knowledge Test (TKT)

The Teaching Knowledge Test (TKT)

၂ဝ၁၁ ဇန်နဝါရီလတွင် ဖွင့်လှစ်မည့် Teaching Knowledge Test (TKT) သင်တန်းကို တက်ရောက်လိုသူများ နိုဝင်ဘာလ၂၉ နှင့် ၃ဝ ရက်နေ့ တွင် British Council ၌ ဝင်ခွင့် Interview ဖြေဆိုနိုင်ပါသည်။

ဖြေဆိုလိုသူများ အနေဖြင့် လျှောက်လွှာများကို ဤနေရာ၌ download ရယူပြီး နိုဝင်ဘာလ ၃ဝ ရက်နေ့ နောက်ဆုံးထား၍ ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Information Desk တွင် တနင်္လာနေ့မှ စနေနေ့ မနက် ၈း၃ဝ မှ ၆းဝဝ အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။